တရုတ်နိုင်ငံ၊ ရန်ဒန်တောင်မှာ တောင်တက်သူများခြင်းကြောင့် တောင်တက်လမ်းခရီးမှာ နာရီဝက်ကျော် ပိတ်ဆို့မှုဖြစ်

 868

ရောင်နီ (NP News) - မေ ၈

ယခုသီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံ အရှေ့ပိုင်း ရန်ဒန်တောင်မှာ အပျော်တမ်း တောင်တက် သမားအုပ်စုများ သတ်မှတ်ထားတဲ့တောင်တက်လမ်းကြောင်းတစ်လျှောက် ချောက်ကမ်းပါးမှာ တစ်နာရီကျော်ကြာ တွယ်ကပ် ပိတ်မိနေခဲ့ပါတယ်။

အဆိုပါတောင်ပေါ်ကို သတ္တုကြိုးတွေနဲ့တက်ဖို့ စောင့်ဆိုင်းနေစဉ် တောင်ကမ်းပါးယံမှ တွဲလောင်းဖြစ်နေတဲ့ တောင်တက်သမားတွေရဲ့ပုံရိပ်တွေ တရုတ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

"ဒါဟာ အမြင့်ကြောက်တဲ့သူတွေအတွက် ကြောက်စရာဖြစ်ရပ်ပဲ" လို့ တချို့က ဆိုကြပါတယ်။

တောင်တက်သမားအားလုံးဟာ ဦးထုပ်၊ ကြိုးသိုင်းနဲ့ လုံခြုံရေးကိရိယာတွေ ဝတ်ဆင်ထားပါတယ်။ တောင်တက်သမား လက်ခံနိုင်မယ့်အရေအတွက် တွက်ချက်မှု လွဲမှားခြင်းနဲ့ ထိရောက်တဲ့လမ်းကြောင်း ထိန်းချုပ်မှုများ မရှိခြင်းနဲ့ onsite စီမံခန့်ခွဲမှု ချို့ယွင်းချက်တွေကြောင့် တောင်တက်လမ်းကြောင်းမှာ ပိတ်မိနေတာ ဖြစ်တယ်လို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါအခြေအနေကို ကိုင်တွယ်ဖြေရှင်းနေစဉ်အတွင်း လက်မှတ်ရောင်းချမှု ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။ ရန်ဒန်တောင်ဟာ ကျီကျန် ပြည်နယ်၊ ရှန်ဟိုင်းတောင်ဘက် ၄၁၀ ကီလိုမီတာ (၂၅၅ မိုင်) အကွာမှာ ရှိပြီး ၁,၁၅၀ မီတာ (၃,၇၇၃ ပေ) မြင့်ပါတယ်။ ဒါ့အပြင် ရန်ဒန် တောင်ဟာ
ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၂၀၀၁ ခုနှစ်က မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ ရန္ဒန္ေတာင္မွာ ေတာင္တက္သူမ်ားျခင္းေၾကာင့္ ေတာင္တက္လမ္းခရီးမွာ နာရီဝက္ေက်ာ္ ပိတ္ဆို႔မႈျဖစ္
ေရာင္နီ (NP News) - ေမ ၈

ယခုသီတင္းပတ္အေစာပိုင္းက တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္း ရန္ဒန္ေတာင္မွာ အေပ်ာ္တမ္း ေတာင္တက္ သမားအုပ္စုမ်ား သတ္မွတ္ထားတဲ့ေတာင္တက္လမ္းေၾကာင္းတစ္ေလွ်ာက္ ေခ်ာက္ကမ္းပါးမွာ တစ္နာရီေက်ာ္ၾကာ တြယ္ကပ္ ပိတ္မိေနခဲ့ပါတယ္။

အဆိုပါေတာင္ေပၚကို သတၱဳႀကိဳးေတြနဲ႔တက္ဖို႔ ေစာင့္ဆိုင္းေနစဥ္ ေတာင္ကမ္းပါးယံမွ တြဲေလာင္းျဖစ္ေနတဲ့ ေတာင္တက္သမားေတြရဲ႕ပုံရိပ္ေတြ တ႐ုတ္လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ေနခဲ့ပါတယ္။

"ဒါဟာ အျမင့္ေၾကာက္တဲ့သူေတြအတြက္ ေၾကာက္စရာျဖစ္ရပ္ပဲ" လို႔ တခ်ိဳ႕က ဆိုၾကပါတယ္။

ေတာင္တက္သမားအားလုံးဟာ ဦးထုပ္၊ ႀကိဳးသိုင္းနဲ႔ လုံၿခဳံေရးကိရိယာေတြ ဝတ္ဆင္ထားပါတယ္။ ေတာင္တက္သမား လက္ခံႏိုင္မယ့္အေရအတြက္ တြက္ခ်က္မႈ လြဲမွားျခင္းနဲ႔ ထိေရာက္တဲ့လမ္းေၾကာင္း ထိန္းခ်ဳပ္မႈမ်ား မရွိျခင္းနဲ႔ onsite စီမံခန႔္ခြဲမႈ ခ်ိဳ႕ယြင္းခ်က္ေတြေၾကာင့္ ေတာင္တက္လမ္းေၾကာင္းမွာ ပိတ္မိေနတာ ျဖစ္တယ္လို႔ ကုမၸဏီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဆိုပါအေျခအေနကို ကိုင္တြယ္ေျဖရွင္းေနစဥ္အတြင္း လက္မွတ္ေရာင္းခ်မႈ ယာယီရပ္ဆိုင္းထားရတယ္လို႔ သိရပါတယ္။ ရန္ဒန္ေတာင္ဟာ က်ီက်န္ ျပည္နယ္၊ ရွန္ဟိုင္းေတာင္ဘက္ ၄၁၀ ကီလိုမီတာ (၂၅၅ မိုင္) အကြာမွာ ရွိၿပီး ၁,၁၅၀ မီတာ (၃,၇၇၃ ေပ) ျမင့္ပါတယ္။ ဒါ့အျပင္ ရန္ဒန္ ေတာင္ဟာ
ယူနက္စကိုရဲ႕ကမာၻ႔အေမြအႏွစ္ေနရာအျဖစ္ ၂၀၀၁ ခုႏွစ္က မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.