ဘရာဇီးနိုင်ငံ၊ ကမ်းခြေမှာပြုလုပ်တဲ့ မက်ဒေါနားရဲ့ အခမဲ့ဖျော်ဖြေပွဲ လူ ၁.၆ သန်းထိ တက်ရောက်

 104

ရောင်နီ (NP News) - မေ ၆

စနေနေ့ (မေလ ၄ ရက်) က ဘရာဇီးနိုင်ငံ၊ ရီရို၊ ကိုပါကာဘာနာကမ်းခြေမှာ ပြုလုပ်တဲ့ မက်ဒေါနားရဲ့ အခမဲ့ဖျော်ဖြေပွဲမှာ လူပေါင်း တစ်သန်းကျော်ထိ လာရောက်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ လူအုပ်ကြောင့် ရီရို ကမ်းခြေတစ်ဝိုက်ရှိ လမ်းတွေမှာ ပိတ်ဆို့မှုအမြောက်အများ ရှိခဲ့တယ်လို့ သိရပါတယ်။ ရှိုးပွဲကိုကြည့်ဖို့အတွက် နေရာကောင်းရဖို့ နာရီပေါင်းများစွာကြာ တန်းစီကြသူတွေ ရှိသလို တချို့ ချမ်းသာတဲ့ပရိသတ်တွေကလည်း ကမ်းခြေအနီးရှိ လှေဒါဇင်များစွာမှာ ကျောက်ချရပ်နားပြီး ကြည့်ရှုခဲ့ကြပါတယ်။ နေ့အပူချိန် ၃ဝ ဒီဂရီစင်တီဂရိတ်ကျော်ရှိတာကြောင့် မီးသတ်သမားတွေက စုဝေးနေတဲ့ ပရိသတ်တွေကို သောက်သုံးရေအခမဲ့ ဝေခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၅ နှစ်အရွယ် မက်ဒေါနားဟာ "Like a Prayer" , "Vogue" "Express Yourself " စတဲ့ သီချင်းတွေကို ည ၁ဝ နာရီ ၄၅ မိနစ်မှ နှစ်နာရီကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီး ပေါ့ပ်အနုပညာရှင် အန်နီတာ၊ ပါဘ်လိုဗီတာတို့အပြင် အခြားဂီတပညာရှင်တွေလည်း ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

ဖျော်ဖြေပွဲအတွက် ရီယိုပြည်နယ်နဲ့ မြို့အစိုးရတွေက ရီးရသ် သန်း ၂၀ (ဒေါ်လာ ၃.၉ သန်း) အသုံးပြုခဲ့ပြီး ကျန်တဲ့ကုန်ကျစရိတ်ကို ပုဂ္ဂလိကစပွန်ဆာတွေက ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက အဆိုပါဖျော်ဖြေပွဲဟာ ရီယိုရဲ့စီးပွားရေးအတွက် ရီယိုငွေ သန်း ၃၀၀ လောက် ပြန်ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ယမန်နှစ်က တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲမှာ ဘရာဇီးနိုင်ငံမှ လူငယ်ပရိသတ်တစ်ဦး အပူလွန်ကဲမှုကြောင့် သေဆုံးခဲ့ရခြင်းကြောင့် ဘရာဇီးအာဏာပိုင်တွေက အပူနဲ့ဆက်စပ်တဲ့ကျန်းမာရေးပြဿနာတွေကို ထိန်းသိမ်းနိုင်အောင် အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
ဘရာဇီးႏိုင္ငံ၊ ကမ္းေျခမွာျပဳလုပ္တဲ့ မက္ေဒါနားရဲ႕ အခမဲ့ေဖ်ာ္ေျဖပြဲ လူ ၁.၆ သန္းထိ တက္ေရာက္
ေရာင္နီ (NP News) - ေမ ၆

စေနေန႔ (ေမလ ၄ ရက္) က ဘရာဇီးႏိုင္ငံ၊ ရီ႐ို၊ ကိုပါကာဘာနာကမ္းေျခမွာ ျပဳလုပ္တဲ့ မက္ေဒါနားရဲ႕ အခမဲ့ေဖ်ာ္ေျဖပြဲမွာ လူေပါင္း တစ္သန္းေက်ာ္ထိ လာေရာက္ၾကည့္ရႈခဲ့ၾကတယ္လို႔ သိရပါတယ္။

အဆိုပါ လူအုပ္ေၾကာင့္ ရီ႐ို ကမ္းေျခတစ္ဝိုက္ရွိ လမ္းေတြမွာ ပိတ္ဆို႔မႈအေျမာက္အမ်ား ရွိခဲ့တယ္လို႔ သိရပါတယ္။ ရႈိးပြဲကိုၾကည့္ဖို႔အတြက္ ေနရာေကာင္းရဖို႔ နာရီေပါင္းမ်ားစြာၾကာ တန္းစီၾကသူေတြ ရွိသလို တခ်ိဳ႕ ခ်မ္းသာတဲ့ပရိသတ္ေတြကလည္း ကမ္းေျခအနီးရွိ ေလွဒါဇင္မ်ားစြာမွာ ေက်ာက္ခ်ရပ္နားၿပီး ၾကည့္ရႈခဲ့ၾကပါတယ္။ ေန႔အပူခ်ိန္ ၃ဝ ဒီဂရီစင္တီဂရိတ္ေက်ာ္ရွိတာေၾကာင့္ မီးသတ္သမားေတြက စုေဝးေနတဲ့ ပရိသတ္ေတြကို ေသာက္သုံးေရအခမဲ့ ေဝျခင္းမ်ား ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၆၅ ႏွစ္အ႐ြယ္ မက္ေဒါနားဟာ "Like a Prayer" , "Vogue" "Express Yourself " စတဲ့ သီခ်င္းေတြကို ည ၁ဝ နာရီ ၄၅ မိနစ္မွ ႏွစ္နာရီေက်ာ္ၾကာ ေဖ်ာ္ေျဖေပးခဲ့ၿပီး ေပါ့ပ္အႏုပညာရွင္ အန္နီတာ၊ ပါဘ္လိုဗီတာတို႔အျပင္ အျခားဂီတပညာရွင္ေတြလည္း ပါဝင္ေဖ်ာ္ေျဖခဲ့ၾကပါတယ္။

ေဖ်ာ္ေျဖပြဲအတြက္ ရီယိုျပည္နယ္နဲ႔ ၿမိဳ႕အစိုးရေတြက ရီးရသ္ သန္း ၂၀ (ေဒၚလာ ၃.၉ သန္း) အသုံးျပဳခဲ့ၿပီး က်န္တဲ့ကုန္က်စရိတ္ကို ပုဂၢလိကစပြန္ဆာေတြက ေထာက္ပံ့ခဲ့တယ္လို႔ သိရပါတယ္။ အာဏာပိုင္ေတြက အဆိုပါေဖ်ာ္ေျဖပြဲဟာ ရီယိုရဲ႕စီးပြားေရးအတြက္ ရီယိုေငြ သန္း ၃၀၀ ေလာက္ ျပန္ရႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။

ယမန္ႏွစ္က ေတလာဆြစ္ဖ္ရဲ႕ေဖ်ာ္ေျဖပြဲမွာ ဘရာဇီးႏိုင္ငံမွ လူငယ္ပရိသတ္တစ္ဦး အပူလြန္ကဲမႈေၾကာင့္ ေသဆုံးခဲ့ရျခင္းေၾကာင့္ ဘရာဇီးအာဏာပိုင္ေတြက အပူနဲ႔ဆက္စပ္တဲ့က်န္းမာေရးျပႆနာေတြကို ထိန္းသိမ္းႏိုင္ေအာင္ အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.