ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ အမျိုးသားကင်ဆာရောဂါ (၈)ထပ် ကုသဆောင်တည်ဆောက်ရေးကို ငွေကျပ် (၃၂)ဘီလျံကျော်ဖြင့် အကောင်အထည်ဖော်နေ

294

စော(NP News)- ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ အမျိုးသားကင်ဆာရောဂါ (၈)ထပ် ကုသဆောင်တည်ဆောက်ရေးကို ငွေကျပ် (၃၂)ဘီလျံကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဘီလီယံကျော်ဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ကာ ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူကာ ဆက်လက်ဆောက်လုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်အထိ ဓာတ်ရောင်ခြည် ကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါဆောက်လုပ်လျက်ရှိသည့်လုပ်ငန်းခွင်သို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ (ဇူလိုင် ၂၇ရက်)က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုခဲ့ပြီး သတ်မှတ်အချိန်ကာလအမီ ပြီးစီးစေရေး အင်အားပြည့်ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများအသုံးပြုကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်ရန်တို့ကို ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် အများပြည်သူရုံးပိတ်ရက်တွင် တာဝန်ထမ်းဆောင်၍ ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်လျက်ရှိသည့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္းၿမိဳ႕နယ္)ရွိ အမ်ိဳးသားကင္ဆာေရာဂါ (၈)ထပ္ ကုသေဆာင္တည္ေဆာက္ေရးကို ေငြက်ပ္ (၃၂)ဘီလ်ံေက်ာ္ျဖင့္ အေကာင္အထည္ေဖာ္ေန
ေစာ(NP News)- ဇူလိုင္ ၂၈
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္းၿမိဳ႕နယ္)ရွိ အမ်ိဳးသားကင္ဆာေရာဂါ (၈)ထပ္ ကုသေဆာင္တည္ေဆာက္ေရးကို ေငြက်ပ္ (၃၂)ဘီလ်ံေက်ာ္ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
အဆိုပါ အမ်ိဳးသားကင္ဆာေရာဂါ ကုသေရးဌာနကို ႏိုင္ငံေတာ္၏ခြင့္ျပဳရန္ပုံေငြက်ပ္ ၃၂ ဘီလီယံေက်ာ္ျဖင့္ စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ကာ ရွစ္ထပ္ကုသေဆာင္တည္ေဆာက္ေရးႏွင့္ ဆက္စပ္လုပ္ငန္းမ်ားအား ေဆာက္လုပ္ေရးဝန္ႀကီးဌာန အေဆာက္အဦအထူးအဖြဲ႕(၁)မွ တာဝန္ယူကာ ဆက္လက္ေဆာက္လုပ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ အမ်ိဳးသားကင္ဆာေရာဂါကုသေရးဌာနတြင္ စုစုေပါင္းစက္သုံးလုံးျဖင့္ တစ္ရက္လွ်င္ ကင္ဆာေရာဂါေဝဒနာရွင္ လူနာ ၂၀၀ မွ ၂၅၀ ေက်ာ္အထိ ဓာတ္ေရာင္ျခည္ ကုသမႈေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါေဆာက္လုပ္လ်က္ရွိသည့္လုပ္ငန္းခြင္သို႔ က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းသည္ ယမန္ေန႔ (ဇူလိုင္ ၂၇ရက္)က သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။
ထိုသို႔ၾကည့္ရႈခဲ့ၿပီး သတ္မွတ္အခ်ိန္ကာလအမီ ၿပီးစီးေစေရး အင္အားျပည့္ႀကိဳးပမ္းေဆာင္႐ြက္ေပးၾကရန္၊ အရည္အေသြးျပည့္မီသည့္ ပစၥည္းမ်ားအသုံးျပဳၾကရန္ႏွင့္ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ သတိျပဳေဆာင္႐ြက္ရန္တို႔ကို ေဒါက္တာသက္ခိုင္ဝင္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ကင္ဆာဓာတ္ေရာင္ျခည္ကုသစက္သုံးလုံးျဖင့္ အမ်ားျပည္သူ႐ုံးပိတ္ရက္တြင္ တာဝန္ထမ္းေဆာင္၍ ဓာတ္ေရာင္ျခည္ကုသမႈ ေဆာင္႐ြက္လ်က္ရွိသည့္ အထူးကုဆရာဝန္ႀကီးမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားကို ေတြ႕ဆုံအားေပးစကားေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။