ကြက်တောင်ပံ (၃၀၀)ကီလိုဂရမ်နီးပါး ချက်ပြုတ်ကျွေးမွေးခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အမေရိကန်အသားကင် ကုမ္ပဏီ

 545

Pika (NP News) - ဒီဇင်ဘာ ၂၆

အမေရိကန် ဂျော်ဂျီယာပြည်နယ်ရှိ အသားကင်ကုမ္ပဏီ Big Green Egg သည် (၆၅၅)ပေါင်နှင့် (၁၂ ဒသမ ၈)အောင်စရှိသော ကြက်တောင်ပံများကို ချက်ပြုတ်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။

Big Green Egg ကုမ္ပဏီသည် ၎င်း၏နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် ကြက်တောင်ပံများကို ချက်ပြုတ်ကာ ကျွေးမွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Big Green Egg ကုမ္ပဏီသည် Lawrenceville မြို့တွင်ကျင်းပသော ၎င်း၏နှစ်ပတ်လည်အကင်ကုန်စည်ပြပွဲဖြစ်သည့် Eggtoberfest တွင် အသားကင်စားဖိုမှူးအဖွဲ့တစ်ဖွဲ့ကို စုစည်းကာ ကြက်တောင်ပံများကို ချက်ပြုတ်ကျွေးမွေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါပွဲတော်ကိုကျင်းပမှုနှင့်အတူ Big Green Egg ကုမ္ပဏီသည် ကြက်တောင်ပံများ အများဆုံးချက်ပြုတ်ကျွေးမွေးခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျော်ဂျီယာ လယ်ယာစိုက်ပျိုးရေးဌာနမှ အရာရှိများက တရားဝင်ချိန်တွယ်ခြင်းများနှင့် စားဖိုမှူးများက ချက်ပြုတ်ခြင်းများ မပြုလုပ်မီ ကြက်တောင်ပံများကို လှီးဖြတ်ထားသည်ကို ဆိုရှယ်မီဒီယာများပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်များတွင် တွေ့မြင်ခဲ့ရသည်။

Big Green Egg ကုမ္ပဏီသည် ချက်ပြုတ်ပြီးသော ကြက်တောင်ပံများကို ပွဲတော်တက်ရောက်သူများအား ကျွေးမွေးခဲ့ပြီး ကျန်ရှိနေသော ကြက်တောင်ပံများကို ဒေသတွင်းပရဟိတအဖွဲ့အစည်းများကို လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။ အဆိုပါပွဲတော်အတွင်း အစားအသောက်ပြင်ဆင်မှုနှင့် ကိုင်တွယ်မှုတို့ကို အစားအသောက်ဘေးကင်းလုံခြုံရေးကုမ္ပဏီ Ecolab မှ ကိုယ်စားလှယ်တစ်ဦးက လာရောက်စစ်ဆေးကြည့်ရှုပေးခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ၾကက္ေတာင္ပံ (၃၀၀)ကီလိုဂရမ္နီးပါး ခ်က္ျပဳတ္ေကြၽးေမြးခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ အေမရိကန္အသားကင္ ကုမၸဏီ
Pika (NP News) - ဒီဇင္ဘာ ၂၆

အေမရိကန္ ေဂ်ာ္ဂ်ီယာျပည္နယ္ရွိ အသားကင္ကုမၸဏီ Big Green Egg သည္ (၆၅၅)ေပါင္ႏွင့္ (၁၂ ဒသမ ၈)ေအာင္စရွိေသာ ၾကက္ေတာင္ပံမ်ားကို ခ်က္ျပဳတ္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။

Big Green Egg ကုမၸဏီသည္ ၎၏ႏွစ္(၅၀)ျပည့္ အထိမ္းအမွတ္အျဖစ္ ၾကက္ေတာင္ပံမ်ားကို ခ်က္ျပဳတ္ကာ ေကြၽးေမြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Big Green Egg ကုမၸဏီသည္ Lawrenceville ၿမိဳ႕တြင္က်င္းပေသာ ၎၏ႏွစ္ပတ္လည္အကင္ကုန္စည္ျပပြဲျဖစ္သည့္ Eggtoberfest တြင္ အသားကင္စားဖိုမႉးအဖြဲ႕တစ္ဖြဲ႕ကို စုစည္းကာ ၾကက္ေတာင္ပံမ်ားကို ခ်က္ျပဳတ္ေကြၽးေမြးခဲ့ျခင္း ျဖစ္သည္။ အဆိုပါပြဲေတာ္ကိုက်င္းပမႈႏွင့္အတူ Big Green Egg ကုမၸဏီသည္ ၾကက္ေတာင္ပံမ်ား အမ်ားဆုံးခ်က္ျပဳတ္ေကြၽးေမြးျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေဂ်ာ္ဂ်ီယာ လယ္ယာစိုက္ပ်ိဳးေရးဌာနမွ အရာရွိမ်ားက တရားဝင္ခ်ိန္တြယ္ျခင္းမ်ားႏွင့္ စားဖိုမႉးမ်ားက ခ်က္ျပဳတ္ျခင္းမ်ား မျပဳလုပ္မီ ၾကက္ေတာင္ပံမ်ားကို လွီးျဖတ္ထားသည္ကို ဆိုရွယ္မီဒီယာမ်ားေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္မ်ားတြင္ ေတြ႕ျမင္ခဲ့ရသည္။

Big Green Egg ကုမၸဏီသည္ ခ်က္ျပဳတ္ၿပီးေသာ ၾကက္ေတာင္ပံမ်ားကို ပြဲေတာ္တက္ေရာက္သူမ်ားအား ေကြၽးေမြးခဲ့ၿပီး က်န္ရွိေနေသာ ၾကက္ေတာင္ပံမ်ားကို ေဒသတြင္းပရဟိတအဖြဲ႕အစည္းမ်ားကို လႉဒါန္းခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါပြဲေတာ္အတြင္း အစားအေသာက္ျပင္ဆင္မႈႏွင့္ ကိုင္တြယ္မႈတို႔ကို အစားအေသာက္ေဘးကင္းလုံၿခဳံေရးကုမၸဏီ Ecolab မွ ကိုယ္စားလွယ္တစ္ဦးက လာေရာက္စစ္ေဆးၾကည့္ရႈေပးခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.