ယူကရိန်းကို အမေရိကန်နိုင်ငံထုတ် M1A1 Abrams အမျိုးအစားတင့်ကား အစီးရေ (၅ဝ) နီးပါး ကူညီပေးမယ်လို့ သြစတြေးလျအစိုးရပြော

 127

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၇

သြစတြေးလျအစိုးရဟာ ယူကရိန်းနိုင်ငံကို ဒီလအတွင်းမှာပဲ သက်တမ်းရင့်နေတဲ့ M1A1 Abrams အမျိုးအစားတင့်ကား (၄၉)စီးလွှဲပြောင်းပေးသွားဖွယ်ရှိတယ်လို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က ပြောပါတယ်။

ယူကရိန်းဟာ စစ်လက်နက်ပစ္စည်းတွေ ကူညီပေးဖို့တောင်းဆိုခဲ့ပြီးနောက် သြစတြေးလျအစိုးရဟာ အမေရိကန်နိုင်ငံထုတ် တင့်ကားတွေပေးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ သြစတြေးလျအစိုးရဟာ ယူကရိန်းကို အမေရိကန်နိုင်ငံထုတ် တင့်ကားအများဆုံးပေးတဲ့ နိုင်ငံဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံထုတ် M1A1 Abrams အမျိုးအစားတင့်ကားတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၁၆၃)သန်းတန်ဖိုးရှိနေကြောင်းသိရပါတယ်။

သြစတြေးလျအစိုးရဟာ ယူကရိန်းကိုပေးလိုက်တဲ့ M1A1 Abrams အမျိုးအစားတင့်ကားနေရာမှာ M1A2 အမျိုးအစားတင့်ကားတွေနဲ့အစားထိုးမှာဖြစ်ကြောင်းသိပါတယ်။ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးက "ကျွန်တော်တို့ဟာ ယူကရိန်းအစိုးရနဲ့ဆွေးနွေးခဲ့တယ်။ ယူကရိန်းကို ဘယ်လိုပုံစံမျိုးနဲ့အကောင်းဆုံးကူညီပေးနိုင်မလဲဆိုတဲ့အချက်ကိုဆွေးနွေးခဲ့တယ်"လို့ပြောပါတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံနဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းတည်းက အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးဖို့ အကူညီတောင်းခံခဲ့ရာ သြစတြေးလျအစိုးရ က ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ (၈၈၆)သန်း ကူညီပေးထားကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ ၂၀၂၃ ခုနှစ်တည်းက ယူကရိန်းကို Abrams အမျိုးအစားတင့်ကားအစီးရေ (၃၁)စီး ကူညီထောက်ပံ့ပေးဖို့ သဘောတူညီထားကြောင်း သိရပါတယ်။

zawgyi version
ယူကရိန္းကို အေမရိကန္ႏိုင္ငံထုတ္ M1A1 Abrams အမ်ိဳးအစားတင့္ကား အစီးေရ (၅ဝ) နီးပါး ကူညီေပးမယ္လို႔ ၾသစေၾတးလ်အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၇

ၾသစေၾတးလ်အစိုးရဟာ ယူကရိန္းႏိုင္ငံကို ဒီလအတြင္းမွာပဲ သက္တမ္းရင့္ေနတဲ့ M1A1 Abrams အမ်ိဳးအစားတင့္ကား (၄၉)စီးလႊဲေျပာင္းေပးသြားဖြယ္ရွိတယ္လို႔ ၾသစေၾတးလ် ကာကြယ္ေရးဝန္ႀကီး ရစ္ခ်က္မာလက္စ္က ေျပာပါတယ္။

ယူကရိန္းဟာ စစ္လက္နက္ပစၥည္းေတြ ကူညီေပးဖို႔ေတာင္းဆိုခဲ့ၿပီးေနာက္ ၾသစေၾတးလ်အစိုးရဟာ အေမရိကန္ႏိုင္ငံထုတ္ တင့္ကားေတြေပးဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။ ၾသစေၾတးလ်အစိုးရဟာ ယူကရိန္းကို အေမရိကန္ႏိုင္ငံထုတ္ တင့္ကားအမ်ားဆုံးေပးတဲ့ ႏိုင္ငံျဖစ္လာခဲ့ၿပီး အေမရိကန္ႏိုင္ငံထုတ္ M1A1 Abrams အမ်ိဳးအစားတင့္ကားတန္ဖိုးဟာ အေမရိကန္ေဒၚလာ (၁၆၃)သန္းတန္ဖိုးရွိေနေၾကာင္းသိရပါတယ္။

ၾသစေၾတးလ်အစိုးရဟာ ယူကရိန္းကိုေပးလိုက္တဲ့ M1A1 Abrams အမ်ိဳးအစားတင့္ကားေနရာမွာ M1A2 အမ်ိဳးအစားတင့္ကားေတြနဲ႔အစားထိုးမွာျဖစ္ေၾကာင္းသိပါတယ္။ ၾသစေၾတးလ် ကာကြယ္ေရးဝန္ႀကီးက "ကြၽန္ေတာ္တို႔ဟာ ယူကရိန္းအစိုးရနဲ႔ေဆြးေႏြးခဲ့တယ္။ ယူကရိန္းကို ဘယ္လိုပုံစံမ်ိဳးနဲ႔အေကာင္းဆုံးကူညီေပးႏိုင္မလဲဆိုတဲ့အခ်က္ကိုေဆြးေႏြးခဲ့တယ္"လို႔ေျပာပါတယ္။ ယူကရိန္းဟာ ႐ုရွားႏိုင္ငံနဲ႔ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္းတည္းက အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံမ်ားကို စစ္လက္နက္ပစၥည္းေတြ ကူညီေပးဖို႔ အကူညီေတာင္းခံခဲ့ရာ ၾသစေၾတးလ်အစိုးရ က ယူကရိန္းကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ (၈၈၆)သန္း ကူညီေပးထားေၾကာင္းသိရပါတယ္။ အေမရိကန္အစိုးရဟာ ၂၀၂၃ ခုႏွစ္တည္းက ယူကရိန္းကို Abrams အမ်ိဳးအစားတင့္ကားအစီးေရ (၃၁)စီး ကူညီေထာက္ပံ့ေပးဖို႔ သေဘာတူညီထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.