မြန်မာပြည်တွင်းစစ် ပြင်းထန်လာခြင်းက အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရန် ရှားရှားပါးပါး အခွင့်အလမ်းဖြစ်လာသလား (ဆောင်းပါး)

 11883

Htay Oung (NP News) - မေ ၁ဝ

မြန်မာနိုင်ငံအတွင်း တောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးလျှံဟာ အလျှံတညီးညီးနဲ့ အရှိန်အဟုန်မြင့် တက်လာပါတယ်။ ဒီကိစ္စဟာ အမေရိကန်နဲ့ တရုတ်တို့အကြား ပူးပေါင်းဆောင်ရွက်ဖွယ် အလားအလာများအတွက် ရှားရှားပါးပါး တံခါးတစ်ချပ်ပွင့် လာသလို ရှိနေပါတယ်။

ပထဝီနိုင်ငံရေးအရ အချက်အချာနေရာမှာ တည်ရှိနေတဲ့ အရှေ့တောင်အာရှနိုင်ငံရဲ့ မငြိမ်မ သက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ အင်အားကြီး နှစ်နိုင်ငံစလုံးရဲ့ ပင်လယ်ရပ်ခြားအကျိုးစီးပွားကို ခြိမ်းခြောက်သလို ရှိနေတယ်လို့ (26 April 2024) ဝါရှင်တန်ဒီစီအခြေစိုက် ဟေးလ်နိုင်ငံရေး သတင်းဝက်ဘ်ဆိုက်မှာ နိုင်ငံရေးစစ်ရေးလေ့လာသူ လော်ရာကယ်လီက ရေးသားပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့အတွက် ဝါရှင်တန်ရော ပေကျင်းတို့ကပါ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခြေခံတူညီမှု အဖြေရှာဖို့အတွက်ကတော့ တစ်ဖက်နဲ့တစ်ဖက် နက်ရှိုင်းတဲ့ အယုံအကြည် ကင်းမဲ့မှုနဲ့ သံသယတွေရှိနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ အကြား ဆွေးနွေးဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။ အဲ့ဒီလိုအချိန်မှာ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တရုတ်နိုင်ငံကို အလည်အပတ် ရောက်ရှိခဲ့ပါတယ်။ အမေရိကန်အစိုးရ သံတမန် ရေးရာ အဆင့်မြင့်ဆုံးအရာရှိကြီးကိုယ်တိုင် လာရောက်တဲ့ကိစ္စဟာ မြန်မာနိုင်ငံရဲ့ မတည်မငြိမ်မှုနဲ့ ပတ်သက်ပြီး အပြု သဘောဆောင်တဲ့ ခြေလှမ်းတစ် ရပ်ဖြစ်လာနိုင်စရာရှိတယ်လို့ ဒေသတွင်း နိုင်ငံရေး လေ့လာသူများက ရှုမြင်ကြပါတယ်။

နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်ဟာ မြန်မာနိုင်ငံအပေါ် သိသာထင်ရှားစွာ ဩဇာလွှမ်းမိုးပြီး အာဏာရယူခဲ့တဲ့ နစကအစိုးရကို ထောက်ခံထားပါတယ်။ အမေရိကန်ကတော့ အာဏာရှင်စနစ်ကို ရှုတ်ချပြီး ဆန္ဒပြသူများအပေါ် နစကရဲ့ အကြမ်းဖက်လုပ်ရပ်များကို တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှု တွေချမှတ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အမျိုးသားကာကွယ် ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များအပ်နှင်းသည့် အက်ဥပဒေ NDAA နဲ့ Burma Act အရ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်လူမျိုးစုများ အပါအဝင် ဖက်ဒရယ်စနစ်ခိုင်မာရေးအတွက် လူသေ စေတတ်သော လက်နက်ပစ္စည်းမဟုတ်တဲ့ အကူအညီ အမေရိကန်ဒေါ်လာ ၁၂၁ သန်းကို ထောက်ပံ့ဖို့ အောက်လွှတ် တော်က ခွင့်ပြုထားပါတယ်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အဲဒီအကူအညီကို နစက အပေါ် ပုန်ကန်ဆန့်ကျင်နေတဲ့ NUG နဲ့ PDF အဖွဲ့တွေက ရရှိပါလိမ့်မယ်။

မြန်မာနိုင်ငံကို ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြား ကွဲပြားခြားနားမှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ တစ်နေ့တခြား ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေက အရေးတကြီးပြောဆိုမှုတွေနဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တွေကို ပြုလုပ်ဖို့ တွန်းအားပေးနေပါတယ်။
မြန်မာနိုင်ငံ မြေပြင်ပကတိအနေအထား ကတော့ သူပုန်အုပ်စုတွေဟာ နယ်မြေအများအပြားကို တိုးချဲ့ သိမ်းပိုက်နေပြီး အရေးပါတဲ့ ဒေသတွေကို ထိန်းချုပ်ထားပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို ဆိုးရွားလာ စေပါတယ်။ နစက ဆန့်ကျင်ရေးညွန့်ပေါင်းအဖွဲ့ တွေဟာ အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ ထိစပ်နေကြတဲ့ နယ်စပ်တလျှောက် စစ်ရေးအရ အမြတ်ထုတ် မှုတွေ ပြုလုပ်နေပါတယ်။ မတူကွဲပြားတဲ့ လက်နက် ကိုင်အဖွဲ့တွေဟာ မြန်မာနယ်စပ်ရှိ အရေးကြီး နယ်မြေတွေကို သိမ်းပိုက်ခဲ့ပြီး ဒေါ်လာဘီလီယံပေါင်း များစွာ စီးဝင်ဖြတ်သန်းနေတဲ့ နယ်စပ်ကုန်သွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးပို့မှုနဲ့ လက်နက် မှောင်ခိုရောင်းဝယ်ရေးအပေါ် ထိန်းချုပ်ထားပါတယ်။
ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂.၈ သန်း ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းမှာ နစက အာဏာရယူပြီးနောက်ပိုင်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လိုအပ်နေသူ ပေါင်း ၁၈.၆ သန်း ရှိလာပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၁၉ ဆ တိုး လာခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းမှာ ငတ်မွတ် ခေါင်းပါးမှုဟာမြင့်တက်လာနေပြီး အဓိကအားဖြင့် ကလေးများနဲ့ ကိုယ်ဝန်ဆောင်မိခင်တို့မှာ အာဟာ ရချို့တဲ့မှု အန္တရာယ်ရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ သေရေး ရှင်ရေးတမျှ ဖြစ်နေပါတယ်။ လူပေါင်းသန်းချီ နေ ရပ်စွန့်ခွာထွက်ပြေးနေရပြီး ငတ်မွတ်ခေါင်းပါးမှု တွေကလည်း မြင့်တက်နေပါတယ်။ ရာဇဝတ်မှု ကျူးလွန်သူတွေဟာ ဖမ်းဆီးခံရလိုက် ပြန်လွတ်လာလိုက် ဖြစ်နေပါတယ်။ အုပ်စုဖွဲ့ကျုးလွန်တဲ့ ရာဇဝတ်သားတွေကြောင့် လုံခြုံရေး ကင်းမဲ့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံရဲ့အခြေခံအဆောက်အအုံများ ပြိုလဲမှုကလည်း ပြည်တွင်းမငြိမ် မသက်မှုများကို ဖန်တီးပေးသလို ဖြစ်နေပါတယ်။

မတူညီတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ကွဲပြားခြားနားတဲ့နယ်မြေတွေကို ထိန်းချုပ်ထားပါ တယ်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်လိမ်လည်မှု များနှင့် လူကုန်ကူးမှုများမှာ တရုတ်ရာဇဝတ် ဂိုဏ်း များက ပါဝင်ပတ်သက်နေခြင်းကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံမှုက တိုးမြင့်လာခဲ့ပါတယ်။

အထူးသဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး ကြိုးပမ်းမှု၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်နွှယ်ပြီး မြန်မာ နိုင်ငံအတွင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ တရုတ်နဲ့အတူ အမေရိကန်နိုင်ငံက ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်စရာ အခွင့်အလမ်းရှိပါတယ်။ နိုင်ငံကြီး နှစ်နိုင်ငံအကြား အကျိုးစီးပွားတူရာ တူရာ တွေကို ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေဖို့ အစပျိုးနိုင်ဖွယ် ရှိပါတယ်။

ဂျိုးဘိုင်ဒန်အစိုးရဟာ အမေရိကန်ပြည်တွင်း ဘိန်းအခြေခံ မူးယစ်ဆေးပြန့်ပွားမှုကို လှုံ့ဆော် ပေးနေတဲ့ “ဖင်တတာနိုင်းလ်”ရှေ့ပြေးဓာတုပစ္စည်းများ တင်ပို့ရောင်းချမှုကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံကို အာရုံစိုက်လျက်ရှိပါ တယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အတူဆောင်ရွက်ကြရာက မြန်မာနိုင်ငံမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ပူး ပေါင်းဆောင်ရွက်မှု မူဘောင်ကို ပံ့ပိုးပေးနိုင်စရာ ရှိပါတယ်။

လတ်တလော ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ပိုမိုပြင်းထန်လာခဲ့ပြီး ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့တွေဟာ နစက အပေါ် မြေပြင်အသာစီးရရှိမှုတွေ ပိုလာပါတယ်။ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်မှုများ ဆက်လက် သက်ဆိုးရှည်လာပြီး ဒေသအတွင်း ကူးစက်ပျံ့နှံ့ သွားခြင်းမဖြစ်ရအောင် ကာကွယ်ဖို့အတွက် အမေရိ ကန်ရော တရုတ်နိုင်ငံမှာပါတူညီသော အကျိုးစီးပွား ကိုယ်စီ ရှိနေကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီအတိုင်း အကြမ်းဖက်မှု တွေဆက်လက် တိုးမြင့်နေပြီး အဆိုးဆုံးအခြေ အနေကိုရောက်ရှိသွားမယ်ဆိုရင် ဘယ်သူကမှ အကျိုးမရှိဘဲ ဖြစ်သွားနိုင်တယ်လို့ အင်အားကြီးနှစ်နိုင်ငံ စလုံးက အကြမ်း ဖျင်းတော့ တွေးမိကြစရာရှိပါတယ်။

ဧပြီ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ပေကျင်းကို ရောက်ရှိလာတဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ (၃)ရက်ကြာခရီးစဉ်အတွင်း မြန်မာ နိုင်ငံတစ်ဝန်းလုံးမှာ ဖြစ်ပျက်နေမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပါဝင်ခဲ့တယ်လို့ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

ဒါဟာ “ကျဆုံးနိုင်ငံ” အဖြစ်ကို ဦးတည်နေတဲ့ တိုင်းပြည်ရဲ့ လူမျိုးစုများအပေါ် သတိနဲ့ စောင့်ကြည့် နေတဲ့ ဒေသဆိုင်ရာ ကျွမ်းကျင်သူတွေ အတွက် အပြုသဘောဆောင်တဲ့ အချက်ပါပဲ။ မြန်မာစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်အုပ်စု ညွန့်ပေါင်းအဖွဲ့တွေရဲ့ လတ်တလော ရက်သတ္တပတ်များအတွင်း နယ်မြေပိုင်ဆိုင်မှုဟာ အံ့ ဩမင်သက်မိစရာကောင်းလှပါတယ်။ ဒါပေမဲ့ အဲ့ဒီနယ်မြေတွေမှာ စနစ်တကျဖြစ်အောင် ဘယ်လို နည်းနဲ့ အုပ်ချုပ်နေတယ်ဆိုတာကတော့ ရှင်းရှင်း လင်းလင်း မရှိပါဘူး။

မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ပတ်သက်လာရင် တရုတ်ရော အမေရိကန်ပါ စင်ပေါ်မှာ အခန့်သား ရောက်ရှိနေတယ်လို့ လွန်လွန်ကဲကဲ ပြောနိုင် ပါတယ်။ သူတို့အနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုတာ ရှာဖွေဖို့ ဒါမှမဟုတ် အနည်းဆုံးတော့ ပဋိပက္ခတွေ မဖြစ်အောင် ဖိအားပေးနိုင်သလို မြန်မာနိုင်ငံအတွက်နဲ့ ဆက်ဆံရေးယိုယွင်းလာမှု မဖြစ်ရအောင် ရှောင်ရှားနိုင်ဖို့ တစ်ခုခုတော့ ရှိနေနိုင်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်တို့က သီးခြား ဆောင်ရွက်ခြင်းထက် အတူတကွပူးပေါင်းဆောင် ရွက်ခြင်းက ပိုမိုအကျိုးများပြားနိုင်စရာရှိတယ်လို့ ကျွမ်းကျင် သူတွေက ဆိုကြပါတယ်။

ပေကျင်းကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရောက်ရှိလာပြီး တရုတ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့ အခါ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘာတွေဆွေးနွေးကြတယ်။ ဘာတွေသဘောကွဲလွဲပြီး ဘာတွေ သဘောတူညီ ကြတယ်ဆိုတာကတော့ နှစ်ဖက်စလုံးက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိလို့ မသိရှိရပါဘူး။

ဒါပေမဲ့ ပေကျင်းမြို့ တိန့်အန်မင်ရင်ပြင် အနောက်ဘက် ပြည်သူ့မဟာခန်းမကြီးထဲမှာ အန် တိုနီဘလင်ကန်ကိုတွေ့ဆုံစဉ် နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေဆိုတာထက် အတူလက်တွဲ အလုပ်လုပ်ကြတဲ့ မိတ်ဖက်တွေ အဖြစ်ကပိုပြီး သင့်တော်ပါတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြောပါတယ်။ အမေရိ ကန်ဘက်ကတော့ ယူကရိန်းစစ်ပွဲ ရုရှားအသုံးပြုနေတဲ့ လက်နက်စက်ယန္တရားတွေထဲမှာ တရုတ်လုပ်ပစ္စည်း တွေ ပါဝင်နေတာက အစချီပါတယ်။

အန်တိုနီ ဘလင်ကန်ရဲ့ အပြန်ခရီးလေ ဆိပ်မှာ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကသာ လိုက်လံပို့ဆောင်ခဲ့ပါတယ်။ အင်အားကြီးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ဝေးလို့ အပြည်ပြည်ဆိုင်ရာ သံတမန်ဆက်ဆံ ရေးမှာ အနိမ့်ဆုံး အဆင့်ရောက် ရှိနေကြောင်း တရုတ်အစိုးရက ပြုမူပြသလိုက်ခြင်း ပဲဖြစ်တယ်လို့ RRICS News က ရေးပါတယ်။

zawgyi version
ျမန္မာျပည္တြင္းစစ္ ျပင္းထန္လာျခင္းက အေမရိကန္-တ႐ုတ္ ပူးေပါင္းေဆာင္႐ြက္ရန္ ရွားရွားပါးပါး အခြင့္အလမ္းျဖစ္လာသလား (ေဆာင္းပါး)
Htay Oung (NP News) - ေမ ၁ဝ

ျမန္မာႏိုင္ငံအတြင္း ေတာက္ေလာင္ေနတဲ့ ျပည္တြင္းစစ္မီးလွ်ံဟာ အလွ်ံတညီးညီးနဲ႔ အရွိန္အဟုန္ျမင့္ တက္လာပါတယ္။ ဒီကိစၥဟာ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကား ပူးေပါင္းေဆာင္႐ြက္ဖြယ္ အလားအလာမ်ားအတြက္ ရွားရွားပါးပါး တံခါးတစ္ခ်ပ္ပြင့္ လာသလို ရွိေနပါတယ္။

ပထဝီႏိုင္ငံေရးအရ အခ်က္အခ်ာေနရာမွာ တည္ရွိေနတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံရဲ႕ မၿငိမ္မ သက္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြဟာ အင္အားႀကီး ႏွစ္ႏိုင္ငံစလုံးရဲ႕ ပင္လယ္ရပ္ျခားအက်ိဳးစီးပြားကို ၿခိမ္းေျခာက္သလို ရွိေနတယ္လို႔ (26 April 2024) ဝါရွင္တန္ဒီစီအေျခစိုက္ ေဟးလ္ႏိုင္ငံေရး သတင္းဝက္ဘ္ဆိုက္မွာ ႏိုင္ငံေရးစစ္ေရးေလ့လာသူ ေလာ္ရာကယ္လီက ေရးသားပါတယ္။

ႏွစ္ႏိုင္ငံဆက္ဆံေရး ျမႇင့္တင္ဖို႔အတြက္ ဝါရွင္တန္ေရာ ေပက်င္းတို႔ကပါ ႀကိဳးပမ္းေနၾကပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အေျခခံတူညီမႈ အေျဖရွာဖို႔အတြက္ကေတာ့ တစ္ဖက္နဲ႔တစ္ဖက္ နက္ရႈိင္းတဲ့ အယုံအၾကည္ ကင္းမဲ့မႈနဲ႔ သံသယေတြရွိေနဆဲ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံရဲ႕အနာဂတ္နဲ႔ လက္ရွိျဖစ္ေပၚေနတဲ့ အၾကမ္းဖက္မႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္တို႔ အၾကား ေဆြးေႏြးဖို႔ လိုအပ္တယ္လို႔ ကြၽမ္းက်င္သူေတြက ယုံၾကည္ၾကပါတယ္။ အဲ့ဒီလိုအခ်ိန္မွာ အေမရိကန္ ႏိုင္ငံျခား ေရးဝန္ႀကီး အန္တိုနီဘလင္ကန္ဟာ တ႐ုတ္ႏိုင္ငံကို အလည္အပတ္ ေရာက္ရွိခဲ့ပါတယ္။ အေမရိကန္အစိုးရ သံတမန္ ေရးရာ အဆင့္ျမင့္ဆုံးအရာရွိႀကီးကိုယ္တိုင္ လာေရာက္တဲ့ကိစၥဟာ ျမန္မာႏိုင္ငံရဲ႕ မတည္မၿငိမ္မႈနဲ႔ ပတ္သက္ၿပီး အျပဳ သေဘာေဆာင္တဲ့ ေျခလွမ္းတစ္ ရပ္ျဖစ္လာႏိုင္စရာရွိတယ္လို႔ ေဒသတြင္း ႏိုင္ငံေရး ေလ့လာသူမ်ားက ရႈျမင္ၾကပါတယ္။

နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ တ႐ုတ္ဟာ ျမန္မာႏိုင္ငံအေပၚ သိသာထင္ရွားစြာ ဩဇာလႊမ္းမိုးၿပီး အာဏာရယူခဲ့တဲ့ နစကအစိုးရကို ေထာက္ခံထားပါတယ္။ အေမရိကန္ကေတာ့ အာဏာရွင္စနစ္ကို ရႈတ္ခ်ၿပီး ဆႏၵျပသူမ်ားအေပၚ နစကရဲ႕ အၾကမ္းဖက္လုပ္ရပ္မ်ားကို တုံ႔ျပန္တဲ့အေနနဲ႔ ပိတ္ဆို႔အေရးယူမႈ ေတြခ်မွတ္ခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံ အမ်ိဳးသားကာကြယ္ ေရးဆိုင္ရာ လုပ္ပိုင္ခြင့္မ်ားအပ္ႏွင္းသည့္ အက္ဥပေဒ NDAA နဲ႔ Burma Act အရ ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလက္နက္ကိုင္လူမ်ိဳးစုမ်ား အပါအဝင္ ဖက္ဒရယ္စနစ္ခိုင္မာေရးအတြက္ လူေသ ေစတတ္ေသာ လက္နက္ပစၥည္းမဟုတ္တဲ့ အကူအညီ အေမရိကန္ေဒၚလာ ၁၂၁ သန္းကို ေထာက္ပံ့ဖို႔ ေအာက္လႊတ္ ေတာ္က ခြင့္ျပဳထားပါတယ္။ ၂၀၂၃ ခုႏွစ္မွ ၂၀၂၇ ခုႏွစ္အထိ အဲဒီအကူအညီကို နစက အေပၚ ပုန္ကန္ဆန႔္က်င္ေနတဲ့ NUG နဲ႔ PDF အဖြဲ႕ေတြက ရရွိပါလိမ့္မယ္။

ျမန္မာႏိုင္ငံကို ခ်ဥ္းကပ္ပုံနဲ႔ ပတ္သက္ၿပီး ႏွစ္ႏိုင္ငံအၾကား ကြဲျပားျခားနားမႈေတြ ရွိေနေပမယ့္ ျမန္မာႏိုင္ငံရဲ႕ တစ္ေန႔တျခား ပိုမိုဆိုး႐ြားလာတဲ့ အေျခအေနေတြက အေရးတႀကီးေျပာဆိုမႈေတြနဲ႔ အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈ ေတြကို ျပဳလုပ္ဖို႔ တြန္းအားေပးေနပါတယ္။
ျမန္မာႏိုင္ငံ ေျမျပင္ပကတိအေနအထား ကေတာ့ သူပုန္အုပ္စုေတြဟာ နယ္ေျမအမ်ားအျပားကို တိုးခ်ဲ႕ သိမ္းပိုက္ေနၿပီး အေရးပါတဲ့ ေဒသေတြကို ထိန္းခ်ဳပ္ထားပါတယ္။ ဒီလိုျဖစ္လာျခင္းဟာ လူသားခ်င္းစာနာမႈဆိုင္ရာ အေျခအေနကို ဆိုး႐ြားလာ ေစပါတယ္။ နစက ဆန႔္က်င္ေရးၫြန႔္ေပါင္းအဖြဲ႕ ေတြဟာ အိႏၵိယ၊ တ႐ုတ္၊ ထိုင္းႏိုင္ငံတို႔နဲ႔ ထိစပ္ေနၾကတဲ့ နယ္စပ္တေလွ်ာက္ စစ္ေရးအရ အျမတ္ထုတ္ မႈေတြ ျပဳလုပ္ေနပါတယ္။ မတူကြဲျပားတဲ့ လက္နက္ ကိုင္အဖြဲ႕ေတြဟာ ျမန္မာနယ္စပ္ရွိ အေရးႀကီး နယ္ေျမေတြကို သိမ္းပိုက္ခဲ့ၿပီး ေဒၚလာဘီလီယံေပါင္း မ်ားစြာ စီးဝင္ျဖတ္သန္းေနတဲ့ နယ္စပ္ကုန္သြယ္ေရး၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးပို႔မႈနဲ႔ လက္နက္ ေမွာင္ခိုေရာင္းဝယ္ေရးအေပၚ ထိန္းခ်ဳပ္ထားပါတယ္။
ခန႔္မွန္းေျခအားျဖင့္ လူေပါင္း ၂.၈ သန္း ခန႔္အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရၿပီး ၎တို႔အနက္ ၉၀ ရာခိုင္ႏႈန္းမွာ နစက အာဏာရယူၿပီးေနာက္ပိုင္း ျဖစ္ပါတယ္။ ၂၀၂၄ ခုႏွစ္မွာ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြကို လိုအပ္ေနသူ ေပါင္း ၁၈.၆ သန္း ရွိလာၿပီး ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ၁၉ ဆ တိုး လာျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံတစ္ဝန္းမွာ ငတ္မြတ္ ေခါင္းပါးမႈဟာျမင့္တက္လာေနၿပီး အဓိကအားျဖင့္ ကေလးမ်ားနဲ႔ ကိုယ္ဝန္ေဆာင္မိခင္တို႔မွာ အာဟာ ရခ်ိဳ႕တဲ့မႈ အႏၲရာယ္ရွိတယ္လို႔ ကမာၻ႔ကုလသမဂၢက ခန႔္မွန္းထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕အေျခအေနဟာ ေသေရး ရွင္ေရးတမွ် ျဖစ္ေနပါတယ္။ လူေပါင္းသန္းခ်ီ ေန ရပ္စြန႔္ခြာထြက္ေျပးေနရၿပီး ငတ္မြတ္ေခါင္းပါးမႈ ေတြကလည္း ျမင့္တက္ေနပါတယ္။ ရာဇဝတ္မႈ က်ဴးလြန္သူေတြဟာ ဖမ္းဆီးခံရလိုက္ ျပန္လြတ္လာလိုက္ ျဖစ္ေနပါတယ္။ အုပ္စုဖြဲ႕က်ဳးလြန္တဲ့ ရာဇဝတ္သားေတြေၾကာင့္ လုံၿခဳံေရး ကင္းမဲ့တဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ႏိုင္ငံရဲ႕အေျခခံအေဆာက္အအုံမ်ား ၿပိဳလဲမႈကလည္း ျပည္တြင္းမၿငိမ္ မသက္မႈမ်ားကို ဖန္တီးေပးသလို ျဖစ္ေနပါတယ္။

မတူညီတဲ့ လက္နက္ကိုင္အဖြဲ႕ေတြဟာ ကြဲျပားျခားနားတဲ့နယ္ေျမေတြကို ထိန္းခ်ဳပ္ထားပါ တယ္။ အထူးသျဖင့္ နယ္စပ္ျဖတ္ေက်ာ္လိမ္လည္မႈ မ်ားႏွင့္ လူကုန္ကူးမႈမ်ားမွာ တ႐ုတ္ရာဇဝတ္ ဂိုဏ္း မ်ားက ပါဝင္ပတ္သက္ေနျခင္းေၾကာင့္ ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ဆက္ဆံမႈက တိုးျမင့္လာခဲ့ပါတယ္။

အထူးသျဖင့္ မူးယစ္ေဆးဝါးႏွိမ္နင္းေရး ႀကိဳးပမ္းမႈ၊ အြန္လိုင္းလိမ္လည္မႈေတြနဲ႔ ဆက္ႏႊယ္ၿပီး ျမန္မာ ႏိုင္ငံအတြင္း ရာဇဝတ္ဂိုဏ္းေတြကို ႏွိမ္နင္းရာမွာ တ႐ုတ္နဲ႔အတူ အေမရိကန္ႏိုင္ငံက ပူးေပါင္း ေဆာင္႐ြက္မယ္ဆိုရင္ ျဖစ္ႏိုင္စရာ အခြင့္အလမ္းရွိပါတယ္။ ႏိုင္ငံႀကီး ႏွစ္ႏိုင္ငံအၾကား အက်ိဳးစီးပြားတူရာ တူရာ ေတြကို ပူးေပါင္းေဆာင္႐ြက္ ျခင္းအားျဖင့္ ယုံၾကည္မႈ တည္ေဆာက္ႏိုင္ၿပီး ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေစဖို႔ အစပ်ိဳးႏိုင္ဖြယ္ ရွိပါတယ္။

ဂ်ိဳးဘိုင္ဒန္အစိုးရဟာ အေမရိကန္ျပည္တြင္း ဘိန္းအေျခခံ မူးယစ္ေဆးျပန႔္ပြားမႈကို လႈံ႕ေဆာ္ ေပးေနတဲ့ “ဖင္တတာႏိုင္းလ္”ေရွ႕ေျပးဓာတုပစၥည္းမ်ား တင္ပို႔ေရာင္းခ်မႈကို ေျဖရွင္းရန္အတြက္ တ႐ုတ္ႏိုင္ငံကို အာ႐ုံစိုက္လ်က္ရွိပါ တယ္။ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးကို အတူေဆာင္႐ြက္ၾကရာက ျမန္မာႏိုင္ငံမွာ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔အၾကား ပူး ေပါင္းေဆာင္႐ြက္မႈ မူေဘာင္ကို ပံ့ပိုးေပးႏိုင္စရာ ရွိပါတယ္။

လတ္တေလာ ရက္သတၱပတ္မ်ားအတြင္း ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡေတြဟာ ပိုမိုျပင္းထန္လာခဲ့ၿပီး ဆန႔္က်င္ဘက္ လက္နက္ကိုင္အဖြဲ႕ေတြဟာ နစက အေပၚ ေျမျပင္အသာစီးရရွိမႈေတြ ပိုလာပါတယ္။ ျမန္မာႏိုင္ငံ မတည္မၿငိမ္ျဖစ္မႈမ်ား ဆက္လက္ သက္ဆိုးရွည္လာၿပီး ေဒသအတြင္း ကူးစက္ပ်ံ႕ႏွံ႔ သြားျခင္းမျဖစ္ရေအာင္ ကာကြယ္ဖို႔အတြက္ အေမရိ ကန္ေရာ တ႐ုတ္ႏိုင္ငံမွာပါတူညီေသာ အက်ိဳးစီးပြား ကိုယ္စီ ရွိေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီအတိုင္း အၾကမ္းဖက္မႈ ေတြဆက္လက္ တိုးျမင့္ေနၿပီး အဆိုးဆုံးအေျခ အေနကိုေရာက္ရွိသြားမယ္ဆိုရင္ ဘယ္သူကမွ အက်ိဳးမရွိဘဲ ျဖစ္သြားႏိုင္တယ္လို႔ အင္အားႀကီးႏွစ္ႏိုင္ငံ စလုံးက အၾကမ္း ဖ်င္းေတာ့ ေတြးမိၾကစရာရွိပါတယ္။

ဧၿပီ ၂၄ ရက္မွ ၂၆ ရက္ေန႔အထိ ေပက်င္းကို ေရာက္ရွိလာတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္ရဲ႕ (၃)ရက္ၾကာခရီးစဥ္အတြင္း ျမန္မာ ႏိုင္ငံတစ္ဝန္းလုံးမွာ ျဖစ္ပ်က္ေနမႈေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ ပါဝင္ခဲ့တယ္လို႔ အေမရိကန္အစိုးရ အႀကီးတန္းအရာရွိတစ္ဦးက ေျပာပါတယ္။

ဒါဟာ “က်ဆုံးႏိုင္ငံ” အျဖစ္ကို ဦးတည္ေနတဲ့ တိုင္းျပည္ရဲ႕ လူမ်ိဳးစုမ်ားအေပၚ သတိနဲ႔ ေစာင့္ၾကည့္ ေနတဲ့ ေဒသဆိုင္ရာ ကြၽမ္းက်င္သူေတြ အတြက္ အျပဳသေဘာေဆာင္တဲ့ အခ်က္ပါပဲ။ ျမန္မာစစ္အာဏာရွင္စနစ္ကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့ သူပုန္အုပ္စု ၫြန႔္ေပါင္းအဖြဲ႕ေတြရဲ႕ လတ္တေလာ ရက္သတၱပတ္မ်ားအတြင္း နယ္ေျမပိုင္ဆိုင္မႈဟာ အံ့ ဩမင္သက္မိစရာေကာင္းလွပါတယ္။ ဒါေပမဲ့ အဲ့ဒီနယ္ေျမေတြမွာ စနစ္တက်ျဖစ္ေအာင္ ဘယ္လို နည္းနဲ႔ အုပ္ခ်ဳပ္ေနတယ္ဆိုတာကေတာ့ ရွင္းရွင္း လင္းလင္း မရွိပါဘူး။

ျမန္မာႏိုင္ငံ တည္ၿငိမ္ေရးနဲ႔ ပတ္သက္လာရင္ တ႐ုတ္ေရာ အေမရိကန္ပါ စင္ေပၚမွာ အခန႔္သား ေရာက္ရွိေနတယ္လို႔ လြန္လြန္ကဲကဲ ေျပာႏိုင္ ပါတယ္။ သူတို႔အေနနဲ႔ ဘာလုပ္ေပးႏိုင္သလဲဆိုတာ ရွာေဖြဖို႔ ဒါမွမဟုတ္ အနည္းဆုံးေတာ့ ပဋိပကၡေတြ မျဖစ္ေအာင္ ဖိအားေပးႏိုင္သလို ျမန္မာႏိုင္ငံအတြက္နဲ႔ ဆက္ဆံေရးယိုယြင္းလာမႈ မျဖစ္ရေအာင္ ေရွာင္ရွားႏိုင္ဖို႔ တစ္ခုခုေတာ့ ရွိေနႏိုင္ပါတယ္။ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး တ႐ုတ္နဲ႔ အေမရိကန္တို႔က သီးျခား ေဆာင္႐ြက္ျခင္းထက္ အတူတကြပူးေပါင္းေဆာင္ ႐ြက္ျခင္းက ပိုမိုအက်ိဳးမ်ားျပားႏိုင္စရာရွိတယ္လို႔ ကြၽမ္းက်င္ သူေတြက ဆိုၾကပါတယ္။

ေပက်င္းကို အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးေရာက္ရွိလာၿပီး တ႐ုတ္ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးတဲ့ အခါ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ဘာေတြေဆြးေႏြးၾကတယ္။ ဘာေတြသေဘာကြဲလြဲၿပီး ဘာေတြ သေဘာတူညီ ၾကတယ္ဆိုတာကေတာ့ ႏွစ္ဖက္စလုံးက တရားဝင္ သတင္းထုတ္ျပန္ျခင္း မရွိလို႔ မသိရွိရပါဘူး။

ဒါေပမဲ့ ေပက်င္းၿမိဳ႕ တိန႔္အန္မင္ရင္ျပင္ အေနာက္ဘက္ ျပည္သူ႔မဟာခန္းမႀကီးထဲမွာ အန္ တိုနီဘလင္ကန္ကိုေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံဟာ ၿပိဳင္ဘက္ေတြဆိုတာထက္ အတူလက္တြဲ အလုပ္လုပ္ၾကတဲ့ မိတ္ဖက္ေတြ အျဖစ္ကပိုၿပီး သင့္ေတာ္ပါတယ္လို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကေျပာပါတယ္။ အေမရိ ကန္ဘက္ကေတာ့ ယူကရိန္းစစ္ပြဲ ႐ုရွားအသုံးျပဳေနတဲ့ လက္နက္စက္ယႏၲရားေတြထဲမွာ တ႐ုတ္လုပ္ပစၥည္း ေတြ ပါဝင္ေနတာက အစခ်ီပါတယ္။

အန္တိုနီ ဘလင္ကန္ရဲ႕ အျပန္ခရီးေလ ဆိပ္မွာ တ႐ုတ္ႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ကသာ လိုက္လံပို႔ေဆာင္ခဲ့ပါတယ္။ အင္အားႀကီးႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ဖို႔ေဝးလို႔ အျပည္ျပည္ဆိုင္ရာ သံတမန္ဆက္ဆံ ေရးမွာ အနိမ့္ဆုံး အဆင့္ေရာက္ ရွိေနေၾကာင္း တ႐ုတ္အစိုးရက ျပဳမူျပသလိုက္ျခင္း ပဲျဖစ္တယ္လို႔ RRICS News က ေရးပါတယ္။

Related news

© 2021. All rights reserved.