နိုင်ငံ့ဝန်ထမ်း(၁၀ဝ)ကျော်နှင့် လူပုဂ္ဂိုလ်(၁၄)ဦး ၂၀၂၃ ၌ အဂတိမှုဖြင့် အရေးယူခံရ

 5619

Pearl (NP News) - မေ ၂၁

၂၀၂၃ ခုနှစ်တွင် အဂတိတိုင်စာများကြောင့် နိုင်ငံ့ဝန်ထမ်း (၁၀ဝ)ကျော်နှင့် လူပုဂ္ဂိုလ်(၁၄)ဦး အရေးယူခံခဲ့ရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ်တွင် ကော်မရှင်ရုံး နေပြည်တော်သို့ တိုင်ကြားစာ (၁၁၂၈) စောင်၊ ကော်မရှင်ရုံးခွဲ (ရန်ကုန်)သို့ တိုင်ကြားစာ (၂၆) စောင်၊ ကော်မရှင်ရုံးခွဲ(မန္တလေး)သို့ တိုင်ကြားစာ (၃၈)စောင်၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး) သို့ တိုင်ကြားစာ (၁၁)စောင်၊ ကော်မရှင်ရုံးခွဲ(မော်လမြိုင်)သို့ တိုင်ကြားစာ(၁၄) စောင်အပါအဝင် တိုင်ကြားစာ စုစုပေါင်း (၁၂၁၇) စောင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုင်ကြား (၁၂၁၇) စောင်အနက် အရေးယူဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားစာ(၇၃၆) စောင်ရှိကြောင်း ကော်မရှင်၏ အချက်အလက်များတွင် ဖော်ပြထားသည်။ ထိုသို့ အရေးယူဆောင်ရွက်ပေးနိုင်ခဲ့သည့် တိုင်စာများနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာမှာ (၆)စောင်၊ ကြိုတင်ထောက်လှမ်းစုံစမ်းသည့် တိုင်ကြားစာ (၁၇)စောင်၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ အရေးယူဆောင်ရွက်ရန် လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ (၃၄၅) စောင်နှင့် တိုင်ကြားသူတစ်ဦးချင်းထံသို့ ဆောင် ရွက်သင့်သည်များကို ဖော်ပြအကြံပြု ချက်များဖြင့် ပြန်ကြားပေးခဲ့သော တိုင်ကြားစာ (၃၆၈)စောင် ရှိကြောင်းသိရသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း တိုင်ကြားစာ(၆)စောင်ကို စုံစမ်းစစ် ဆေးဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ်(၁၄)ဦးကို ရာဇဝတ်ကြီးမှု(၁၄)မှု၊ ရာဇဝတ်အထွေထွေမှု (၅)မှုတို့ဖြင့် သက်ဆိုင်ရာ တိုင်း ဒေသကြီးတရားလွှတ်တော်တို့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲတင်ပို့ခဲ့ပြီး ဝန်ထမ်း(၆)ဦးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၀(ခ) အရ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူရန် သက်ဆိုင်ရာဌာနများသို့ လွှဲ ပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆(၃)အရ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာများအပေါ် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ ဝန်ထမ်း(၁၀၉)ဦးကိုလည်း ဝန်ထမ်းစည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ နစကမှ နိုင်ငံတော်အာဏာရယူပြီးနောက် နိုင်ငံအ တွက် ငွေကျပ်(၂၅၀)ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ (၁၃)သန်းကျော် နစ်နာဆုံးရှုံးစေခဲ့သော အဂတိအမှု(၁၀၈)မှုကို ဖော်ထုတ်ခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလက အသိပေးထုတ်ပြန်ဖူးသည်။

ထို့ပြင် ယခင် NLD အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးရာထူးဖြင့် တာဝန်ထမ်းဆောင် ခဲ့သူများကို အဂတိအမှုဖြင့် အရေးယူခဲ့သည့်အပြင် ယခုအစိုးရလက်ထက်၌ တာဝန်ထမ်းဆောင်ခဲ့သော ရန်ကုန်တိုင်းဝန်ကြီးချုပ်(ဟောင်း) ဦးလှစိုးနှင့် ဝန်ကြီးအချို့ကိုလည်း အဂတိမှုဖြင့် အရေးယူထားသည်။

zawgyi version
ႏိုင္ငံ့ဝန္ထမ္း(၁၀ဝ)ေက်ာ္ႏွင့္ လူပုဂၢိဳလ္(၁၄)ဦး ၂၀၂၃ ၌ အဂတိမႈျဖင့္ အေရးယူခံရ
Pearl (NP News) - ေမ ၂၁

၂၀၂၃ ခုႏွစ္တြင္ အဂတိတိုင္စာမ်ားေၾကာင့္ ႏိုင္ငံ့ဝန္ထမ္း (၁၀ဝ)ေက်ာ္ႏွင့္ လူပုဂၢိဳလ္(၁၄)ဦး အေရးယူခံခဲ့ရေၾကာင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္၏ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၃ ခုႏွစ္တြင္ ေကာ္မရွင္႐ုံး ေနျပည္ေတာ္သို႔ တိုင္ၾကားစာ (၁၁၂၈) ေစာင္၊ ေကာ္မရွင္႐ုံးခြဲ (ရန္ကုန္)သို႔ တိုင္ၾကားစာ (၂၆) ေစာင္၊ ေကာ္မရွင္႐ုံးခြဲ(မႏၲေလး)သို႔ တိုင္ၾကားစာ (၃၈)ေစာင္၊ ေကာ္မရွင္႐ုံးခြဲ (ေတာင္ႀကီး) သို႔ တိုင္ၾကားစာ (၁၁)ေစာင္၊ ေကာ္မရွင္႐ုံးခြဲ(ေမာ္လၿမိဳင္)သို႔ တိုင္ၾကားစာ(၁၄) ေစာင္အပါအဝင္ တိုင္ၾကားစာ စုစုေပါင္း (၁၂၁၇) ေစာင္ လက္ခံရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါတိုင္ၾကား (၁၂၁၇) ေစာင္အနက္ အေရးယူေဆာင္႐ြက္ေပးႏိုင္သည့္ တိုင္ၾကားစာ(၇၃၆) ေစာင္ရွိေၾကာင္း ေကာ္မရွင္၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။ ထိုသို႔ အေရးယူေဆာင္႐ြက္ေပးႏိုင္ခဲ့သည့္ တိုင္စာမ်ားႏွင့္ပတ္သက္၍ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးသည့္ တိုင္ၾကားစာမွာ (၆)ေစာင္၊ ႀကိဳတင္ေထာက္လွမ္းစုံစမ္းသည့္ တိုင္ၾကားစာ (၁၇)ေစာင္၊ ျပည္ေထာင္စုဝန္ႀကီးဌာနႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႕မ်ားသို႔ အေရးယူေဆာင္႐ြက္ရန္ လႊဲေျပာင္းေပးပို႔သည့္ တိုင္ၾကားစာ (၃၄၅) ေစာင္ႏွင့္ တိုင္ၾကားသူတစ္ဦးခ်င္းထံသို႔ ေဆာင္ ႐ြက္သင့္သည္မ်ားကို ေဖာ္ျပအႀကံျပဳ ခ်က္မ်ားျဖင့္ ျပန္ၾကားေပးခဲ့ေသာ တိုင္ၾကားစာ (၃၆၈)ေစာင္ ရွိေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ၂၀၂၃ ခုႏွစ္အတြင္း တိုင္ၾကားစာ(၆)ေစာင္ကို စုံစမ္းစစ္ ေဆးေဆာင္႐ြက္ခဲ့ၿပီး လူပုဂၢိဳလ္(၁၄)ဦးကို ရာဇဝတ္ႀကီးမႈ(၁၄)မႈ၊ ရာဇဝတ္အေထြေထြမႈ (၅)မႈတို႔ျဖင့္ သက္ဆိုင္ရာ တိုင္း ေဒသႀကီးတရားလႊတ္ေတာ္တို႔တြင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒအရ တရားစြဲတင္ပို႔ခဲ့ၿပီး ဝန္ထမ္း(၆)ဦးတို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၃၀(ခ) အရ ဝန္ထမ္းစည္းကမ္းျဖင့္ အေရးယူရန္ သက္ဆိုင္ရာဌာနမ်ားသို႔ လႊဲ ေျပာင္းေပးပို႔ခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႕မ်ားသို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၁၆(၃)အရ လႊဲေျပာင္းေပးပို႔သည့္ တိုင္ၾကားစာမ်ားအေပၚ သက္ဆိုင္ရာဌာန အဖြဲ႕အစည္းမ်ားမွ ဝန္ထမ္း(၁၀၉)ဦးကိုလည္း ဝန္ထမ္းစည္းကမ္းအရ အေရးယူေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ နစကမွ ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ ႏိုင္ငံအ တြက္ ေငြက်ပ္(၂၅၀)ဘီလ်ံေက်ာ္ႏွင့္ အေမရိကန္ေဒၚလာ (၁၃)သန္းေက်ာ္ နစ္နာဆုံးရႈံးေစခဲ့ေသာ အဂတိအမႈ(၁၀၈)မႈကို ေဖာ္ထုတ္ခဲ့ေၾကာင္း အဂတိ လိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ကၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ စက္တင္ ဘာလက အသိေပးထုတ္ျပန္ဖူးသည္။
ထို႔ျပင္ ယခင္ NLD အစိုးရလက္ထက္တြင္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံေရးရာထူးျဖင့္ တာဝန္ထမ္းေဆာင္ ခဲ့သူမ်ားကို အဂတိအမႈျဖင့္ အေရးယူခဲ့သည့္အျပင္ ယခုအစိုးရလက္ထက္၌ တာဝန္ထမ္းေဆာင္ခဲ့ေသာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္(ေဟာင္း) ဦးလွစိုးႏွင့္ ဝန္ႀကီးအခ်ိဳ႕ကိုလည္း အဂတိမႈျဖင့္ အေရးယူထားသည္။

Related news

© 2021. All rights reserved.