စိတ်ကြိုက်ဒီဇိုင်းဆင်ထားတဲ့ ခေါင်းတလားပုံစံကားကို အမေရိကန်ဒေါ်လာ ၃ သောင်းနီးပါးဖြင့် လေလံတင်ရောင်းချ

 2206

Pika (NP News) - မေ ၈

အမေရိကန်နိုင်ငံတွင် ကိုယ်ပိုင်စိတ်ကြိုက် ဒီဇိုင်းဆင်ထားသော ခေါင်းတလားပုံစံကားကို အမေရိကန်ဒေါ်လာ(၂၈၇၅၀)ဖြင့် လေလံတင်ရောင်းချခဲ့ပြီး ၎င်း၏ထူးခြားသောပုံစံကြောင့် နာမည်ကြီး သွားခဲ့ကြောင်းသိရသည်။

၁၉၆၅ ခုနှစ်တွင် စတင်ပြသခဲ့သော ရုပ်ရှင်စီးရီး The Munsters တွင် ပြသခဲ့ သည့် Drag-U-La coffin car ပုံစံဖန်တီးထားသော ခေါင်းတလားပုံစံကားကို (၈) ပေရှိသော ဖိုက်ဘာမှန် များဖြင့် ကိုယ်ပိုင်စိတ်ကြိုက်ဖန်တီးထားခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ယာဉ်မောင်း အတွက် ထိုင်ခုံနေရာကို ခေါင်းတလား၏ နောက်ဆုံးဘက်တွင် ထည့်သွင်းထားကြောင်းလည်းသိရသည်။ အဆိုပါ ခေါင်းတလားပုံစံကို ကား၏နောက်ဘီးများကို ပြိုင်ကားဘီးများ အသုံးပြုထားကာ ဒေါင်လိုက်ထွက် နေသော အိတ်ဇောပိုက်များနှင့် မီးအိမ်ပုံစံမီးခွက် တို့လည်းပါဝင်ပြီး နယူးယောက်မြို့တွင် ၁၉၂၈ Ford မော်ဒယ်အဖြစ် မှတ်ပုံတင်ထားကာ တရားဝင်လိုင်စင် နံပါတ်ပြားရှိကြောင်းလည်း သိရသည်။

ယာဉ်မောင်းခန်းသည် အပြာရောင်ကူရှင်ဖြင့် ဒီဇိုင်းထွင်ထားသော ထိုင်ခုံအသေးစားတစ်ခုဖြစ်ပြီး Chevrolet V8 အင်ဂျင်ကို ကိုယ်ထည်ဗဟို၏အနောက်ဘက်တွင် တပ်ဆင်ထားကြောင်းလည်းသိရသည်။ အဆိုပါ ခေါင်းတလားပုံစံကားတွင် ဂီယာဘောက်စ်အတွက် GM TH350 အော်တိုဂီယာကို ထည့်သွင်း အသုံးပြုထား သည်။ ဆီတိုင်ကီ ကို ကိုယ်ထည်ဗဟို၏ အရှေ့ပိုင်းတွင် ထည့်ထားပြီး R.I.P ဟုရေးသားထားသော ကျောက်စာတိုင်ကို အရှေ့ဆုံးတွင် တပ်ဆင်ထားသည်။ အဆိုပါ ခေါင်းတလားပုံစံကားကို ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်ဒေါ်လာ(၂၈၇၅၀) ဖြင့်ရောင်းချခဲ့ပြီး အမျိုးမျိုးသောပွဲများတွင် အနိုင်ရရှိခဲ့ဖူးသော ဆုများနှင့်အတူ လေလံတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
စိတ္ႀကိဳက္ဒီဇိုင္းဆင္ထားတဲ့ ေခါင္းတလားပုံစံကားကို အေမရိကန္ေဒၚလာ ၃ ေသာင္းနီးပါးျဖင့္ ေလလံတင္ေရာင္းခ်
Pika (NP News) - ေမ ၈

အေမရိကန္ႏိုင္ငံတြင္ ကိုယ္ပိုင္စိတ္ႀကိဳက္ ဒီဇိုင္းဆင္ထားေသာ ေခါင္းတလားပုံစံကားကို အေမရိကန္ေဒၚလာ(၂၈၇၅၀)ျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ၿပီး ၎၏ထူးျခားေသာပုံစံေၾကာင့္ နာမည္ႀကီး သြားခဲ့ေၾကာင္းသိရသည္။

၁၉၆၅ ခုႏွစ္တြင္ စတင္ျပသခဲ့ေသာ ႐ုပ္ရွင္စီးရီး The Munsters တြင္ ျပသခဲ့ သည့္ Drag-U-La coffin car ပုံစံဖန္တီးထားေသာ ေခါင္းတလားပုံစံကားကို (၈) ေပရွိေသာ ဖိုက္ဘာမွန္ မ်ားျဖင့္ ကိုယ္ပိုင္စိတ္ႀကိဳက္ဖန္တီးထားျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ယာဥ္ေမာင္း အတြက္ ထိုင္ခုံေနရာကို ေခါင္းတလား၏ ေနာက္ဆုံးဘက္တြင္ ထည့္သြင္းထားေၾကာင္းလည္းသိရသည္။ အဆိုပါ ေခါင္းတလားပုံစံကို ကား၏ေနာက္ဘီးမ်ားကို ၿပိဳင္ကားဘီးမ်ား အသုံးျပဳထားကာ ေဒါင္လိုက္ထြက္ ေနေသာ အိတ္ေဇာပိုက္မ်ားႏွင့္ မီးအိမ္ပုံစံမီးခြက္ တို႔လည္းပါဝင္ၿပီး နယူးေယာက္ၿမိဳ႕တြင္ ၁၉၂၈ Ford ေမာ္ဒယ္အျဖစ္ မွတ္ပုံတင္ထားကာ တရားဝင္လိုင္စင္ နံပါတ္ျပားရွိေၾကာင္းလည္း သိရသည္။

ယာဥ္ေမာင္းခန္းသည္ အျပာေရာင္ကူရွင္ျဖင့္ ဒီဇိုင္းထြင္ထားေသာ ထိုင္ခုံအေသးစားတစ္ခုျဖစ္ၿပီး Chevrolet V8 အင္ဂ်င္ကို ကိုယ္ထည္ဗဟို၏အေနာက္ဘက္တြင္ တပ္ဆင္ထားေၾကာင္းလည္းသိရသည္။ အဆိုပါ ေခါင္းတလားပုံစံကားတြင္ ဂီယာေဘာက္စ္အတြက္ GM TH350 ေအာ္တိုဂီယာကို ထည့္သြင္း အသုံးျပဳထား သည္။ ဆီတိုင္ကီ ကို ကိုယ္ထည္ဗဟို၏ အေရွ႕ပိုင္းတြင္ ထည့္ထားၿပီး R.I.P ဟုေရးသားထားေသာ ေက်ာက္စာတိုင္ကို အေရွ႕ဆုံးတြင္ တပ္ဆင္ထားသည္။ အဆိုပါ ေခါင္းတလားပုံစံကားကို ၿပီးခဲ့သည့္ သီတင္းပတ္တြင္ အေမရိကန္ေဒၚလာ(၂၈၇၅၀) ျဖင့္ေရာင္းခ်ခဲ့ၿပီး အမ်ိဳးမ်ိဳးေသာပြဲမ်ားတြင္ အႏိုင္ရရွိခဲ့ဖူးေသာ ဆုမ်ားႏွင့္အတူ ေလလံတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.