သီတင်းကျွတ်ကာလ ရောင်စုံမီးပုံးဈေး နှစ်ဆခန့်တက်လာ

 170

(NP News) - အောက်တိုဘာ ၂

သီတင်းကျွတ်ကာလအတွက် ရောင်စုံမီးပုံးများနှင့် ကလေးကစားစရာမီးထွန်းကားရောင်းချမှုများ ရှိလာ ကာ ဈေးနှုန်းများလည်းယခင်နှစ်ကတထက်မြင့်တက်လျက်ရှိကြောင်း မီးပုံးပြုလုပ်သူများကပြောသည်။

သီတင်းကျွတ်လပြည့်အခါသမယ၌နေအိမ်များတွင် မီးပုံးများဖြင့်ဆီမီးထွန်းညှိပူဇော်လေ့ရှိကြပြီး ယခုနှစ် တွင်ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်မှုကြောင့် ဈေးနှုန်းများမှာလည်း ၂ ဆနီးပါးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

"မီးပုံးတွေ၊ မီးထွန်းကားတွေကတော့စရောင်းနေတာတွေ့ရတယ်ဗျ။ ထူးခြားတာက မီးထွန်းကား တွေ ကခေတ်ကာလအခြေအနေအရ ကလေးတွေကြိုက်နိုင်တဲ့အရုပ်တွေအများဆုံးလုပ်လာရောင်းနေကြတာ။ မြေ ကော်ကားတွေ၊ တင့်ကားတွေ၊ ရဟတ်ယာဥ်တွေ၊ အဲ့ဒါတွေအများဆုံးတွေ့ရတယ်"ဟု ကြည့်မြင့်တိုင်မှမီးပုံးပြုလုပ်ရောင်းချသူတစ်ဦးကပြောသည်။

မီးထွန်းကားနှင့်မီးပုံးများမှာယခင်က လက်မှုလုပ်ငန်းဖြင့်လုပ်ကိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် တရုတ်နိုင်ငံထုတ်မီးပုံးများကိုလူကြိုက်များမှုကြောင့် ပိုမိုရောင်းချလာကြကာ မီးထွန်းကားများကို သာလက်မှု လုပ်ငန်းဖြင့်ပြုလုပ်လာကြခြင်းဖြစ်သည်။

မီးထွန်းကားများမှာ ယမန်နှစ်က တစ်ရုပ်လျှင်ငွေကျပ် ၄၀၀၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိအချိန် တွင် ငွေကျပ် ၉၀၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိဈေးကွက်အတွင်း၌ ပြည်ပမှထုတ်လုပ်သည့် LEDမီးသုံး ကစားစရာအရုပ်များဝင်ရောက်လာခြင်း ကြောင့် ရိုးရာမီးပုံးအရုပ်လုပ်ငန်းများမှာဈေးကွက် အတွင်း ပြိုင်ဆိုင်မှုရှိနေကြောင်းသိရသည်။

Related news

© 2021. All rights reserved.