အမေရိကန်သမ္မတက အမိမြေလုံခြုံရေးဝန်ကြီး ကို ရာထူးမှ ဖယ်ရှား

422

ဂျန်ဇက် (NP News) - မတ် ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယသက်တမ်းအတွင်း ပထမဆုံးအစိုးရအဖွဲ့ ထိပ်ပိုင်းအပြောင်းအလဲအဖြစ် အမိမြေလုံခြုံရေးဝန်ကြီးဖြစ်သူ ကရစ္စတီနုမ်း Kristi Noem ကို
ရာထူးမှ ဖယ်ရှားလိုက်ပြီး၊ ၎င်း၏နေရာတွင် အိုကလာဟိုးမားပြည်နယ်မှ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်းမာလင်ကို အစားထိုးခန့်အပ်မည်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။
ကရစ္စတီနုမ်းသည် အမေရိကန်သမ္မတ ထရမ့်၏ တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အကောင်အထည်ဖော်ရာတွင် အဓိကတာဝန်ယူခဲ့သူဖြစ်သော်လည်း လတ်တလောကာလများအတွင်း သူမ၏ စီမံခန့်ခွဲမှုများနှင့်ပတ်သက်ကာ ပြင်းထန်သောဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ရာထူးမှ ဖယ်ရှားခံရခြင်းဖြစ်ကြောင်း သိရသည်။
မင်နီယာပိုလစ်ပြည်နယ်တွင် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ စစ်ဆင်ရေးအတွင်း အမေရိကန်နိုင်ငံသား နှစ်ဦးပစ်ခတ်ခံရပြီးသေဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ်ကရစ္စတီနုမ်း၏ ကိုင်တွယ်ဖြေရှင်းမှုများအပေါ်ပြည်သူများ၏ ဒေါသထွက်မှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။
တရားမဝင် ဝင်ရောက်သူများကို မိမိဆန္ဒအလျောက်ပြန်လည်ထွက်ခွာရန် တိုက်တွန်းသည့် ဒေါ်လာ ၂၂ဝ သန်းတန်ကြော်ငြာကမ်ပိန်းတွင် ကရစ္စတီနုမ်း ကိုယ်တိုင် ပါဝင်ခဲ့မှုနှင့်ပတ်သက်၍ လွှတ်တော်တွင်း နှစ်ပါတီလုံးမှ
အမတ်များ၏ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်မှုများကို ယခုသီတင်းပတ်အတွင်း ရင်ဆိုင်ခဲ့ရသည်။ ထိုကြော်ငြာကမ်ပိန်းကို သမ္မတထရမ့်က ခွင့်ပြုခဲ့သည်ဟူသော သူမ၏ လွှတ်တော်တွင်း ထွက်ဆိုချက်အပေါ် သမ္မတထရမ့်ကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဒေါသထွက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြကြသည်။
သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး (FEMA) ရန်ပုံငွေကြန့်ကြာမှုများနှင့် ဌာနတွင်း ကိုယ်ရေးကိုယ်တာ အရှုပ်အရှင်းသတင်းများကလည်း သူမကို ရာထူးမှဖယ်ရှားရန် တွန်းအားပေးခဲ့သည်။ ရာထူးမှ ဖယ်ရှားခံရသော်လည်း ကရစ္စတီနုမ်းသည် အစိုးရအဖွဲ့မှ လုံးဝထွက်ခွာသွားရမည် မဟုတ်ဘဲ သမ္မတထရမ့်က သူမအား အနောက်ကမ္ဘာခြမ်း (Western Hemisphere) လုံခြုံရေးကို အဓိကထားမည့် အစီအစဉ်သစ်ဖြစ်သော "The Shield of the Americas"တွင် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အမိမြေလုံခြုံရေးဝန်ကြီးသစ် အဖြစ် ခန့်အပ်ခံရမည်မာ့ခ်ဝိန်း မာလင်ကရစ္စတီနုမ်း၏ နေရာကို ဆက်ခံမည့် အသက် ၄၈ နှစ်အရွယ် အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်း မာလင်သည် အမေရိကန်သမ္မတထရမ့်၏ အမာခံထောက်ခံသူတစ်ဦးဖြစ်ပြီး ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေးသမား (MMA fighter) ဟောင်းတစ်ဦးလည်းဖြစ်သည်။
မာလင်သည် အထက်လွှတ်တော်၏ အတည်ပြုချက်ရရှိပါက မတ်လ ၃၁ ရက်မှစ၍ အမေရိကန်၏ နယ်စပ်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းလုံခြုံရေး လုပ်ငန်းစဉ်များကို အဓိက
တာဝန်ယူရမည့်ဌာနကြီးကို ဦးဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version;
အေမရိကန္သမၼတက အမိေျမလုံၿခဳံေရးဝန္ႀကီး ကို ရာထူးမွ ဖယ္ရွား
ဂ်န္ဇက္ (NP News) - မတ္ ၆
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ၎၏ ဒုတိယသက္တမ္းအတြင္း ပထမဆုံးအစိုးရအဖြဲ႕ ထိပ္ပိုင္းအေျပာင္းအလဲအျဖစ္ အမိေျမလုံၿခဳံေရးဝန္ႀကီးျဖစ္သူ ကရစၥတီႏုမ္း Kristi Noem ကို
ရာထူးမွ ဖယ္ရွားလိုက္ၿပီး၊ ၎၏ေနရာတြင္ အိုကလာဟိုးမားျပည္နယ္မွ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ မာ့ခ္ဝိန္းမာလင္ကို အစားထိုးခန႔္အပ္မည္ျဖစ္ေၾကာင္း တရားဝင္ ေၾကညာလိုက္သည္။
ကရစၥတီႏုမ္းသည္ အေမရိကန္သမၼတ ထရမ့္၏ တင္းက်ပ္ေသာ လူဝင္မႈႀကီးၾကပ္ေရးမူဝါဒမ်ားကို အေကာင္အထည္ေဖာ္ရာတြင္ အဓိကတာဝန္ယူခဲ့သူျဖစ္ေသာ္လည္း လတ္တေလာကာလမ်ားအတြင္း သူမ၏ စီမံခန႔္ခြဲမႈမ်ားႏွင့္ပတ္သက္ကာ ျပင္းထန္ေသာေဝဖန္မႈမ်ား ထြက္ေပၚလာၿပီးေနာက္ ရာထူးမွ ဖယ္ရွားခံရျခင္းျဖစ္ေၾကာင္း သိရသည္။
မင္နီယာပိုလစ္ျပည္နယ္တြင္ ဖက္ဒရယ္လူဝင္မႈႀကီးၾကပ္ေရးအရာရွိမ်ား၏ စစ္ဆင္ေရးအတြင္း အေမရိကန္ႏိုင္ငံသား ႏွစ္ဦးပစ္ခတ္ခံရၿပီးေသဆုံးခဲ့ရသည့္ ျဖစ္စဥ္အေပၚကရစၥတီႏုမ္း၏ ကိုင္တြယ္ေျဖရွင္းမႈမ်ားအေပၚျပည္သူမ်ား၏ ေဒါသထြက္မႈမ်ား ျမင့္တက္ခဲ့ေၾကာင္း သိရသည္။
တရားမဝင္ ဝင္ေရာက္သူမ်ားကို မိမိဆႏၵအေလ်ာက္ျပန္လည္ထြက္ခြာရန္ တိုက္တြန္းသည့္ ေဒၚလာ ၂၂ဝ သန္းတန္ေၾကာ္ျငာကမ္ပိန္းတြင္ ကရစၥတီႏုမ္း ကိုယ္တိုင္ ပါဝင္ခဲ့မႈႏွင့္ပတ္သက္၍ လႊတ္ေတာ္တြင္း ႏွစ္ပါတီလုံးမွ
အမတ္မ်ား၏ ျပင္းျပင္းထန္ထန္ ေမးခြန္းထုတ္မႈမ်ားကို ယခုသီတင္းပတ္အတြင္း ရင္ဆိုင္ခဲ့ရသည္။ ထိုေၾကာ္ျငာကမ္ပိန္းကို သမၼတထရမ့္က ခြင့္ျပဳခဲ့သည္ဟူေသာ သူမ၏ လႊတ္ေတာ္တြင္း ထြက္ဆိုခ်က္အေပၚ သမၼတထရမ့္ကိုယ္တိုင္က ျပင္းျပင္းထန္ထန္ ေဒါသထြက္ခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားက ေဖာ္ျပၾကသည္။
သဘာဝေဘးအႏၲရာယ္တုံ႔ျပန္ေရး (FEMA) ရန္ပုံေငြၾကန႔္ၾကာမႈမ်ားႏွင့္ ဌာနတြင္း ကိုယ္ေရးကိုယ္တာ အရႈပ္အရွင္းသတင္းမ်ားကလည္း သူမကို ရာထူးမွဖယ္ရွားရန္ တြန္းအားေပးခဲ့သည္။ ရာထူးမွ ဖယ္ရွားခံရေသာ္လည္း ကရစၥတီႏုမ္းသည္ အစိုးရအဖြဲ႕မွ လုံးဝထြက္ခြာသြားရမည္ မဟုတ္ဘဲ သမၼတထရမ့္က သူမအား အေနာက္ကမာၻျခမ္း (Western Hemisphere) လုံၿခဳံေရးကို အဓိကထားမည့္ အစီအစဥ္သစ္ျဖစ္ေသာ "The Shield of the Americas"တြင္ အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အမိေျမလုံၿခဳံေရးဝန္ႀကီးသစ္ အျဖစ္ ခန႔္အပ္ခံရမည္မာ့ခ္ဝိန္း မာလင္ကရစၥတီႏုမ္း၏ ေနရာကို ဆက္ခံမည့္ အသက္ ၄၈ ႏွစ္အ႐ြယ္ အထက္လႊတ္ေတာ္အမတ္ မာ့ခ္ဝိန္း မာလင္သည္ အေမရိကန္သမၼတထရမ့္၏ အမာခံေထာက္ခံသူတစ္ဦးျဖစ္ၿပီး ကိုယ္ခံပညာေပါင္းစုံသုံး တိုက္ခိုက္ေရးသမား (MMA fighter) ေဟာင္းတစ္ဦးလည္းျဖစ္သည္။
မာလင္သည္ အထက္လႊတ္ေတာ္၏ အတည္ျပဳခ်က္ရရွိပါက မတ္လ ၃၁ ရက္မွစ၍ အေမရိကန္၏ နယ္စပ္လုံၿခဳံေရး၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္တြင္းလုံၿခဳံေရး လုပ္ငန္းစဥ္မ်ားကို အဓိက
တာဝန္ယူရမည့္ဌာနႀကီးကို ဦးေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။