BTS အဖွဲ့ဝင်ဂျောင်ကုရဲ့နေအိမ်ကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားနေသူ နောက်တစ်ဦး ဖမ်းဆီးရမိ

 407

ရောင်နီ (NP News) - စက်တင်ဘာ ၂
K pop အဖွဲ့ BTS ရဲ့ အဖွဲ့ဝင် ဂျောင်ကု ရဲ့ နေအိမ်ကို ကျူးကျော်ဝင်ရောက်မှုနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပါတယ်။ ဒါဟာ ဂျောင်ကုအတွက် ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကျူးကျော်ဝင်ရောက်ခံရမှုပဲ ဖြစ်ပါတယ်။
ဇူလိုင်လ ၃၁ ရက် KST သတင်းဌာနရဲ့အစီရင်ခံစာအရ A(အမည်လွှဲ) သံသယရှိသကို ဇူလိုင်လ ၃၀ ရက်နေ့ ည ၁၁ နာရီ ၂ဝ မိနစ်ခန့်က အဆောက်အအုံရဲ့ယာဉ်ရပ်နားရာနေရာမှာ ခိုးဝင်ရောက်လာတာကို အစောင့်တစ်ဦးက သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါအမျိုးသမီးကတော့ သူ့ရဲ့သူငယ်ချင်းအိမ်ဖြစ်တာကြောင့် ဝင်ရောက်လာခြင်းဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့ပေမယ့် ဂျောင်ကုက အတည်ပြုခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ ဇွန်လကလည်း ဂျောင်ကုရဲ့နေအိမ်ကို ပရိသတ်ဆိုသူ တရုတ်အမျိုးသမီးတစ်ဦးက ခိုးဝှက် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ ဖူးပါတယ်။
ဂျောင်ကုဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ကိုရီးယားတပ်မတော် အမှတ် (၅) အမြောက်တပ်မဟာမှာ အမှုထမ်းခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှာ တရားဝင် တာဝန်ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
BTS အဖြဲ႕ဝင္ေဂ်ာင္ကုရဲ႕ေနအိမ္ကို က်ဴးေက်ာ္ဝင္ေရာက္ဖို႔ ႀကိဳးစားေနသူ ေနာက္တစ္ဦး ဖမ္းဆီးရမိ
ေရာင္နီ (NP News) - စက္တင္ဘာ ၂
K pop အဖြဲ႕ BTS ရဲ႕ အဖြဲ႕ဝင္ ေဂ်ာင္ကု ရဲ႕ ေနအိမ္ကို က်ဴးေက်ာ္ဝင္ေရာက္မႈနဲ႔ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ဖမ္းဆီးခံရပါတယ္။ ဒါဟာ ေဂ်ာင္ကုအတြက္ ၂၀၂၅ ခုႏွစ္အတြင္း ဒုတိယအႀကိမ္ေျမာက္ က်ဴးေက်ာ္ဝင္ေရာက္ခံရမႈပဲ ျဖစ္ပါတယ္။
ဇူလိုင္လ ၃၁ ရက္ KST သတင္းဌာနရဲ႕အစီရင္ခံစာအရ A(အမည္လႊဲ) သံသယရွိသကို ဇူလိုင္လ ၃၀ ရက္ေန႔ ည ၁၁ နာရီ ၂ဝ မိနစ္ခန႔္က အေဆာက္အအုံရဲ႕ယာဥ္ရပ္နားရာေနရာမွာ ခိုးဝင္ေရာက္လာတာကို အေစာင့္တစ္ဦးက သတိျပဳမိခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါအမ်ိဳးသမီးကေတာ့ သူ႔ရဲ႕သူငယ္ခ်င္းအိမ္ျဖစ္တာေၾကာင့္ ဝင္ေရာက္လာျခင္းျဖစ္တယ္လို႔ အခိုင္အမာဆိုခဲ့ေပမယ့္ ေဂ်ာင္ကုက အတည္ျပဳျခင္း မရွိပါဘူး။ ၿပီးခဲ့တဲ့ ဇြန္လကလည္း ေဂ်ာင္ကုရဲ႕ေနအိမ္ကို ပရိသတ္ဆိုသူ တ႐ုတ္အမ်ိဳးသမီးတစ္ဦးက ခိုးဝွက္ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့ ဖူးပါတယ္။
ေဂ်ာင္ကုဟာ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလက ကိုရီးယားတပ္မေတာ္ အမွတ္ (၅) အေျမာက္တပ္မဟာမွာ အမႈထမ္းခဲ့ၿပီး ၂၀၂၅ ခုႏွစ္၊ ဇြန္လ ၁၁ ရက္မွာ တရားဝင္ တာဝန္ၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.