‘‘အပူဒဏ်ကြောင့် Heatstroke အဆင့်ဖြစ်သွားရင် အသက်ရှင်တာမရှိဘူး” (သီးသန့်အင်တာဗျူး)

 4276

သန့်ဇင် (NP News) - မေ ၇

မေး- လက်ရှိအပူချိန်အရမ်းမြင့်တက်နေတာနဲ့ပတ်သက်ပြီး ဘယ်လိုသတိထားရှောင်ကြဉ်ရမလဲ ခင်ဗျာ။
ဖြေ- သဘာပတ်ဝန်းကျင်ကိစ္စရပ်တွေအကုန်လုံးကြောင့် ကမ္ဘာကြီးပူနွေးလာတယ်။ အပူချိန်တွေက လည်းတက်လာ တယ်။ အခုဆိုရင် မြန်မာနိုင်ငံကလည်း ကမ္ဘာ့အပူဆုံးမြို့တွေစာရင်းထဲမှာ ပါလာပြီပေါ့နော်။ အဲဒါကြောင့် ဘာတွေ သထိထားရမလဲဆိုရင် အဓိကကတော့ အပူကြောင့်ဖြစ်တဲ့နောက်ဆက်တွဲ အရာတွေပေါ့။ ဒါတွေကို သတိမမူမနေဘဲနဲ့ သတိ ထားပြီးတော့ သေချာလိုက်လုပ်ဖို့လိုတယ်ပေါ့။ အဲဒီထဲမှာ အပူကြောင့်ဖြစ်တဲ့ရောဂါတွေက (၂)ပိုင်းခွဲလို့ ရပါတယ်။ နံပါတ် (၁)က ရုတ်တရက်ဖြစ်တဲ့ရောဂါတွေ ပေါ့နော်။ နံပါတ်(၂)ကကျတော့ မိမိတို့သတိမထားမိ လိုက်တဲ့ဟာတွေရှိ တယ်။ အဲဒါကဘာလဲဆိုတော့ ကာလရှည်ကြာမှ ဖြစ်တဲ့ရောဂါ။ အဲဒီ(၂)ချက်ကို ကျွန်တော်တို့ သတိထားဖို့လိုမယ်။ အခုလောလောဆယ် နောက်ဆက်တွဲဖြစ်နိုင်တဲ့ဟာလေးတွေကို လူတွေကလွတ်နေကြတယ်။ အဲဒီဟာလေးတွေကို ကျွန်တော်ပြောချင်ပါတယ်။ ဘာလဲဆိုတော့ နေရောင် ခြည်မှာပါတဲ့ UV တွေကို တိုက်ရိုက်ထိတွေ့လို့ဖြစ်လာတဲ့ နောက်ဆက်တွဲရောဂါတွေကြောင့် နေပူထဲမှာအလုပ် လုပ်နေရတဲ့လူတွေ ခန္ဓာကိုယ်မှာ အဝတ်အစားအကာ တွေမရှိဘဲ နဲ့ နေရောင်နဲ့ တိုက်ရိုက်အသားအရေနဲ့ထိတွေ့တယ်၊ မျက်နှာနဲ့ထိတွေ့တယ်။ ဒါမျိုးတွေဆိုရင် ကြာရင်အရေပြား ကင်ဆာလိုဟာမျိုးတွေ နေရောင်နဲ့ (၁၀)နှစ်(၁၅)နှစ်ထိတွေ့ရင် ဖြစ်လာနိုင်တယ်။ တချို့နယ်တွေမှာ တောင်သူဦးကြီး တွေရဲ့ မျက်နှာပေါ်မှာ မှဲ့ကင်ဆာလိုဟာမျိုးတွေဖြစ်လာတယ် ဆိုတာက နေနဲ့ထိတွေ့တာတွေ အများကြီးပါတယ်။ အဲဒါလေး Message တစ်ခုပေးချင်ပါတယ်။ နောက်တစ်ခုက မျက်လုံးပေါ့။ မျက်လုံးမှာ တိမ်အမျိုးမျိုးဖြစ်တာကလည်း UV တွေနဲ့ တိုက်ရိုက် ထိတွေ့နေတာကြောင့် နောက်ပိုင်းမှာဖြစ်နိုင်တယ်ဆို တာလေးက ဒီအင်တာဗျူးကနေတစ်ဆင့် လူတွေ သတိမထားမိနေတဲ့ Message လေး တစ်ခုပေး ချင်ပါတယ်။ ဒါလေးက ယာတွေတောတွေတောင် တွေထဲမှာဆို ဒီနေနဲ့တောက်လျှောက်ထိတွေ့နေရတာ ဘာမှမဖြစ်ဘူးလို့ထင်နေကြတာ။ အမှန်တကယ်က ဖြစ်တာကိုမသိလို့ပေါ့ နော်။ လတ်တလော ဖြစ်တဲ့ရောဂါတွေမဖြစ်ရင်သာရှိမယ် ကြာရှည်ဖြစ် သွားမယ့်ရောဂါတွေက ကာကွယ်ဖို့ခက်တယ်။ နောက်တော့ လက်တလောကိစ္စကိုပြောမယ်ပေါ့နော်။ အဲဒါကဘာလဲဆိုတော့ ကျွန်တော်တို့ ဆေးပညာမှာဆိုရင် Heat Relate Illness လို့ခေါ်တယ်။ အပူကြောင့်ဖြစ်သော နေမကောင်းဖျားနာမှုများပေါ့နော်။ အဲဒီမှာအပိုင်း(၃)ပိုင်းခွဲလို့ရ တယ်။ နံပါတ်(၁)ကတော့ Heat Cramps လို့ခေါ်တဲ့ အပူကြောင့်ကြွက်တက်မယ်၊ ရေငတ်မယ်၊ ကိုယ်တွေပူလာမယ်။ ဒီအ ဆင့်တစ်ဆင့်ရှိတယ်။ နောက်တစ်ခု နံပါတ်(၂)ကကျတော့ Heat exhaustion လို့ခေါ်တဲ့ အပူကြောင့် ခန္ဓာကိုယ်ရဲ့ တုံ့ ပြန်မှုတွေအားနည်းလာတယ်။ ဥပမာ ပူရင်ခန္ဓာကိုယ်ကချွေးထွက်ရတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ရင် ချွေးမထွက်နိုင် တော့ဘူး။ ချွေးမထွက်နိုင်တော့ပဲနဲ့ ချွေးအိတ် (Sweat Glands) တွေက အလုပ်မလုပ်နိုင်တော့ဘူး။ ဒီလိုအဆင့်တွေရှိလာ တယ်။ နောက်ဆုံးအဆင့် နံပါတ်(၃)ကတော့ Heatstroke ပေါ့။ အဲဒီကောင်ကတော့ အသက်အန္တရာယ်ရှိနိုင်တဲ့ အဆင့် ပေါ့နော်။ အဲဒီလိုအဆင့်(၃)ခုကို ခွဲလို့ရတယ်။ ဒါတွေကတော့ အပူကြောင့်ဖြစ် နိုင်တဲ့ရောဂါတွေပါ။

မေး- လူတစ်ယောက်မှာကော အပူချိန်နဲ့ပတ်သက် ပြီး ဘယ်လောက်အပူချိန်ထိခံနိုင်ရည်ရှိနိုင်လဲဆရာ။
ဖြေ- လူတစ်ဦးနဲ့တစ်ဦးနဲ့ကတော့ အပူချိန်ကိုခံနိုင် ရည်အားကတော့ကွာတယ်။ ဥပမာ ကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေ နောက်ပြီး ခန္ဓာကိုယ်မှာ ရောဂါခံရှိတဲ့လူတွေ ဥပမာနှလုံးရောဂါရှိတယ်၊ သွေးတိုးရှိတယ်၊ ဆီးချိုရှိတယ်။ ဒီလိုလူတွေကတော့ သာမန်လူ တွေလောက် အပူကိုမခံနိုင်ဘူးပေါ့၊ အဲဒီတော့ ကျွန်တော်တို့ ဒီလိုအပူချိန်တွေမှာ ၄၀ ဒီဂရီကျော်တာနဲ့ ခန္ဓာကိုယ်က အားနည်းလာတယ်။ သာမန်လူတွေက တော့ ခန္ဓာကိုယ်ကထိန်းညှိနိုင်တဲ့ Equilibrium ကြောင့် အခုနကျွန်တော်ပြောတဲ့ ပူရင်ချွေးထွက်မယ် ဒီလိုဟာ တွေကောင်းနေသေးတာဖြစ်တဲ့အတွက် ၄၁၊ ၄၂ ထိတော့ ခံနိုင်ရည်ရှိတယ်။ ဒါတောင်မှ သူတို့ လည်းအပူထဲကိုသွားနေမယ်။ နောက်ပြီး အပူရဲ့ နောက်ဆက်တွဲပြဿနာတွေကို သေချာဂရုမပြုဘဲ လိုက်နာမှုတွေမလုပ်ဘူး၊ ထိန်းသိမ်းသင့်တာ မထိန်း သိမ်းဘူး၊ ကာကွယ်သင့်တာမကာကွယ်ဘူးဆိုရင် တော့ သူတို့လည်းအန္တရာယ်ရှိနိုင်တယ်။ ချုံ့ဖြေရရင်တော့ လူတစ်ယောက်နဲ့တစ်ယောက်မှာ ခံနိုင်ရည်ရှိတဲ့အပူချိန်က ကွာတယ်။ ကလေးငယ်တွေရယ် အသက်ကြီးတဲ့လူတွေနဲ့ ရောဂါခံရှိတဲ့လူတွေက ပိုပြီးတော့ အပူဒဏ်ကိုမခံစားနိုင်ဘူး။ အပူနည်းနည်း လေးတက်တာနဲ့ ပြဿနာဖြစ်နိုင်တယ်။ အကြမ်းဖျင်း ပြောရရင်တော့ ၄၂ ဒီဂရီလောက်ပဲကောင်းတယ် ပေါ့နော်။ ဒီထက်ပိုသွားရင်တော့ သာမန်လူလည်းအပူနဲ့ပတ်သက်တဲ့ပြဿနာတွေခံစားရနိုင်တယ်။

မေး- လက်ရှိအပူချိန်ကလည်းမြင့်တက်နေတော့ ဒီအခြေအနေမှာ ကျန်းမာရေးထိခိုက်မှုအနေနဲ့ အဆိုးဆုံးဘယ် အခြေအနေထိ ဖြစ်သွားနိုင်လဲဆရာ
ဖြေ- အခုနပြောသွားသလိုပေါ့နော်။ အပူကြောင့် ကြွက်တက်တဲ့ကိစ္စတွေ။ အပူကြောင့်ဖျားတဲ့ကိစ္စတွေ။ ဒါတွေက မြန်မာလိုအလွယ်ပြောရရင်တော့ အပူရှပ်တာပေါ့။ အပူရှပ်တဲ့ကိစ္စလေးတွေကတော့ လတ်တလောကျွန်တော်တို့ ဆေးခန်းမှာလည်း တွေ့မြင်နေရပါတယ်။ ပြီးတော့အဖြစ်များတယ်ပေါ့နော်။ လူတိုင်းလည်းခံစားရနိုင်ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ လူတွေကမသိတော့ အပူထဲကိုဆက်ထွက်မိတယ်။ ဒါမှမဟုတ်လည်း ဖြေဆေးပေါ့။ ဥပမာ ဆောင်ရန် ရှောင်ရန်လေးတွေ။ ဓာတ်ဆားရည်သောက်တာလေးတွေမလုပ်ဘူး ဆိုရင်တော့ Heat exhaustion လို့ခေါ်တဲ့ အဆင့်ကို တက်မယ်။ အဲဒီကမှ ခန္ဓာကိုယ်ကိုပြန်လည် ဖြည့်တင်းတာတွေမလုပ်ဖြစ်ဘူးဆိုရင်။ Heatstroke အပူကြောင့် လေဖြတ် တဲ့အဆင့်နဲ့ အသက်အန္တရာယ်အခြေအနေထိဖြစ်နိုင်ပါတယ်။

မေး- ဟုတ်ကဲ့ဆရာ အခုနောက်ပိုင်းအပူရှပ်လို့သေ ဆုံးတဲ့လူတွေလည်းတွေ့နေရလို့ အဲဒီအပူရှပ်တာနဲ့ ပတ်သက်ပြီး လည်းပြောပြပေးပါဦးဆရာ။
ဖြေ- အပူရှပ်တယ်ဆိုတာက ကျွန်တော်တို့ လူတွေ ခန္ဓာကိုယ်မှမဟုတ်ပါဘူး။ သဘာဝတရားကြီးက ဘာမဆို Sudden Change ပေါ့။ ရုတ်တရက်ကြီး ပြောင်းလဲတာကိုမကြိုက်ဘူး။ ဒါကတော့ သဘာဝရဲ့ ထုံးစံပေါ့နော်။ အရမ်းနေပူတဲ့အချိန်အပင်တွေကိုရေသွားလောင်းရင်လည်း အဲဒီအပင်သေတတ်တယ်ပေါ့ နော်။ အရမ်းအေးတဲ့အချိန်မှာ အပင်တွေကရေနွေးနဲ့ထိတွေ့လိုက်မိတာတို့ပဲဖြစ်ဖြစ် အပူစနစ်တစ်ခုခုနဲ့ ထိတွေ့မိလိုက်တာပဲဖြစ်ဖြစ် အပင်တောင်မှ ရုတ်တရက်ပြောင်းလဲမှုဒဏ်ကိုမကြိုက်ဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ခန္ဓာကိုယ်ကြီးက ရုတ်တရက်ပြောင်းလဲ လို့မရဘူး။ အဲဒီအချိန်မှာ ဘာဖြစ်ကြလဲဆိုတော့ တော်တော်များများဖြစ်နေတဲ့ အပူရှပ်တဲ့ကိစ္စက Aircon ကိစ္စတွေပေါ့။ ဥပမာ ကားထဲမှာ Aircon တွေအရမ်း အေးပြီးဖွင့်ထားတယ်။ အပြင်ကတော့နေပူချိန်အရမ်း ပူနေချိန်မှာ ရုတ်တရက် တံခါး ဖွင့်ပြီး ဆင်းချလိုက်တဲ့ အချိန်မှာ ကားပေါ်ကနေဆင်းဆင်းချင်း ပစ်လဲသွားတာတို့ ဒါမျိုးတွေတွေ့ရတယ်။ Sudden Temperature Change ကို ခန္ဓာကိုယ်က လုံးဝလုပ်လို့မရဘူး။ ဒါလေးကိုတော့ ကျွန်တော်တို့ သတိထားဖို့လိုတယ်။ ဥပမာ နေပူထဲကပြန်လာတယ် ခြေထောက်ဆေးပစ် လိုက်တယ်။ ရေခဲရေ သောက်ပစ်လိုက်တယ်။ ဒါမျိုး တွေလုပ်လို့ မရဘူး။ ဖြည်းဖြည်းချင်းပဲပြောင်းလဲသွားမှရမယ်။ အဲဒီလိုပဲ အပြင်ကပြန်လာတဲ့လူတွေကလည်း အိမ်မှာ Aircon ဖွင့်ထား တယ်ဆိုရင် အိမ်ထဲမဝင်ဘဲနဲ့ အိမ်ရှေ့အပင်အောက်လေးမှာ ခဏပဲဖြစ်ဖြစ်။ ကိုယ်အထဲကိုရောက်ပြီးမှ Aircon ကိုဖွင့် တာပဲဖြစ်ဖြစ်ဒီ လိုမျိုးတွေလုပ်သင့်ပါတယ်။ နေပူထဲကပြန်လာတဲ့လူတွေဆိုရင်လည်း တန်းပြီးအင်္ကျီချွတ်လိုက်တာမျိုးတို့ ခြေထောက်လက်ထောက် ဆေးတာမျိုးတို့ တန်းပြီးမလုပ်သင့်ပါဘူး။ ရှေ့ကပြောခဲ့တာနဲ့ ပြန်ချိတ်ရမယ်ဆိုရင် နေပူထဲက ပြန်လာလို့ ထွက်နေတဲ့ချွေးတွေက ရုတ်တရက်အေးတာနဲ့ ထိတွေ့လိုက်တာပေါ့။ အဲဒီလိုမျိုးကမလုပ်သင့်ဘူး။ ဘာလို့ဆို ခန္ဓာကိုယ်ထဲက အပူချိန်က ထွက်စရာ ဒီတစ်လမ်းပဲရှိတာ။ ချွေးထဲကနေပဲထွက်ရမှာ အဲဒီမှာမထွက်နိုင်တော့တဲ့အတွက် အပူတွေကဆောင့်တက်ပြီး လေဖြတ်ပြီး အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ ခဏနေပြီးမှ ရေဆေးတာတို့ တခြားအင်္ကျီတစ်ခုနဲ့ လဲတာတို့လုပ်သင့်တယ်။ နောက်တစ်ခုက ရှေးလူ ကြီးတွေပြောသလိုမျိုးပဲ ချွေးတိတ်ပြီးကာမှ ရေချိုးဆို တာမျိုးပေါ့။ အဲဒီစကားအတိုင်း ချွေးတိပတ်ပြီးမှ ရေချိုးတာမျိုးတွေပေါ့လုပ်သင့်ပါတယ်။

မေး- ဟုတ်ကဲ့ဆရာ အပူရှပ်တဲ့အခြေခံလက္ခဏာ တွေကဘာတွေဖြစ်မလဲဆရာ။
ဖြေ- နံပါတ်တစ်က အပူရှပ်လာပြီဆိုရင် ခန္ဓာကိုယ်က ကြွက်တက်တဲ့ပုံစံမျိုးတွေ့ရလိမ့်မယ်။ ပြောကြပါတယ်။ အပူထဲကပြန်လာပြီး ငါအသားတွေနာနေတယ် ဟိုနားကနာတယ် ဒီနားကနာတယ်ဆိုရင် အပူရှပ်တော့မယ်။ ကနဦးကတော့ အဲဒါပါပဲ။ အဲဒါကို သတိမထားမိကြတာပါ။ နောက်တစ်ဆင့်ကတော့ ရေအရမ်းငတ်လာမယ်။ ရေဘယ်လောက် သောက် သောက်ရေမဝဘူးဆိုတဲ့အဆင့်ကိုရောက်လာမယ်။ နောက်တစ်ခုက ပူရင်ချွေးထွက်ရမယ့်အစား ချွေးသိပ်မထွက်တော့ဘူး။ နောက်တစ်ဆင့်ကတော့ ဖျားနာပေါ့။ ဖျားနာဆိုတာက ပုံမှန်ဖျားရင်ချွေးထွက်ရမယ်။ အခုဖြစ်တာတာ ချွေးလုံးဝမထွက်ဘဲနဲ့ကို ဖျားလာမယ်။ ခန္ဓာကိုယ်အပူချိန်တွေတက်လာမယ် ပြီးတာနဲ့ ကယောင်ကတမ်းတွေပြောလာ မယ်။ ပြီးတာနဲ့ Heatstoke ပေါ့။ လေဖြတ်တဲ့ကိစ္စတွေထိ ဖြစ်လာနိုင်တယ်။ ဆီးမထွက်တော့ဘူး လေဖြတ်တော့မယ်။ ပြီးရင်တော့ အသက်ဆုံးရှုံးတဲ့အထိဖြစ်လာနိုင်တယ်ပေါ့။ ဒါကတော့ သူရဲ့အဆင့်အတိုင်းသွားတဲ့ လက္ခဏာတွေပေါ့။ အပူထဲက ပြန်လာပြီး ကြွက်တက်တာတို့ဖြစ်ချင်နေရင်တော့ ဘာမှမလုပ်နဲ့ဓာတ်ဆား ရေသာက်ပြီးတော့ အရိပ်ထဲမှာပဲ နေသင့်တယ်။

မေး- သက်ကြီးရွယ်အိုတွေဆိုရင် ဘယ်အသက် အရွယ်အပိုင်းခြားလောက်ကအပူဒဏ်ပိုခံစားရနိုင်လဲ ဆရာ။ ကလေး ငယ်ဆိုရင်ကော ဘယ်အသက်လောက်က ပိုပြီးဆိုးဆိုးရွားရွားခံစားရနိုင်ပါသလဲဆရာ။
ဖြေ- အဓိကကတော့ မြန်မာနိုင်ငံရဲ့ ၂၀၁၄ သန်းခေါင် စာရင်းအရဆိုရင်တော့ ကျွန်တော်တို့ရဲ့သက်တမ်းက ယောကျာ်းလေးဆိုရင် (၆၅)အထက်နဲ့ မိန်းကလေးဆိုရင် (၆၉)အထက်လောက်ထိရှိတယ်။ အဲဒီရဲ့အသက် ကြီးပိုင်းကို ဆိုရင်တော့ အသက်(၆၀)အထက်ကို အကြမ်းဖျင်းယူဆလို့ရတယ်။ ကလေးကတော့ရှင်းပါတယ်။ ၁၀ နှစ်အောက် ကလေးတွေအကုန်လုံးပါမယ်ပေါ့။ လက်ရှိအနေအထားအရတော့ အပူဒဏ် ခံစားရနိုင်တာတော့ အသက်ကြီးပိုင်းဆို(၆၀) အထက်နဲ့ ကလေးဆို ၁၀နှစ်အောက်တွေဂရုစိုက်ရမှာပေါ့။

မေး- အပူကြောင့် သေဆုံးသူတွေရှိနေတော့ အခုနှစ် အပူချိန်နဲ့ဆို သေဆုံးသူပိုတိုးလာနိုင်ခြေရှိလားဆရာ။
ဖြေ-ရှိပါတယ်။ ဘာလို့လဲဆိုတော့ အပူကြောင့် သေဆုံးတာက ပတ်ဝန်းကျင်အပူနဲ့တိုက်ရိုက်အချိုးကျတယ်။ အပူချိန်မြင့်လာတာနဲ့အမျှ သေဆုံးနှုန်းလည်း တက်လာနိုင်တယ်။ ရှေ့ကပြောခဲ့တဲ့အဆင့်(၃)ဆင့်မှာ Heatstroke လိုအဆင့်ကို ရောက်သွားပြီဆိုရင် သေဆုံးနှုန်းက အရမ်းမြင့်တယ်။ (၁၀ဝ)ရာခိုင်နှုန်း လို့တောင်ပြောလို့ရတယ်။ Heatstroke သာ တကယ်ဖြစ်သွားပြီဆိုရင် အသက်ရှင်တာမရှိသလောက်ပဲ။ အဲဒါကြောင့် အပူချိန်မြင့်လာတာနဲ့အမျှ အပူကြောင့်ဖြစ်သေဆုံးနှုန်းတွေ အပူကြောင့်ဖြစ်တဲ့ရောဂါခံစားရနှုန်းတွေကလည်း မြင့်လာမှာပါ။ ဒီနှစ်လိုနှစ်မှာ သေချာ ပေါက်မြင့်တက်လာမှာ အသေချာပါပဲ။

မေး- ဟုတ်ကဲ့ဆရာ အခုအပူချိန်ကလည်းအရမ်း မြင့်တက်လာတယ်ဆရာ။ ဒါပေမဲ့လည်း စားဝတ်နေရေးအတွက် နေပူထဲမှာ မဖြစ်မနေ အလုပ်လုပ် နေကြရတဲ့လူတွေလည်းရှိပါတယ်။ အဲဒီအတွက်လည်း ဘယ်လိုလုပ်ဆောင်ရမလဲ ပြောပေးပါဦးဆရာ။
ဖြေ- အဓိကကတော့ ကာကွယ်မှုပေါ့နော်။ ရှေ့ကပြောခဲ့တဲ့ Heat Relate Illness လို့ခေါ်တယ်။ အပူကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ကိုကာကွယ်ရမယ့် တစ်ခုတည်းသောနည်းကတော့ အပူမခံဖို့ပေါ့နော်။ ကျွန်တော်တို့နိုင်ငံ အနေအထားအရ အသက်မွေးဝမ်းကြောင်းအတွက်အလုပ်လုပ် နေရတဲ့လူတွေရှိတယ်။ ရွာမှာနေတဲ့လူက မြန်မာနိုင်ငံ လူဦးရေနဲ့ယှဉ်ရင် ၇၀ ရာခိုင်နှုန်းနဲ့ အထက်မှာရှိတယ်။ သူတို့တွေက လယ်ယာကိစ္စတွေလုပ်ရတယ်။ အဲဒါ တွေမလုပ်ရ ဘူးဆိုရင်တော့ နွားကျောင်း၊ ဆိတ်ကျောင်းနဲ့ စသဖြင့်ပေါ့လုပ်ကိုင်နေကြရတဲ့အတွက် နေရောင်ခြည်ထိတွေမှုရှိနေ တယ်။ အဲဒီလူတွေက ဆောင်ရန်ရှောင်ရန်လေးတွေလိုက်နာသင့်တယ်။ နံပါတ်တစ်ကတော့ မြန်မာ့ထုံးတမ်းဓလေ့အရ အယူအဆအကောင်းလေးတွေရှိတယ်။ ဥပမာပြောရရင် နေပူထဲသွားရင် အင်္ကျီလက်ရှည်ဝတ်ဆိုတာမျိုးတွေပြောကြ တယ်။ အဲဒါကို အခုနောက်ပိုင်းလူတွေက ပစ်ပယ်လိုက်ကြတယ်။ ဒီအင်္ကျီကြီးဝတ်ထားရင်ပူမှာပဲဆိုပြီးတော စွပ်ကျယ်နဲ့သွားတယ်။ တချို့ဆို အင်္ကျီမပါဘဲနဲ့သွားတယ်။ အဲဒါတွေက ပြဿနာတက်တာပါ။ အဲဒါကြောင့်ရှေးထုံးလေးတွေ ကိုပြန်ကျင့်ဖို့လိုတယ်။ တစ်ကိုယ်လုံးကိုလုံတဲ့ အဝတ်အစားတွေ ဝတ်ဖို့လိုတယ်။ နောက်ပြီး အရောင်ကလည်း အနက် လိုဟာမျိုးမဟုတ်ဘဲနဲ့ အပူကိုလွင့်စေမယ့် အဖြူရောင်တို့ ဖျော့တော့တော့အရောင် တွေဝတ်ဖို့လိုတယ်။ နောက်တစ်ခုက ခေါင်းကိုကာကွယ်ဖို့အတွက် ဦးထုပ်၊ ထီး ဒါမျိုးလေးတွေဆောင်းဖို့လိုတယ်။ ပြီးတာနဲ့ အဓိကလိုက်နာရမှာက သဘာဝပတ်ဝန်းကျင်က ပူနေတဲ့အတွက် ခန္ဓာကိုယ်က ဓာတ်ဆား တွေဆုံးရှုံးနေတာဖြစ်တဲ့အတွက် ဓာတ်ဆားရည် သောက်ဖို့လို တယ်။ ဓာတ်ဆားရည် မရှိရင်တော့ ဆားနဲ့သကြားလေးနဲ့ဖျော်ပြီးတော့ ပုံမှန်ရေသောက် ဖို့လိုတယ်။ ဘယ်လောက်ထိ သောက်ဖို့လိုသလဲဆိုတော့ ချွေးထွက်ရင်ထွက်သ လောက်သောက်ဖို့လိုတယ်။ အနည်းဆုံးတစ်နေ့ကို ၃လီတာလောက် သောက်ဖို့လိုတယ်။ တချို့က ရေချည်းပဲသောက် တယ်။ ခန္ဓာကိုယ်ထဲမှ ဓာတ်ဆားရည်ဆုံးရှုံးနေတာ ဖြစ်တဲ့အတွက် ဓာတ်ဆားရည်ကိုတော့ သောက်ကို သောက်ဖို့လိုတယ်။ ခြုံပြောရရင်တော့ နေပူထဲမသွားတာ အကောင်းဆုံးပဲ။ မဖြစ်မနေသွားရမယ်ဆိုရင်တော့ အကာကွယ်အင်္ကျီတွေဝတ်ဖို့လိုတယ်။ နောက်တစ်ခုက ခေါင်းပိုင်းတွေဖြစ်တဲ့ ဦးထုပ်တို့ ခေါင်းပိုင်း ဆိုင်ရာလုံခြုံတဲ့အရာတွေဝတ်ဖို့ လိုတယ်။ နောက်ဆုံး တစ်ခုကတော့ ဓာတ်ဆားရည်သောက်ဖို့ လိုတယ်။ ဓာတ်ဆားရည်မရရင်တော့ ဆားနဲ့သကြားနဲ့ ဖျော် သောက်ဖို့လိုတယ်ပေါ့။ ဒီအချက်ကတော့ အဓိကပေါ့။

မေး- လူငယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလူမျိုး တွေက အဲဒီအပူချိန်နဲ့ပတ်သက်ပြီး သေဆုံးနိုင်ခြေရှိလဲဆရာ။
ဖြေ- လူငယ်ကတော့ အပူကိုအများဆုံးခံစားရနိုင်တာက အသက်အရမ်းငယ်တဲ့လူနဲ့ လူကြီးပိုင်းနဲ့ ရောဂါခံ ရှိတဲ့လူတွေပေါ့။ သာမန်လူငယ်တွေကတော့ အပူချိန် နဲ့ပတ်သက်ပြီး ခံနိုင်ရည်ရှိတဲ့အုပ်စုထဲမှာပါတာ ပေါ့နော်။ ရောဂါခံရှိတဲ့လူတွေကတော့ အပူဒဏ်ကို ပုံမှန်လူတွေထက်ပိုပြီးခံစားရနိုင်တာပေါ့။ ဥပမာ နှလုံး ရောဂါခံရှိတဲ့လူတွေနဲ့ သွေးတိုးရောဂါခံရှိတဲ့ လူတွေပေါ့။ သွေးတိုးရောဂါခံရှိတဲ့လူတွေက ရုတ်တရက် နေပူထဲထွက်လိုက်ရင် ဦးနှောက်သွေးကြောပြတ်ပြီးတော့ အသက်ဆုံးရှုံးတာမျိုးတွေဖြစ်နိုင်တယ်။ ဆီးချို ရောဂါရှိတဲ့လူတွေကလည်း နဂိုကမှ ခြေတွေလက်တွေထုံတယ်တို့ဖြစ်နေတာဆိုတော့ သူရဲအာရုံကြော System ၊ ခန္ဓာကိုယ်ဇီဝကမ္မလှည့်ပတ်မှုတွေက ပုံမှန်လူတွေလို မဟုတ်ဘူး။ အဲဒီလိုလူတွေက အပူဒဏ်ကိုခံရပြီဆို ပိုပြီးတော့ခံရတယ်။ အဲဒီလိုလူတွေကတော့ အပူချိန် ၄၂ အထက်ရောက်နေပြီဆို ဘယ်မှမသွားဘဲ အရိပ်ထဲမှာပဲနေသင့်တယ်။ အိမ်ထဲမှာနေမယ် ဆိုပေမယ့်လို့ အပြင်အပူချိန်နဲ့ သိပ်မကွာတဲ့အပူချိန်မျိုးမှာနေသင့်တယ်။ အရမ်းပူနေတဲ့ အပြင်ကိုတော့ လုံးဝမထွက်သင့်ဘူးလို့တော့ အကြံပေးချင်ပါတယ်။

မေး- လက်ရှိပူနေတဲ့ စံချိန်တင်အပူချိန်ကြောင့် ပြည်သူတွေကို ဘယ်လိုနေထိုင်ရမလဲဆိုတာလေး ပြောပေးပါဦး ဆရာ။
ဖြေ- ဒီအပူချိန်ကြီးကို ရုတ်တရက်ချဖို့ကမလွယ်ဘူးပေါ့နော်။ သဘာဝပတ်ဝန်းကျင်ကို ကုသရေးတွေပြန် လုပ်မှရမယ်။ အချိန်ဆိုရင်လည်း အများကြီးကြာမယ်။ နောင် ၁၀နှစ် ၁၅ နှစ်လောက်ကြာမယ်။ အဲဒါကြောင့် ဒီကာလ တွေမှာ ကျွန်တော်တို့က အပူချိန်တွေကိုခံ နေရဦးမှာပဲ။ အဲဒီအပူချိန်ကြောင့် ကျွန်တော်တို့မှ နောက်ဆက်တွဲပြဿနာ တွေမဖြစ်ဖို့အတွက် ဦးတည်လုပ်ဆောင်ရမှာပေါ့။ အဲဒီဟာမှာ ကျွန်တော်တို့ လုပ်ဆောင်ရမှာက နံပါတ်(၁) အရမ်းပူနေတဲ့အပူနဲ့ ဝေးတဲ့နေရာမှာနေရမယ်။ အရိပ်ရတဲ့နေရာတွေ၊ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ နေရမယ်။ မြို့တွေကလူတွေကတော့ အဲကွန်းရှိရင် အဲကွန်းခန်းထဲမှာနေပေါ့။ ဒါပေမဲ့ အပြင်အပူချိန်နဲ့ သိပ်မကွာတဲ့ အခန်းအပူချိန်မှာတော့နေသင့်တာပေါ့။ အေးတဲ့ အရိပ်ရတဲ့နေရာတွေမှာတော့ နေသင့်တယ်။ နံပါတ်(၂)ကတော့ အပြင်ကိုမဖြစ်ဖြစ်မနေသွားမှရမယ်ဆိုရင် အချိန်လေးသတ်မှတ်ပြီးသွားလာလုပ်ရမယ်။ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း အပြင်ကို လုံးဝမထွက်သင့်ဘူး။ အဲဒီရှေ့ပိုင်းနဲ့ နောက်ပိုင်းကိုအလုပ်လုပ်ပေါ့။ အဲဒါကိုမှ မထွက်လို့မရဘူး ဆိုရင်လည်း ခန္ဓာကိုယ်ကို လုံခြုံတဲ့အဝတ်အစားဝတ် ဆင်သွားဖို့လိုတယ်။ ဦးခေါင်းပိုင်းကာကွယ်ရမယ့် အကာအကွယ် တို့ ဖိနပ်တို့စီးသင့်တယ်။ နောက်တစ်ခုက ဓာတ်ဆားရေ သောက်သင့်တယ်။ ရှောင်ရန်ကိစ္စကတော့ ရှေ့ကပြောခဲ့သလို နေပူထဲကပြန်လာရင် အဝတ်တန်းချွတ် တာတို့။ ရေချိုးတာတို့နဲ့ ရေခဲရေသောက်တာတို့ရှောင် ကြဉ်သင့်တယ်။ အေးတဲ့ နေရာကနေ ပူတဲ့အပြင်ထွက် မယ်ဆိုရင်လည်း အဲကွန်းခန်းထဲကထွက်မယ်ဆို ၁၅ မိနစ်လောက်နေပြီးမှ ထွက်သင့် တယ်။ အပူလွင့်မယ့် အဖြူရောင်နဲ့ အရောင်ဖျော့ဖျော့အဝတ်အစားတွေ ဝတ်ဆင်သင့်တယ်။

အခုလိုပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

zawgyi version
‘‘အပူဒဏ္ေၾကာင့္ Heatstroke အဆင့္ျဖစ္သြားရင္ အသက္ရွင္တာမရွိဘူး”
သန႔္ဇင္ (NP News) - ေမ ၇

ေမး- လက္ရွိအပူခ်ိန္အရမ္းျမင့္တက္ေနတာနဲ႔ပတ္သက္ၿပီး ဘယ္လိုသတိထားေရွာင္ၾကဥ္ရမလဲ ခင္ဗ်ာ။
ေျဖ- သဘာပတ္ဝန္းက်င္ကိစၥရပ္ေတြအကုန္လုံးေၾကာင့္ ကမာၻႀကီးပူေႏြးလာတယ္။ အပူခ်ိန္ေတြက လည္းတက္လာ တယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံကလည္း ကမာၻ႔အပူဆုံးၿမိဳ႕ေတြစာရင္းထဲမွာ ပါလာၿပီေပါ့ေနာ္။ အဲဒါေၾကာင့္ ဘာေတြ သထိထားရမလဲဆိုရင္ အဓိကကေတာ့ အပူေၾကာင့္ျဖစ္တဲ့ေနာက္ဆက္တြဲ အရာေတြေပါ့။ ဒါေတြကို သတိမမူမေနဘဲနဲ႔ သတိ ထားၿပီးေတာ့ ေသခ်ာလိုက္လုပ္ဖို႔လိုတယ္ေပါ့။ အဲဒီထဲမွာ အပူေၾကာင့္ျဖစ္တဲ့ေရာဂါေတြက (၂)ပိုင္းခြဲလို႔ ရပါတယ္။ နံပါတ္ (၁)က ႐ုတ္တရက္ျဖစ္တဲ့ေရာဂါေတြ ေပါ့ေနာ္။ နံပါတ္(၂)ကက်ေတာ့ မိမိတို႔သတိမထားမိ လိုက္တဲ့ဟာေတြရွိ တယ္။ အဲဒါကဘာလဲဆိုေတာ့ ကာလရွည္ၾကာမွ ျဖစ္တဲ့ေရာဂါ။ အဲဒီ(၂)ခ်က္ကို ကြၽန္ေတာ္တို႔ သတိထားဖို႔လိုမယ္။ အခုေလာေလာဆယ္ ေနာက္ဆက္တြဲျဖစ္ႏိုင္တဲ့ဟာေလးေတြကို လူေတြကလြတ္ေနၾကတယ္။ အဲဒီဟာေလးေတြကို ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ ဘာလဲဆိုေတာ့ ေနေရာင္ ျခည္မွာပါတဲ့ UV ေတြကို တိုက္႐ိုက္ထိေတြ႕လို႔ျဖစ္လာတဲ့ ေနာက္ဆက္တြဲေရာဂါေတြေၾကာင့္ ေနပူထဲမွာအလုပ္ လုပ္ေနရတဲ့လူေတြ ခႏၶာကိုယ္မွာ အဝတ္အစားအကာ ေတြမရွိဘဲ နဲ႔ ေနေရာင္နဲ႔ တိုက္႐ိုက္အသားအေရနဲ႔ထိေတြ႕တယ္၊ မ်က္ႏွာနဲ႔ထိေတြ႕တယ္။ ဒါမ်ိဳးေတြဆိုရင္ ၾကာရင္အေရျပား ကင္ဆာလိုဟာမ်ိဳးေတြ ေနေရာင္နဲ႔ (၁၀)ႏွစ္(၁၅)ႏွစ္ထိေတြ႕ရင္ ျဖစ္လာႏိုင္တယ္။ တခ်ိဳ႕နယ္ေတြမွာ ေတာင္သူဦးႀကီး ေတြရဲ႕ မ်က္ႏွာေပၚမွာ မွဲ႔ကင္ဆာလိုဟာမ်ိဳးေတြျဖစ္လာတယ္ ဆိုတာက ေနနဲ႔ထိေတြ႕တာေတြ အမ်ားႀကီးပါတယ္။ အဲဒါေလး Message တစ္ခုေပးခ်င္ပါတယ္။ ေနာက္တစ္ခုက မ်က္လုံးေပါ့။ မ်က္လုံးမွာ တိမ္အမ်ိဳးမ်ိဳးျဖစ္တာကလည္း UV ေတြနဲ႔ တိုက္႐ိုက္ ထိေတြ႕ေနတာေၾကာင့္ ေနာက္ပိုင္းမွာျဖစ္ႏိုင္တယ္ဆို တာေလးက ဒီအင္တာဗ်ဴးကေနတစ္ဆင့္ လူေတြ သတိမထားမိေနတဲ့ Message ေလး တစ္ခုေပး ခ်င္ပါတယ္။ ဒါေလးက ယာေတြေတာေတြေတာင္ ေတြထဲမွာဆို ဒီေနနဲ႔ေတာက္ေလွ်ာက္ထိေတြ႕ေနရတာ ဘာမွမျဖစ္ဘူးလို႔ထင္ေနၾကတာ။ အမွန္တကယ္က ျဖစ္တာကိုမသိလို႔ေပါ့ ေနာ္။ လတ္တေလာ ျဖစ္တဲ့ေရာဂါေတြမျဖစ္ရင္သာရွိမယ္ ၾကာရွည္ျဖစ္ သြားမယ့္ေရာဂါေတြက ကာကြယ္ဖို႔ခက္တယ္။ ေနာက္ေတာ့ လက္တေလာကိစၥကိုေျပာမယ္ေပါ့ေနာ္။ အဲဒါကဘာလဲဆိုေတာ့ ကြၽန္ေတာ္တို႔ ေဆးပညာမွာဆိုရင္ Heat Relate Illness လို႔ေခၚတယ္။ အပူေၾကာင့္ျဖစ္ေသာ ေနမေကာင္းဖ်ားနာမႈမ်ားေပါ့ေနာ္။ အဲဒီမွာအပိုင္း(၃)ပိုင္းခြဲလို႔ရ တယ္။ နံပါတ္(၁)ကေတာ့ Heat Cramps လို႔ေခၚတဲ့ အပူေၾကာင့္ႂကြက္တက္မယ္၊ ေရငတ္မယ္၊ ကိုယ္ေတြပူလာမယ္။ ဒီအ ဆင့္တစ္ဆင့္ရွိတယ္။ ေနာက္တစ္ခု နံပါတ္(၂)ကက်ေတာ့ Heat exhaustion လို႔ေခၚတဲ့ အပူေၾကာင့္ ခႏၶာကိုယ္ရဲ႕ တုံ႔ ျပန္မႈေတြအားနည္းလာတယ္။ ဥပမာ ပူရင္ခႏၶာကိုယ္ကေခြၽးထြက္ရတယ္။ ဒါေပမဲ့ အဲဒီလိုျဖစ္ရင္ ေခြၽးမထြက္ႏိုင္ ေတာ့ဘူး။ ေခြၽးမထြက္ႏိုင္ေတာ့ပဲနဲ႔ ေခြၽးအိတ္ (Sweat Glands) ေတြက အလုပ္မလုပ္ႏိုင္ေတာ့ဘူး။ ဒီလိုအဆင့္ေတြရွိလာ တယ္။ ေနာက္ဆုံးအဆင့္ နံပါတ္(၃)ကေတာ့ Heatstroke ေပါ့။ အဲဒီေကာင္ကေတာ့ အသက္အႏၲရာယ္ရွိႏိုင္တဲ့ အဆင့္ ေပါ့ေနာ္။ အဲဒီလိုအဆင့္(၃)ခုကို ခြဲလို႔ရတယ္။ ဒါေတြကေတာ့ အပူေၾကာင့္ျဖစ္ ႏိုင္တဲ့ေရာဂါေတြပါ။

ေမး- လူတစ္ေယာက္မွာေကာ အပူခ်ိန္နဲ႔ပတ္သက္ ၿပီး ဘယ္ေလာက္အပူခ်ိန္ထိခံႏိုင္ရည္ရွိႏိုင္လဲဆရာ။
ေျဖ- လူတစ္ဦးနဲ႔တစ္ဦးနဲ႔ကေတာ့ အပူခ်ိန္ကိုခံႏိုင္ ရည္အားကေတာ့ကြာတယ္။ ဥပမာ ကေလးေတြနဲ႔ သက္ႀကီး ႐ြယ္အိုေတြ ေနာက္ၿပီး ခႏၶာကိုယ္မွာ ေရာဂါခံရွိတဲ့လူေတြ ဥပမာႏွလုံးေရာဂါရွိတယ္၊ ေသြးတိုးရွိတယ္၊ ဆီးခ်ိဳရွိတယ္။ ဒီလိုလူေတြကေတာ့ သာမန္လူ ေတြေလာက္ အပူကိုမခံႏိုင္ဘူးေပါ့၊ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒီလိုအပူခ်ိန္ေတြမွာ ၄၀ ဒီဂရီေက်ာ္တာနဲ႔ ခႏၶာကိုယ္က အားနည္းလာတယ္။ သာမန္လူေတြက ေတာ့ ခႏၶာကိုယ္ကထိန္းညႇိႏိုင္တဲ့ Equilibrium ေၾကာင့္ အခုနကြၽန္ေတာ္ေျပာတဲ့ ပူရင္ေခြၽးထြက္မယ္ ဒီလိုဟာ ေတြေကာင္းေနေသးတာျဖစ္တဲ့အတြက္ ၄၁၊ ၄၂ ထိေတာ့ ခံႏိုင္ရည္ရွိတယ္။ ဒါေတာင္မွ သူတို႔ လည္းအပူထဲကိုသြားေနမယ္။ ေနာက္ၿပီး အပူရဲ႕ ေနာက္ဆက္တြဲျပႆနာေတြကို ေသခ်ာဂ႐ုမျပဳဘဲ လိုက္နာမႈေတြမလုပ္ဘူး၊ ထိန္းသိမ္းသင့္တာ မထိန္း သိမ္းဘူး၊ ကာကြယ္သင့္တာမကာကြယ္ဘူးဆိုရင္ ေတာ့ သူတို႔လည္းအႏၲရာယ္ရွိႏိုင္တယ္။ ခ်ဳံ႕ေျဖရရင္ေတာ့ လူတစ္ေယာက္နဲ႔တစ္ေယာက္မွာ ခံႏိုင္ရည္ရွိတဲ့အပူခ်ိန္က ကြာတယ္။ ကေလးငယ္ေတြရယ္ အသက္ႀကီးတဲ့လူေတြနဲ႔ ေရာဂါခံရွိတဲ့လူေတြက ပိုၿပီးေတာ့ အပူဒဏ္ကိုမခံစားႏိုင္ဘူး။ အပူနည္းနည္း ေလးတက္တာနဲ႔ ျပႆနာျဖစ္ႏိုင္တယ္။ အၾကမ္းဖ်င္း ေျပာရရင္ေတာ့ ၄၂ ဒီဂရီေလာက္ပဲေကာင္းတယ္ ေပါ့ေနာ္။ ဒီထက္ပိုသြားရင္ေတာ့ သာမန္လူလည္းအပူနဲ႔ပတ္သက္တဲ့ျပႆနာေတြခံစားရႏိုင္တယ္။

ေမး- လက္ရွိအပူခ်ိန္ကလည္းျမင့္တက္ေနေတာ့ ဒီအေျခအေနမွာ က်န္းမာေရးထိခိုက္မႈအေနနဲ႔ အဆိုးဆုံးဘယ္ အေျခအေနထိ ျဖစ္သြားႏိုင္လဲဆရာ
ေျဖ- အခုနေျပာသြားသလိုေပါ့ေနာ္။ အပူေၾကာင့္ ႂကြက္တက္တဲ့ကိစၥေတြ။ အပူေၾကာင့္ဖ်ားတဲ့ကိစၥေတြ။ ဒါေတြက ျမန္မာလိုအလြယ္ေျပာရရင္ေတာ့ အပူရွပ္တာေပါ့။ အပူရွပ္တဲ့ကိစၥေလးေတြကေတာ့ လတ္တေလာကြၽန္ေတာ္တို႔ ေဆးခန္းမွာလည္း ေတြ႕ျမင္ေနရပါတယ္။ ၿပီးေတာ့အျဖစ္မ်ားတယ္ေပါ့ေနာ္။ လူတိုင္းလည္းခံစားရႏိုင္ပါတယ္။ အဲဒီ ျဖစ္စဥ္မွာ လူေတြကမသိေတာ့ အပူထဲကိုဆက္ထြက္မိတယ္။ ဒါမွမဟုတ္လည္း ေျဖေဆးေပါ့။ ဥပမာ ေဆာင္ရန္ ေရွာင္ရန္ေလးေတြ။ ဓာတ္ဆားရည္ေသာက္တာေလးေတြမလုပ္ဘူး ဆိုရင္ေတာ့ Heat exhaustion လို႔ေခၚတဲ့ အဆင့္ကို တက္မယ္။ အဲဒီကမွ ခႏၶာကိုယ္ကိုျပန္လည္ ျဖည့္တင္းတာေတြမလုပ္ျဖစ္ဘူးဆိုရင္။ Heatstroke အပူေၾကာင့္ ေလျဖတ္ တဲ့အဆင့္နဲ႔ အသက္အႏၲရာယ္အေျခအေနထိျဖစ္ႏိုင္ပါတယ္။

ေမး- ဟုတ္ကဲ့ဆရာ အခုေနာက္ပိုင္းအပူရွပ္လို႔ေသ ဆုံးတဲ့လူေတြလည္းေတြ႕ေနရလို႔ အဲဒီအပူရွပ္တာနဲ႔ ပတ္သက္ၿပီး လည္းေျပာျပေပးပါဦးဆရာ။
ေျဖ- အပူရွပ္တယ္ဆိုတာက ကြၽန္ေတာ္တို႔ လူေတြ ခႏၶာကိုယ္မွမဟုတ္ပါဘူး။ သဘာဝတရားႀကီးက ဘာမဆို Sudden Change ေပါ့။ ႐ုတ္တရက္ႀကီး ေျပာင္းလဲတာကိုမႀကိဳက္ဘူး။ ဒါကေတာ့ သဘာဝရဲ႕ ထုံးစံေပါ့ေနာ္။ အရမ္းေနပူတဲ့အခ်ိန္အပင္ေတြကိုေရသြားေလာင္းရင္လည္း အဲဒီအပင္ေသတတ္တယ္ေပါ့ ေနာ္။ အရမ္းေအးတဲ့အခ်ိန္မွာ အပင္ေတြကေရေႏြးနဲ႔ထိေတြ႕လိုက္မိတာတို႔ပဲျဖစ္ျဖစ္ အပူစနစ္တစ္ခုခုနဲ႔ ထိေတြ႕မိလိုက္တာပဲျဖစ္ျဖစ္ အပင္ေတာင္မွ ႐ုတ္တရက္ေျပာင္းလဲမႈဒဏ္ကိုမႀကိဳက္ဘူး။ အဲဒီလိုပဲ ကြၽန္ေတာ္တို႔ခႏၶာကိုယ္ႀကီးက ႐ုတ္တရက္ေျပာင္းလဲ လို႔မရဘူး။ အဲဒီအခ်ိန္မွာ ဘာျဖစ္ၾကလဲဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားျဖစ္ေနတဲ့ အပူရွပ္တဲ့ကိစၥက Aircon ကိစၥေတြေပါ့။ ဥပမာ ကားထဲမွာ Aircon ေတြအရမ္း ေအးၿပီးဖြင့္ထားတယ္။ အျပင္ကေတာ့ေနပူခ်ိန္အရမ္း ပူေနခ်ိန္မွာ ႐ုတ္တရက္ တံခါး ဖြင့္ၿပီး ဆင္းခ်လိုက္တဲ့ အခ်ိန္မွာ ကားေပၚကေနဆင္းဆင္းခ်င္း ပစ္လဲသြားတာတို႔ ဒါမ်ိဳးေတြေတြ႕ရတယ္။ Sudden Temperature Change ကို ခႏၶာကိုယ္က လုံးဝလုပ္လို႔မရဘူး။ ဒါေလးကိုေတာ့ ကြၽန္ေတာ္တို႔ သတိထားဖို႔လိုတယ္။ ဥပမာ ေနပူထဲကျပန္လာတယ္ ေျခေထာက္ေဆးပစ္ လိုက္တယ္။ ေရခဲေရ ေသာက္ပစ္လိုက္တယ္။ ဒါမ်ိဳး ေတြလုပ္လို႔ မရဘူး။ ျဖည္းျဖည္းခ်င္းပဲေျပာင္းလဲသြားမွရမယ္။ အဲဒီလိုပဲ အျပင္ကျပန္လာတဲ့လူေတြကလည္း အိမ္မွာ Aircon ဖြင့္ထား တယ္ဆိုရင္ အိမ္ထဲမဝင္ဘဲနဲ႔ အိမ္ေရွ႕အပင္ေအာက္ေလးမွာ ခဏပဲျဖစ္ျဖစ္။ ကိုယ္အထဲကိုေရာက္ၿပီးမွ Aircon ကိုဖြင့္ တာပဲျဖစ္ျဖစ္ဒီ လိုမ်ိဳးေတြလုပ္သင့္ပါတယ္။ ေနပူထဲကျပန္လာတဲ့လူေတြဆိုရင္လည္း တန္းၿပီးအက်ႌခြၽတ္လိုက္တာမ်ိဳးတို႔ ေျခေထာက္လက္ေထာက္ ေဆးတာမ်ိဳးတို႔ တန္းၿပီးမလုပ္သင့္ပါဘူး။ ေရွ႕ကေျပာခဲ့တာနဲ႔ ျပန္ခ်ိတ္ရမယ္ဆိုရင္ ေနပူထဲက ျပန္လာလို႔ ထြက္ေနတဲ့ေခြၽးေတြက ႐ုတ္တရက္ေအးတာနဲ႔ ထိေတြ႕လိုက္တာေပါ့။ အဲဒီလိုမ်ိဳးကမလုပ္သင့္ဘူး။ ဘာလို႔ဆို ခႏၶာကိုယ္ထဲက အပူခ်ိန္က ထြက္စရာ ဒီတစ္လမ္းပဲရွိတာ။ ေခြၽးထဲကေနပဲထြက္ရမွာ အဲဒီမွာမထြက္ႏိုင္ေတာ့တဲ့အတြက္ အပူေတြကေဆာင့္တက္ၿပီး ေလျဖတ္ၿပီး အသက္ဆုံးရႈံးတဲ့ အထိျဖစ္ႏိုင္ပါတယ္။ ခဏေနၿပီးမွ ေရေဆးတာတို႔ တျခားအက်ႌတစ္ခုနဲ႔ လဲတာတို႔လုပ္သင့္တယ္။ ေနာက္တစ္ခုက ေရွးလူ ႀကီးေတြေျပာသလိုမ်ိဳးပဲ ေခြၽးတိတ္ၿပီးကာမွ ေရခ်ိဳးဆို တာမ်ိဳးေပါ့။ အဲဒီစကားအတိုင္း ေခြၽးတိပတ္ၿပီးမွ ေရခ်ိဳးတာမ်ိဳးေတြေပါ့လုပ္သင့္ပါတယ္။

ေမး- ဟုတ္ကဲ့ဆရာ အပူရွပ္တဲ့အေျခခံလကၡဏာ ေတြကဘာေတြျဖစ္မလဲဆရာ။
ေျဖ- နံပါတ္တစ္က အပူရွပ္လာၿပီဆိုရင္ ခႏၶာကိုယ္က ႂကြက္တက္တဲ့ပုံစံမ်ိဳးေတြ႕ရလိမ့္မယ္။ ေျပာၾကပါတယ္။ အပူထဲကျပန္လာၿပီး ငါအသားေတြနာေနတယ္ ဟိုနားကနာတယ္ ဒီနားကနာတယ္ဆိုရင္ အပူရွပ္ေတာ့မယ္။ ကနဦးကေတာ့ အဲဒါပါပဲ။ အဲဒါကို သတိမထားမိၾကတာပါ။ ေနာက္တစ္ဆင့္ကေတာ့ ေရအရမ္းငတ္လာမယ္။ ေရဘယ္ေလာက္ ေသာက္ ေသာက္ေရမဝဘူးဆိုတဲ့အဆင့္ကိုေရာက္လာမယ္။ ေနာက္တစ္ခုက ပူရင္ေခြၽးထြက္ရမယ့္အစား ေခြၽးသိပ္မထြက္ေတာ့ဘူး။ ေနာက္တစ္ဆင့္ကေတာ့ ဖ်ားနာေပါ့။ ဖ်ားနာဆိုတာက ပုံမွန္ဖ်ားရင္ေခြၽးထြက္ရမယ္။ အခုျဖစ္တာတာ ေခြၽးလုံးဝမထြက္ဘဲနဲ႔ကို ဖ်ားလာမယ္။ ခႏၶာကိုယ္အပူခ်ိန္ေတြတက္လာမယ္ ၿပီးတာနဲ႔ ကေယာင္ကတမ္းေတြေျပာလာ မယ္။ ၿပီးတာနဲ႔ Heatstoke ေပါ့။ ေလျဖတ္တဲ့ကိစၥေတြထိ ျဖစ္လာႏိုင္တယ္။ ဆီးမထြက္ေတာ့ဘူး ေလျဖတ္ေတာ့မယ္။ ၿပီးရင္ေတာ့ အသက္ဆုံးရႈံးတဲ့အထိျဖစ္လာႏိုင္တယ္ေပါ့။ ဒါကေတာ့ သူရဲ႕အဆင့္အတိုင္းသြားတဲ့ လကၡဏာေတြေပါ့။ အပူထဲက ျပန္လာၿပီး ႂကြက္တက္တာတို႔ျဖစ္ခ်င္ေနရင္ေတာ့ ဘာမွမလုပ္နဲ႔ဓာတ္ဆား ေရသာက္ၿပီးေတာ့ အရိပ္ထဲမွာပဲ ေနသင့္တယ္။

ေမး- သက္ႀကီး႐ြယ္အိုေတြဆိုရင္ ဘယ္အသက္ အ႐ြယ္အပိုင္းျခားေလာက္ကအပူဒဏ္ပိုခံစားရႏိုင္လဲ ဆရာ။ ကေလး ငယ္ဆိုရင္ေကာ ဘယ္အသက္ေလာက္က ပိုၿပီးဆိုးဆိုး႐ြား႐ြားခံစားရႏိုင္ပါသလဲဆရာ။
ေျဖ- အဓိကကေတာ့ ျမန္မာႏိုင္ငံရဲ႕ ၂၀၁၄ သန္းေခါင္ စာရင္းအရဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕သက္တမ္းက ေယာက်ာ္းေလးဆိုရင္ (၆၅)အထက္နဲ႔ မိန္းကေလးဆိုရင္ (၆၉)အထက္ေလာက္ထိရွိတယ္။ အဲဒီရဲ႕အသက္ ႀကီးပိုင္းကို ဆိုရင္ေတာ့ အသက္(၆၀)အထက္ကို အၾကမ္းဖ်င္းယူဆလို႔ရတယ္။ ကေလးကေတာ့ရွင္းပါတယ္။ ၁၀ ႏွစ္ေအာက္ ကေလးေတြအကုန္လုံးပါမယ္ေပါ့။ လက္ရွိအေနအထားအရေတာ့ အပူဒဏ္ ခံစားရႏိုင္တာေတာ့ အသက္ႀကီးပိုင္းဆို(၆၀) အထက္နဲ႔ ကေလးဆို ၁၀ႏွစ္ေအာက္ေတြဂ႐ုစိုက္ရမွာေပါ့။

ေမး- အပူေၾကာင့္ ေသဆုံးသူေတြရွိေနေတာ့ အခုႏွစ္ အပူခ်ိန္နဲ႔ဆို ေသဆုံးသူပိုတိုးလာႏိုင္ေျခရွိလားဆရာ။
ေျဖ-ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ အပူေၾကာင့္ ေသဆုံးတာက ပတ္ဝန္းက်င္အပူနဲ႔တိုက္႐ိုက္အခ်ိဳးက်တယ္။ အပူခ်ိန္ျမင့္လာတာနဲ႔အမွ် ေသဆုံးႏႈန္းလည္း တက္လာႏိုင္တယ္။ ေရွ႕ကေျပာခဲ့တဲ့အဆင့္(၃)ဆင့္မွာ Heatstroke လိုအဆင့္ကို ေရာက္သြားၿပီဆိုရင္ ေသဆုံးႏႈန္းက အရမ္းျမင့္တယ္။ (၁၀ဝ)ရာခိုင္ႏႈန္း လို႔ေတာင္ေျပာလို႔ရတယ္။ Heatstroke သာ တကယ္ျဖစ္သြားၿပီဆိုရင္ အသက္ရွင္တာမရွိသေလာက္ပဲ။ အဲဒါေၾကာင့္ အပူခ်ိန္ျမင့္လာတာနဲ႔အမွ် အပူေၾကာင့္ျဖစ္ေသဆုံးႏႈန္းေတြ အပူေၾကာင့္ျဖစ္တဲ့ေရာဂါခံစားရႏႈန္းေတြကလည္း ျမင့္လာမွာပါ။ ဒီႏွစ္လိုႏွစ္မွာ ေသခ်ာ ေပါက္ျမင့္တက္လာမွာ အေသခ်ာပါပဲ။

ေမး- ဟုတ္ကဲ့ဆရာ အခုအပူခ်ိန္ကလည္းအရမ္း ျမင့္တက္လာတယ္ဆရာ။ ဒါေပမဲ့လည္း စားဝတ္ေနေရးအတြက္ ေနပူထဲမွာ မျဖစ္မေန အလုပ္လုပ္ ေနၾကရတဲ့လူေတြလည္းရွိပါတယ္။ အဲဒီအတြက္လည္း ဘယ္လိုလုပ္ေဆာင္ရမလဲ ေျပာေပးပါဦးဆရာ။
ေျဖ- အဓိကကေတာ့ ကာကြယ္မႈေပါ့ေနာ္။ ေရွ႕ကေျပာခဲ့တဲ့ Heat Relate Illness လို႔ေခၚတယ္။ အပူေၾကာင့္ျဖစ္တဲ့ ေနာက္ဆက္တြဲျပႆနာေတြ ကိုကာကြယ္ရမယ့္ တစ္ခုတည္းေသာနည္းကေတာ့ အပူမခံဖို႔ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ႏိုင္ငံ အေနအထားအရ အသက္ေမြးဝမ္းေၾကာင္းအတြက္အလုပ္လုပ္ ေနရတဲ့လူေတြရွိတယ္။ ႐ြာမွာေနတဲ့လူက ျမန္မာႏိုင္ငံ လူဦးေရနဲ႔ယွဥ္ရင္ ၇၀ ရာခိုင္ႏႈန္းနဲ႔ အထက္မွာရွိတယ္။ သူတို႔ေတြက လယ္ယာကိစၥေတြလုပ္ရတယ္။ အဲဒါ ေတြမလုပ္ရ ဘူးဆိုရင္ေတာ့ ႏြားေက်ာင္း၊ ဆိတ္ေက်ာင္းနဲ႔ စသျဖင့္ေပါ့လုပ္ကိုင္ေနၾကရတဲ့အတြက္ ေနေရာင္ျခည္ထိေတြမႈရွိေန တယ္။ အဲဒီလူေတြက ေဆာင္ရန္ေရွာင္ရန္ေလးေတြလိုက္နာသင့္တယ္။ နံပါတ္တစ္ကေတာ့ ျမန္မာ့ထုံးတမ္းဓေလ့အရ အယူအဆအေကာင္းေလးေတြရွိတယ္။ ဥပမာေျပာရရင္ ေနပူထဲသြားရင္ အက်ႌလက္ရွည္ဝတ္ဆိုတာမ်ိဳးေတြေျပာၾက တယ္။ အဲဒါကို အခုေနာက္ပိုင္းလူေတြက ပစ္ပယ္လိုက္ၾကတယ္။ ဒီအက်ႌႀကီးဝတ္ထားရင္ပူမွာပဲဆိုၿပီးေတာ စြပ္က်ယ္နဲ႔သြားတယ္။ တခ်ိဳ႕ဆို အက်ႌမပါဘဲနဲ႔သြားတယ္။ အဲဒါေတြက ျပႆနာတက္တာပါ။ အဲဒါေၾကာင့္ေရွးထုံးေလးေတြ ကိုျပန္က်င့္ဖို႔လိုတယ္။ တစ္ကိုယ္လုံးကိုလုံတဲ့ အဝတ္အစားေတြ ဝတ္ဖို႔လိုတယ္။ ေနာက္ၿပီး အေရာင္ကလည္း အနက္ လိုဟာမ်ိဳးမဟုတ္ဘဲနဲ႔ အပူကိုလြင့္ေစမယ့္ အျဖဴေရာင္တို႔ ေဖ်ာ့ေတာ့ေတာ့အေရာင္ ေတြဝတ္ဖို႔လိုတယ္။ ေနာက္တစ္ခုက ေခါင္းကိုကာကြယ္ဖို႔အတြက္ ဦးထုပ္၊ ထီး ဒါမ်ိဳးေလးေတြေဆာင္းဖို႔လိုတယ္။ ၿပီးတာနဲ႔ အဓိကလိုက္နာရမွာက သဘာဝပတ္ဝန္းက်င္က ပူေနတဲ့အတြက္ ခႏၶာကိုယ္က ဓာတ္ဆား ေတြဆုံးရႈံးေနတာျဖစ္တဲ့အတြက္ ဓာတ္ဆားရည္ ေသာက္ဖို႔လို တယ္။ ဓာတ္ဆားရည္ မရွိရင္ေတာ့ ဆားနဲ႔သၾကားေလးနဲ႔ေဖ်ာ္ၿပီးေတာ့ ပုံမွန္ေရေသာက္ ဖို႔လိုတယ္။ ဘယ္ေလာက္ထိ ေသာက္ဖို႔လိုသလဲဆိုေတာ့ ေခြၽးထြက္ရင္ထြက္သ ေလာက္ေသာက္ဖို႔လိုတယ္။ အနည္းဆုံးတစ္ေန႔ကို ၃လီတာေလာက္ ေသာက္ဖို႔လိုတယ္။ တခ်ိဳ႕က ေရခ်ည္းပဲေသာက္ တယ္။ ခႏၶာကိုယ္ထဲမွ ဓာတ္ဆားရည္ဆုံးရႈံးေနတာ ျဖစ္တဲ့အတြက္ ဓာတ္ဆားရည္ကိုေတာ့ ေသာက္ကို ေသာက္ဖို႔လိုတယ္။ ၿခဳံေျပာရရင္ေတာ့ ေနပူထဲမသြားတာ အေကာင္းဆုံးပဲ။ မျဖစ္မေနသြားရမယ္ဆိုရင္ေတာ့ အကာကြယ္အက်ႌေတြဝတ္ဖို႔လိုတယ္။ ေနာက္တစ္ခုက ေခါင္းပိုင္းေတြျဖစ္တဲ့ ဦးထုပ္တို႔ ေခါင္းပိုင္း ဆိုင္ရာလုံၿခဳံတဲ့အရာေတြဝတ္ဖို႔ လိုတယ္။ ေနာက္ဆုံး တစ္ခုကေတာ့ ဓာတ္ဆားရည္ေသာက္ဖို႔ လိုတယ္။ ဓာတ္ဆားရည္မရရင္ေတာ့ ဆားနဲ႔သၾကားနဲ႔ ေဖ်ာ္ ေသာက္ဖို႔လိုတယ္ေပါ့။ ဒီအခ်က္ကေတာ့ အဓိကေပါ့။

ေမး- လူငယ္ပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ ဘယ္လိုလူမ်ိဳး ေတြက အဲဒီအပူခ်ိန္နဲ႔ပတ္သက္ၿပီး ေသဆုံးႏိုင္ေျခရွိလဲဆရာ။
ေျဖ- လူငယ္ကေတာ့ အပူကိုအမ်ားဆုံးခံစားရႏိုင္တာက အသက္အရမ္းငယ္တဲ့လူနဲ႔ လူႀကီးပိုင္းနဲ႔ ေရာဂါခံ ရွိတဲ့လူေတြေပါ့။ သာမန္လူငယ္ေတြကေတာ့ အပူခ်ိန္ နဲ႔ပတ္သက္ၿပီး ခံႏိုင္ရည္ရွိတဲ့အုပ္စုထဲမွာပါတာ ေပါ့ေနာ္။ ေရာဂါခံရွိတဲ့လူေတြကေတာ့ အပူဒဏ္ကို ပုံမွန္လူေတြထက္ပိုၿပီးခံစားရႏိုင္တာေပါ့။ ဥပမာ ႏွလုံး ေရာဂါခံရွိတဲ့လူေတြနဲ႔ ေသြးတိုးေရာဂါခံရွိတဲ့ လူေတြေပါ့။ ေသြးတိုးေရာဂါခံရွိတဲ့လူေတြက ႐ုတ္တရက္ ေနပူထဲထြက္လိုက္ရင္ ဦးေႏွာက္ေသြးေၾကာျပတ္ၿပီးေတာ့ အသက္ဆုံးရႈံးတာမ်ိဳးေတြျဖစ္ႏိုင္တယ္။ ဆီးခ်ိဳ ေရာဂါရွိတဲ့လူေတြကလည္း နဂိုကမွ ေျခေတြလက္ေတြထုံတယ္တို႔ျဖစ္ေနတာဆိုေတာ့ သူရဲအာ႐ုံေၾကာ System ၊ ခႏၶာကိုယ္ဇီဝကမၼလွည့္ပတ္မႈေတြက ပုံမွန္လူေတြလို မဟုတ္ဘူး။ အဲဒီလိုလူေတြက အပူဒဏ္ကိုခံရၿပီဆို ပိုၿပီးေတာ့ခံရတယ္။ အဲဒီလိုလူေတြကေတာ့ အပူခ်ိန္ ၄၂ အထက္ေရာက္ေနၿပီဆို ဘယ္မွမသြားဘဲ အရိပ္ထဲမွာပဲေနသင့္တယ္။ အိမ္ထဲမွာေနမယ္ ဆိုေပမယ့္လို႔ အျပင္အပူခ်ိန္နဲ႔ သိပ္မကြာတဲ့အပူခ်ိန္မ်ိဳးမွာေနသင့္တယ္။ အရမ္းပူေနတဲ့ အျပင္ကိုေတာ့ လုံးဝမထြက္သင့္ဘူးလို႔ေတာ့ အႀကံေပးခ်င္ပါတယ္။

ေမး- လက္ရွိပူေနတဲ့ စံခ်ိန္တင္အပူခ်ိန္ေၾကာင့္ ျပည္သူေတြကို ဘယ္လိုေနထိုင္ရမလဲဆိုတာေလး ေျပာေပးပါဦး ဆရာ။
ေျဖ- ဒီအပူခ်ိန္ႀကီးကို ႐ုတ္တရက္ခ်ဖို႔ကမလြယ္ဘူးေပါ့ေနာ္။ သဘာဝပတ္ဝန္းက်င္ကို ကုသေရးေတြျပန္ လုပ္မွရမယ္။ အခ်ိန္ဆိုရင္လည္း အမ်ားႀကီးၾကာမယ္။ ေနာင္ ၁၀ႏွစ္ ၁၅ ႏွစ္ေလာက္ၾကာမယ္။ အဲဒါေၾကာင့္ ဒီကာလ ေတြမွာ ကြၽန္ေတာ္တို႔က အပူခ်ိန္ေတြကိုခံ ေနရဦးမွာပဲ။ အဲဒီအပူခ်ိန္ေၾကာင့္ ကြၽန္ေတာ္တို႔မွ ေနာက္ဆက္တြဲျပႆနာ ေတြမျဖစ္ဖို႔အတြက္ ဦးတည္လုပ္ေဆာင္ရမွာေပါ့။ အဲဒီဟာမွာ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ရမွာက နံပါတ္(၁) အရမ္းပူေနတဲ့အပူနဲ႔ ေဝးတဲ့ေနရာမွာေနရမယ္။ အရိပ္ရတဲ့ေနရာေတြ၊ ေလဝင္ေလထြက္ေကာင္းတဲ့ေနရာေတြမွာ ေနရမယ္။ ၿမိဳ႕ေတြကလူေတြကေတာ့ အဲကြန္းရွိရင္ အဲကြန္းခန္းထဲမွာေနေပါ့။ ဒါေပမဲ့ အျပင္အပူခ်ိန္နဲ႔ သိပ္မကြာတဲ့ အခန္းအပူခ်ိန္မွာေတာ့ေနသင့္တာေပါ့။ ေအးတဲ့ အရိပ္ရတဲ့ေနရာေတြမွာေတာ့ ေနသင့္တယ္။ နံပါတ္(၂)ကေတာ့ အျပင္ကိုမျဖစ္ျဖစ္မေနသြားမွရမယ္ဆိုရင္ အခ်ိန္ေလးသတ္မွတ္ၿပီးသြားလာလုပ္ရမယ္။ မနက္ ၁၁ နာရီကေန ညေန ၃ နာရီအတြင္း အျပင္ကို လုံးဝမထြက္သင့္ဘူး။ အဲဒီေရွ႕ပိုင္းနဲ႔ ေနာက္ပိုင္းကိုအလုပ္လုပ္ေပါ့။ အဲဒါကိုမွ မထြက္လို႔မရဘူး ဆိုရင္လည္း ခႏၶာကိုယ္ကို လုံၿခဳံတဲ့အဝတ္အစားဝတ္ ဆင္သြားဖို႔လိုတယ္။ ဦးေခါင္းပိုင္းကာကြယ္ရမယ့္ အကာအကြယ္ တို႔ ဖိနပ္တို႔စီးသင့္တယ္။ ေနာက္တစ္ခုက ဓာတ္ဆားေရ ေသာက္သင့္တယ္။ ေရွာင္ရန္ကိစၥကေတာ့ ေရွ႕ကေျပာခဲ့သလို ေနပူထဲကျပန္လာရင္ အဝတ္တန္းခြၽတ္ တာတို႔။ ေရခ်ိဳးတာတို႔နဲ႔ ေရခဲေရေသာက္တာတို႔ေရွာင္ ၾကဥ္သင့္တယ္။ ေအးတဲ့ ေနရာကေန ပူတဲ့အျပင္ထြက္ မယ္ဆိုရင္လည္း အဲကြန္းခန္းထဲကထြက္မယ္ဆို ၁၅ မိနစ္ေလာက္ေနၿပီးမွ ထြက္သင့္ တယ္။ အပူလြင့္မယ့္ အျဖဴေရာင္နဲ႔ အေရာင္ေဖ်ာ့ေဖ်ာ့အဝတ္အစားေတြ ဝတ္ဆင္သင့္တယ္။

အခုလိုျပည့္ျပည့္စုံစုံေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ခင္ဗ်။

Related news

© 2021. All rights reserved.