Coldplay ဖျော်ဖြေပွဲမှာ လူမှုရေး အရှုပ်အရှင်းတွေ ပေါ်ထွက်လာခဲ့တဲ့ Cincinnati-based tech firm Astronomer ကုမ္ပဏီ စီအီးအို အန်ဒီဘရိုင်ယွန်

 294

ရောင်နီ (NP News) - ဇူလိုင် ၂ဝ
အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ပြုလုပ်တဲ့ Coldplay ရဲ့ဖျော်ဖြေပွဲမှာ Cincinnati-based tech firm Astronomer ကုမ္ပဏီ စီအီးအို အန်ဒီဘရိုင်ယွန်ဟာ ဇနီးသည် မဟုတ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ဒိတ်နေတာကို စုံတွဲကင်မရာရိုက်ချက်မှာ တွေ့ရှိခဲ့ရပြီး ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
ဒါကြောင့် စီအီးအို အန်ဒီဘရိုင်ယွန်ဟာ LinkedIn စာမျက်နှာမှာ အကောင့်ကို ဖျက်သိမ်းသွားခဲ့ပြီး သူ့ရဲ့ ဇနီးသည် မီဂန်ကရီဂန်ဘရိုင်ယွန် ကလည်း သူမရဲ့ social media အကောင့်မှာ အနောက်နာမည်ကို ဖြုတ်ပစ်ခဲ့ပါ တယ်။ မစ္စတာ ဘရိုင်ယွန်နဲ့ချိန်းတွေ့ခဲ့တဲ့ အမျိုးသမီးကတော့ ကုမ္ပဏီက လူ့စွမ်းအားအရင်းအမြစ်အကြီးအကဲ (HR Manager) မစ္စ ခရစ်စတင် ကာဘော့ဖြစ်တယ်လို့ သိရပါတယ်။ စုံတွဲကင်မရာ စခရင်မှာ သူတို့စုံတွဲ ပေါ်လာချိန်မှာ ၎င်းတို့က ချက်ချင်း မျက်နှာတွေကွယ်ကာ ကင်မရာမြင်ကွင်းက ရှောင်ထွက်ဖို့ ကြိုးစားခဲ့ကြတာတွေ့ရပါတယ်။
အဆိုပါအဖြစ်အပျက်ဟာ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပြီး TikTok ပေါ်မှာ အဲဒီအခိုက်အတန့် ဗီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှုမှု သန်း ၄ဝ ကျော်နဲ့ မှတ်ချက်ပေါင်း ၃၀,၀၀၀ ကျော် ရရှိခဲ့ပါတယ်။

Zawgyi Version:
Coldplay ေဖ်ာ္ေျဖပြဲမွာ လူမႈေရး အရႈပ္အရွင္းေတြ ေပၚထြက္လာခဲ့တဲ့ Cincinnati-based tech firm Astronomer ကုမၸဏီ စီအီးအို အန္ဒီဘ႐ိုင္ယြန္
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ
အေမရိကန္ျပည္ေထာင္စု၊ ေဘာ္စတြန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ Coldplay ရဲ႕ေဖ်ာ္ေျဖပြဲမွာ Cincinnati-based tech firm Astronomer ကုမၸဏီ စီအီးအို အန္ဒီဘ႐ိုင္ယြန္ဟာ ဇနီးသည္ မဟုတ္တဲ့ အမ်ိဳးသမီးတစ္ဦးနဲ႔ ဒိတ္ေနတာကို စုံတြဲကင္မရာ႐ိုက္ခ်က္မွာ ေတြ႕ရွိခဲ့ရၿပီး ေဝဖန္မႈေတြျမင့္တက္ေနပါတယ္။
ဒါေၾကာင့္ စီအီးအို အန္ဒီဘ႐ိုင္ယြန္ဟာ LinkedIn စာမ်က္ႏွာမွာ အေကာင့္ကို ဖ်က္သိမ္းသြားခဲ့ၿပီး သူ႔ရဲ႕ ဇနီးသည္ မီဂန္ကရီဂန္ဘ႐ိုင္ယြန္ ကလည္း သူမရဲ႕ social media အေကာင့္မွာ အေနာက္နာမည္ကို ျဖဳတ္ပစ္ခဲ့ပါ တယ္။ မစၥတာ ဘ႐ိုင္ယြန္နဲ႔ခ်ိန္းေတြ႕ခဲ့တဲ့ အမ်ိဳးသမီးကေတာ့ ကုမၸဏီက လူ႔စြမ္းအားအရင္းအျမစ္အႀကီးအကဲ (HR Manager) မစၥ ခရစ္စတင္ ကာေဘာ့ျဖစ္တယ္လို႔ သိရပါတယ္။ စုံတြဲကင္မရာ စခရင္မွာ သူတို႔စုံတြဲ ေပၚလာခ်ိန္မွာ ၎တို႔က ခ်က္ခ်င္း မ်က္ႏွာေတြကြယ္ကာ ကင္မရာျမင္ကြင္းက ေရွာင္ထြက္ဖို႔ ႀကိဳးစားခဲ့ၾကတာေတြ႕ရပါတယ္။
အဆိုပါအျဖစ္အပ်က္ဟာ ဆိုရွယ္မီဒီယာ လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး TikTok ေပၚမွာ အဲဒီအခိုက္အတန႔္ ဗီဒီယိုဟာ ၂၄ နာရီအတြင္း ၾကည့္ရႈမႈ သန္း ၄ဝ ေက်ာ္နဲ႔ မွတ္ခ်က္ေပါင္း ၃၀,၀၀၀ ေက်ာ္ ရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.