နိုင်ငံအချုပ်အခြာအာဏာနဲ့ ပြည်သူ့အကျိုးစီးပွားအတွက် ဘယ်ဖိအားကိုမဆို ရင်ဆိုင်ရဲသူ (သို့မဟုတ်) အစ္စရေးဝန်ကြီးချုပ်

 448

ဂျန်ဇက် (NP News) - မေ ၆

ဘင်ဂျမင်နေတန်ရာဟုဟာ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်သမိုင်းမှာ သက်တမ်းအရှည်ဆုံးဝန်ကြီး ချုပ်အဖြစ် နှစ်ပေါင်းများစွာကြာတာဝန်ယူခဲ့သူဖြစ်ပါတယ်။ အစ္စရေးနိုင်ငံဟာ လူဦးရေ ၁၀ သန်း မပြည့်ပေမယ့် အစ္စရေးနိုင်ငံသား တွေဖြစ်တဲ့ ဂျူးလူမျိုးတွေဟာ ကမ္ဘာ့အသိုင်းအဝိုင်းမှာထင်ပေါ်ကျော်ကြားသူတွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။ အစ္စရေး နိုင်ငံဟာ လွှတ်လပ်ရေးရပြီးနောက်ပိုင်းတည်းက အရှေ့အလယ်ပိုင်းဒေသမှာ ဘာသာ၊ ယဉ်ကျေးမှုနဲ့လူမျိုး မတူညီတဲ့ နိုင်ငံတွေကြားမှာ နှစ်ပေါင်းများစွာ ကြာရှင်သန်နေထိုင်ခဲ့ရပြီး ဘက်ပေါင်းစုံဖိအားတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဘာသာ၊ ယဉ်ကျေးမှု၊ လူမျိုးမတူ ညီတဲ့နိုင်ငံတွေကြားမှာ နှစ်ပေါင်းများစွာကြာ ရှင်သန်နေထိုင်ရေးဟာ အခက်အခဲများစွာ ရှိနိုင် ပေမယ့် အစ္စရေးနိုင်ငံသားတွေကတော့ မျိုးချစ်စိတ်နဲ့ နိုင်ငံချစ်စိတ်အပြည့်ရှိနေတာကြောင့် လက်ရှိအချိန်အထိ အစ္စရေး နိုင်ငံရှိနေတယ်ဆိုရင်မှားမယ်မထင်ပါဘူး၊ အစ္စရေးဟာ နိုင်ငံတည်ထောင်ခဲ့ပြီးနောက်ပိုင်းတည်းက အာရပ်နိုင်ငံ တွေအပြင် အစ္စလာမ်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မကြာခဏစစ်ပွဲတွေဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်အထိလည်း ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့၊ အီရန်နိုင်ငံတို့နဲ့ အပြန်အလှန်တိုက်ခိုက်မှု တွေဖြစ်နေဆဲဖြစ်ပါတယ်။ လက်ရှိ အချိန်မှာလည်း အစ္စရေးဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေတဲ့ နေတန် ရာဟုဟာ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟားမတ်စ်အုပ်စုတွေအပြင် အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေ၊ အီရန်နိုင်ငံတို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နိုင်ငံတကာဖိအား မျိုးစုံရင်ဆိုင်ခဲ့ရပေမယ့် ၎င်းရဲ့ရည်မှန်းချက်တွေကို လက်တွေ့အကောင်ထည်ဖော် နိုင်ဖို့ကြိုးပမ်းနေသူဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်ပြီး ရန်သူတွေကို အလျှော့ပေးအညံ့ခံ တတ်တဲ့ လူစားမျိုးမဟုတ်ဘူးဆိုတာ သူရဲ့လုပ်ရပ်တွေက သက်သေပြနေပါတယ်။ အသက် ၇၄ နှစ်အရွယ်ရှိ နေတန်ရာဟုဟာ ၎င်းရဲ့နိုင်ငံကို စတင် တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ် အုပ်စုတွေကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့နဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ် မြောက်စေဖို့ အဓိကရည်မှန်းထားပြီး အဲဒီ ရည်မှန်း ချက်တွေကို ထိခိုက်စေသူမှန်သမျှကိုလည်း တုံ့ပြန်ဝေဖန်မှုတွေလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုကို ၁၉၄၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ အစ္စရေးစစ်တပ်ထဲဝင်ရောက် စစ်မှုထမ်းခဲ့ကာ ၁၉၇၂ ခုနှစ်က တဲလ်အဲဗစ်မြို့ လေဆိပ်မှာဖြစ်ပွားခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲခံရမှု အတွင်းလက်စွမ်းပြခဲ့သူဖြစ်ပါတယ်။ နေတန်ရာ ဟုဟာ အစ္စရေးနိုင်ငံရဲ့ ၉ ယောက်မြောက် ဝန်ကြီး ချုပ်အဖြစ် ၁၉၉၆ခုနှစ်ကနေ ၁၉၉၉ခုနှစ်အထိ တစ်ကြိမ်၊ ၂၀ဝ၉ ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိတစ်ကြိမ်၊ ၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်အထိတစ်ကြိမ် တာဝန်ယူနေသူဖြစ် ပါတယ်။ အစ္စရေးဝန်ကြီးချုပ်အဖြစ် အနည်းဆုံး ၁၆ နှစ်ကြာ တာဝန်ယူခဲ့ရာ အစ္စရေးနိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ဆုံး တာဝန်ယူရတဲ့ ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်သလို လွတ်လပ်ရေးရပြီးနောက်မွေးတဲ့ အစ္စရေးသား တွေထဲမှာ ဝန်ကြီးချုပ်အဖြစ် ပထမဆုံးတာဝန်ယူခွင့် ရသူလည်းဖြစ်ပါတယ်။

အစ္စရေးနိုင်ငံရဲ့ နာမည်ကျော် လီကွတ်ပါတီ (Likud Party) ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ နေတန်ရာဟုဟာ အစ္စရေးနိုင်ငံရဲ့ ဝန်ကြီးချုပ်တွေထဲမှာ အစ္စရေးနိုင်ငံ ထူထောင်ပြီးမှ အစ္စရေးမြေပေါ်မှာ မွေးဖွားသူများထဲမှ ပထမဆုံးနဲ့ တစ်ဦးတည်းသော ဝန်ကြီးချုပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ နေတန်ယာဟုဟာ အစ္စရေးစစ်တပ်ကို ဝင်ရောက်ချိန်မှာလည်း ဆာရီယတ်မတ်ကယ် အထူးတပ်ဖွဲ့မှာ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂစ်ဖ်စစ်ဆင်ရေး (Operation Gift) နဲ့ ၁၉၇၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ဆာဘီးနား လေယာဉ် ပြန်ပေးဆွဲမှု ကယ်ဆယ်ခြင်းအပါအဝင် အစ္စရေးနိုင်ငံ အတွက် အဓိကအရေးပါတဲ့ စစ်ဆင်ရေး အများ အပြား မှာပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။

နာမည်ကျော် စစ်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ၁၉၇၃ ခုနှစ်ကဖြစ်ခဲ့တဲ့ ယွမ်ကီပူစစ်ပွဲမှာ နေတန်ရာဟုက ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ပြီး သေလုနီးပါး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ စစ်မှုထမ်းချိန်အတွင်း အစ္စရေးနိုင်ငံအတွက်အရေးပါတဲ့ စစ်ဆင်ရေးတွေကို ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သလို အမေရိကန်နိုင်ငံ Massachusetts Institute of Technology မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်က ဘွဲ့ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အစ္စရေးစစ်တပ်မှာ ဗိုလ်ကြီးရာထူးအဆင့်အထိ တာဝန်ယူခဲ့ဖူးသလို အစ္စရေးနိုင်ငံအတွက် သံတမန်ရေးရာ တာဝန်တွေကို လည်းထမ်းဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့်ကျက် သူတစ်ဦးဖြစ်ပါတယ်။

နေတန်ရာဟုဟာ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့မှာ ၁၉၈၄ မှ ၁၉၈၈ အထိ ကုလသမဂ္ဂ ဆိုင်ရာအစ္စရေးသံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူလည်းဖြစ် ပါတယ်။ အစ္စရေးသံအမတ်အဖြစ်က အနားယူခဲ့ပြီးနောက် နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီးနိုင်ငံရေးသမားအဖြစ် ရှင်သန်နေထိုင်ချိန်အတွင်း အနိမ့်အမြင့်၊ အတက်အကျ မျိုးစုံကိုရင်ဆိုင်ခဲ့ ရပါတယ်။ နိုင်ငံရေးသမားအဖြစ် ရှင်သန် နေချိန်အတွင်း အစိုးရကန်ထရိုက်တာများထံမှ လက်ဆောင်ရယူ လာဘ်စားမှုအရှုပ်တော်ပုံအပြီးမှာ နိုင်ငံရေး လောက ကအနားယူခဲ့ပေမယ့် ၂၀ဝ၂ ခုနှစ်မှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်တာဝန်ယူခဲ့ဖူးပါတယ်။ နေတန်ရာဟုဟာ အစ္စရေးအစိုးရ အဖွဲ့သမိုင်းမှာ ဝန်ကြီးချုပ်တာဝန်တွေအပြင်နိုင်ငံ ခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ ဖူးသူဖြစ်ပါတယ်။ အစ္စရေးနိုင်ငံနဲ့အစ္စရေးနိုင်ငံသားတွေအပေါ် ချစ်ခင်စိတ်အပြည့်ရှိသူဖြစ်တဲ့အတွက် အစ္စရေးဝန်ကြီး ချုပ် အေရီယယ်ရှာရွန် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ယူ နေချိန်အတွင်း ဂါဇာကမ်းမြောင် ဒေသကနေ အစ္စရေးနိုင်ငံသားများကို အတင်းအကြပ် ပြောင်းရွှေ့စေမှုကို မကျေနပ်ကြောင်းပြသတဲ့အနေနဲ့ အစိုးရကို ဆန္ဒပြမှုအဖြစ် အစိုးရအဖွဲ့ကနေ နုတ်ထွက်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

နေတန်ရာဟုဟာ ၂၀ဝ၅ ခုနှစ်မှာ လီကွတ်ပါ တီခေါင်းဆောင်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး အစ္စရေးနိုင်ငံရဲ့အတိုက်ခံနိုင်ငံရေးသမားဘဝကိုလည်း ကျင်လည် ဖြတ်သန်းခဲ့ဖူးသူဖြစ်ပါတယ်။ နေတန်ရာဟုမှာ ကလေးငယ်တွေနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ အကြံပေးကုသပေးတဲ့ ဇနီးဖြစ်သူ ဆာရာနဲ့ သားသမီးနှစ်ဦး လက်ရှိရှိနေပြီး ယခင် အိမ်ထောင်နဲ့ရရှိခဲ့တဲ့ သမီးတစ်ဦးကတော့ ကွယ်လွန်ခဲ့ ပါတယ်။ နေတန်ရာဟုဟာ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံဆိုတဲ့အချက်ကို နှစ်ပေါင်း များစွာကြာကန့်ကွက်ခဲ့သလို လက်ရှိအချိန်မှာလည်း အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား နှစ်နိုင်ငံရှင်သန်နေထိုင်ရေးအဆိုပြု ကမ်းလှမ်းချက်တွေကို ငြင်းဆန်နေသူဖြစ်ပါတယ်။ နိုင်ငံနဲ့လူမျိုးအတွက်ဆိုရင် သဘောထားတင်းမာ၊ ပြတ်သားသူ တစ်ဦးဖြစ်တဲ့အတွက် အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့လည်း လက်ရှိဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအရေးမှာ သ ဘောထားကွဲလွဲမှုတွေရှိ နေခဲ့ပါတယ်။

ဒါပေမဲ့ နေတန်ရာဟုက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ရည်ရွယ်ချက်တွေကို အကောင် အထည်ဖော်အောင် အမေရိကန်အပါအဝင် နိုင်ငံတကာဖိအားမျိုးစုံရှိမယ်ဆိုရင်တောင် နောက်ဆုတ်သွား မှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။ အမေရိကန်ရဲ့ အကူညီတွေမရတော့ဘူးဆိုရင်လည်း ဟားမတ်စ် လက်နက်ကိုင် အုပ်စုတွေကို ချေမှုန်းနိုင်ဖို့နဲ့ဟား မတ်စ်အုပ်စုလက်ထဲရှိနေတဲ့ပြန်ပေးဆွဲခံရသူတွေ ပြန်လွတ်မြောက်စေဖို့ ရည်မှန်းချက် တွေကို အကောင်အထည်ဖော်ဖို့ ဘယ်လိုစိန်ခေါ်မှုမျိုးမဆို ရင်ဆိုင်ဖို့ အဆင့်သင့်ရှိတယ်လို့လည်းဆိုထားပါတယ်။ ဟားမတ်စ်လက်နက်ကိုင်အုပ်စုနဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ဘက်ပေါင်းစုံဖိအားတွေအပြင် အရှေ့ အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင် အုပ်စုမျိုးစုံရဲ့ဖိအားပေးတိုက်ခိုက်ခြင်းကို ရင်ဆိုင်ခဲ့ရပေမယ့် အစ္စရေးဟာ ဝန်ကြီးချုပ်နေတန်ရာဟုရဲ့ ညွှန်ကြားချက်တွေအတိုင်း ပြိုင်ဘက်အဖွဲ့စည်းတွေကို စိုးရိမ်ကြောက်ရွံ့မှုမရှိဘဲ ချက်ချင်း လက်တုံ့ပြန်ခဲ့ပါတယ်။ ဧပြီလအစောပိုင်းတုန်းကလည်း အစ္စရေးနဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ဗိုလ်ချုပ်သေဆုံးခဲ့ရာ အီရန်စစ်ဘက်ကဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ပစ်ခတ်ပြီး အစ္စရေးနိုင်ငံကိုလက်တုံ့ပြန်ခဲ့ပါတယ်။

အစ္စရေးဟာ ၎င်းတို့နိုင်ငံ တိုက်ခိုက်ခံရမှုကို ခေါင်းငုံ့မခံဘဲ လူဦးရေ သန်း ၉၀ နီးပါးရှိတဲ့ အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ အရှေ့ အလယ်ပိုင်းဒေသအတွင်း စိုးရိမ်မှု မြင့်တက်ခဲ့ပါတယ်။ အစ္စရေးဟာ နိုင်ငံကိုတိုက်ခိုက် လာမယ်ဆိုရင် ဘယ်သူ့ကိုမဆို လက်တုံ့ပြန်မယ်ဆို တာကို ပြသလိုက်တာမျိုးလည်းဖြစ်ပါတယ်။ နေတန်ရာဟု ဦးဆောင်နေတဲ့အစ္စရေးအစိုးရအဖွဲ့ဟာ နိုင်ငံကို တိုက်ခိုက်လာတဲ့ ဘယ်တိုက်ခိုက်မှုတွေမဆို ချက်ချင်းလက်တုံ့ပြန်ပြီး ကြက်ခေါင်းဆိတ်မခံတဲ့ပုံစံမျိုးနဲ့ ရင်ဆိုင် ခဲ့ပါတယ်။ အထူးသဖြင့် ဝန်ကြီးချုပ်နေ တန်ရာဟုဟာ ပြည်သူတွေနဲ့ နိုင်ငံအချုပ်အခြား အာဏာပိုင်ဆိုင်မှုတွေအတွက် ဘယ်ဖိအားကိုမဆို ရင်ဆိုင်ရဲတဲ့ သတ္တိရှိနေသူတစ်ဦးဖြစ်တယ်လို့ထင် မြင်ယူစရာဖြစ်နေတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

zawgyi version
ႏိုင္ငံအခ်ဳပ္အျခာအာဏာနဲ႔ ျပည္သူ႔အက်ိဳးစီးပြားအတြက္ ဘယ္ဖိအားကိုမဆို ရင္ဆိုင္ရဲသူ (သို႔မဟုတ္) အစၥေရးဝန္ႀကီးခ်ဳပ္
ဂ်န္ဇက္ (NP News) - ေမ ၆

ဘင္ဂ်မင္ေနတန္ရာဟုဟာ အစၥေရးႏိုင္ငံ ဝန္ႀကီးခ်ဳပ္သမိုင္းမွာ သက္တမ္းအရွည္ဆုံးဝန္ႀကီး ခ်ဳပ္အျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာတာဝန္ယူခဲ့သူျဖစ္ပါတယ္။ အစၥေရးႏိုင္ငံဟာ လူဦးေရ ၁၀ သန္း မျပည့္ေပမယ့္ အစၥေရးႏိုင္ငံသား ေတြျဖစ္တဲ့ ဂ်ဴးလူမ်ိဳးေတြဟာ ကမာၻ႔အသိုင္းအဝိုင္းမွာထင္ေပၚေက်ာ္ၾကားသူေတြ ျဖစ္ၾကတယ္လို႔ဆိုပါတယ္။ အစၥေရး ႏိုင္ငံဟာ လႊတ္လပ္ေရးရၿပီးေနာက္ပိုင္းတည္းက အေရွ႕အလယ္ပိုင္းေဒသမွာ ဘာသာ၊ ယဥ္ေက်းမႈနဲ႔လူမ်ိဳး မတူညီတဲ့ ႏိုင္ငံေတြၾကားမွာ ႏွစ္ေပါင္းမ်ားစြာ ၾကာရွင္သန္ေနထိုင္ခဲ့ရၿပီး ဘက္ေပါင္းစုံဖိအားေတြကို ရင္ဆိုင္ခဲ့ရပါတယ္။ ဘာသာ၊ ယဥ္ေက်းမႈ၊ လူမ်ိဳးမတူ ညီတဲ့ႏိုင္ငံေတြၾကားမွာ ႏွစ္ေပါင္းမ်ားစြာၾကာ ရွင္သန္ေနထိုင္ေရးဟာ အခက္အခဲမ်ားစြာ ရွိႏိုင္ ေပမယ့္ အစၥေရးႏိုင္ငံသားေတြကေတာ့ မ်ိဳးခ်စ္စိတ္နဲ႔ ႏိုင္ငံခ်စ္စိတ္အျပည့္ရွိေနတာေၾကာင့္ လက္ရွိအခ်ိန္အထိ အစၥေရး ႏိုင္ငံရွိေနတယ္ဆိုရင္မွားမယ္မထင္ပါဘူး၊ အစၥေရးဟာ ႏိုင္ငံတည္ေထာင္ခဲ့ၿပီးေနာက္ပိုင္းတည္းက အာရပ္ႏိုင္ငံ ေတြအျပင္ အစၥလာမ္လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ မၾကာခဏစစ္ပြဲေတြျဖစ္ေပၚခဲ့ၿပီး လက္ရွိအခ်ိန္အထိလည္း ပါလက္စတိုင္း လက္နက္ကိုင္အဖြဲ႕၊ အီရန္ႏိုင္ငံတို႔နဲ႔ အျပန္အလွန္တိုက္ခိုက္မႈ ေတြျဖစ္ေနဆဲျဖစ္ပါတယ္။ လက္ရွိ အခ်ိန္မွာလည္း အစၥေရးဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူေနတဲ့ ေနတန္ ရာဟုဟာ ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ ဟားမတ္စ္အုပ္စုေတြအျပင္ အေရွ႕အလယ္ပိုင္း ေဒသအတြင္းရွိ လက္နက္ကိုင္အဖြဲ႕ေတြ၊ အီရန္ႏိုင္ငံတို႔နဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲေတြေၾကာင့္ ႏိုင္ငံတကာဖိအား မ်ိဳးစုံရင္ဆိုင္ခဲ့ရေပမယ့္ ၎ရဲ႕ရည္မွန္းခ်က္ေတြကို လက္ေတြ႕အေကာင္ထည္ေဖာ္ ႏိုင္ဖို႔ႀကိဳးပမ္းေနသူျဖစ္ပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ အမ်ိဳးသားေရးစိတ္ဓာတ္ျပင္းထန္တဲ့ ေခါင္း ေဆာင္တစ္ဦးျဖစ္ၿပီး ရန္သူေတြကို အေလွ်ာ့ေပးအညံ့ခံ တတ္တဲ့ လူစားမ်ိဳးမဟုတ္ဘူးဆိုတာ သူရဲ႕လုပ္ရပ္ေတြက သက္ေသျပေနပါတယ္။ အသက္ ၇၄ ႏွစ္အ႐ြယ္ရွိ ေနတန္ရာဟုဟာ ၎ရဲ႕ႏိုင္ငံကို စတင္ တိုက္ခိုက္ခဲ့တဲ့ ဟားမတ္စ္ အုပ္စုေတြကို အျမစ္ျပတ္ ေခ်မႈန္းႏိုင္ဖို႔နဲ႔ ဖမ္းဆီးခံထားရသူေတြ ျပန္လြတ္ ေျမာက္ေစဖို႔ အဓိကရည္မွန္းထားၿပီး အဲဒီ ရည္မွန္း ခ်က္ေတြကို ထိခိုက္ေစသူမွန္သမွ်ကိုလည္း တုံ႔ျပန္ေဝဖန္မႈေတြလုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ၁၉၄၉ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး ၁၉၆၇ ခုႏွစ္မွာ အစၥေရးစစ္တပ္ထဲဝင္ေရာက္ စစ္မႈထမ္းခဲ့ကာ ၁၉၇၂ ခုႏွစ္က တဲလ္အဲဗစ္ၿမိဳ႕ ေလဆိပ္မွာျဖစ္ပြားခဲ့တဲ့ ေလယာဥ္ျပန္ေပးဆြဲခံရမႈ အတြင္းလက္စြမ္းျပခဲ့သူျဖစ္ပါတယ္။ ေနတန္ရာ ဟုဟာ အစၥေရးႏိုင္ငံရဲ႕ ၉ ေယာက္ေျမာက္ ဝန္ႀကီး ခ်ဳပ္အျဖစ္ ၁၉၉၆ခုႏွစ္ကေန ၁၉၉၉ခုႏွစ္အထိ တစ္ႀကိမ္၊ ၂၀ဝ၉ ခုႏွစ္ကေန ၂၀၂၁ခုႏွစ္အထိတစ္ႀကိမ္၊ ၂၀၂၂ ခုႏွစ္ကေန လက္ရွိအခ်ိန္အထိတစ္ႀကိမ္ တာဝန္ယူေနသူျဖစ္ ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္အျဖစ္ အနည္းဆုံး ၁၆ ႏွစ္ၾကာ တာဝန္ယူခဲ့ရာ အစၥေရးႏိုင္ငံသမိုင္းမွာ သက္တမ္းအရွည္ဆုံး တာဝန္ယူရတဲ့ ဝန္ႀကီးခ်ဳပ္အျဖစ္ မွတ္တမ္းဝင္ခဲ့သူလည္းျဖစ္သလို လြတ္လပ္ေရးရၿပီးေနာက္ေမြးတဲ့ အစၥေရးသား ေတြထဲမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ပထမဆုံးတာဝန္ယူခြင့္ ရသူလည္းျဖစ္ပါတယ္။

အစၥေရးႏိုင္ငံရဲ႕ နာမည္ေက်ာ္ လီကြတ္ပါတီ (Likud Party) ဥကၠ႒အျဖစ္ တာဝန္ယူေနတဲ့ ေနတန္ရာဟုဟာ အစၥေရးႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ေတြထဲမွာ အစၥေရးႏိုင္ငံ ထူေထာင္ၿပီးမွ အစၥေရးေျမေပၚမွာ ေမြးဖြားသူမ်ားထဲမွ ပထမဆုံးနဲ႔ တစ္ဦးတည္းေသာ ဝန္ႀကီးခ်ဳပ္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ေနတန္ယာဟုဟာ အစၥေရးစစ္တပ္ကို ဝင္ေရာက္ခ်ိန္မွာလည္း ဆာရီယတ္မတ္ကယ္ အထူးတပ္ဖြဲ႕မွာ ေခါင္းေဆာင္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး ဂစ္ဖ္စစ္ဆင္ေရး (Operation Gift) နဲ႔ ၁၉၇၂ ခုႏွစ္ကျဖစ္ခဲ့တဲ့ ဆာဘီးနား ေလယာဥ္ ျပန္ေပးဆြဲမႈ ကယ္ဆယ္ျခင္းအပါအဝင္ အစၥေရးႏိုင္ငံ အတြက္ အဓိကအေရးပါတဲ့ စစ္ဆင္ေရး အမ်ား အျပား မွာပါဝင္ခဲ့ဖူးသူျဖစ္ပါတယ္။

နာမည္ေက်ာ္ စစ္ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ၁၉၇၃ ခုႏွစ္ကျဖစ္ခဲ့တဲ့ ယြမ္ကီပူစစ္ပြဲမွာ ေနတန္ရာဟုက ေရွ႕တန္းက ပါဝင္တိုက္ခိုက္ခဲ့ၿပီး ေသလုနီးပါး အေျခအေနေတြနဲ႔ ရင္ဆိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ စစ္မႈထမ္းခ်ိန္အတြင္း အစၥေရးႏိုင္ငံအတြက္အေရးပါတဲ့ စစ္ဆင္ေရးေတြကို ဦးေဆာင္ပါဝင္ခဲ့သူတစ္ဦးျဖစ္သလို အေမရိကန္ႏိုင္ငံ Massachusetts Institute of Technology မက္ဆာခ်ဴးဆက္ နည္းပညာတကၠသိုလ္က ဘြဲ႕ရရွိထားသူတစ္ဦးလည္း ျဖစ္ပါတယ္။ အစၥေရးစစ္တပ္မွာ ဗိုလ္ႀကီးရာထူးအဆင့္အထိ တာဝန္ယူခဲ့ဖူးသလို အစၥေရးႏိုင္ငံအတြက္ သံတမန္ေရးရာ တာဝန္ေတြကို လည္းထမ္းေဆာင္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံရင့္က်က္ သူတစ္ဦးျဖစ္ပါတယ္။

ေနတန္ရာဟုဟာ ကမာၻ႔ကုလ သမဂၢအဖြဲ႕မွာ ၁၉၈၄ မွ ၁၉၈၈ အထိ ကုလသမဂၢ ဆိုင္ရာအစၥေရးသံအမတ္အျဖစ္ တာဝန္ထမ္းေဆာင္ ခဲ့ဖူးသူလည္းျဖစ္ ပါတယ္။ အစၥေရးသံအမတ္အျဖစ္က အနားယူခဲ့ၿပီးေနာက္ ႏိုင္ငံေရးေလာကကို ဝင္ေရာက္ခဲ့ၿပီးႏိုင္ငံေရးသမားအျဖစ္ ရွင္သန္ေနထိုင္ခ်ိန္အတြင္း အနိမ့္အျမင့္၊ အတက္အက် မ်ိဳးစုံကိုရင္ဆိုင္ခဲ့ ရပါတယ္။ ႏိုင္ငံေရးသမားအျဖစ္ ရွင္သန္ ေနခ်ိန္အတြင္း အစိုးရကန္ထ႐ိုက္တာမ်ားထံမွ လက္ေဆာင္ရယူ လာဘ္စားမႈအရႈပ္ေတာ္ပုံအၿပီးမွာ ႏိုင္ငံေရး ေလာက ကအနားယူခဲ့ေပမယ့္ ၂၀ဝ၂ ခုႏွစ္မွာ ႏိုင္ငံျခားေရး ဝန္ႀကီးအျဖစ္ ျပန္လည္တာဝန္ယူခဲ့ဖူးပါတယ္။ ေနတန္ရာဟုဟာ အစၥေရးအစိုးရ အဖြဲ႕သမိုင္းမွာ ဝန္ႀကီးခ်ဳပ္တာဝန္ေတြအျပင္ႏိုင္ငံ ျခားေရးဝန္ႀကီးနဲ႔ ဘ႑ာေရးဝန္ႀကီးအျဖစ္တာဝန္ယူခဲ့ ဖူးသူျဖစ္ပါတယ္။ အစၥေရးႏိုင္ငံနဲ႔အစၥေရးႏိုင္ငံသားေတြအေပၚ ခ်စ္ခင္စိတ္အျပည့္ရွိသူျဖစ္တဲ့အတြက္ အစၥေရးဝန္ႀကီး ခ်ဳပ္ ေအရီယယ္ရွာ႐ြန္ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕မွာ ဘ႑ာေရးဝန္ႀကီးအျဖစ္တာဝန္ယူ ေနခ်ိန္အတြင္း ဂါဇာကမ္းေျမာင္ ေဒသကေန အစၥေရးႏိုင္ငံသားမ်ားကို အတင္းအၾကပ္ ေျပာင္းေ႐ႊ႕ေစမႈကို မေက်နပ္ေၾကာင္းျပသတဲ့အေနနဲ႔ အစိုးရကို ဆႏၵျပမႈအျဖစ္ အစိုးရအဖြဲ႕ကေန ႏုတ္ထြက္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။

ေနတန္ရာဟုဟာ ၂၀ဝ၅ ခုႏွစ္မွာ လီကြတ္ပါ တီေခါင္းေဆာင္အျဖစ္ ျပန္လည္ဝင္ေရာက္ခဲ့ၿပီး အစၥေရးႏိုင္ငံရဲ႕အတိုက္ခံႏိုင္ငံေရးသမားဘဝကိုလည္း က်င္လည္ ျဖတ္သန္းခဲ့ဖူးသူျဖစ္ပါတယ္။ ေနတန္ရာဟုမွာ ကေလးငယ္ေတြနဲ႔ပတ္သက္ၿပီး စိတ္ပိုင္းဆိုင္ရာ အႀကံေပးကုသေပးတဲ့ ဇနီးျဖစ္သူ ဆာရာနဲ႔ သားသမီးႏွစ္ဦး လက္ရွိရွိေနၿပီး ယခင္ အိမ္ေထာင္နဲ႔ရရွိခဲ့တဲ့ သမီးတစ္ဦးကေတာ့ ကြယ္လြန္ခဲ့ ပါတယ္။ ေနတန္ရာဟုဟာ အစၥေရးနဲ႔ ပါလက္စတိုင္း ႏွစ္ႏိုင္ငံဆိုတဲ့အခ်က္ကို ႏွစ္ေပါင္း မ်ားစြာၾကာကန႔္ကြက္ခဲ့သလို လက္ရွိအခ်ိန္မွာလည္း အစၥေရးနဲ႔ ပါလက္စတိုင္းတို႔ၾကား ႏွစ္ႏိုင္ငံရွင္သန္ေနထိုင္ေရးအဆိုျပဳ ကမ္းလွမ္းခ်က္ေတြကို ျငင္းဆန္ေနသူျဖစ္ပါတယ္။ ႏိုင္ငံနဲ႔လူမ်ိဳးအတြက္ဆိုရင္ သေဘာထားတင္းမာ၊ ျပတ္သားသူ တစ္ဦးျဖစ္တဲ့အတြက္ အဓိကမဟာမိတ္ျဖစ္တဲ့ အေမရိကန္ႏိုင္ငံနဲ႔လည္း လက္ရွိျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲအေရးမွာ သ ေဘာထားကြဲလြဲမႈေတြရွိ ေနခဲ့ပါတယ္။

ဒါေပမဲ့ ေနတန္ရာဟုက ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းႏိုင္ဖို႔ ရည္႐ြယ္ခ်က္ေတြကို အေကာင္ အထည္ေဖာ္ေအာင္ အေမရိကန္အပါအဝင္ ႏိုင္ငံတကာဖိအားမ်ိဳးစုံရွိမယ္ဆိုရင္ေတာင္ ေနာက္ဆုတ္သြား မွာမဟုတ္ဘူးလို႔ေျပာဆိုထားပါတယ္။ အေမရိကန္ရဲ႕ အကူညီေတြမရေတာ့ဘူးဆိုရင္လည္း ဟားမတ္စ္ လက္နက္ကိုင္ အုပ္စုေတြကို ေခ်မႈန္းႏိုင္ဖို႔နဲ႔ဟား မတ္စ္အုပ္စုလက္ထဲရွိေနတဲ့ျပန္ေပးဆြဲခံရသူေတြ ျပန္လြတ္ေျမာက္ေစဖို႔ ရည္မွန္းခ်က္ ေတြကို အေကာင္အထည္ေဖာ္ဖို႔ ဘယ္လိုစိန္ေခၚမႈမ်ိဳးမဆို ရင္ဆိုင္ဖို႔ အဆင့္သင့္ရွိတယ္လို႔လည္းဆိုထားပါတယ္။ ဟားမတ္စ္လက္နက္ကိုင္အုပ္စုနဲ႔ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံတကာရဲ႕ဘက္ေပါင္းစုံဖိအားေတြအျပင္ အေရွ႕ အလယ္ပိုင္းေဒသအတြင္းရွိ လက္နက္ကိုင္ အုပ္စုမ်ိဳးစုံရဲ႕ဖိအားေပးတိုက္ခိုက္ျခင္းကို ရင္ဆိုင္ခဲ့ရေပမယ့္ အစၥေရးဟာ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း ၿပိဳင္ဘက္အဖြဲ႕စည္းေတြကို စိုးရိမ္ေၾကာက္႐ြံ႕မႈမရွိဘဲ ခ်က္ခ်င္း လက္တုံ႔ျပန္ခဲ့ပါတယ္။ ဧၿပီလအေစာပိုင္းတုန္းကလည္း အစၥေရးနဲ႔ တိုက္ခိုက္မႈေတြေၾကာင့္ အီရန္ဗိုလ္ခ်ဳပ္ေသဆုံးခဲ့ရာ အီရန္စစ္ဘက္ကဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ပစ္ခတ္ၿပီး အစၥေရးႏိုင္ငံကိုလက္တုံ႔ျပန္ခဲ့ပါတယ္။

အစၥေရးဟာ ၎တို႔ႏိုင္ငံ တိုက္ခိုက္ခံရမႈကို ေခါင္းငုံ႔မခံဘဲ လူဦးေရ သန္း ၉၀ နီးပါးရွိတဲ့ အီရန္ႏိုင္ငံကို လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ရာ အေရွ႕ အလယ္ပိုင္းေဒသအတြင္း စိုးရိမ္မႈ ျမင့္တက္ခဲ့ပါတယ္။ အစၥေရးဟာ ႏိုင္ငံကိုတိုက္ခိုက္ လာမယ္ဆိုရင္ ဘယ္သူ႔ကိုမဆို လက္တုံ႔ျပန္မယ္ဆို တာကို ျပသလိုက္တာမ်ိဳးလည္းျဖစ္ပါတယ္။ ေနတန္ရာဟု ဦးေဆာင္ေနတဲ့အစၥေရးအစိုးရအဖြဲ႕ဟာ ႏိုင္ငံကို တိုက္ခိုက္လာတဲ့ ဘယ္တိုက္ခိုက္မႈေတြမဆို ခ်က္ခ်င္းလက္တုံ႔ျပန္ၿပီး ၾကက္ေခါင္းဆိတ္မခံတဲ့ပုံစံမ်ိဳးနဲ႔ ရင္ဆိုင္ ခဲ့ပါတယ္။ အထူးသျဖင့္ ဝန္ႀကီးခ်ဳပ္ေန တန္ရာဟုဟာ ျပည္သူေတြနဲ႔ ႏိုင္ငံအခ်ဳပ္အျခား အာဏာပိုင္ဆိုင္မႈေတြအတြက္ ဘယ္ဖိအားကိုမဆို ရင္ဆိုင္ရဲတဲ့ သတၱိရွိေနသူတစ္ဦးျဖစ္တယ္လို႔ထင္ ျမင္ယူစရာျဖစ္ေနတယ္လို႔ သုံးသပ္တင္ျပလိုက္ပါတယ္။

Related news

© 2021. All rights reserved.