မောင်တော၌ ARSA အဖွဲ့များဝင်လာ၍ AA နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိ

 13607

ပုံစာ - မောင်တော ကျီးကန်းပြင်တိုက်ပွဲမြင်ကွင်း

ထွန်းမွန်သက် (NP News) – မေ ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ARSA အဖွဲ့များဝင်ရောက်လာပြီးနောက် မေလ ၆ ရက်နေ့က AA လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မောင်တောဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထိုကဲ့သို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် မောင်တောမြို့နေ အရပ်သားများသည် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြရကြောင်း သိရသည်။

“မောင်တောမြို့ကို အာဆာဝင်လုံးနေတာ အတည်ပြုလို့ရတယ်။ အာဆာကို မွတ်ဆလင် လူ ကောင်းတွေက မထောက်ခံကြဘူး။ အာဆာဝင်လာရင် သူဋ္ဌေးတွေ ဘဝပျက်မယ်လေ။ ပြန်ပေးဆွဲ ငွေညှစ်လုပ်ကြတယ်။ မွတ်ဆလင်တွေက AA ကိုလည်း မကြိုက်ကြဘူး” ဟု မောင်တောဒေသခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် ငွေကြေးတတ်နိုင်သူများက ရေလမ်းခရီးဖြင့် စစ်တွေသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

လတ်တလော မြေပြင်သတင်းများအရ ရခိုင်ပြည်နယ်အတွင်း၌ ဆန်ဈေး၊ ကြက်ဥဈေးအပါအဝင် အခြေခံစားသောက်ကုန်များမှာ အကြီးအကျယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေမာင္ေတာ၌ ARSA အဖြဲ႕မ်ားဝင္လာ၍ AA ႏွင့္ တိုက္ပြဲျဖစ္ပြားလ်က္ရွိ

ပုံစာ - ေမာင္ေတာ က်ီးကန္းျပင္တိုက္ပြဲျမင္ကြင္း
ထြန္းမြန္သက္ (NP News) – ေမ ၇

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕၌ ARSA အဖြဲ႕မ်ားဝင္ေရာက္လာၿပီးေနာက္ ေမလ ၆ ရက္ေန႔က AA လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေမာင္ေတာေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

ထိုကဲ့သို႔ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္အတြက္ ေမာင္ေတာၿမိဳ႕ေန အရပ္သားမ်ားသည္ ထြက္ေျပးတိမ္းေရွာင္ရန္ ႀကိဳးစားေနၾကရေၾကာင္း သိရသည္။

“ေမာင္ေတာၿမိဳ႕ကို အာဆာဝင္လုံးေနတာ အတည္ျပဳလို႔ရတယ္။ အာဆာကို မြတ္ဆလင္ လူ ေကာင္းေတြက မေထာက္ခံၾကဘူး။ အာဆာဝင္လာရင္ သူေ႒းေတြ ဘဝပ်က္မယ္ေလ။ ျပန္ေပးဆြဲ ေငြညႇစ္လုပ္ၾကတယ္။ မြတ္ဆလင္ေတြက AA ကိုလည္း မႀကိဳက္ၾကဘူး” ဟု ေမာင္ေတာေဒသခံတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ေငြေၾကးတတ္ႏိုင္သူမ်ားက ေရလမ္းခရီးျဖင့္ စစ္ေတြသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကေၾကာင္း သိရသည္။

လတ္တေလာ ေျမျပင္သတင္းမ်ားအရ ရခိုင္ျပည္နယ္အတြင္း၌ ဆန္ေဈး၊ ၾကက္ဥေဈးအပါအဝင္ အေျခခံစားေသာက္ကုန္မ်ားမွာ အႀကီးအက်ယ္ ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.