သီတင်းကျွတ်နောက်ပိုင်း မန္တလေး အိမ်ခြံမြေငှားခဈေးတက်

 266

ပြည့်ဖြိုး(NP News) အောက်တိုဘာ ၂၁
သီတင်းကျွတ်အပြီးအနောက်ပိုင်း၊ မန္တလေးအိမ်ခြံမြေငှားရမ်းခဈေး ထပ်တက်သွားသဖြင့် နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင်ပြည်သူများ၊ အခက်တွေ့နေကြကြောင်း သတင်းရရှိသည်။
စစ်ဘေးရှောင်ပြည်သူများအလုံးအရင်းဖြင့်ဝင်ရောက်လာကတည်းက၊ အငှားစျေးမှ တစ်ဆမကခုန် တက်သွားရာမှ၊ သီတင်းကျွတ်အပြီးနောက်ပိုင်း ထပ်မံမြင့်တက်သွားခြင်းဖြစ်ကြောင်း၊ ဒေသတွင်းအိမ်ခြံမြေသတင်းများက ဆိုသည်။
“ကျွန်တော်တို့စစ်ဘေးရှောင်တွေ အလုံးအရင်းနဲ့ရောက်လာတော့ အငှားဈေးကိုပုံမှန်ထက်တစ်ဆ လောက်တင်လိုက်တာသတိထားမိတယ်၊ ဥပမာဗျာ၊ နှစ်သိန်းနဲ့ငှားနေတာကနေ သုံးသိန်း၊ သုံးသိန်းခွဲဆိုပြီး ဈေးထပ်တင်လိုက်တယ်၊ ဝါမဝင်ခင်က သုံးသိန်းတန်အိမ်အငှားတစ်လုံးက၊ အခုလက်ရှိ သုံးသိန်းခွဲနဲ့ လေးသိန်းကြား ကို ဈေးထိုးတက်သွားတယ်၊ ငါးသိန်းတန်က ခြောက်သိန်း၊ တတ်နိုင်လို့တော့မဟုတ်ဘူး၊ အိမ်ပြန်မရလို့တာ ငှားနေနေရတာ” ဟု မန္တလေးမြို့ရောက်ကျောက်မဲဒေသခံစစ်ဘေးရှောင်တစ်ဦးကပြောသည်။
အိမ်ခြံမြေငှားရမ်းခဈေးထပ်တက်သွားသဖြင့် အခက်အခဲဖြစ်နေကြသူများထဲ၊ ငလျင်ဒဏ်သင့်ပြည်သူများလည်း ပါဝင်ကြောင်း၊ ထိုအထဲကမှအချို့သည်၊ ငှားရမ်းခဈေးမတက်နိုင်သဖြင့် မြို့နှင့်အနည်းငယ် လှမ်းသည့် အရပ်ဒေသများတွင်၊ သွားရောက်ငှားရမ်းနေထိုင်နေရကြောင်းလည်း သိရသည်။
မန္တလေးအိမ်ခြံမြေငှားရမ်းခဈေးနှုန်းနှင့်ပတ်သက်၍၊ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက၊ တစ်လငှားရမ်းခတစ် သိန်းခွဲ ကျပ်၀န်းကျင်ဈေးရှိခဲ့သည့်၊ ပေ ၂၀ ပေ ၄၀ ပေါ်ဆောက်ထားသောနှစ်ထပ်နံကပ်အိမ်တစ်လုံးသည်၊ စစ် ဘေးရှောင်ပြည်သူများ အလုံးအရင်းဖြင့်ဝင်ရောက်လာနောက်ပိုင်း၊ သုံးသိန်းခွဲကျပ်မှငါးသိန်းကျပ်၀န်းကျင်အထိ ဈေးထိုးတက်သွားသည်။

Zawgyi Version:
သီတင္းကြၽတ္ေနာက္ပိုင္းမႏၲေလး အိမ္ၿခံေျမငွားခေဈးတက္
ျပည့္ၿဖိဳး(NP News) ေအာက္တိုဘာ ၂၁
သီတင္းကြၽတ္အၿပီးအေနာက္ပိုင္း၊ မႏၲေလးအိမ္ၿခံေျမငွားရမ္းခေဈး ထပ္တက္သြားသျဖင့္ ေနရပ္မျပန္ႏိုင္ေသးသည့္စစ္ေဘးေရွာင္ျပည္သူမ်ား၊ အခက္ေတြ႕ေနၾကေၾကာင္း သတင္းရရွိသည္။
စစ္ေဘးေရွာင္ျပည္သူမ်ားအလုံးအရင္းျဖင့္ဝင္ေရာက္လာကတည္းက၊ အငွားေစ်းမွ တစ္ဆမကခုန္ တက္သြားရာမွ၊ သီတင္းကြၽတ္အၿပီးေနာက္ပိုင္း ထပ္မံျမင့္တက္သြားျခင္းျဖစ္ေၾကာင္း၊ ေဒသတြင္းအိမ္ၿခံေျမသတင္းမ်ားက ဆိုသည္။
“ကြၽန္ေတာ္တို႔စစ္ေဘးေရွာင္ေတြ အလုံးအရင္းနဲ႔ေရာက္လာေတာ့ အငွားေဈးကိုပုံမွန္ထက္တစ္ဆ ေလာက္တင္လိုက္တာသတိထားမိတယ္၊ ဥပမာဗ်ာ၊ ႏွစ္သိန္းနဲ႔ငွားေနတာကေန သုံးသိန္း၊ သုံးသိန္းခြဲဆိုၿပီး ေဈးထပ္တင္လိုက္တယ္၊ ဝါမဝင္ခင္က သုံးသိန္းတန္အိမ္အငွားတစ္လုံးက၊ အခုလက္ရွိ သုံးသိန္းခြဲနဲ႔ ေလးသိန္းၾကား ကို ေဈးထိုးတက္သြားတယ္၊ ငါးသိန္းတန္က ေျခာက္သိန္း၊ တတ္ႏိုင္လို႔ေတာ့မဟုတ္ဘူး၊ အိမ္ျပန္မရလို႔တာ ငွားေနေနရတာ” ဟု မႏၲေလးၿမိဳ႕ေရာက္ေက်ာက္မဲေဒသခံစစ္ေဘးေရွာင္တစ္ဦးကေျပာသည္။
အိမ္ၿခံေျမငွားရမ္းခေဈးထပ္တက္သြားသျဖင့္ အခက္အခဲျဖစ္ေနၾကသူမ်ားထဲ၊ ငလ်င္ဒဏ္သင့္ျပည္သူမ်ားလည္း ပါဝင္ေၾကာင္း၊ ထိုအထဲကမွအခ်ိဳ႕သည္၊ ငွားရမ္းခေဈးမတက္ႏိုင္သျဖင့္ ၿမိဳ႕ႏွင့္အနည္းငယ္ လွမ္းသည့္ အရပ္ေဒသမ်ားတြင္၊ သြားေရာက္ငွားရမ္းေနထိုင္ေနရေၾကာင္းလည္း သိရသည္။
မႏၲေလးအိမ္ၿခံေျမငွားရမ္းခေဈးႏႈန္းႏွင့္ပတ္သက္၍၊ ၂၀၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္းက၊ တစ္လငွားရမ္းခတစ္ သိန္းခြဲ က်ပ္၀န္းက်င္ေဈးရွိခဲ့သည့္၊ ေပ ၂၀ ေပ ၄၀ ေပၚေဆာက္ထားေသာႏွစ္ထပ္နံကပ္အိမ္တစ္လုံးသည္၊ စစ္ ေဘးေရွာင္ျပည္သူမ်ား အလုံးအရင္းျဖင့္ဝင္ေရာက္လာေနာက္ပိုင္း၊ သုံးသိန္းခြဲက်ပ္မွငါးသိန္းက်ပ္၀န္းက်င္အထိ ေဈးထိုးတက္သြားသည္။

Related news

© 2021. All rights reserved.