Titanic နဲ့ Lord Of The Rings ထဲက မင်းသား ဘားနပ်ဟေးလ် အသက် ၇၉ နှစ်မှာ ကွယ်လွန်

 333

ရောင်နီ (NP News) - မေ ၇

ကမ္ဘာကျော် Titanic နဲ့ Lord Of The Rings ရုပ်ရှင်ကားတွေထဲမှာ ပါဝင်ခဲ့တဲ့ မင်းသား ဘားနပ်ဟေးလ်ဟာ အသက် ၇၉ နှစ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၇၉ နှစ်အရွယ် ဟေးလ်ဟာ တနင်္ဂနွေနေ့ (မေလ ၅ ရက်) နံနက်က ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ အေးဂျင့် လော့ကော်လ်ဆန် က ပြောကြားခဲ့ပါတယ်။ ဘာကြောင့် ကွယ်လွန်သွားခဲ့လဲဆိုတာတော့ မသိရသေးပါ ဘူး။ ဟေးလ် ဟာ Lord Of The Rings ရဲ့ "The Two Towers" "Théoden" "King of Rohan" "Return Of The King" season တွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး သူ့ရဲ့မာန်ပါတဲ့ စိတ်ဓာတ်ခွန်အားပေး တိုက်ပွဲဦးဆောင်ပုံ ဇာတ်ဝင်ခန်း တွေက နာမည်ကျော်ပါတယ်။

Titanic ဇာတ်ကားမှာတော့ ဟေးလ် က Captain Edward Smith အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ Titanic မှာ သူ့ရဲ့ ထင်ရှားတဲ့ဇာတ်ဝင်ခန်းဟာ သင်္ကောပျက်ချိန် နောက်ဆုံးချိန်ထိ သင်္ဘောကို ခုတ်မောင်းခဲ့တဲ့ ကပ္ပတိန် အဖြစ် လူသိ များပါတယ်။

Zawgyi Version;
ရောင်နီ (NP News) - မေ ၇




Related news

© 2021. All rights reserved.