တနင်္သာရီတွင် ငါးလေလံဈေး နှင့် စက်မှုဇုန်စီမံကိန်းအတွက် မြေနေရာရရှိရေး လုပ်ငန်းရှင်များ မျှော်လင့်နေ

 203

Pearl(NP News)-အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီးတွင် ငါးလေလံ ဈေးနှင့် စက်မှုဇုန်စီမံကိန်းအတွက် မြေနေရာရရှိရေး လုပ်ငန်းရှင်များမျှော်လင့်နေကြောင်း လုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရသိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်ခန့်မှစ၍ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး နှင့် စက်မှုဇုန်စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းဆိုင်ရာ နား လည်မှု စာချွန်လွှာကို တနင်္သာရီတိုင်းအစိုးရအဖွဲ့ နှင့် မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမိတက်တို့ကြား လက်မှတ်ရေးထိုးခဲ့ကာ ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိလေ့လာ ဆန်းစစ်ဆောင် ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်၍ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာ အုပ်စုတွင် တည်ဆောက်ရန် ပြင်ဆင် နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် ဧရိယာ (၇၃၈) ဧက ကျယ်ဝန်ပြီး ဒေါ်လာသန်း (၁၀ဝ)ကျော်ကုန်ကျ နိုင် ကြောင်းလည်း သိရသည်။
“ငါးလေလံဈေးကတော့ ဗိုလ်ချုပ်မှူးကြီး လာတုန်းက မြေလုပ်ပိုင်ခွင့်ချပေးဖို့ ဝန်ကြီးတွေကို တော့မှာတယ်။ ပို့ဆက် ဒုဝန်ကြီးပါလာတာပေါ့။ ပို့ဆက် ဒုဝန်ကြီးကလည်း ငါးလေလံဈေးလုပ်မယ့် အဖွဲ့ကို နေပြည်တော်ကို ဖိတ်ခေါ်ထားတယ်။ သူတို့ မအားသေးဖြစ်နေတော့ မတွေ့ရသေးဘူးဖြစ် နေတာ။ ခွင့်ပြုဖို့တော့မှာထားပြီးပြီပြောတယ်။ ဘယ် နေ့ပြန်ချိန်းမလဲမသိဘူး။ မြေနေရာခွင့်ပြုမှပဲ လုပ်လို့ရမှာဆိုတော့။ မြေဧကကတော့ တင်ထားတာ (၇၃၈) ဧကပေါ့။ စက်မှုဇုန်ရယ်၊ ငါးလေလံ ဈေးရယ် ပေါ့။ ဒေါ်လာသန်း (၁၀ဝ)ကျော်လောက်တော့ ကုန်မှာပေါ့ စတင်ရင်းနှီးမယ်ဆိုရင်ပေါ့။ စီစဉ်တာက (၂၀၂၂) မှာ ဗိုလ်ချုပ်မှူးကြီးလာကတည်းက ပြောနေတာ အခုချိန်ထိမြေမရသေးဘူး။ သူလာတာ တတိယ အချိန်ဖြစ်သွားပြီ အခုထိ မြေမရသေးဘူးလား ဘာလားပေါ့။ အခုမှ ပြန်လှုပ်ရှား လာတာပေါ့”ဟု အဆိုပါ လုပ်ငန်းစဉ်များအကြောင်း သိရှိသူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် အဆိုပါစီမံကိန်းအတွက် မြေနေရာရရှိရေးအတွက် လုပ်ငန်းရှင်များက မျှော်လင့်နေကြပြီး မြေနေရာရရှိပါက ကနဦးလုပ်ငန်း အဖြစ် တံတားတည်ဆောက်ခြင်း၊ ရေကာတံတိုင်း တည်ဆောက်ခြင်းတို့ကို စတင်ဆောင်ရွက်မည်ဖြစ် ကြောင်းလည်း သိရသည်။
“မြေရရင်တော့ ငါးဖမ်းလှေတွေ ကပ်နိုင်အောင် ရေကာတံတိုင်းတွေ လုပ်ရမယ်၊ တံတားတွေ စဆောက်မှာပေါ့နော်။ တံတားတွေနောက်မှာ အအေး ခန်းစက်ရုံတို့ ဘာတို့ပေါ့။ မနှစ်ကဆိုရင် တနင်္သာရီ တိုင်းကနေ ကုန်ကြမ်းအနေနဲ့ သန်း (၃၀ဝ) ဝန်းကျင် တင်ပို့နိုင်တယ်။ တကယ်လို့သာ ငါးလေလံ ဈေး သာ ဖြစ်လာရင် ကုန်ချောဖြစ်သွားမယ်လေ။ ကုန်ချောသာ ဖြစ်ရင် (၁)ဆ၊ (၂)ဆမက ပိုဝင်လာနိုင်တယ်။ စက်ရုံအလုပ်ရုံတွေဆိုရင် ဒေသခံတွေလည်း အလုပ် အကိုင်အခွင့်အလမ်းရမယ်။ ပြီးတော့ ကုန်ချောဖြစ် သွားတော့ ကုန်ကြမ်းပို့တာထက် ဝင်ငွေ ပိုရတာပေါ့။ နိုင်ငံတော် အခွန်အခလည်း ပိုရမယ်။ ဝင်ငွေလည်း များလာမှာပေါ့။ အဓိကက မြေရမှပဲ အကောင်အထည်ဖော်မှာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက ဒေသခံများအလုပ်အကိုင်အခွင့် အလမ်းများပိုမိုရရှိနိုင်မည်ဖြစ်သည့်အပြင် ဒေသ အတွင်း ရေထွက်ကုန်ပစ္စည်းများကို ကုန်ချောအဖြစ် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင် မည်ဖြစ်ကာ ဝင်ငွေ (၂)ဆ ထက်မနည်း ရရှိနိုင်သည့် အတွက် နိုင်ငံတော်အနေဖြင့် အခွန်များပိုမိုရရှိနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
တနသၤာရီတြင္ ငါးေလလံေဈး ႏွင့္ စက္မႈဇုန္စီမံကိန္းအတြက္ ေျမေနရာရရွိေရး လုပ္ငန္းရွင္မ်ား ေမွ်ာ္လင့္ေန
Pearl(NP News)-ေအာက္တိုဘာ ၂၁
တနသၤာရီတိုင္းေဒသႀကီးတြင္ ငါးေလလံ ေဈးႏွင့္ စက္မႈဇုန္စီမံကိန္းအတြက္ ေျမေနရာရရွိေရး လုပ္ငန္းရွင္မ်ားေမွ်ာ္လင့္ေနေၾကာင္း လုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရသိရသည္။
ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္ခန႔္မွစ၍ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာ ငါးေလလံေဈး ႏွင့္ စက္မႈဇုန္စီမံကိန္းအတြက္ ျဖစ္ေျမာက္ႏိုင္စြမ္း ရွိ/မရွိ ေလ့လာဆန္းစစ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နား လည္မႈ စာခြၽန္လႊာကို တနသၤာရီတိုင္းအစိုးရအဖြဲ႕ ႏွင့္ ၿမိတ္ေကာ္ပိုေရးရွင္းအမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီလိမိတက္တို႔ၾကား လက္မွတ္ေရးထိုးခဲ့ကာ ျဖစ္ေျမာက္ႏိုင္စြမ္း ရွိ/မရွိေလ့လာ ဆန္းစစ္ေဆာင္ ႐ြက္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္၍ ၿမိတ္ၿမိဳ႕နယ္၊ စႏၵဝတ္ေက်း႐ြာ အုပ္စုတြင္ တည္ေဆာက္ရန္ ျပင္ဆင္ ေနျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စီမံကိန္းသည္ ဧရိယာ (၇၃၈) ဧက က်ယ္ဝန္ၿပီး ေဒၚလာသန္း (၁၀ဝ)ေက်ာ္ကုန္က် ႏိုင္ ေၾကာင္းလည္း သိရသည္။
“ငါးေလလံေဈးကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး လာတုန္းက ေျမလုပ္ပိုင္ခြင့္ခ်ေပးဖို႔ ဝန္ႀကီးေတြကို ေတာ့မွာတယ္။ ပို႔ဆက္ ဒုဝန္ႀကီးပါလာတာေပါ့။ ပို႔ဆက္ ဒုဝန္ႀကီးကလည္း ငါးေလလံေဈးလုပ္မယ့္ အဖြဲ႕ကို ေနျပည္ေတာ္ကို ဖိတ္ေခၚထားတယ္။ သူတို႔ မအားေသးျဖစ္ေနေတာ့ မေတြ႕ရေသးဘူးျဖစ္ ေနတာ။ ခြင့္ျပဳဖို႔ေတာ့မွာထားၿပီးၿပီေျပာတယ္။ ဘယ္ ေန႔ျပန္ခ်ိန္းမလဲမသိဘူး။ ေျမေနရာခြင့္ျပဳမွပဲ လုပ္လို႔ရမွာဆိုေတာ့။ ေျမဧကကေတာ့ တင္ထားတာ (၇၃၈) ဧကေပါ့။ စက္မႈဇုန္ရယ္၊ ငါးေလလံ ေဈးရယ္ ေပါ့။ ေဒၚလာသန္း (၁၀ဝ)ေက်ာ္ေလာက္ေတာ့ ကုန္မွာေပါ့ စတင္ရင္းႏွီးမယ္ဆိုရင္ေပါ့။ စီစဥ္တာက (၂၀၂၂) မွာ ဗိုလ္ခ်ဳပ္မႉးႀကီးလာကတည္းက ေျပာေနတာ အခုခ်ိန္ထိေျမမရေသးဘူး။ သူလာတာ တတိယ အခ်ိန္ျဖစ္သြားၿပီ အခုထိ ေျမမရေသးဘူးလား ဘာလားေပါ့။ အခုမွ ျပန္လႈပ္ရွား လာတာေပါ့”ဟု အဆိုပါ လုပ္ငန္းစဥ္မ်ားအေၾကာင္း သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ အဆိုပါစီမံကိန္းအတြက္ ေျမေနရာရရွိေရးအတြက္ လုပ္ငန္းရွင္မ်ားက ေမွ်ာ္လင့္ေနၾကၿပီး ေျမေနရာရရွိပါက ကနဦးလုပ္ငန္း အျဖစ္ တံတားတည္ေဆာက္ျခင္း၊ ေရကာတံတိုင္း တည္ေဆာက္ျခင္းတို႔ကို စတင္ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္းလည္း သိရသည္။
“ေျမရရင္ေတာ့ ငါးဖမ္းေလွေတြ ကပ္ႏိုင္ေအာင္ ေရကာတံတိုင္းေတြ လုပ္ရမယ္၊ တံတားေတြ စေဆာက္မွာေပါ့ေနာ္။ တံတားေတြေနာက္မွာ အေအး ခန္းစက္႐ုံတို႔ ဘာတို႔ေပါ့။ မႏွစ္ကဆိုရင္ တနသၤာရီ တိုင္းကေန ကုန္ၾကမ္းအေနနဲ႔ သန္း (၃၀ဝ) ဝန္းက်င္ တင္ပို႔ႏိုင္တယ္။ တကယ္လို႔သာ ငါးေလလံ ေဈး သာ ျဖစ္လာရင္ ကုန္ေခ်ာျဖစ္သြားမယ္ေလ။ ကုန္ေခ်ာသာ ျဖစ္ရင္ (၁)ဆ၊ (၂)ဆမက ပိုဝင္လာႏိုင္တယ္။ စက္႐ုံအလုပ္႐ုံေတြဆိုရင္ ေဒသခံေတြလည္း အလုပ္ အကိုင္အခြင့္အလမ္းရမယ္။ ၿပီးေတာ့ ကုန္ေခ်ာျဖစ္ သြားေတာ့ ကုန္ၾကမ္းပို႔တာထက္ ဝင္ေငြ ပိုရတာေပါ့။ ႏိုင္ငံေတာ္ အခြန္အခလည္း ပိုရမယ္။ ဝင္ေငြလည္း မ်ားလာမွာေပါ့။ အဓိကက ေျမရမွပဲ အေကာင္အထည္ေဖာ္မွာေပါ့”ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါ စီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ပါက ေဒသခံမ်ားအလုပ္အကိုင္အခြင့္ အလမ္းမ်ားပိုမိုရရွိႏိုင္မည္ျဖစ္သည့္အျပင္ ေဒသ အတြင္း ေရထြက္ကုန္ပစၥည္းမ်ားကို ကုန္ေခ်ာအျဖစ္ ႏိုင္ငံတကာေဈးကြက္သို႔ ထိုးေဖာက္ဝင္ေရာက္ႏိုင္ မည္ျဖစ္ကာ ဝင္ေငြ (၂)ဆ ထက္မနည္း ရရွိႏိုင္သည့္ အတြက္ ႏိုင္ငံေတာ္အေနျဖင့္ အခြန္မ်ားပိုမိုရရွိႏိုင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.