အစ္စရေးအာဏာပိုင်များက Al Jazeera သတင်းဌာနကို ပိတ်သိမ်းရန် အမိန့်ပေးပြီးနောက် စီးနင်း တိုက်ခိုက်ခဲ့

 394

Alynn (NP News) - မေ ၆

ကာတာပိုင် ရုပ်မြင်သံကြားဌာန၏ ဒေသဆိုင်ရာ လှုပ်ရှားမှုများကို ပိတ်ပစ်ရန် တနင်္ဂနွေနေ့ (မေလ ၅ ရက်) တွင် အစ္စရေးအစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာန အသုံးပြုသည့် ဂျေရုဆလင် ဟိုတယ်အခန်းကို အစ္စရေး အာဏာပိုင်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးအရာရှိ နှင့် Al Jazeera သတင်းရင်းမြစ်က Reuters သို့ ပြောကြားခဲ့သည်။

အရှေ့ဂျေရုဆလင်တွင်ရှိသည့် Al Jazeera သတင်းဌာန အသုံးပြုသော ဟိုတယ်ခန်းထဲသို့ အရပ်ဝတ်အရာရှိများ ဝင်ရောက်လာကာ ကင်မရာများ ဖြုတ်ချနေသည့် ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံနေသည်ကို တွေ့ရှိရပါသည်။

ဂါဇာတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသရွေ့ Al Jazeera သတင်းကွန်ရက်သည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေဦးမည်ဖြစ်သည့်အတွက် ၎င်းကွန်ရက်ကို ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ၀န်ကြီးချုပ် Benjamin Netanyahu ၏ အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါလုပ်ရပ်သည် ရာဇ၀တ်မှုတစ်ခုဖြစ်ပြီး ၎င်းတို့၏ကွန်ရက်က အစ္စရေးလုံခြုံရေးကို ခြိမ်းခြောက်နေသည် ဟူသော စွပ်စွဲချက်မှာ "အန္တရာယ်ရှိပြီး အခြေအမြစ်မရှိသောလိမ်ညာမှု" ဖြစ်ကြောင်း Al Jazeera က တုံ့ပြန်ခဲ့ သည်။ ဂါဇာစစ်ပွဲတစ်လျှောက် အစ္စရေး၏စစ်ဆင်ရေးကို Al Jazeera ကွန်ရက်က ဝေဖန်ခဲ့သည်။

အစ္စရေးဆက်သွယ်ရေးဝန်ကြီးက ချက်ချင်းအရေးယူရန် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု အစိုးရ ထုတ်ပြန် ချက်တွင် ဖော်ပြထားသော်လည်း လွှတ်တော်အမတ်တစ်ဦးက Al Jazeera သည် တရားရုံးမှတစ်ဆင့် ယင်းလုပ်ရပ် ကို တားမြစ်ရန် ကြိုးပမ်း၍ ရသေးကြောင်း ပြောကြားခဲ့သည်။ အစိုးရ၏ ထုတ်ပြန်ချက်တွင် အစ္စရေးရှိ Al Jazeera ၏ ရုံးများကို ပိတ်ခြင်း၊ အသံလွှင့်စက်များ သိမ်းဆည်းခြင်း၊ ကေဘယ်လ်နှင့် ဂြိုလ်တုကုမ္ပဏီများမှ ရုပ်သံလိုင်းများ ကို ဖြတ်တောက်ခြင်းနှင့် ၎င်း၏ ဝက်ဘ်ဆိုက်များကို ဖျက်သိမ်းခြင်းများ ပါဝင်သည်။

သို့သော် Al Jazeera ၏ ဂါဇာ ကမ်းမြောင်ဒေသအတွင်း လှုပ်ရှားမှုများကိုတော့ ဖော်ပြထားခြင်းမရှိပါ။ ပြီးခဲ့သော လက အစ္စရေးပါလီမန်သည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆသော နိုင်ငံခြားရုပ်သံထုတ်လွှင့်မှု များကို ယာယီပိတ်ထားခွင့်ပြုသည့်ဥပဒေအား အတည်ပြုခဲ့သည်။ အဆိုပါဥပဒေအရ နေတန်ယာဟု နှင့် ၎င်း၏ လုံခြုံရေးအဖွဲ့သည် အစ္စရေးရှိ ကွန်ရက်ရုံးများကို ၄၅ ရက်ကြာ ပိတ်ထားနိုင်ပြီး သက်တမ်းတိုးနိုင်သည့်ကာလ ဖြစ်သောကြောင့် ဇူလိုင်လကုန်အထိ (သို့မဟုတ်) ဂါဇာတွင် စစ်ဆင်ရေးများ ပြီးဆုံးသည်အထိ ဆက်လက် အသက်ဝင်မည်ဖြစ်သည်။

ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် အများအပြား အခြေစိုက်ရာ ကာတာသည် အပစ်အခတ် ရပ်စဲရေး၊ ဓားစာခံများ လွှတ်ပေးရေးနှင့် ဂါဇာစစ်ပွဲရပ်တန့်ရေးသဘောတူညီချက်ကို ရရှိရန် ညှိနှိုင်းကြိုးပမ်းလျက်ရှိသည်။

Zawgyi Version;
အစၥေရးအာဏာပိုင္မ်ားက Al Jazeera သတင္းဌာနကို ပိတ္သိမ္းရန္ အမိန႔္ေပးၿပီးေနာက္ စီးနင္း တိုက္ခိုက္ခဲ့
Alynn (NP News) - ေမ ၆

ကာတာပိုင္ ႐ုပ္ျမင္သံၾကားဌာန၏ ေဒသဆိုင္ရာ လႈပ္ရွားမႈမ်ားကို ပိတ္ပစ္ရန္ တနဂၤေႏြေန႔ (ေမလ ၅ ရက္) တြင္ အစၥေရးအစိုးရက ဆုံးျဖတ္ခဲ့ၿပီးေနာက္ အယ္လ္ဂ်ာဇီးရား (Al Jazeera) သတင္းဌာန အသုံးျပဳသည့္ ေဂ်႐ုဆလင္ ဟိုတယ္အခန္းကို အစၥေရး အာဏာပိုင္မ်ားက ဝင္ေရာက္စီးနင္း တိုက္ခိုက္ခဲ့ေၾကာင္း အစၥေရးအရာရွိ ႏွင့္ Al Jazeera သတင္းရင္းျမစ္က Reuters သို႔ ေျပာၾကားခဲ့သည္။

အေရွ႕ေဂ်႐ုဆလင္တြင္ရွိသည့္ Al Jazeera သတင္းဌာန အသုံးျပဳေသာ ဟိုတယ္ခန္းထဲသို႔ အရပ္ဝတ္အရာရွိမ်ား ဝင္ေရာက္လာကာ ကင္မရာမ်ား ျဖဳတ္ခ်ေနသည့္ ဗီဒီယိုဖိုင္ အြန္လိုင္းတြင္ ပ်ံ႕ႏွံေနသည္ကို ေတြ႕ရွိရပါသည္။

ဂါဇာတြင္ စစ္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသေ႐ြ႕ Al Jazeera သတင္းကြန္ရက္သည္ ႏိုင္ငံေတာ္လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနဦးမည္ျဖစ္သည့္အတြက္ ၎ကြန္ရက္ကို ပိတ္လိုက္ျခင္း ျဖစ္ေၾကာင္း ၀န္ႀကီးခ်ဳပ္ Benjamin Netanyahu ၏ အစိုးရအဖြဲ႕က ေျပာၾကားခဲ့သည္။
အဆိုပါလုပ္ရပ္သည္ ရာဇ၀တ္မႈတစ္ခုျဖစ္ၿပီး ၎တို႔၏ကြန္ရက္က အစၥေရးလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနသည္ ဟူေသာ စြပ္စြဲခ်က္မွာ "အႏၲရာယ္ရွိၿပီး အေျခအျမစ္မရွိေသာလိမ္ညာမႈ" ျဖစ္ေၾကာင္း Al Jazeera က တုံ႔ျပန္ခဲ့ သည္။ ဂါဇာစစ္ပြဲတစ္ေလွ်ာက္ အစၥေရး၏စစ္ဆင္ေရးကို Al Jazeera ကြန္ရက္က ေဝဖန္ခဲ့သည္။

အစၥေရးဆက္သြယ္ေရးဝန္ႀကီးက ခ်က္ခ်င္းအေရးယူရန္ အမိန႔္ကို လက္မွတ္ေရးထိုးခဲ့သည္ဟု အစိုးရ ထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားေသာ္လည္း လႊတ္ေတာ္အမတ္တစ္ဦးက Al Jazeera သည္ တရား႐ုံးမွတစ္ဆင့္ ယင္းလုပ္ရပ္ ကို တားျမစ္ရန္ ႀကိဳးပမ္း၍ ရေသးေၾကာင္း ေျပာၾကားခဲ့သည္။ အစိုးရ၏ ထုတ္ျပန္ခ်က္တြင္ အစၥေရးရွိ Al Jazeera ၏ ႐ုံးမ်ားကို ပိတ္ျခင္း၊ အသံလႊင့္စက္မ်ား သိမ္းဆည္းျခင္း၊ ေကဘယ္လ္ႏွင့္ ၿဂိဳလ္တုကုမၸဏီမ်ားမွ ႐ုပ္သံလိုင္းမ်ား ကို ျဖတ္ေတာက္ျခင္းႏွင့္ ၎၏ ဝက္ဘ္ဆိုက္မ်ားကို ဖ်က္သိမ္းျခင္းမ်ား ပါဝင္သည္။

သို႔ေသာ္ Al Jazeera ၏ ဂါဇာ ကမ္းေျမာင္ေဒသအတြင္း လႈပ္ရွားမႈမ်ားကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါ။ ၿပီးခဲ့ေသာ လက အစၥေရးပါလီမန္သည္ ႏိုင္ငံေတာ္လုံၿခဳံေရးကို ၿခိမ္းေျခာက္သည္ဟု ယူဆေသာ ႏိုင္ငံျခား႐ုပ္သံထုတ္လႊင့္မႈ မ်ားကို ယာယီပိတ္ထားခြင့္ျပဳသည့္ဥပေဒအား အတည္ျပဳခဲ့သည္။ အဆိုပါဥပေဒအရ ေနတန္ယာဟု ႏွင့္ ၎၏ လုံၿခဳံေရးအဖြဲ႕သည္ အစၥေရးရွိ ကြန္ရက္႐ုံးမ်ားကို ၄၅ ရက္ၾကာ ပိတ္ထားႏိုင္ၿပီး သက္တမ္းတိုးႏိုင္သည့္ကာလ ျဖစ္ေသာေၾကာင့္ ဇူလိုင္လကုန္အထိ (သို႔မဟုတ္) ဂါဇာတြင္ စစ္ဆင္ေရးမ်ား ၿပီးဆုံးသည္အထိ ဆက္လက္ အသက္ဝင္မည္ျဖစ္သည္။

ဟားမက္စ္ႏိုင္ငံေရးေခါင္းေဆာင္ အမ်ားအျပား အေျခစိုက္ရာ ကာတာသည္ အပစ္အခတ္ ရပ္စဲေရး၊ ဓားစာခံမ်ား လႊတ္ေပးေရးႏွင့္ ဂါဇာစစ္ပြဲရပ္တန႔္ေရးသေဘာတူညီခ်က္ကို ရရွိရန္ ညႇိႏႈိင္းႀကိဳးပမ္းလ်က္ရွိသည္။

Related news

© 2021. All rights reserved.