လူပေါင်း (၉၀)ကို (၅၅) နာရီကျော်ကြာ အင်တာဗျူးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ နိုင်ဂျီးရီးယားအမျိုးသမီး

 912

Pika (NP News) - မေ ၈

နိုင်ဂျီးရီးယား အမျိုးသမီးတစ်ဦးဟာ လူပေါင်း(၉၀)ဦးကို (၅၅)နာရီ(၂၄)စက္ကန့်ကြာ အင်တာဗျူးခဲ့ပြီး အရှည်ကြာဆုံး အင်တာဗျူးခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

Clara Chizoba Kronborg သည် YouTube တွင် ‘‘Women’s World Show” ဟု အမည်ပေးထားသည့် စကားပြောပွဲရှိုးတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၂၀၂၂ ခုနှစ်တွင် (၃၇)နာရီနှင့် (၄၄) မိနစ်ကြာ အင်တာဗျူးခဲ့သော ရော့ဘ်အိုလီဗာ၏ ဂင်းနစ် စံချိန်ကို Clara Chizoba Kronborg က ယခုကဲ့သို့ ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အရှည် ကြာဆုံး အင်တာဗျူးပွဲတွင် နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းပိုင်ရှင်များ၊ အကြောင်းအရာ ဖန်တီး သူများနှင့် အခြားနယ်ပယ်များတွင်အောင်မြင်နေသူများကို ယခုကဲ့သို့အောင်မြင်မှုဘယ်လိုရရှိခဲ့သလဲ ဆိုသည့်အချက်ကို မေးမြန်းမှုများလည်းပါဝင်ကြောင်း သိရသည်။

Clara Chizoba Kronborg ‘‘ဒီစံချိန် တင်ကြိုးပမ်းမှုဟာ မတူညီတဲ့လူတွေကိုစုစည်းပြီး သူတို့ရဲ့အကြောင်းအရာတွေကို မျှဝေတာမျိုးနဲ့အတူ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆက်သွယ်မှုတွေကို ပုံဖော်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်ကြိုးစားတဲ့ အမျိုးသမီးတွေရဲ့ အသံတွေနဲ့ ဇာတ်လမ်းတွေကိုအသုံးပြုပြီး အလားတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ တခြားလူတွေကို လှုံ့ဆော်မှုပေးနိုင်ဖို့ပဲဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။ Clara Chizoba Kronborg သည် စပိန်နိုင်ငံ Marbella မြို့တွင် ဆိုက်ကပ်ထားသော ရွက်လှေပေါ်တွင် အဆိုပါ အင်တာဗျူးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၎င်းအနေဖြင့် တစ်နာရီလျှင် အချိန် (၅)မိနစ် နားခွင့်ရရှိကြောင်းလည်းသိရသည်။

အဆိုပါ အင်တာဗျူးပွဲအတွင်း လည်ပင်းနှင့်ခါးနာခြင်း၊အိပ်ငိုက်ခြင်းနှင့် ကြွက်တက်ခြင်းတို့ကို ခံစားခဲ့ရကြောင်းလည်း Clara Chizoba Kronborg က ထုတ်ဖော်ပြောဆိုခဲ့သည်။

zawgyi version
လူေပါင္း (၉၀)ကို (၅၅) နာရီေက်ာ္ၾကာ အင္တာဗ်ဴးခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ ႏိုင္ဂ်ီးရီးယားအမ်ိဳးသမီး
Pika (NP News) - ေမ ၈
ႏိုင္ဂ်ီးရီးယား အမ်ိဳးသမီးတစ္ဦးဟာ လူေပါင္း(၉၀)ဦးကို (၅၅)နာရီ(၂၄)စကၠန႔္ၾကာ အင္တာဗ်ဴးခဲ့ၿပီး အရွည္ၾကာဆုံး အင္တာဗ်ဴးခဲ့ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Clara Chizoba Kronborg သည္ YouTube တြင္ ‘‘Women’s World Show” ဟု အမည္ေပးထားသည့္ စကားေျပာပြဲရႈိးတစ္ခုကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

၂၀၂၂ ခုႏွစ္တြင္ (၃၇)နာရီႏွင့္ (၄၄) မိနစ္ၾကာ အင္တာဗ်ဴးခဲ့ေသာ ေရာ့ဘ္အိုလီဗာ၏ ဂင္းနစ္ စံခ်ိန္ကို Clara Chizoba Kronborg က ယခုကဲ့သို႔ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အရွည္ ၾကာဆုံး အင္တာဗ်ဴးပြဲတြင္ ႏိုင္ငံေရးသမားမ်ား၊ စီးပြားေရးလုပ္ငန္းပိုင္ရွင္မ်ား၊ အေၾကာင္းအရာ ဖန္တီး သူမ်ားႏွင့္ အျခားနယ္ပယ္မ်ားတြင္ေအာင္ျမင္ေနသူမ်ားကို ယခုကဲ့သို႔ေအာင္ျမင္မႈဘယ္လိုရရွိခဲ့သလဲ ဆိုသည့္အခ်က္ကို ေမးျမန္းမႈမ်ားလည္းပါဝင္ေၾကာင္း သိရသည္။

Clara Chizoba Kronborg ‘‘ဒီစံခ်ိန္ တင္ႀကိဳးပမ္းမႈဟာ မတူညီတဲ့လူေတြကိုစုစည္းၿပီး သူတို႔ရဲ႕အေၾကာင္းအရာေတြကို မွ်ေဝတာမ်ိဳးနဲ႔အတူ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ အဓိပၸာယ္ရွိတဲ့ ဆက္သြယ္မႈေတြကို ပုံေဖာ္ႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ အလုပ္ႀကိဳးစားတဲ့ အမ်ိဳးသမီးေတြရဲ႕ အသံေတြနဲ႔ ဇာတ္လမ္းေတြကိုအသုံးျပဳၿပီး အလားတူ စိန္ေခၚမႈေတြကို ရင္ဆိုင္ေနရတဲ့ တျခားလူေတြကို လႈံ႕ေဆာ္မႈေပးႏိုင္ဖို႔ပဲျဖစ္ပါတယ္” ဟုေျပာဆိုခဲ့သည္။ Clara Chizoba Kronborg သည္ စပိန္ႏိုင္ငံ Marbella ၿမိဳ႕တြင္ ဆိုက္ကပ္ထားေသာ ႐ြက္ေလွေပၚတြင္ အဆိုပါ အင္တာဗ်ဴးကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ၎အေနျဖင့္ တစ္နာရီလွ်င္ အခ်ိန္ (၅)မိနစ္ နားခြင့္ရရွိေၾကာင္းလည္းသိရသည္။

အဆိုပါ အင္တာဗ်ဴးပြဲအတြင္း လည္ပင္းႏွင့္ခါးနာျခင္း၊အိပ္ငိုက္ျခင္းႏွင့္ ႂကြက္တက္ျခင္းတို႔ကို ခံစားခဲ့ရေၾကာင္းလည္း Clara Chizoba Kronborg က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.