စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ဆိုက်ကပ်သည့်နိုင်ငံတွင် သင်္ဘောပေါ်မှဆင်းပြေးသည့် သင်္ဘောသားဦးရေ ပိုမိုများပြားလာဟုဆို

 369

Pearl(NP News) - မေ ၉

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ဆိုက်ကပ်သည့်နိုင်ငံတွင် သင်္ဘောပေါ်မှဆင်းပြေးသည့် သင်္ဘောသားဦးရေပမာဏ ပိုမိုများပြားလာကြောင်း သင်္ဘောသားများအရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်နေသူတစ်ဦးက NP News ကို ပြောသည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် မြန်မာသင်္ဘောသားများ သင်္ဘောပေါ်မှ ပြေး သည့်ဖြစ်စဉ်များ ဖြစ်ပွားလာပြီး ယခုနောက်ပိုင်းတွင် ထိုကဲ့သို့ပြေးသည့် ဖြစ်စဉ်များ ပိုမို များပြား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ‘အစောပိုင်းမှာလည်း သင်္ဘောပေါ်ကနေ ဆင်းပြေးတာရှိတယ်။ အခုနောက်ပိုင်းကျတော့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာ ဆင်းပြေးတဲ့အမှုတွေ ပိုတိုးပွားလာ ပြီးတော့ လူဦးရေပိုများလာတာကို သုံးသပ်လေ့လာတွေ့ရှိရတယ်။ လွန်ခဲ့တဲ့ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ မှာ သင်္ဘောပေါ်က ဆင်းပြေးသွားတဲ့ သင်္ဘောသားဦးရေနဲ့ ၂၀၂၄ခုနှစ် အခု (၄)လပိုင်းအတွင်းပေါ့နော် သင်္ဘောပေါ်ကဆင်းပြေးသွားတဲ့ လူဦးရေနဲ့ယှဉ်ရင် လူဦးရေက အတူတူဖြစ်နေတယ်’ ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာသင်္ဘောသားများသည် အမေရိကန်နိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ ကိုရီးယားနိုင်ငံနှင့် ဥရောပနိုင်ငံများအရောက်တွင် အများဆုံးပြေးလေ့ ရှိကြောင်းလည်း သိရသည်။

‘ဆင်းပြေးတဲ့လူကိုတော့ ဘာမှတော့ မပြောလိုဘူး။ သူ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်း အတွက် လမ်းမှာဆင်းပြေးသွားတာပေါ့နော်။ သို့သော် ပြဿနာက ဘာရှိလဲဆိုတော့ ဆင်းပြေးသွားတာ ဖြစ်တဲ့အတွက် သင်္ဘောသားဘဝကို အသက်မွေးဝမ်းကျောင်းအဖြစ်ဆက်လက်ခံယူမယ့် လူတွေပေါ်မှာ မလိုလားအပ်တဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ မည်သည့်နိုင်ငံရဲ့ အစိုးရမဆို မြန်မာသင်္ဘောသား ဆင်းပြေးတယ်လို့ယူဆမှာ မဟုတ်ဘူးလေ။ ငါတို့နိုင်ငံထဲကို မြန်မာလူမျိုး ဆင်းပြေးတယ်လို့ပဲ ဖြစ်လာ မှာပေါ့နော်။ မြန်မာလူမျိုးဆင်းပြေးတယ်လို့ ယူဆလာရင် အလုပ်ရှင်တွေ ဘာတွေးလာမလဲဆိုရင် ငါတို့ မြန်မာလူမျိုးကိုခန့်လို့ ဆင်းပြေးရင် ငါတို့တော့ ဒီကိစ္စနဲ့ပတ်သက်ရင် နောက်ဆက်တွဲကိစ္စတွေ ရှင်းလင်း ရမယ်ဆိုတဲ့အတွေး ရှိလာမှာပေါ့နော်။ နောက်ဆက်တွဲတွေ ရှိလာမယ်ပေါ့လေ’ ဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်များအပါအဝင် အခြားဖြစ်စဉ်များကြောင့် သင်္ဘောသားအသစ်များကို ခေါ်ယူမှုတွင် ယခင်ထက်လျော့နည်းနေပြီး ဥရောပ နိုင်ငံရှိ သင်္ဘောပိုင်ရှင်များထက် အရှေ့တိုင်းရှိ သင်္ဘောပိုင်ရှင်များမှ မြန်မာလူမျိုးများကို ပိုမိုခေါ်ယူလျက်ရှိနေကြောင်းလည်း သိရသည်။

zawgyi version
စစ္မႈထမ္းဥပေဒျပ႒ာန္းၿပီးေနာက္ ဆိုက္ကပ္သည့္ႏိုင္ငံတြင္ သေဘၤာေပၚမွဆင္းေျပးသည့္ သေဘၤာသားဦးေရ ပိုမိုမ်ားျပားလာဟုဆို
Pearl(NP News) - ေမ ၉

စစ္မႈထမ္းဥပေဒျပ႒ာန္းၿပီးေနာက္ ဆိုက္ကပ္သည့္ႏိုင္ငံတြင္ သေဘၤာေပၚမွဆင္းေျပးသည့္ သေဘၤာသားဦးေရပမာဏ ပိုမိုမ်ားျပားလာေၾကာင္း သေဘၤာသားမ်ားအေရးကို ထဲထဲဝင္ဝင္ ေဆာင္႐ြက္ေနသူတစ္ဦးက NP News ကို ေျပာသည္။

ကိုဗစ္ကပ္ေရာဂါျဖစ္ပြားၿပီးေနာက္ပိုင္းတြင္ ျမန္မာသေဘၤာသားမ်ား သေဘၤာေပၚမွ ေျပး သည့္ျဖစ္စဥ္မ်ား ျဖစ္ပြားလာၿပီး ယခုေနာက္ပိုင္းတြင္ ထိုကဲ့သို႔ေျပးသည့္ ျဖစ္စဥ္မ်ား ပိုမို မ်ားျပား လာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ ‘အေစာပိုင္းမွာလည္း သေဘၤာေပၚကေန ဆင္းေျပးတာရွိတယ္။ အခုေနာက္ပိုင္းက်ေတာ့ စစ္မႈထမ္းဥပေဒထုတ္ျပန္ၿပီးတဲ့ေနာက္မွာ ဆင္းေျပးတဲ့အမႈေတြ ပိုတိုးပြားလာ ၿပီးေတာ့ လူဦးေရပိုမ်ားလာတာကို သုံးသပ္ေလ့လာေတြ႕ရွိရတယ္။ လြန္ခဲ့တဲ့ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ မွာ သေဘၤာေပၚက ဆင္းေျပးသြားတဲ့ သေဘၤာသားဦးေရနဲ႔ ၂၀၂၄ခုႏွစ္ အခု (၄)လပိုင္းအတြင္းေပါ့ေနာ္ သေဘၤာေပၚကဆင္းေျပးသြားတဲ့ လူဦးေရနဲ႔ယွဥ္ရင္ လူဦးေရက အတူတူျဖစ္ေနတယ္’ ဟု ၎က ေျပာသည္။

ထို႔ျပင္ ျမန္မာသေဘၤာသားမ်ားသည္ အေမရိကန္ႏိုင္ငံ ၊ ဂ်ပန္ႏိုင္ငံ ၊ ကိုရီးယားႏိုင္ငံႏွင့္ ဥေရာပႏိုင္ငံမ်ားအေရာက္တြင္ အမ်ားဆုံးေျပးေလ့ ရွိေၾကာင္းလည္း သိရသည္။

‘ဆင္းေျပးတဲ့လူကိုေတာ့ ဘာမွေတာ့ မေျပာလိုဘူး။ သူ႔ဘဝ တိုးတက္ရာ တိုးတက္ေၾကာင္း အတြက္ လမ္းမွာဆင္းေျပးသြားတာေပါ့ေနာ္။ သို႔ေသာ္ ျပႆနာက ဘာရွိလဲဆိုေတာ့ ဆင္းေျပးသြားတာ ျဖစ္တဲ့အတြက္ သေဘၤာသားဘဝကို အသက္ေမြးဝမ္းေက်ာင္းအျဖစ္ဆက္လက္ခံယူမယ့္ လူေတြေပၚမွာ မလိုလားအပ္တဲ့ ႐ိုက္ခတ္မႈေတြ ျဖစ္ေပၚလာႏိုင္တယ္။ မည္သည့္ႏိုင္ငံရဲ႕ အစိုးရမဆို ျမန္မာသေဘၤာသား ဆင္းေျပးတယ္လို႔ယူဆမွာ မဟုတ္ဘူးေလ။ ငါတို႔ႏိုင္ငံထဲကို ျမန္မာလူမ်ိဳး ဆင္းေျပးတယ္လို႔ပဲ ျဖစ္လာ မွာေပါ့ေနာ္။ ျမန္မာလူမ်ိဳးဆင္းေျပးတယ္လို႔ ယူဆလာရင္ အလုပ္ရွင္ေတြ ဘာေတြးလာမလဲဆိုရင္ ငါတို႔ ျမန္မာလူမ်ိဳးကိုခန႔္လို႔ ဆင္းေျပးရင္ ငါတို႔ေတာ့ ဒီကိစၥနဲ႔ပတ္သက္ရင္ ေနာက္ဆက္တြဲကိစၥေတြ ရွင္းလင္း ရမယ္ဆိုတဲ့အေတြး ရွိလာမွာေပါ့ေနာ္။ ေနာက္ဆက္တြဲေတြ ရွိလာမယ္ေပါ့ေလ’ ဟု ၎က ဆက္လက္ ေျပာသည္။

လက္ရွိတြင္ အဆိုပါ ျဖစ္စဥ္မ်ားအပါအဝင္ အျခားျဖစ္စဥ္မ်ားေၾကာင့္ သေဘၤာသားအသစ္မ်ားကို ေခၚယူမႈတြင္ ယခင္ထက္ေလ်ာ့နည္းေနၿပီး ဥေရာပ ႏိုင္ငံရွိ သေဘၤာပိုင္ရွင္မ်ားထက္ အေရွ႕တိုင္းရွိ သေဘၤာပိုင္ရွင္မ်ားမွ ျမန္မာလူမ်ိဳးမ်ားကို ပိုမိုေခၚယူလ်က္ရွိေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.