ရေငုပ်သင်္ဘောများတွင် တရုတ်အင်ဂျင်များ တပ်ဆင်ထားသည်ဟု ထိုင်းနိုင်ငံငြင်းပယ်သော်လည်း ပါကစ္စတန်လက်ခံ

 3186

Htay Oung (NP News) - မေ ၉

မကြာသေးမီ ပါကစ္စတန်ရေတပ်မှာ တရုတ်နိုင်ငံရဲ့ “ဟန်ဂေါ်-အတန်းအစား” ရေငုပ်သင်္ဘောက ပထမဆုံးအကြိမ်အဖြစ် တပ်တော်ဝင်လာခဲ့ကြောင်းတွေ့ရှိရပါတယ်။ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကမ္ဘာ့ပဉ္စမမြောက် လူဦးရေအများဆုံး တိုင်းပြည်ရဲ့ ရေတပ်စွမ်းရည်ကို မြှင့်တင်ရာမှာ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် မှတ်တိုင်တစ်ခု တိုးလာခဲ့တယ်လို့ စစ်ရေးပထဝီနိုင်ငံရေးဖြစ်စဉ်များကို လေ့လာနေတဲ့ “ယူရေးရှားတိုင်းမ်” သတင်းဝဘ်ဆိုက်က မေလ ၇ ရက်ကရေးသားပါတယ်။

တရုတ်နဲ့ ပါကစ္စတန်ရေတပ်တို့ အကျိုးတူပူးပေါင်းမှုအရ ဟန်ဂေါ်အတန်းအစား ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၈ စင်းအထိ တည်ဆောက်ရန် စီစဉ်ထားပါတယ်။ တစ်နာရီလျှင် ရေမိုင် ၂၀ နှုန်း ခုတ်မောင်းနိုင်မယ့် အဆင့်မြင့်ရေငုပ်သင်္ဘောများကို ဝယ်ယူဖြည့်တင်းခြင်းဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ အာရေဗျပင် လယ်ရှိ အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ စစ်အင်အားကို မြှင့်တင်ရန် စီစဉ်ထားပါတယ်။

ပါကစ္စတန်အတွက် ရေငုပ်သင်္ဘောများ ရေချခြင်း အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကျင်းပခဲ့ပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ပါကစ္စတန်ရေတပ်ဦးစီးချုပ်က စီမံကိန်းရဲ့ တိုးတက်မှုအပေါ် ကျေနပ်အားရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ထိန်း သိမ်းရာမှာ ရေငုပ်သင်္ဘောများရဲ့ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။

အဲဒီ ရေငုပ်သင်္ဘောတွေဟာ ၂၀၁၅- ခုနှစ် ပါကစ္စတန်နိုင်ငံကို သမ္မတ ရှီကျင့်ဖျင် သွားးရောက်လည်ပတ်စဉ် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်အရ တရုတ်နိုင်ငံ “ချိုင်းနား ရေယာဉ်တည်ဆောက်ရေး စက်မှု ကော်ပိုရေးရှင်း” “ကော့စ်ကို” COSCO က ဒီဇိုင်းရေးဆွဲ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောရဲ့ ပင်မအင်ဂျင် ၄-လုံးနေရာမှာ ဂျာမန်အင်ဂျင်များကို တပ်ဆင်ပေးဖို့ ကနဦး စီစဉ်ခဲ့ကြပေမယ့် လက်ရှိမှာတော့ တ ရုတ်အင်ဂျင်များ ဖြစ်ပုံရပါတယ်။ အင်ဂျင်များအတွက် တင်ပို့ခွင့်လိုင်စင်ပေးရန် ဂျာမနီနိုင်ငံက ငြင်းဆိုမှုကြောင့် တရုတ်ထံမှ ရေငုပ်သင်္ဘောဝယ်ယူမယ့် ထိုင်းနိုင်ငံနဲ့ အလားတူသဘောတူညီချက်ကတော့ ပျက်ပြားသွားခဲ့ပါတယ်။

ကော့စ်ကိုရဲ့ ညှိနှိုင်းချက်ကြောင့် ထိုင်းနဲ့တရုတ် စစ်ဘက်အရာရှိများအကြား အလေးအနက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်လုပ်အင်ဂျင်အရည်အသွေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုများကြောင့် နောက်ဆုံး မှာ ထိုင်းနိုင်ငံက ငြင်းပယ်ခဲ့ပါတယ်။ ရေငုပ်သင်္ဘောအစား အဲ့ဒီ ငွေကြေးပမာဏနဲ့ တူညီတဲ့ ဖရီဂိတ်စစ်သင်္ဘာ ကိုသာ တည်ဆောက်ပေးဖို့ ဘန်ကောက်က ပြင်ဆင်ကမ်းလှမ်းခဲ့ပါတယ်။

ဂျာမနီအနေနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်အတွက် အင်ဂျင်အမျိုးအစားအချို့ တင်ပို့မှု ကို ခွင့်ပြုနိုင်ဖွယ်ရှိတာကြောင့် ကမ္ဘာ့ထိပ်တန်းအမေရိကန်နိုင်ငံထက် စစ်သင်္ဘာပိုင်ဆိုင်မှု အရေအတွက်မှာ သာလွန်သွားတဲ့ အာရှတိုက် နျူလက်နက်ပိုင် စစ်အင်အားကြီးနိုင်ငံမှာ ဥရောပစက်မှုနိုင်ငံကြီးရဲ့ နည်းပညာများ ရောက်ရှိနေခြင်းအပေါ် စိုးရိမ်မှုများ ရှိနေပါတယ်။

ဟန်ဂေါ်အတန်းအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေဟာ ဆူညံသံလျှော့ချရေးနည်းလမ်းများနဲ့ အဆင့်မြင့် နည်းပညာများကြောင့် အလွန်တိတ်ဆိတ်ပြီး ရေအောက်မှာ ငုပ်လျှိုးနေစဉ် ထောက်လှမ်းရှာဖွေရန် ခက်ခဲ ကြောင်း၊ ရှုတ်ထွေးတဲ့ ခေတ်ပေါ်စစ်ယန္တရားစံနစ်များကို ထပ်မံတပ်ဆင်နိုင်အောင် တည်ဆောက်ထားတယ်လို့ အိန္ဒိယလေတပ် ဝါရင့် စစ်မှုထမ်းဟောင်းတစ်ဦးက ရှင်းပြခဲ့ပါတယ်။

ပါကစ္စတန်တွေ ခေါင်းညိတ်ခဲ့တဲ့ ရေငုပ်သင်္ဘောမှာ လေမှီခို-ရောမွှေစွမ်းအင်သုံး CSOC CHD620 ဒီဇယ်အင်ဂျင် ၄-လုံး တပ်ဆင်ထားတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ရေအောက် ဖိအားခံနိုင်ရည်ကို မြှင့်တင်တည် ဆောက်ထားပြီး ဗျူဟာမြောက် ခေတ်မီလက်နက်စနစ်များကို တပ်ဆင်ထားနိုင်ပါလိမ့်မယ်။

အဆင့်မြင့်နည်းပညာများ တပ်ဆင်ထားတဲ့ ပါကစ္စတန်ရဲ့ ဟန်ဂေါ်အတန်းအစား ရေငုပ်သင်္ဘောအသစ်များဟာ အိန္ဒိယရဲ့ လက်ရှိရေငုပ်သင်္ဘောများထက် သာလွန် ကောင်းမွန်စေမှာ မလွဲပါဘူး။ အကယ်၍ အိန္ဒိယအနေနဲ့ ရေငုပ်သင်္ဘောအသစ်များကို အချိန်မီ မရရှိနိုင်ခဲ့လျှင် သူ့နိုင်ငံရေတပ်မတော်ရဲ့ ကာကွယ်တိုက်ခိုက်ရေး စွမ်း ရည်မှာလည်း အားနည်းသွားဖို့သာ ရှိပါတယ်။

အထူးသဖြင့် ပါကစ္စတန်က တရုတ်ထံမှ ရရှိမယ့် ဟန်ဂေါ်အတန်းအစား ရေငုပ်သင်္ဘော ၈-စီးမှာ ၄-စီးကို တရုတ်နိုင်ငံအတွင်း တည်ဆောက်ပေးမှာဖြစ်ပြီး ကျန် ၄-စီးကို ပါကစ္စတန်ရေတပ်မတော် လက်အောက်ခံ “ကရာချိ သင်္ဘောကျင်းနှင့် အင်ဂျင်နီယာလုပ်ငန်း လီမီတက်” (KS&EW) က နည်းပညာ လွှဲပြောင်းရယူခြင်း (ToT) စနစ်နဲ့ တစ်ပြိုင်နက်တည်း တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောများရဲ့ လက်အောက်ခံ စနစ် များနဲ့ ထိမှန်မှု တိကျတဲ့ လက်နက်စနစ်များအကြောင်း အသေးစိတ်အချက်အလက်များကို ပါကစ္စတန် ရေတပ် က ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် ရေငုပ်သင်္ဘောမှပစ်လွှတ်နိုင်တဲ့ ခရုဇ်ဒုံးကျည် (SLCM) များကို တပ် ဆင်ထားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဟန်ဂေါ်အတန်းအစားရေငုပ်သင်္ဘောများဟာ ရေဖိအားဒဏ်ကို ကောင်းစွာခံနိုင်တဲ့အတွက် ရေနက်ပိုင်း ငုပ်လျှိုး နိုင်ပြီး တစ်ကြိမ်လျှင် ၁၀-ရက်မှ ၁၄-ရက်အထိ ရေအောက်မှာ ဆက်တိုက် ပုန်းကွယ်နေနိုင်ကြပါတယ်။ ဒီလို စွမ်းရည်ဟာ သမားရိုးကျ ဒီဇယ်စွမ်းအင်သုံး ရေယာဉ်များရဲ့ ပုံမှန်ငုပ်လျှိုးချိန် ၄၈ နာရီ ထက် အဆမတန် သာ လွန်နေပါတယ်။ အဲ့ဒါကြောင့် ပါကစ္စတန်ရေတပ်အနေနဲ့ ရှုတ်ထွေးနက်နဲတဲ့ တိုက်ခိုက်မှု စွမ်းရည်ကို သိသာ ထင်ရှားစွာ ပိုင်ဆိုင်လာပါလိမ့်မယ်။

ဒီအချက်ဟာ သမိုင်းဝင် ရန်ဘက် နှစ်နိုင်ငံကြား ရေငုပ်သင်္ဘော စွမ်းရည် ကွာဟချက် ကြီးထွားလာမှု အမှတ် အသား ဖြစ်လာပါတယ်။ ပါကစ္စတန်ရေတပ်မတော်တပ်ဖွဲ့များကို တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ အိန္ဒိယသမုဒ္ဒရာ အတွင်း နယူးဒေလီရဲ့ လွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်ကြောင်းလည်း ထင်ရှားလာပါတယ်။ ဟန်ဂေါ်အတန်း အစား ရေငုပ်သင်္ဘောများကို ထုတ်ဖော် ပြသလိုက်ခြင်းဟာ အိန္ဒိယအပေါ် ဖိအားပေးရန် တရုတ်ရဲ့ ဗျူဟာ မြောက် လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့ သူ့ရဲ့ ရေငုပ်သင်္ဘောများကို အဆင့်မြှင့်တင်ရန် လိုအပ် လာပြီး အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ နည်းပညာသစ်များနဲ့ အညီဖြစ်စေဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။

(Eurasia Times., 7 May 2024,” Rejected By Thailand, Pakistan’s Hangor-Class Submarines, Powered By Chinese Engines, Threat To India?” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်)

zawgyi version
ေရငုပ္သေဘၤာမ်ားတြင္ တ႐ုတ္အင္ဂ်င္မ်ား တပ္ဆင္ထားသည္ဟု ထိုင္းႏိုင္ငံျငင္းပယ္ေသာ္ လည္း ပါကစၥတန္လက္ခံ
Htay Oung (NP News) - ေမ ၉

မၾကာေသးမီ ပါကစၥတန္ေရတပ္မွာ တ႐ုတ္ႏိုင္ငံရဲ႕ “ဟန္ေဂၚ-အတန္းအစား” ေရငုပ္သေဘၤာက ပထမဆုံးအႀကိမ္အျဖစ္ တပ္ေတာ္ဝင္လာခဲ့ေၾကာင္းေတြ႕ရွိရပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိတဲ့ ကမာၻ႔ပၪၥမေျမာက္ လူဦးေရအမ်ားဆုံး တိုင္းျပည္ရဲ႕ ေရတပ္စြမ္းရည္ကို ျမႇင့္တင္ရာမွာ သိသာထင္ရွားတဲ့ ေျခလွမ္းတစ္ရပ္အျဖစ္ မွတ္တိုင္တစ္ခု တိုးလာခဲ့တယ္လို႔ စစ္ေရးပထဝီႏိုင္ငံေရးျဖစ္စဥ္မ်ားကို ေလ့လာေနတဲ့ “ယူေရးရွားတိုင္းမ္” သတင္းဝဘ္ဆိုက္က ေမလ ၇ ရက္ကေရးသားပါတယ္။

တ႐ုတ္နဲ႔ ပါကစၥတန္ေရတပ္တို႔ အက်ိဳးတူပူးေပါင္းမႈအရ ဟန္ေဂၚအတန္းအစား ဒီဇယ္-လွ်ပ္စစ္စြမ္းအင္သုံး တိုက္ခိုက္ေရး ေရငုပ္သေဘၤာ ၈ စင္းအထိ တည္ေဆာက္ရန္ စီစဥ္ထားပါတယ္။ တစ္နာရီလွ်င္ ေရမိုင္ ၂၀ ႏႈန္း ခုတ္ေမာင္းႏိုင္မယ့္ အဆင့္ျမင့္ေရငုပ္သေဘၤာမ်ားကို ဝယ္ယူျဖည့္တင္းျခင္းျဖင့္ အိႏၵိယသမုဒၵရာနဲ႔ အာေရဗ်ပင္ လယ္ရွိ အစၥလာမၼစ္သမၼတႏိုင္ငံရဲ႕ စစ္အင္အားကို ျမႇင့္တင္ရန္ စီစဥ္ထားပါတယ္။

ပါကစၥတန္အတြက္ ေရငုပ္သေဘၤာမ်ား ေရခ်ျခင္း အခမ္းအနားကို ၿပီးခဲ့တဲ့ ဧၿပီလ ၂၆ ရက္ေန႔ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ က်င္းပခဲ့ၿပီး ႏွစ္ႏိုင္ငံမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါတယ္။ ပါကစၥတန္ေရတပ္ဦးစီးခ်ဳပ္က စီမံကိန္းရဲ႕ တိုးတက္မႈအေပၚ ေက်နပ္အားရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ေဒသတြင္းၿငိမ္းခ်မ္းေရးကို ထိန္း သိမ္းရာမွာ ေရငုပ္သေဘၤာမ်ားရဲ႕ အေရးပါမႈကို မီးေမာင္းထိုးျပခဲ့ပါတယ္။

အဲဒီ ေရငုပ္သေဘၤာေတြဟာ ၂၀၁၅- ခုႏွစ္ ပါကစၥတန္ႏိုင္ငံကို သမၼတ ရွီက်င့္ဖ်င္ သြားးေရာက္လည္ပတ္စဥ္ လက္မွတ္ေရးထိုးခဲ့တဲ့ သေဘာတူညီခ်က္အရ တ႐ုတ္ႏိုင္ငံ “ခ်ိဳင္းနား ေရယာဥ္တည္ေဆာက္ေရး စက္မႈ ေကာ္ပိုေရးရွင္း” “ေကာ့စ္ကို” COSCO က ဒီဇိုင္းေရးဆြဲ တည္ေဆာက္ေပးခဲ့ျခင္း ျဖစ္ပါတယ္။ ေရငုပ္သေဘၤာရဲ႕ ပင္မအင္ဂ်င္ ၄-လုံးေနရာမွာ ဂ်ာမန္အင္ဂ်င္မ်ားကို တပ္ဆင္ေပးဖို႔ ကနဦး စီစဥ္ခဲ့ၾကေပမယ့္ လက္ရွိမွာေတာ့ တ ႐ုတ္အင္ဂ်င္မ်ား ျဖစ္ပုံရပါတယ္။ အင္ဂ်င္မ်ားအတြက္ တင္ပို႔ခြင့္လိုင္စင္ေပးရန္ ဂ်ာမနီႏိုင္ငံက ျငင္းဆိုမႈေၾကာင့္ တ႐ုတ္ထံမွ ေရငုပ္သေဘၤာဝယ္ယူမယ့္ ထိုင္းႏိုင္ငံနဲ႔ အလားတူသေဘာတူညီခ်က္ကေတာ့ ပ်က္ျပားသြားခဲ့ပါတယ္။

ေကာ့စ္ကိုရဲ႕ ညႇိႏႈိင္းခ်က္ေၾကာင့္ ထိုင္းနဲ႔တ႐ုတ္ စစ္ဘက္အရာရွိမ်ားအၾကား အေလးအနက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္ တ႐ုတ္လုပ္အင္ဂ်င္အရည္အေသြးနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈမ်ားေၾကာင့္ ေနာက္ဆုံး မွာ ထိုင္းႏိုင္ငံက ျငင္းပယ္ခဲ့ပါတယ္။ ေရငုပ္သေဘၤာအစား အဲ့ဒီ ေငြေၾကးပမာဏနဲ႔ တူညီတဲ့ ဖရီဂိတ္စစ္သဘၤာ ကိုသာ တည္ေဆာက္ေပးဖို႔ ဘန္ေကာက္က ျပင္ဆင္ကမ္းလွမ္းခဲ့ပါတယ္။

ဂ်ာမနီအေနနဲ႔ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ ေရတပ္အတြက္ အင္ဂ်င္အမ်ိဳးအစားအခ်ိဳ႕ တင္ပို႔မႈ ကို ခြင့္ျပဳႏိုင္ဖြယ္ရွိတာေၾကာင့္ ကမာၻ႔ထိပ္တန္းအေမရိကန္ႏိုင္ငံထက္ စစ္သဘၤာပိုင္ဆိုင္မႈ အေရအတြက္မွာ သာလြန္သြားတဲ့ အာရွတိုက္ န်ဴလက္နက္ပိုင္ စစ္အင္အားႀကီးႏိုင္ငံမွာ ဥေရာပစက္မႈႏိုင္ငံႀကီးရဲ႕ နည္းပညာမ်ား ေရာက္ရွိေနျခင္းအေပၚ စိုးရိမ္မႈမ်ား ရွိေနပါတယ္။

ဟန္ေဂၚအတန္းအစား တိုက္ခိုက္ေရးေရငုပ္သေဘၤာေတြဟာ ဆူညံသံေလွ်ာ့ခ်ေရးနည္းလမ္းမ်ားနဲ႔ အဆင့္ျမင့္ နည္းပညာမ်ားေၾကာင့္ အလြန္တိတ္ဆိတ္ၿပီး ေရေအာက္မွာ ငုပ္လွ်ိဳးေနစဥ္ ေထာက္လွမ္းရွာေဖြရန္ ခက္ခဲ ေၾကာင္း၊ ရႈတ္ေထြးတဲ့ ေခတ္ေပၚစစ္ယႏၲရားစံနစ္မ်ားကို ထပ္မံတပ္ဆင္ႏိုင္ေအာင္ တည္ေဆာက္ထားတယ္လို႔ အိႏၵိယေလတပ္ ဝါရင့္ စစ္မႈထမ္းေဟာင္းတစ္ဦးက ရွင္းျပခဲ့ပါတယ္။

ပါကစၥတန္ေတြ ေခါင္းညိတ္ခဲ့တဲ့ ေရငုပ္သေဘၤာမွာ ေလမွီခို-ေရာေမႊစြမ္းအင္သုံး CSOC CHD620 ဒီဇယ္အင္ဂ်င္ ၄-လုံး တပ္ဆင္ထားတယ္လို႔ သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။ ေရေအာက္ ဖိအားခံႏိုင္ရည္ကို ျမႇင့္တင္တည္ ေဆာက္ထားၿပီး ဗ်ဴဟာေျမာက္ ေခတ္မီလက္နက္စနစ္မ်ားကို တပ္ဆင္ထားႏိုင္ပါလိမ့္မယ္။

အဆင့္ျမင့္နည္းပညာမ်ား တပ္ဆင္ထားတဲ့ ပါကစၥတန္ရဲ႕ ဟန္ေဂၚအတန္းအစား ေရငုပ္သေဘၤာအသစ္မ်ားဟာ အိႏၵိယရဲ႕ လက္ရွိေရငုပ္သေဘၤာမ်ားထက္ သာလြန္ ေကာင္းမြန္ေစမွာ မလြဲပါဘူး။ အကယ္၍ အိႏၵိယအေနနဲ႔ ေရငုပ္သေဘၤာအသစ္မ်ားကို အခ်ိန္မီ မရရွိႏိုင္ခဲ့လွ်င္ သူ႔ႏိုင္ငံေရတပ္မေတာ္ရဲ႕ ကာကြယ္တိုက္ခိုက္ေရး စြမ္း ရည္မွာလည္း အားနည္းသြားဖို႔သာ ရွိပါတယ္။

အထူးသျဖင့္ ပါကစၥတန္က တ႐ုတ္ထံမွ ရရွိမယ့္ ဟန္ေဂၚအတန္းအစား ေရငုပ္သေဘၤာ ၈-စီးမွာ ၄-စီးကို တ႐ုတ္ႏိုင္ငံအတြင္း တည္ေဆာက္ေပးမွာျဖစ္ၿပီး က်န္ ၄-စီးကို ပါကစၥတန္ေရတပ္မေတာ္ လက္ေအာက္ခံ “ကရာခ်ိ သေဘၤာက်င္းႏွင့္ အင္ဂ်င္နီယာလုပ္ငန္း လီမီတက္” (KS&EW) က နည္းပညာ လႊဲေျပာင္းရယူျခင္း (ToT) စနစ္နဲ႔ တစ္ၿပိဳင္နက္တည္း တည္ေဆာက္မွာ ျဖစ္ပါတယ္။ ေရငုပ္သေဘၤာမ်ားရဲ႕ လက္ေအာက္ခံ စနစ္ မ်ားနဲ႔ ထိမွန္မႈ တိက်တဲ့ လက္နက္စနစ္မ်ားအေၾကာင္း အေသးစိတ္အခ်က္အလက္မ်ားကို ပါကစၥတန္ ေရတပ္ က ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေပမယ့္ ေရငုပ္သေဘၤာမွပစ္လႊတ္ႏိုင္တဲ့ ခ႐ုဇ္ဒုံးက်ည္ (SLCM) မ်ားကို တပ္ ဆင္ထားလိမ့္မယ္လို႔ ယုံၾကည္ရပါတယ္။

ဟန္ေဂၚအတန္းအစားေရငုပ္သေဘၤာမ်ားဟာ ေရဖိအားဒဏ္ကို ေကာင္းစြာခံႏိုင္တဲ့အတြက္ ေရနက္ပိုင္း ငုပ္လွ်ိဳး ႏိုင္ၿပီး တစ္ႀကိမ္လွ်င္ ၁၀-ရက္မွ ၁၄-ရက္အထိ ေရေအာက္မွာ ဆက္တိုက္ ပုန္းကြယ္ေနႏိုင္ၾကပါတယ္။ ဒီလို စြမ္းရည္ဟာ သမား႐ိုးက် ဒီဇယ္စြမ္းအင္သုံး ေရယာဥ္မ်ားရဲ႕ ပုံမွန္ငုပ္လွ်ိဳးခ်ိန္ ၄၈ နာရီ ထက္ အဆမတန္ သာ လြန္ေနပါတယ္။ အဲ့ဒါေၾကာင့္ ပါကစၥတန္ေရတပ္အေနနဲ႔ ရႈတ္ေထြးနက္နဲတဲ့ တိုက္ခိုက္မႈ စြမ္းရည္ကို သိသာ ထင္ရွားစြာ ပိုင္ဆိုင္လာပါလိမ့္မယ္။

ဒီအခ်က္ဟာ သမိုင္းဝင္ ရန္ဘက္ ႏွစ္ႏိုင္ငံၾကား ေရငုပ္သေဘၤာ စြမ္းရည္ ကြာဟခ်က္ ႀကီးထြားလာမႈ အမွတ္ အသား ျဖစ္လာပါတယ္။ ပါကစၥတန္ေရတပ္မေတာ္တပ္ဖြဲ႕မ်ားကို တ႐ုတ္ႏိုင္ငံရဲ႕ ပံ့ပိုးကူညီမႈနဲ႔ အိႏၵိယသမုဒၵရာ အတြင္း နယူးေဒလီရဲ႕ လႊမ္းမိုးမႈကို တန္ျပန္ရန္ ရည္႐ြယ္ေၾကာင္းလည္း ထင္ရွားလာပါတယ္။ ဟန္ေဂၚအတန္း အစား ေရငုပ္သေဘၤာမ်ားကို ထုတ္ေဖာ္ ျပသလိုက္ျခင္းဟာ အိႏၵိယအေပၚ ဖိအားေပးရန္ တ႐ုတ္ရဲ႕ ဗ်ဴဟာ ေျမာက္ လႈပ္ရွားမႈတစ္ခုျဖစ္ပါတယ္။ အိႏၵိယအေနနဲ႔ သူ႔ရဲ႕ ေရငုပ္သေဘၤာမ်ားကို အဆင့္ျမႇင့္တင္ရန္ လိုအပ္ လာၿပီး အခ်ိန္နဲ႔အမွ် ေျပာင္းလဲေနတဲ့ နည္းပညာသစ္မ်ားနဲ႔ အညီျဖစ္ေစဖို႔ ႏွစ္ေပါင္းမ်ားစြာ ၾကာႏိုင္ပါတယ္။

(Eurasia Times., 7 May 2024,” Rejected By Thailand, Pakistan’s Hangor-Class Submarines, Powered By Chinese Engines, Threat To India?” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္)

Related news

© 2021. All rights reserved.