ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အစ္စရေးအတွက် စစ်လက်နက်ပစ္စည်းပေးပို့မှုကို အမေရိကန်အစိုးရ ရပ်ဆိုင်းခဲ့ဟုဆို

 1425

Pika (NP News) - မေ ၆

ပြီးခဲ့တဲ့သီတင်းပတ်မှာ အစ္စရေးအတွက် ရည်ရွယ်ထားတဲ့ အမေရိကန်ထုတ်ခဲယမ်းမီးကျည်တွေပေးပို့မှုကို အမေရိကန်အစိုးရက ရပ်တန့်လိုက်တယ်လို့ အစ္စရေးအရာရှိတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး Axios သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်က အစ္စရေးကို စစ်လက်နက်ပစ္စည်းပေးပို့မှု ပထမဆုံးအကြိမ် ရပ်တန့်လိုက်တာဖြစ်တယ်လို့ Axios က ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် အစ္စရေးနိုင်ငံအပေါ်ရပ်တည်ချက်ကို ဆန့်ကျင်တဲ့ပြည်သူတွေကြားမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဖိအားတွေကို ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်နေပုံတွေကို မပြောင်းလဲဘူးဆိုရင် အစ္စရေးကို စစ်လက်နက်ပစ္စည်းရောင်းချတာတွေ ရပ်ဆိုင်းဖို့ အောက်လွှတ်တော်ဒီမိုကရက်တစ်ပါတီဝင်တွေက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ပြီးခဲ့တဲ့မေလ(၃)ရက်မှာ တိုက်တွန်းခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီဝင်(၈၆)ဦး လက်မှတ်ရေးထိုးပြီး အိမ်ဖြူတော်ကို ပေးပို့လိုက်တဲ့စာထဲမှာ အစ္စရေးနိုင်ငံနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ရပ်တည်ချက်တွေ ချမှတ်ဖို့ သမ္မတဂျိုးဘိုင်ဒန်ကို ဖိအားပေးတာမျိုးတွေပါဝင်တယ်လို့လည်း သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးပို့မှုတွေ ဖြတ်တောက်တာတွေအပြင် ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ အစ္စရေးအစိုးရရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ဒီမိုကရက်တစ်ပါတီဝင်တွေက ပြောဆိုထားကြပါတယ်။

ဒါပေမယ့်လည်း အမေရိကန်ရဲ့ရန်ပုံငွေထောက်ပံ့မှုရပ်တန့်တာတွေထဲမှာ Iron Dome လိုမျိုး လေကြောင်းကာကွယ်ရေးစနစ်တွေ မပါဝင်ဘူးလို့ အဲ့ဒီစာထဲမှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် အစ္စရေးကို အသက်ကယ်ဆယ်ရေး ကာကွယ်ရေးရန်ပုံငွေတွေ ဆက်လက်ထောက်ပံ့နေဖို့ လုပ်ဆောင်နေတယ်လို့လည်း စာထဲမှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version;
ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အစၥေရးအတြက္ စစ္လက္နက္ပစၥည္းေပးပို႔မႈကို အေမရိကန္အစိုးရ ရပ္ဆိုင္းခဲ့ဟုဆို
Pika (NP News) - ေမ ၆

ၿပီးခဲ့တဲ့သီတင္းပတ္မွာ အစၥေရးအတြက္ ရည္႐ြယ္ထားတဲ့ အေမရိကန္ထုတ္ခဲယမ္းမီးက်ည္ေတြေပးပို႔မႈကို အေမရိကန္အစိုးရက ရပ္တန႔္လိုက္တယ္လို႔ အစၥေရးအရာရွိေတြရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး Axios သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။

အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ပိုင္း အေမရိကန္က အစၥေရးကို စစ္လက္နက္ပစၥည္းေပးပို႔မႈ ပထမဆုံးအႀကိမ္ ရပ္တန႔္လိုက္တာျဖစ္တယ္လို႔ Axios က ေရးသားေဖာ္ျပထားပါတယ္။
ဒါ့အျပင္ အစၥေရးႏိုင္ငံအေပၚရပ္တည္ခ်က္ကို ဆန႔္က်င္တဲ့ျပည္သူေတြၾကားမွာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ဖိအားေတြကို ရင္ဆိုင္ေနရတယ္လို႔လည္း သိရပါတယ္။

ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ ျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ေနပုံေတြကို မေျပာင္းလဲဘူးဆိုရင္ အစၥေရးကို စစ္လက္နက္ပစၥည္းေရာင္းခ်တာေတြ ရပ္ဆိုင္းဖို႔ ေအာက္လႊတ္ေတာ္ဒီမိုကရက္တစ္ပါတီဝင္ေတြက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကို ၿပီးခဲ့တဲ့ေမလ(၃)ရက္မွာ တိုက္တြန္းခဲ့ပါတယ္။

ဒီမိုကရက္တစ္ပါတီဝင္(၈၆)ဦး လက္မွတ္ေရးထိုးၿပီး အိမ္ျဖဴေတာ္ကို ေပးပို႔လိုက္တဲ့စာထဲမွာ အစၥေရးႏိုင္ငံနဲ႔ပတ္သက္ၿပီး ခိုင္မာတဲ့ရပ္တည္ခ်က္ေတြ ခ်မွတ္ဖို႔ သမၼတဂ်ိဳးဘိုင္ဒန္ကို ဖိအားေပးတာမ်ိဳးေတြပါဝင္တယ္လို႔လည္း သိရပါတယ္။ ဂါဇာကမ္းေျမာင္ေဒသကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးပို႔မႈေတြ ျဖတ္ေတာက္တာေတြအျပင္ ထိုးစစ္ဆင္မႈေတြ ဆက္လက္လုပ္ေဆာင္ေနတဲ့ အစၥေရးအစိုးရရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔ ဒီမိုကရက္တစ္ပါတီဝင္ေတြက ေျပာဆိုထားၾကပါတယ္။

ဒါေပမယ့္လည္း အေမရိကန္ရဲ႕ရန္ပုံေငြေထာက္ပံ့မႈရပ္တန႔္တာေတြထဲမွာ Iron Dome လိုမ်ိဳး ေလေၾကာင္းကာကြယ္ေရးစနစ္ေတြ မပါဝင္ဘူးလို႔ အဲ့ဒီစာထဲမွာ ေရးသားေဖာ္ျပထားပါတယ္။
ဒါ့အျပင္ အစၥေရးကို အသက္ကယ္ဆယ္ေရး ကာကြယ္ေရးရန္ပုံေငြေတြ ဆက္လက္ေထာက္ပံ့ေနဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း စာထဲမွာ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.