Apple က iPhone 17 e ကို စင်ကာပူဒေါ်လာ ၉၄၉ နဲ့ စတင်မိတ်ဆက်၊ ပိုများများဆံ့တဲ့ Storage ပမာဏနဲ့ဈေးကွက်ကို ထိုးဖောက်ဖို့ ရည်မှန်း

327

ရောင်နီ (NP News) - မတ် ၆
ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီ Apple ဟာ ပိုမိုဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ iPhone 17e မော်ဒယ်သစ်ကို တနင်္လာနေ့ (မတ်လ ၂ ရက်) က တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ စမတ်ဖုန်းဈေးကွက်မှာ ဝေစုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် Apple ဟာ ယခုမော်ဒယ်သစ်မှာ 256GB Storage ကို အခြေခံအဆင့်အဖြစ် သတ်မှတ်ပြီး စင်ကာပူဒေါ်လာ ၉၄၉ နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
အခုခြေလှမ်းဟာ ကမ္ဘာလုံးဆိုင်ရာ မန်မိုရီချစ်ပ် (Memory Chip) ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့် Apple အနေနဲ့ အခြေခံအဆင့်မော်ဒယ်မှာ Storage ပမာဏ ပိုမိုထည့်ပေးခြင်းနည်းနဲ့ သုံးစွဲသူအသစ်တွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းခြင်းဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဈေးနှုန်းတူညီပေမယ့် Storage ပိုမိုရရှိလာခြင်းက သုံးစွဲသူတွေအတွက် သွယ်ဝိုက်တဲ့နည်းနဲ့ ဈေးနှုန်းလျှော့ချပေးခြင်းဖြစ်ပါတယ်။
iPhone 17e ကို အဆင့်မြင့် 3-nanometer နည်းပညာသုံး A19 Chip နဲ့ ဖန်တီးထားတာဖြစ်ပြီး အဆင့်မြှင့်တင်မှုတွေအနေနဲ့ ပါဝါသုံးစွဲမှုသက်သာစေပြီး ပိုမိုမြန်ဆန်တဲ့ Cellular speed ကို ပေးဆောင်နိုင်မယ့် C1X Modem, "e" စီးရီးမှာ ပထမဆုံးအကြိမ်အဖြစ် MagSafe စနစ် ပါဝင်လာပြီး ကြိုးမဲ့အားသွင်းနိုင်မယ့် MagSafe Support ပါဝင်မှာဖြစ်ပြီး အခြေခံမော်ဒယ်ပဲဖြစ်ပေမယ့် နောက်ဆုံးပေါ်နည်းပညာတွေကြောင့် စွမ်းဆောင်ရည် သိသိသာသာကောင်းမယ်လို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံရှိ iPhone user တွေအနေနဲ့ မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့)၊ စင်ကာပူစံတော်ချိန် ည ၁၀ နာရီ ၁၅ မိနစ်နာရီမှစ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး မတ်လ ၁၁ ရက်မှာ စတင် ဝယ်ယူရရှိမယ်လို့ သိရပါတယ်။
ဒါအပြင် Apple ဟာ M4 Chip ပါဝင်တဲ့ iPad Air မော်ဒယ်သစ်တွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ iPad Air မော်ဒယ်သစ်တွေကတော့ ၁၁ လက်မ မော်ဒယ်ကို စင်ကာပူဒေါ်လာ ၈၉၉၊ ၁၃ လက်မ မော်ဒယ်ကို စင်ကာပူ ဒေါ်လာ ၁,၁၉၉ မှ စတင်ကာ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း Apple က Siri ဗားရှင်းသစ်အတွက် Google ရဲ့ Gemini AI ကို အသုံးပြုဖို့ ဆွေးနွေးမှုများ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Zawgyi Version;
Apple က iPhone 17e ကို စင္ကာပူေဒၚလာ ၉၄၉ နဲ႔ စတင္မိတ္ဆက္၊ ပိုမ်ားမ်ားဆံ့တဲ့ Storage ပမာဏနဲ႔ေဈးကြက္ကို ထိုးေဖာက္ဖို႔ ရည္မွန္း
ေရာင္နီ (NP News) - မတ္ ၆
ကမာၻေက်ာ္ နည္းပညာ ကုမၸဏီ Apple ဟာ ပိုမိုေဈးသက္သာၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ iPhone 17e ေမာ္ဒယ္သစ္ကို တနလၤာေန႔ (မတ္လ ၂ ရက္) က တရားဝင္ မိတ္ဆက္လိုက္ပါတယ္။ ၿပိဳင္ဆိုင္မႈျပင္းထန္လာတဲ့ စမတ္ဖုန္းေဈးကြက္မွာ ေဝစုကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔အတြက္ Apple ဟာ ယခုေမာ္ဒယ္သစ္မွာ 256GB Storage ကို အေျခခံအဆင့္အျဖစ္ သတ္မွတ္ၿပီး စင္ကာပူေဒၚလာ ၉၄၉ နဲ႔ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။
အခုေျခလွမ္းဟာ ကမာၻလုံးဆိုင္ရာ မန္မိုရီခ်စ္ပ္ (Memory Chip) ေဈးႏႈန္းေတြ ျမင့္တက္ေနခ်ိန္မွာ ေပၚထြက္လာျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ Apple အေနနဲ႔ အေျခခံအဆင့္ေမာ္ဒယ္မွာ Storage ပမာဏ ပိုမိုထည့္ေပးျခင္းနည္းနဲ႔ သုံးစြဲသူအသစ္ေတြကို ဆြဲေဆာင္ဖို႔ ႀကိဳးပမ္းျခင္းျဖစ္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။ ေဈးႏႈန္းတူညီေပမယ့္ Storage ပိုမိုရရွိလာျခင္းက သုံးစြဲသူေတြအတြက္ သြယ္ဝိုက္တဲ့နည္းနဲ႔ ေဈးႏႈန္းေလွ်ာ့ခ်ေပးျခင္းျဖစ္ပါတယ္။
iPhone 17e ကို အဆင့္ျမင့္ 3-nanometer နည္းပညာသုံး A19 Chip နဲ႔ ဖန္တီးထားတာျဖစ္ၿပီး အဆင့္ျမႇင့္တင္မႈေတြအေနနဲ႔ ပါဝါသုံးစြဲမႈသက္သာေစၿပီး ပိုမိုျမန္ဆန္တဲ့ Cellular speed ကို ေပးေဆာင္ႏိုင္မယ့္ C1X Modem, "e" စီးရီးမွာ ပထမဆုံးအႀကိမ္အျဖစ္ MagSafe စနစ္ ပါဝင္လာၿပီး ႀကိဳးမဲ့အားသြင္းႏိုင္မယ့္ MagSafe Support ပါဝင္မွာျဖစ္ၿပီး အေျခခံေမာ္ဒယ္ပဲျဖစ္ေပမယ့္ ေနာက္ဆုံးေပၚနည္းပညာေတြေၾကာင့္ စြမ္းေဆာင္ရည္ သိသိသာသာေကာင္းမယ္လို႔ ဆိုပါတယ္။
စင္ကာပူႏိုင္ငံရွိ iPhone user ေတြအေနနဲ႔ မတ္လ ၄ ရက္ (ဗုဒၶဟူးေန႔)၊ စင္ကာပူစံေတာ္ခ်ိန္ ည ၁၀ နာရီ ၁၅ မိနစ္နာရီမွစ ႀကိဳတင္မွာယူႏိုင္မွာျဖစ္ၿပီး မတ္လ ၁၁ ရက္မွာ စတင္ ဝယ္ယူရရွိမယ္လို႔ သိရပါတယ္။
ဒါအျပင္ Apple ဟာ M4 Chip ပါဝင္တဲ့ iPad Air ေမာ္ဒယ္သစ္ေတြကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ iPad Air ေမာ္ဒယ္သစ္ေတြကေတာ့ ၁၁ လက္မ ေမာ္ဒယ္ကို စင္ကာပူေဒၚလာ ၈၉၉၊ ၁၃ လက္မ ေမာ္ဒယ္ကို စင္ကာပူ ေဒၚလာ ၁,၁၉၉ မွ စတင္ကာ ဝယ္ယူရရွိႏိုင္မယ္လို႔ သိရပါတယ္။ အျခားတစ္ဖက္မွာလည္း Apple က Siri ဗားရွင္းသစ္အတြက္ Google ရဲ႕ Gemini AI ကို အသုံးျပဳဖို႔ ေဆြးေႏြးမႈမ်ား ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။