နျူကလီးယားလက်နက်တွေကို အသုံးပြုမယ့်စစ်ရေးလေ့ကျင့်ခန်းကို စတင်သွားမယ်လို့ ရုရှားစစ်ဘက် သတင်း ထုတ်ပြန်

 3483

ဂျန်ဇက် (NP News) - မေ ၆

ရုရှားအစိုးရက ၎င်းတို့ဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ရန်စခြိမ်းခြောက်မှုတွေကိုတုံ့ပြန်နိုင်အောင် နျူကလီးယား လက်နက်တွေ အသုံးပြုမယ့်စစ်ရေးလေ့ကျင့်ခန်းကို မကြာခင် စတင်သွားဖွယ်ရှိနေကြောင်း သတင်းထုတ်ပြန် လိုက်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ နျူကလီးယားလက်နက်တွေ အသုံးပြုမယ့် စစ်ရေးလေ့ကျင့်ခန်းတွေကို စတင်ဖို့ အမိန့်ပေးထားပြီး စစ်ရေးမစ်ရှင်တွေကို ဆောင်ရွက်နိုင်အောင် နျူကလီးယား မဟုတ်တဲ့ သမာရိုးကျ လက်နက် တွေကိုလည်း စစ်ရေးလေ့ကျင့်ခန်းမှာအသုံးပြုမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ဒုံးကျည်အဖွဲ့တွေနဲ့ ရေတပ်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်မှာဖြစ်ကြောင်းသိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးက " စစ်ရေးလေ့ကျင့်ခန်းကာလအတွင်း နျူကလီးယားလက်နက်တွေအပြင် သမာရိုးကျလက်နက်တွေ အသုံးပြုပြီး စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အရာ တွေ လုပ်ဆောင်မယ်။ အဲဒီစစ်ရေးလေ့ကျင့်ခန်းဟာ ရုရှားနိုင်ငံရဲ့ပိုင်နက်တွေနဲ့ အချုပ်အခြာအာဏာကို ပိုမို ကောင်းမွန်စေဖို့ လုပ်ဆောင်တာပါ။ ရုရှားနိုင်ငံရဲ့ပိုင်နက်တွေကို ခြိမ်းခြောက်နေတဲ့အနောက်အုပ်စုရဲ့လုပ်ရပ်တွေ ကို တုံ့ပြန်ဖို့ ရည်ရွယ်တာပါ" လို့ ပြောပါတယ်။

ရုရှားအစိုးရက ယူကရိန်းစစ်ပွဲမှာ ပြင်သစ်တပ်ဖွဲ့ဝင်တွေ ကြားဝင်လာဖွယ်ရှိနေတယ်ဆိုတဲ့ ပြင်သစ်သမ္မတမက် ခရွန်ရဲ့မှတ်ချက်စကားထွက်ပေါ်လာခဲ့ပြီးနောက် ရုရှားစစ်ဘက် ပြင်ဆင်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။ ရုရှားအစိုးရက အမေရိကန် နဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေးကူညီထောက်ပံပေးမှု အရှိန်မြင့် လုပ်ဆောင်မှုနဲ့အတူ နျူကလီးယားပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကြား ထိပ်တိုက်တွေ့ဆုံတဲ့ ကမ္ဘာဖြစ်လာအောင် တွန်းပို့နေကြောင်း ပြောပါတယ်။

ရုရှား နဲ့ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံကြား စစ်ရေးအရထိပ်တိုက်တွေ့ဆုံမယ်ဆိုရင် တတိယ ကမ္ဘာစစ်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့လည်း ရုရှားသမ္မတပူတင်က သတိပေးခဲ့ဖူးပါတယ်။ ရုရှားဟာ လက်ရှိအချိန်မှာ ယူကရိန်းနဲ့စစ်ပွဲဖြစ်ပွားနေပြီး ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေကြောင့် ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံတွေ ကြားမှာလည်း အငြင်းပွားမှုတွေ၊ တင်းမာမှုတွေ ပိုမိုဖြစ်လာနေကြောင်း သိရပါတယ်။

Zawgyi Version;
န်ဴကလီးယားလက္နက္ေတြကို အသုံးျပဳမယ့္စစ္ေရးေလ့က်င့္ခန္းကို စတင္သြားမယ္လို႔ ႐ုရွားစစ္ဘက္ သတင္း ထုတ္ျပန္
ဂ်န္ဇက္ (NP News) - ေမ ၆

႐ုရွားအစိုးရက ၎တို႔ဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ရန္စၿခိမ္းေျခာက္မႈေတြကိုတုံ႔ျပန္ႏိုင္ေအာင္ န်ဴကလီးယား လက္နက္ေတြ အသုံးျပဳမယ့္စစ္ေရးေလ့က်င့္ခန္းကို မၾကာခင္ စတင္သြားဖြယ္ရွိေနေၾကာင္း သတင္းထုတ္ျပန္ လိုက္ပါတယ္။

႐ုရွားသမၼတပူတင္ဟာ န်ဴကလီးယားလက္နက္ေတြ အသုံးျပဳမယ့္ စစ္ေရးေလ့က်င့္ခန္းေတြကို စတင္ဖို႔ အမိန႔္ေပးထားၿပီး စစ္ေရးမစ္ရွင္ေတြကို ေဆာင္႐ြက္ႏိုင္ေအာင္ န်ဴကလီးယား မဟုတ္တဲ့ သမာ႐ိုးက် လက္နက္ ေတြကိုလည္း စစ္ေရးေလ့က်င့္ခန္းမွာအသုံးျပဳမယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

အဆိုပါစစ္ေရးေလ့က်င့္ခန္းအစီအစဥ္ကို ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ရဲ႕ဒုံးက်ည္အဖြဲ႕ေတြနဲ႔ ေရတပ္တပ္ဖြဲ႕ေတြ ပူးေပါင္းပါဝင္မွာျဖစ္ေၾကာင္းသိရပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးက " စစ္ေရးေလ့က်င့္ခန္းကာလအတြင္း န်ဴကလီးယားလက္နက္ေတြအျပင္ သမာ႐ိုးက်လက္နက္ေတြ အသုံးျပဳၿပီး စစ္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အရာ ေတြ လုပ္ေဆာင္မယ္။ အဲဒီစစ္ေရးေလ့က်င့္ခန္းဟာ ႐ုရွားႏိုင္ငံရဲ႕ပိုင္နက္ေတြနဲ႔ အခ်ဳပ္အျခာအာဏာကို ပိုမို ေကာင္းမြန္ေစဖို႔ လုပ္ေဆာင္တာပါ။ ႐ုရွားႏိုင္ငံရဲ႕ပိုင္နက္ေတြကို ၿခိမ္းေျခာက္ေနတဲ့အေနာက္အုပ္စုရဲ႕လုပ္ရပ္ေတြ ကို တုံ႔ျပန္ဖို႔ ရည္႐ြယ္တာပါ" လို႔ ေျပာပါတယ္။

႐ုရွားအစိုးရက ယူကရိန္းစစ္ပြဲမွာ ျပင္သစ္တပ္ဖြဲ႕ဝင္ေတြ ၾကားဝင္လာဖြယ္ရွိေနတယ္ဆိုတဲ့ ျပင္သစ္သမၼတမက္ ခ႐ြန္ရဲ႕မွတ္ခ်က္စကားထြက္ေပၚလာခဲ့ၿပီးေနာက္ ႐ုရွားစစ္ဘက္ ျပင္ဆင္မႈေတြ ပိုမိုလုပ္ေဆာင္ခဲ့ပါတယ္။ ႐ုရွားအစိုးရက အေမရိကန္ နဲ႔အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို စစ္ေရးကူညီေထာက္ပံေပးမႈ အရွိန္ျမင့္ လုပ္ေဆာင္မႈနဲ႔အတူ န်ဴကလီးယားပိုင္ဆိုင္ထားတဲ့ႏိုင္ငံေတြၾကား ထိပ္တိုက္ေတြ႕ဆုံတဲ့ ကမာၻျဖစ္လာေအာင္ တြန္းပို႔ေနေၾကာင္း ေျပာပါတယ္။

႐ုရွား နဲ႔ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံၾကား စစ္ေရးအရထိပ္တိုက္ေတြ႕ဆုံမယ္ဆိုရင္ တတိယ ကမာၻစစ္ျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔လည္း ႐ုရွားသမၼတပူတင္က သတိေပးခဲ့ဖူးပါတယ္။ ႐ုရွားဟာ လက္ရွိအခ်ိန္မွာ ယူကရိန္းနဲ႔စစ္ပြဲျဖစ္ပြားေနၿပီး ယူကရိန္းကို ကူညီေထာက္ပံ့ေပးမႈေတြေၾကာင့္ ႐ုရွားနဲ႔ အေနာက္အုပ္စုႏိုင္ငံေတြ ၾကားမွာလည္း အျငင္းပြားမႈေတြ၊ တင္းမာမႈေတြ ပိုမိုျဖစ္လာေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.