မွန်ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးတို့အတွက် သတ်မှတ်ရောင်းချမည့် ပမာဏ များကို ထုတ်ပြန်

 586

Pearl (NP News) - မတ် ၆
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးတို့အတွက် သတ်မှတ်ရောင်းချမည့် ပမာဏ များကို မော်လမြိုင်မြို့၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတား ပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိခြင်းကြောင့် မွန်ပြည်နယ် အတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် လိုက်နာရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နေ့စဉ် နံနက် ၆:၀၀ နာရီမှ ညနေ ၆:၀၀ နာရီအထိ ရောင်းချရန် နှင့် မော်လမြိုင်မြို့ပေါ်ရှိ ဆိုင်များ နှင့် ကျန်မြို့နယ်များရှိ ဆိုင်များအနေဖြင့် ဆိုင်ကယ်များကို ကျပ် (၅၀၀၀) ဖိုး ရောင်းချပေးရန် ၊ သုံးဘီး/အိုးဝေ များကို ၁၀,၀၀၀ ကျပ်ဖိုးရောင်းချပေးရန် ၊ ခရီးသည်တင်ယာဉ်/ Light Truck နှင့် ကုန်ကားများ (ဒီဇယ်ဆီအတွက်သာ) အတွက် (၁)သိန်းကျပ်ဆီ ၊ ပရီမီယံ ဒီဇယ်ကားများ နံပါတ်အနီအတွက် (၄၀၀၀၀) ကျပ်၊ ပရီမီယံ ဒီဇယ်ကားများ နံပါတ်အနက်အတွက်(၃၀၀၀၀) ကျပ်ဖိုး ရောင်းချပေးရန် နှင့် အိမ်စီးများကို မော်လမြိုင်မြို့ပေါ်ရှိ ဆိုင်များမှ (၄၀၀၀၀) ကျပ်ဖိုးရောင်းချပေးရန်နှင့် နှင့် ကျန်မြို့နယ်များရှိ ဆိုင်များအနေဖြင့် (၃၀၀၀၀) ကျပ်ဖိုး ရောင်းချပေးရန် သတ်မှတ်ထားသည်။
မော်လမြိုင်မြို့ ၊ စစ်ကဲကုန်းရပ်ကွက်ရှိ Denko-1 စက်သုံးဆီအရောင်းဆိုင်အနေဖြင့် မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာယာဉ်များအား ပြည်နယ်/ခရိုင်/မြို့နယ် ဌာနအကြီးကဲ၏ ထောက်ခံချက်ဖြင့် (၁)ပတ်လျှင် (၁)ကြိမ် ရောင်းချသွားရန်၊ ဌာနဆိုင်ရာ အကြီးကဲ များ၏ ထောက်ခံချက်စာဖြင့်သာ ဌာနဆိုင်ရာယာဉ်များကိုသီးသန့်ရောင်းချရန်နှင့် ကျန်မြို့ များရှိ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး များ၏ ထောက်ခံချက်ဖြင့်သာ ရောင်းချပေးရန်စီမံသွားရန် လည်း အသိပေးထားသည်။
ထို့အပြင် အရောင်းဆိုင်များမှ ပုံး/ပေပါဖြင့် ရောင်းချခြင်း လုံးဝ(လုံးဝ)ဆောင်ရွက်ခြင်းမပြုရန်၊ ဖုန်းတာဝါတိုင်နှင့် အခြားလုပ်ငန်းသုံးများသို့ ရောင်းချမည်ဆိုပါက သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများ၏ စိစစ်ထောက်ခံချက်ဖြင့်သာ ရောင်းချသွားရန်လည်းအသိပေးထားသည်။
မတ်လ ၇ ရက်(နံနက်ပိုင်း)မှစ၍ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် လစဉ် "စုံ"ရက်များတွင် စုံ နံပါတ် အက္ခရာပါသော ယာဉ်များ(ဥပမာ-2A/...၊ 4A/.... စသည်ဖြင့်)၊ "မ"ရက်များတွင် မနံ ပါတ်အက္ခရာပါသော ယာဉ်များ (ဥပမာ-1A/.... 3A/.... စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင် ယာဉ်များသို့ စက်သုံးဆီ ရောင်းချပေးရန်၊နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့် ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/ နိဗ္ဗာန်ယာဉ် များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များသို့ ရောင်းချပေးရန် နှင့် စက်သုံးဆီများဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရန် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ကသတိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
မြန္ျပည္နယ္အတြင္း စက္သုံးဆီၿခိဳးၿခံေခြၽတာေရးႏွင့္ ဖူလုံမႈရွိေစေရးတို႔အတြက္ သတ္မွတ္ေရာင္းခ်မည့္ ပမာဏ မ်ားကို ထုတ္ျပန္
Pearl (NP News) - မတ္ ၆
မြန္ျပည္နယ္အတြင္းရွိ စက္သုံးဆီအေရာင္းဆိုင္မ်ားအေနျဖင့္ မြန္ျပည္နယ္အတြင္း စက္သုံးဆီၿခိဳးၿခံေခြၽတာေရးႏွင့္ ဖူလုံမႈရွိေစေရးတို႔အတြက္ သတ္မွတ္ေရာင္းခ်မည့္ ပမာဏ မ်ားကို ေမာ္လၿမိဳင္ၿမိဳ႕၊ ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။
လက္ရွိကမာၻ႔ႏိုင္ငံေရးအေျခအေနမ်ားအရ အေရွ႕အလယ္ပိုင္းေဒသအတြင္း၌ စစ္ေရး ပဋိပကၡမ်ားေၾကာင့္ ေလာင္စာဆီတင္သြင္းသည့္ သေဘၤာမ်ားျဖင့္ သယ္ယူပို႔ေဆာင္ရာေရလမ္းေၾကာင္း တစ္ေလွ်ာက္တြင္ အတားအဆီး၊ အဟန႔္အတား ပိတ္ဆို႔မႈမ်ားျဖစ္ေပၚလ်က္ရွိျခင္းေၾကာင့္ မြန္ျပည္နယ္ အတြင္း စက္သုံးဆီၿခိဳးၿခံေခြၽတာေရးႏွင့္ ဖူလုံမႈရွိေစေရးအတြက္ မြန္ျပည္နယ္အတြင္းရွိ စက္သုံးဆီ အေရာင္းဆိုင္မ်ားအေနျဖင့္ လိုက္နာရန္ ထုတ္ျပန္ထားျခင္း ျဖစ္သည္။
စက္သုံးဆီအေရာင္းဆိုင္မ်ားအေနျဖင့္ ေန႔စဥ္ နံနက္ ၆:၀၀ နာရီမွ ညေန ၆:၀၀ နာရီအထိ ေရာင္းခ်ရန္ ႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚရွိ ဆိုင္မ်ား ႏွင့္ က်န္ၿမိဳ႕နယ္မ်ားရွိ ဆိုင္မ်ားအေနျဖင့္ ဆိုင္ကယ္မ်ားကို က်ပ္ (၅၀၀၀) ဖိုး ေရာင္းခ်ေပးရန္ ၊ သုံးဘီး/အိုးေဝ မ်ားကို ၁၀,၀၀၀ က်ပ္ဖိုးေရာင္းခ်ေပးရန္ ၊ ခရီးသည္တင္ယာဥ္/ Light Truck ႏွင့္ ကုန္ကားမ်ား (ဒီဇယ္ဆီအတြက္သာ) အတြက္ (၁)သိန္းက်ပ္ဆီ ၊ ပရီမီယံ ဒီဇယ္ကားမ်ား နံပါတ္အနီအတြက္ (၄၀၀၀၀) က်ပ္၊ ပရီမီယံ ဒီဇယ္ကားမ်ား နံပါတ္အနက္အတြက္(၃၀၀၀၀) က်ပ္ဖိုး ေရာင္းခ်ေပးရန္ ႏွင့္ အိမ္စီးမ်ားကို ေမာ္လၿမိဳင္ၿမိဳ႕ေပၚရွိ ဆိုင္မ်ားမွ (၄၀၀၀၀) က်ပ္ဖိုးေရာင္းခ်ေပးရန္ႏွင့္ ႏွင့္ က်န္ၿမိဳ႕နယ္မ်ားရွိ ဆိုင္မ်ားအေနျဖင့္ (၃၀၀၀၀) က်ပ္ဖိုး ေရာင္းခ်ေပးရန္ သတ္မွတ္ထားသည္။
ေမာ္လၿမိဳင္ၿမိဳ႕ ၊ စစ္ကဲကုန္းရပ္ကြက္ရွိ Denko-1 စက္သုံးဆီအေရာင္းဆိုင္အေနျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ဌာနဆိုင္ရာယာဥ္မ်ားအား ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ ဌာနအႀကီးကဲ၏ ေထာက္ခံခ်က္ျဖင့္ (၁)ပတ္လွ်င္ (၁)ႀကိမ္ ေရာင္းခ်သြားရန္၊ ဌာနဆိုင္ရာ အႀကီးကဲ မ်ား၏ ေထာက္ခံခ်က္စာျဖင့္သာ ဌာနဆိုင္ရာယာဥ္မ်ားကိုသီးသန႔္ေရာင္းခ်ရန္ႏွင့္ က်န္ၿမိဳ႕ မ်ားရွိ စက္သုံးဆီ အေရာင္းဆိုင္မ်ားအေနျဖင့္လည္း သက္ဆိုင္ရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး မ်ား၏ ေထာက္ခံခ်က္ျဖင့္သာ ေရာင္းခ်ေပးရန္စီမံသြားရန္ လည္း အသိေပးထားသည္။
ထို႔အျပင္ အေရာင္းဆိုင္မ်ားမွ ပုံး/ေပပါျဖင့္ ေရာင္းခ်ျခင္း လုံးဝ(လုံးဝ)ေဆာင္႐ြက္ျခင္းမျပဳရန္၊ ဖုန္းတာဝါတိုင္ႏွင့္ အျခားလုပ္ငန္းသုံးမ်ားသို႔ ေရာင္းခ်မည္ဆိုပါက သက္ဆိုင္ရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးမ်ား၏ စိစစ္ေထာက္ခံခ်က္ျဖင့္သာ ေရာင္းခ်သြားရန္လည္းအသိေပးထားသည္။
မတ္လ ၇ ရက္(နံနက္ပိုင္း)မွစ၍ စက္သုံးဆီအေရာင္းဆိုင္မ်ားအေနျဖင့္ လစဥ္ "စုံ"ရက္မ်ားတြင္ စုံ နံပါတ္ အကၡရာပါေသာ ယာဥ္မ်ား(ဥပမာ-2A/...၊ 4A/.... စသည္ျဖင့္)၊ "မ"ရက္မ်ားတြင္ မနံ ပါတ္အကၡရာပါေသာ ယာဥ္မ်ား (ဥပမာ-1A/.... 3A/.... စသည္ျဖင့္) စသည့္ ပုဂၢလိကပိုင္ ယာဥ္မ်ားသို႔ စက္သုံးဆီ ေရာင္းခ်ေပးရန္၊ေန႔စဥ္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးေမာ္ေတာ္ယာဥ္မ်ား၊ အငွားယာဥ္မ်ား (Taxi)၊ စက္သုံးဆီသယ္ယူပို႔ေဆာင္သည့္ ယာဥ္မ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္း သုံးယာဥ္မ်ား၊ ကုန္စည္ပို႔ေဆာင္ေရးယာဥ္မ်ား၊ လူနာတင္ယာဥ္/ နိဗၺာန္ယာဥ္ မ်ားႏွင့္ စည္ပင္အမႈိက္သိမ္းယာဥ္မ်ားသို႔ ေရာင္းခ်ေပးရန္ ႏွင့္ စက္သုံးဆီမ်ားေဈးႏႈန္းျမႇင့္တင္၍ ေရာင္းခ်ျခင္းမ်ား လုံးဝ(လုံးဝ)မျပဳလုပ္ရန္ ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာန ကသတိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.