EV ကား ကုမ္ပဏီ(၈၀)ကျော်ထဲမှ အချို့က ကားတင်သွင်းမှုမလုပ်ဘဲ ပါမစ်ပြန်လည် ရောင်းစားသည့် ဈေးကွက်မျိုးကိုသာ တိုးတိုးတိတ်တိတ်လုပ်စားနေ

 2549

အေဝိုင်အီး(NP News) - မေ ၂၂

EV ကား တင်သွင်းခွင့်ရထားသည့်ကုမ္ပဏီများထဲမှ အချို့မှာပြည်ပမှ ကားများမှာယူတင်သွင်းခြင်းမျိုးမလုပ်ဘဲ လုပ်ငန်းရှင်များအကြား၌ လုပ်ပိုင် ခွင့်လိုင်စင်များကို လိုက်လံရောင်းချနေသည့် ဈေးကွက်မျိုးကိုသာ ဖော်ဆောင်နေကြောင်း စီးပွားရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိတ်ကူးပုံဖော်ခဲ့သော EV ကား အိပ်မက်မှာ နိုင်ငံတွင်း၌ စက်သုံးဆီသုံးစွဲမှုလျော့ချရေး၊ ကာဗွန်ဒိုင်အောက် ဆိုက် ထုတ်လွှတ်မှုလျော့ချရေးအပါအဝင် နိုင်ငံတကာတန်းဝင် စိတ်ကူးမျိုးဖြစ်ခဲ့သော်လည်း လုပ်ငန်းလိုင်စင်ရယူ လျှောက်ထားကြသူအချို့၏ တစ်နပ်စားဈေးကွက်ရှာ စီးပွားရေးပုံစံကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ပင်လျှင် ဝေဖန်ခံရတော့မည့်အနေအထားမျိုး ဖြစ်လာသည်။ အထူးသဖြင့် ဈေးကွက်အတွင်း၌ အမှန်တကယ် ကားတင်သွင်းမှုမလုပ်ဘဲ လိုင်စင်ရောင်းစားနေသူများကြောင့် ဈေးကွက်လည်း ပျက်ယွင်းနိုင်သကဲ့သို့ စီမံချက်ဖော်ဆောင်မည့် ခေါင်းဆောင်၏ လုပ်ငန်းစဉ်ကိုပါ ထိခိုက်စေလာသည့် သဘောမျိုးလည်း ဖြစ်သည်။ “ကားတင်သွင်းခွင့် လိုင်စင်ကို ပုံစံနှစ်မျိုးနဲ့ ရောင်းတယ်။ တစ်မျိုးက လိုင်စင်ပါမစ်စာရွက်ကိုပဲ ရောင်းတာ။ အဲဒီမှာက ကားတစ်စီးကို ကျပ်သိန်း(၁၀ဝ - ၁၅၀) လောက် သတ်မှတ်တယ်။ ဆိုလိုတာက သူ့မှာ ကားတင်သွင်း ခွင့်ရတာ အစီး(၁၀ဝဝ)စာပေါ့။ အဲဒီအတွက် တစ်စီးကို ကျပ်သိန်း (၁၀ဝ)ဆိုရင် သိန်းပေါင်း(၁၀ဝဝဝ၀) ပေးပါပေါ့။ တင်သွင်းခွင့်ပါမစ်လိုင်စင်ကို သူက ရောင်းတာ။ နောက်တစ်မျိုးက ကားတင်သွင်းပေးမယ်။ ဆိပ်ကမ်းကနေ ထုတ်ပေးမယ်။ အကုန်လုံး သူတို့ဘက်က လုပ်ပေးမယ်။ ကားတစ်စီးအပေါ်မှာ ကျသင့်တဲ့ ငွေကတော့ တစ်စီးစာကို ကျပ်သိန်း(၁၀ဝ) မက တော့ဘူး။ ၁၅၀ လောက် ဖြစ်သွားနိုင်တာမျိုးပေါ့” ဟု ကိုယ်တိုင်ရင်ဆိုင်ခဲ့ရသူ ယုံကြည်စိတ်ချရသည့် လုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။ ၎င်းအနေဖြင့် လာရောက်ရောင်းချသူ၏ ကားကုမ္ပဏီ နာမည်ကို အစိုးရထုတ်ပြန်ပြီးသားစာရင်း၌ ပါဝင်ခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် လုပ်ငန်းစဉ် တွက်ချက်ခြင်း များ ပြန်လည်လုပ်ဆောင်နေသည့်အတွက် စဉ်းစားချိန်ပေးရန် လိုအပ်ကြောင်း အကြောင်းပြန်ထားရ သည်ဟုဆိုသည်။

ဈေးကွက်အတွင်း၌မူ EV ကားတင်သွင်းခွင့် ပါမစ်ရရှိထားသော ကုမ္ပဏီပေါင်း (၈၀) ကျော်ရှိထားပြီး ယင်းအထဲမှ အမှန်တကယ်အလုပ်လုပ်ကိုင်နိုင်သူမှာ(၂၀)ထက် မပိုကြောင်း၊ အချို့သော လိုင်စင်ရထားသူများမှာ ပြည်ပမှ ကားတင်သွင်းခွင့် လျှောက်ထားခြင်းမျိုးကို လုံးဝမလုပ်တတ်ဘဲ ပါမစ် ရောင်းစားရန်သာ စီစဉ်ကြိုးစားနေကြသည်ဟု ဆိုသည်။ “ပါမစ် ရောင်းတဲ့သူတွေက ရောင်းပြီးလို့ သူတို့ လိုချင်တဲ့ ငွေကြေးရရင် ထွက်သွားရော။ ဒီဘက်မှာကျတော့ ကားတင်သွင်းခွင့်တွေမှာ တကယ်လုပ်ကိုင် နေသူတွေအတွက် နာမည်ပါ ပျက်သွားနိုင်တာပေါ့။ ဈေးကွက် ဖျက်သလိုလည်း ဖြစ်တယ်။ အစိုးရကို ပါမစ်လျှောက်ထားမယ်၊ ရောင်းစားမယ်ဆိုတဲ့ ဈေးကွက်သာ ကြီးစိုးသွားရင် နစကရဲ့အကောင်အထည် ဖော်မှုလုပ်ငန်းစဉ်မှာ ထိခိုက်မှုတွေ အများကြီးဖြစ်မယ်။ သိထားပါတယ်။ တစ်ချို့တွေဆိုရင် ပြည်ပမှာ ကားမှာဖို့ မပြောနဲ့ ဘယ်လိုချိတ်ဆက်ရမယ်မှန်းတောင် မသိကြဘူး။ လက်ထဲမှာတော့ ပါမစ် ရှိထား တယ်” ဟု လက်ရှိလုပ်ငန်းလုပ်ကိုင်နေသော EV ကားကုမ္ပဏီတစ် ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော EV ကားဈေးကွက်အတွင်း၌ မူလရည်မှန်း ချက်ကို သွေဖည်စေသော ဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ဖူးပြီး အချို့သော ကားလုပ်ငန်းရှင်များက တစ်ဆင့်ခံ Toyota နှင့် Honda EV ကားများကို တင်သွင်းခဲ့ဖူးကြောင်း၊ အဆိုပါကားများမှာ သက်ဆိုင်ရာ ထုတ်လုပ်သည့် နိုင်ငံ များက မြန်မာနိုင်ငံအတွက် တရားဝင်ရောင်းချခွင့်လိုင်စင်စာချုပ်ချုပ်ဆိုပေးခြင်းမရှိသည့်တိုင် ဈေးကွက် အတွင်း၌ မလိမ့်တပတ်သဘောမျိုး ပျံ့နှံ့ခဲ့ကြောင်း တွေ့နေရသည်။ အထူးသဖြင့် စာချုပ်စာတမ်းများကို မလိမ့်တပတ်ပုံစံဖြင့် တင်သွင်း ရောင်းချခဲ့ခြင်းမျိုးဖြစ်ကာ စစ်ဆေး အရေးယူ တားမြစ်ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ အရည်အသွေးပိုင်း၌ အာမခံချက်နည်းလွန်းလှသော ကားများကို လက်ပူတိုက် ဈေးကွက် မြင့်တင်းရောင်းချခြင်းဖြင့် လူထုကို လှည့်စားခဲ့ကြသော်လည်း နိုင်ငံတော်ဘက်က ထိရောက် သော အရေးယူမှု မလုပ်နိုင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များကြောင့် နိုင်ငံတော်၏မူဝါ အကောင်အထည်ဖော် မှုကို မေးခွန်းထုတ်မှုများ ရှိခဲ့ကြောင်း ကြားသိရသည်။

ပထမဆုံး EV ကားတင် သွင်းခွင့်ရကားကုမ္ပဏီ(၉)ခုအတွင်း၌ပင်လျှင် ရှင်းလင်းရခက်ခဲသော ပြဿနာအချို့ ရှိခဲ့သည့်တိုင် နောက်ထပ် ဒုတိယအသုတ်နှင့် တတိယအသုတ်အဖြစ် ကားတင်သွင်းခွင့်ရ ကုမ္ပဏီများကို ခွင့်ပြုကြေညာ ပေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကား တင်သွင်းရောင်းချခွင့်ရ ကုမ္ပဏီပေါင်း(၈၀)ကျော်ရှိ ထားပြီး ယင်းအထဲမှ နာမည်အမှတ်တံဆိပ်အချို့ကသာ သက်ဆိုင်ရာနိုင်ငံ စက်ရုံ၏ တရားဝင် ရောင်းချခွင့်ရ မြန်မာကိုယ်စားလှယ်ကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံရခြင်းမျိုး ဖြစ် သည်။ ယခုနှစ်ဦးပိုင်းအထိ နောက်ဆုံးထုတ်ပြန်ခဲ့သော ကားတင်သွင်းခွင့်ရ ကုမ္ပဏီပေါင်း(၈၀)ထဲမှ အချို့သော ကားကုမ္ပဏီများ မှာ လိုင်စင်ထပ်ဆင့်ပြန်လည် ရောင်းချ၍ လုပ်စား ခြင်း၊ လူအုပ်စုတစ်စု သို့မဟုတ် လုပ်ငန်းစု တစ်စုက ၎င်းတို့၏ ဒါရိုက်တာအဖွဲ့များကို သုံးလေးဖွဲ့ခွဲ၍ ကားတင်သွင်းခွင့် လိုင်စင်များ ထပ်မံလျှောက်ထားခြင်းများ အစရှိသည်တို့ကို လက်တလုံးခြား လုပ်ကိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။

zawgyi version
EV ကား ကုမၸဏီ(၈၀)ေက်ာ္ထဲမွ အခ်ိဳ႕က ကားတင္သြင္းမႈမလုပ္ဘဲ ပါမစ္ျပန္လည္ ေရာင္းစားသည့္ ေဈးကြက္မ်ိဳးကိုသာ တိုးတိုးတိတ္တိတ္လုပ္စားေန
ေအဝိုင္အီး(NP News) - ေမ ၂၂

EV ကား တင္သြင္းခြင့္ရထားသည့္ကုမၸဏီမ်ားထဲမွ အခ်ိဳ႕မွာျပည္ပမွ ကားမ်ားမွာယူတင္သြင္းျခင္းမ်ိဳးမလုပ္ဘဲ လုပ္ငန္းရွင္မ်ားအၾကား၌ လုပ္ပိုင္ ခြင့္လိုင္စင္မ်ားကို လိုက္လံေရာင္းခ်ေနသည့္ ေဈးကြက္မ်ိဳးကိုသာ ေဖာ္ေဆာင္ေနေၾကာင္း စီးပြားေရးအသိုင္းအဝိုင္းမွ စုံစမ္းသိရွိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ စိတ္ကူးပုံေဖာ္ခဲ့ေသာ EV ကား အိပ္မက္မွာ ႏိုင္ငံတြင္း၌ စက္သုံးဆီသုံးစြဲမႈေလ်ာ့ခ်ေရး၊ ကာဗြန္ဒိုင္ေအာက္ ဆိုက္ ထုတ္လႊတ္မႈေလ်ာ့ခ်ေရးအပါအဝင္ ႏိုင္ငံတကာတန္းဝင္ စိတ္ကူးမ်ိဳးျဖစ္ခဲ့ေသာ္လည္း လုပ္ငန္းလိုင္စင္ရယူ ေလွ်ာက္ထားၾကသူအခ်ိဳ႕၏ တစ္နပ္စားေဈးကြက္ရွာ စီးပြားေရးပုံစံေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ပင္လွ်င္ ေဝဖန္ခံရေတာ့မည့္အေနအထားမ်ိဳး ျဖစ္လာသည္။ အထူးသျဖင့္ ေဈးကြက္အတြင္း၌ အမွန္တကယ္ ကားတင္သြင္းမႈမလုပ္ဘဲ လိုင္စင္ေရာင္းစားေနသူမ်ားေၾကာင့္ ေဈးကြက္လည္း ပ်က္ယြင္းႏိုင္သကဲ့သို႔ စီမံခ်က္ေဖာ္ေဆာင္မည့္ ေခါင္းေဆာင္၏ လုပ္ငန္းစဥ္ကိုပါ ထိခိုက္ေစလာသည့္ သေဘာမ်ိဳးလည္း ျဖစ္သည္။ “ကားတင္သြင္းခြင့္ လိုင္စင္ကို ပုံစံႏွစ္မ်ိဳးနဲ႔ ေရာင္းတယ္။ တစ္မ်ိဳးက လိုင္စင္ပါမစ္စာ႐ြက္ကိုပဲ ေရာင္းတာ။ အဲဒီမွာက ကားတစ္စီးကို က်ပ္သိန္း(၁၀ဝ - ၁၅၀) ေလာက္ သတ္မွတ္တယ္။ ဆိုလိုတာက သူ႔မွာ ကားတင္သြင္း ခြင့္ရတာ အစီး(၁၀ဝဝ)စာေပါ့။ အဲဒီအတြက္ တစ္စီးကို က်ပ္သိန္း (၁၀ဝ)ဆိုရင္ သိန္းေပါင္း(၁၀ဝဝဝ၀) ေပးပါေပါ့။ တင္သြင္းခြင့္ပါမစ္လိုင္စင္ကို သူက ေရာင္းတာ။ ေနာက္တစ္မ်ိဳးက ကားတင္သြင္းေပးမယ္။ ဆိပ္ကမ္းကေန ထုတ္ေပးမယ္။ အကုန္လုံး သူတို႔ဘက္က လုပ္ေပးမယ္။ ကားတစ္စီးအေပၚမွာ က်သင့္တဲ့ ေငြကေတာ့ တစ္စီးစာကို က်ပ္သိန္း(၁၀ဝ) မက ေတာ့ဘူး။ ၁၅၀ ေလာက္ ျဖစ္သြားႏိုင္တာမ်ိဳးေပါ့” ဟု ကိုယ္တိုင္ရင္ဆိုင္ခဲ့ရသူ ယုံၾကည္စိတ္ခ်ရသည့္ လုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။ ၎အေနျဖင့္ လာေရာက္ေရာင္းခ်သူ၏ ကားကုမၸဏီ နာမည္ကို အစိုးရထုတ္ျပန္ၿပီးသားစာရင္း၌ ပါဝင္ျခင္း ရွိမရွိ စစ္ေဆးျခင္းႏွင့္ လုပ္ငန္းစဥ္ တြက္ခ်က္ျခင္း မ်ား ျပန္လည္လုပ္ေဆာင္ေနသည့္အတြက္ စဥ္းစားခ်ိန္ေပးရန္ လိုအပ္ေၾကာင္း အေၾကာင္းျပန္ထားရ သည္ဟုဆိုသည္။

ေဈးကြက္အတြင္း၌မူ EV ကားတင္သြင္းခြင့္ ပါမစ္ရရွိထားေသာ ကုမၸဏီေပါင္း (၈၀) ေက်ာ္ရွိထားၿပီး ယင္းအထဲမွ အမွန္တကယ္အလုပ္လုပ္ကိုင္ႏိုင္သူမွာ(၂၀)ထက္ မပိုေၾကာင္း၊ အခ်ိဳ႕ေသာ လိုင္စင္ရထားသူမ်ားမွာ ျပည္ပမွ ကားတင္သြင္းခြင့္ ေလွ်ာက္ထားျခင္းမ်ိဳးကို လုံးဝမလုပ္တတ္ဘဲ ပါမစ္ ေရာင္းစားရန္သာ စီစဥ္ႀကိဳးစားေနၾကသည္ဟု ဆိုသည္။ “ပါမစ္ ေရာင္းတဲ့သူေတြက ေရာင္းၿပီးလို႔ သူတို႔ လိုခ်င္တဲ့ ေငြေၾကးရရင္ ထြက္သြားေရာ။ ဒီဘက္မွာက်ေတာ့ ကားတင္သြင္းခြင့္ေတြမွာ တကယ္လုပ္ကိုင္ ေနသူေတြအတြက္ နာမည္ပါ ပ်က္သြားႏိုင္တာေပါ့။ ေဈးကြက္ ဖ်က္သလိုလည္း ျဖစ္တယ္။ အစိုးရကို ပါမစ္ေလွ်ာက္ထားမယ္၊ ေရာင္းစားမယ္ဆိုတဲ့ ေဈးကြက္သာ ႀကီးစိုးသြားရင္ နစကရဲ႕အေကာင္အထည္ ေဖာ္မႈလုပ္ငန္းစဥ္မွာ ထိခိုက္မႈေတြ အမ်ားႀကီးျဖစ္မယ္။ သိထားပါတယ္။ တစ္ခ်ိဳ႕ေတြဆိုရင္ ျပည္ပမွာ ကားမွာဖို႔ မေျပာနဲ႔ ဘယ္လိုခ်ိတ္ဆက္ရမယ္မွန္းေတာင္ မသိၾကဘူး။ လက္ထဲမွာေတာ့ ပါမစ္ ရွိထား တယ္” ဟု လက္ရွိလုပ္ငန္းလုပ္ကိုင္ေနေသာ EV ကားကုမၸဏီတစ္ ခုမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

၂၀၂၃ ခုႏွစ္တြင္ စတင္ခဲ့ေသာ EV ကားေဈးကြက္အတြင္း၌ မူလရည္မွန္း ခ်က္ကို ေသြဖည္ေစေသာ ျဖစ္ရပ္မ်ားစြာ ေပၚေပါက္ခဲ့ဖူးၿပီး အခ်ိဳ႕ေသာ ကားလုပ္ငန္းရွင္မ်ားက တစ္ဆင့္ခံ Toyota ႏွင့္ Honda EV ကားမ်ားကို တင္သြင္းခဲ့ဖူးေၾကာင္း၊ အဆိုပါကားမ်ားမွာ သက္ဆိုင္ရာ ထုတ္လုပ္သည့္ ႏိုင္ငံ မ်ားက ျမန္မာႏိုင္ငံအတြက္ တရားဝင္ေရာင္းခ်ခြင့္လိုင္စင္စာခ်ဳပ္ခ်ဳပ္ဆိုေပးျခင္းမရွိသည့္တိုင္ ေဈးကြက္ အတြင္း၌ မလိမ့္တပတ္သေဘာမ်ိဳး ပ်ံ႕ႏွံ႔ခဲ့ေၾကာင္း ေတြ႕ေနရသည္။ အထူးသျဖင့္ စာခ်ဳပ္စာတမ္းမ်ားကို မလိမ့္တပတ္ပုံစံျဖင့္ တင္သြင္း ေရာင္းခ်ခဲ့ျခင္းမ်ိဳးျဖစ္ကာ စစ္ေဆး အေရးယူ တားျမစ္ရသည္အထိ ျဖစ္ေပၚခဲ့သည္။ အရည္အေသြးပိုင္း၌ အာမခံခ်က္နည္းလြန္းလွေသာ ကားမ်ားကို လက္ပူတိုက္ ေဈးကြက္ ျမင့္တင္းေရာင္းခ်ျခင္းျဖင့္ လူထုကို လွည့္စားခဲ့ၾကေသာ္လည္း ႏိုင္ငံေတာ္ဘက္က ထိေရာက္ ေသာ အေရးယူမႈ မလုပ္ႏိုင္ခဲ့ေၾကာင္း၊ ယင္းျဖစ္စဥ္မ်ားေၾကာင့္ ႏိုင္ငံေတာ္၏မူဝါ အေကာင္အထည္ေဖာ္ မႈကို ေမးခြန္းထုတ္မႈမ်ား ရွိခဲ့ေၾကာင္း ၾကားသိရသည္။

ပထမဆုံး EV ကားတင္ သြင္းခြင့္ရကားကုမၸဏီ(၉)ခုအတြင္း၌ပင္လွ်င္ ရွင္းလင္းရခက္ခဲေသာ ျပႆနာအခ်ိဳ႕ ရွိခဲ့သည့္တိုင္ ေနာက္ထပ္ ဒုတိယအသုတ္ႏွင့္ တတိယအသုတ္အျဖစ္ ကားတင္သြင္းခြင့္ရ ကုမၸဏီမ်ားကို ခြင့္ျပဳေၾကညာ ေပးခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ကား တင္သြင္းေရာင္းခ်ခြင့္ရ ကုမၸဏီေပါင္း(၈၀)ေက်ာ္ရွိ ထားၿပီး ယင္းအထဲမွ နာမည္အမွတ္တံဆိပ္အခ်ိဳ႕ကသာ သက္ဆိုင္ရာႏိုင္ငံ စက္႐ုံ၏ တရားဝင္ ေရာင္းခ်ခြင့္ရ ျမန္မာကိုယ္စားလွယ္ကုမၸဏီအျဖစ္ အသိအမွတ္ျပဳခံရျခင္းမ်ိဳး ျဖစ္ သည္။ ယခုႏွစ္ဦးပိုင္းအထိ ေနာက္ဆုံးထုတ္ျပန္ခဲ့ေသာ ကားတင္သြင္းခြင့္ရ ကုမၸဏီေပါင္း(၈၀)ထဲမွ အခ်ိဳ႕ေသာ ကားကုမၸဏီမ်ား မွာ လိုင္စင္ထပ္ဆင့္ျပန္လည္ ေရာင္းခ်၍ လုပ္စား ျခင္း၊ လူအုပ္စုတစ္စု သို႔မဟုတ္ လုပ္ငန္းစု တစ္စုက ၎တို႔၏ ဒါ႐ိုက္တာအဖြဲ႕မ်ားကို သုံးေလးဖြဲ႕ခြဲ၍ ကားတင္သြင္းခြင့္ လိုင္စင္မ်ား ထပ္မံေလွ်ာက္ထားျခင္းမ်ား အစရွိသည္တို႔ကို လက္တလုံးျခား လုပ္ကိုင္ေနၾကေၾကာင္း စုံစမ္းသိရွိရသည္။

Related news

© 2021. All rights reserved.