တစ်ပတ်အတွင်း စီးပွားရေးသုံးသပ်ချက်

 222

ပြည့်ဖြိုး (NP News)
ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေများ ဆက်တိုက်မြင့်တက်နေပြီး တရားဝင် အခေါက် ရွှေ များ ‌ရောင်း/ဝယ်နေသောရွှေလှော်ဖိုများလည်း လုပ်ငန်းရပ်နားကာ ဈေးကွက်ပိတ်ထားကြောင်းသိရ သည်။ နိုင်ငံတကာဈေးကွက်တွင် အစ္စရေးနှင့် အီရန် စစ်ပွဲများကြောင့် ကမ္ဘာ့ရွှေအိတ်ချိန်းအတွင်း ရွှေ ဝယ်လိုအားများကာ ဈေးဆက်တိုက်မြင့်တက်နေကြောင်း သိရသည်။ ပြည်တွင်းရွှေဈေးကွက်တွင် အ မေရိကန် ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းများအရ ဈေးနှုန်းများ စံချိန်တင်မြင့်တက်နေရာ သက်ဆိုင်ရာက ရွှေပွဲစားနှင့် ဒေါ်လာပွဲစားများကို ဖမ်းဆီးခေါ်ယူစစ်ဆေးခြင်းဖြင့် ရွှေဈေးနှင့်ဒေါ်လာဈေးကို ကျဆင်းစေ ရန်ဆောင်ရွက်နေသည်။ လက်ရှိတွင် ရွှေဈေးနှင့်ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းတွင် အဖမ်း ဆီးခံရသူ (၁၀) ဦးဝန်းကျင်ခန့်ရှိပြီး ဆက်လက်ဖမ်းဆီးနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ ဈေးကွက်အတွင်း အမှန်တကယ်လိုအပ်သော နိုင်ငံတကာအဆင့်မီ ရွှေအိတ်ချိန်းတည်ထောင်ရန် စီမံခန့် ခွဲမှုအားနည်းနေသည်။ အမေရိကန်ဒေါ်လာဈေးမှာ တစ်‌ဒေါ်လာလျှင် (၄၅၂၀)ကျပ်အထိမြင့်တက်လာချိန် တွင် ပြည်တွင်းရှိ စက်သုံးဆီဈေးများလည်း အနည်းငယ် လိုက်ပါမြင့် တက်လာသည်။ စက်သုံးဆီဈေးမှာ အဆမတန် မြင့်တက်ခြင်းမျိုးမဟုတ်ဘဲ အနည်းငယ်မြင့်တက်ခြင်းများဖြစ်သောကြောင့် ပြန်လည်ကျ ဆင်းနိုင်သောအခြေအနေတွင်ရှိနေသည်။ လတ်တလော ငလျင်ဘေးအပြီး ကမ္ဘာ့ဘဏ်၏ စီးပွားရေးလေ့ လာစောင့်ကြည့်မှု အစီရင်ခံစာ ထွက်ပေါ်လာပြီး မှတ်သားဖွယ်ရာ ကိန်းဂဏန်းအချို့လည်း သိရှိရသည်။ ငလျင်ကြောင့် (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်၌ မြန်မာပြည်၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ( ၂ ဒသမ ၅) ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်ကခန့်မှန်းထားကြောင်းသိရသည်။ ထိခိုက်ပျက်စီး ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ(၁၁)ဘီလျံခန့်ရှိပြီး GDP ၏ (၁၄) ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။ မန္တ လေး၊ စစ်ကိုင်း၊ ပဲခူး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် မကွေး တိုင်းဒေသကြီးတို့တွင် လူဦးရေ (၁၇) သန်းကျော် ထိခိုက်ခဲ့ပြီး ကိုးသန်းခန့် ပြင်းထန်စွာထိခိုက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကခန့်မှန်းထား သည်။ လာမည့်ရက်ပိုင်းအတွင်း စီးပွားရေးဆိုင်ရာအပြောင်းအလဲများ ဆက်လက်တွေ့မြင်နိုင်ဖွယ်ရှိနေ သည်။ သို့သော်လည်း အခြေခံ အထွေထွေကုန်ဈေးနှုန်းအပြောင်းအလဲဖြစ် ပေါ်နိုင်ခြေနည်းပါးပြီး ကုန် စည်အများစုမှာ ဈေးအမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။

ပြင်ပဈေး မြင့်တက်ပြီး တရားဝင် အခေါက်ရွှေလုပ်ငန်းရပ်ဆိုင်း
ကမ္ဘာ့ရွှေဈေးသည် နိုင်ငံတကာစစ်ရေးနှင့် နိုင်ငံရေးများကြောင့် စံချိန်တင်မြင့်တက်နေရာ ပြည် တွင်းရွှေဈေးမှာလည်း စံချိန်တင်ဈေးများဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ရန်ကုန် တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ အခေါက်ရွှေ ရည်ညွှန်းသတ်မှတ်ဈေးများမှာလည်း အတိုင်း အတာ တစ်ခုအထိဈေးမြင့်တက်လာသည်။ YGEA သတ်မှတ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၉) သိန်းကျပ်ဖြစ်ပြီး ယင်းဈေးဖြင့် တရားဝင်ရောင်း/ဝယ် သောရွှေဆိုင်မရှိကြောင်း ဈေးကွက်အတွင်း မှသိရသည်။ ပြင်ပရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်း(၈၀)ဝန်းကျင်ပေါက်ဈေး ဖြစ်ပေါ်နေရာ လတ်တလောတွင် ရွှေကုန်သည်အချို့ကိုသက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမှုများလည်းရှိနေ ကြောင်း သိရသည်။ ရွှေဈေးမြင့်တက်မှုကြောင့် ရွှေလှော်ဖိုများလည်း လုပ်ငန်းရပ်နားထားပြီး နာမည် ကျော် အကယ်ဒမီနှင့် အောင်သမာဓိရွှေလုပ်ငန်းများမှာ အခေါက်ရွှေ ‌ရောင်း/ဝယ်မှုရပ်နားထားကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးကွက်၌ ဇွန်လ(၁၁)ရက်တွင် ရွှေတစ်အောင် စလျှင် (၃၃၄၄)ဒေါ်လာ၊ ဇွန် (၁၂) ရက်တွင် (၃၃၆၀)ဒေါ်လာ၊ ဇွန်(၁၃)ရက်တွင် (၃၄၁၇)ဒေါ်လာ၊ ဇွန် (၁၄)ရက်နှင့် ဇွန် (၁၅) ရက်တွင် (၃၄၃၃) ‌ဒေါ်လာ၊ ဇွန်(၁၆)ရက်တွင် (၃၄၁၄) ဒေါ်လာ၊ ဇွန် (၁၇) ရက်တွင် (၃၃၉၂) ဒေါ်လာဖြင့် ဈေး အမြင့်ပိုင်းတွင် ရပ်တည်နေသည်။ နိုင်ငံတကာပေါက်ဈေးများမြင့်တက်ချိန်တွင် ပြည်တွင်းအခေါက် ရွှေ များမှာ မှောင်ခိုလမ်းကြောင်းမှ ပြည်ပသို့ ရောင်းချလေ့ရှိကြသည်။ ပြည်တွင်းဈေးကွက်တွင် သတ်မှတ် ရည်ညွှန်းဈေးထုတ်ပြန်သော်လည်း ရွှေမှောင်ခိုဈေးကွက်မှာ ရှေးယခင်ကတည်းက အရောင်း/အဝယ် လမ်းကြောင်းများ ရှိနေပြီးဖြစ်ရာ မှောင်ခိုဈေးနှုန်းကျဆင်းစေရန် စီမံခန့်ခွဲ နိုင်ရန်မလွယ်ကူကြောင်း သိရ သည်။ မြန်မာနိုင်ငံ၏ ရွှေဈေးကွက်သည် မိရိုးဖလာအရောင်းအဝယ်လုပ်ငန်းမှတစ်ဆင့် တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်ပြီး (၁၅) ပဲရည်ရွှေထည်ဈေးကွက်မှာ လက်ရှိတွင် မြို့နယ်တိုင်းတွင် ‌ရွှေဆိုင်များ ဖွင့်လှစ်ရောင်းချနေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် သက်ဆိုင်ရာက ရွှေရောင်းဝယ်မှုအပေါ် စည်းမျဉ်း စည်ကမ်းများ ထုတ်ပြန်လာပြီဖြစ်သော်လည်း တိကျစွာလိုက်နာစေရန် အချိန် ယူကာဆောင်ရွက်ရမည် ဖြစ်သည်။ နိုင်ငံတကာရွှေ ဈေးကွက်နှင့် ပြည်တွင်းဈေးကွက်မှာ တိုက်ရိုက် သက်ရောက်မှုအားနည်း သော်လည်း သွယ်ဝိုက်သော ဈေးကွက်သက်ရောက်မှုများရှိနေဆဲဖြစ်သည်။ အွန်လိုင်း နည်းပညာခေတ် တွင် လေပတ်ကားရောင်းဝယ်မှုကို လုံးဝရပ်တန့်စေရန် လုပ်ဆောင်ဖို့မလွယ်ကူပေ။ အတိုင်းအတာ တစ်ခုအထိ လေပတ်ကားရောင်းဝယ်ခြင်းများကို ဖမ်းဆီးထောင်ချခြင်းများဖြင့် တားဆီးနိုင်သော်လည်း အမှန်တကယ်လိုအပ်ချက်မှာ နိုင်ငံတကာအဆင့်မီ ရွှေဈေးကွက်တည်ထောင်ရန်လိုအပ်နေခြင်းဖြစ် သည်။ သက်ဆိုင်ရာအနေဖြင့် နိုင်ငံတကာရှိ ရွှေအိတ်ချိန်းဈေးကွက်များ၊ ရွှေအာမခံဘဏ်များ၊ ကမ္ဘာ့ အဆင့်မီ ရွှေဈေးကွက် လုပ်ထုံးလုပ်နည်းများကိုလေ့လာပြီး ပြည်တွင်းရွှေဈေးကွက်ကို နိုင်ငံတကာ အဆင့်မီထူထောင်ပေးရန်လိုအပ်နေသည်။ လတ်တလောတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည် တွင်း ရွှေဈေးများဆက်လက်မြင့်တက်နေဦးမည်ဖြစ်သည်။

နိုင်ငံခြားငွေဈေးနှင့် နယ်စပ်ကုန်သွယ်မှု အပါအဝင် စက်သုံးဆီဈေးများ
ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့က နယ်စပ်ကုန်သွယ်ရေးများ လုပ်ကိုင်ခွင့် ပြုလုပ်ထားရာ မူဆယ်တွင် တရုတ်ယွမ်ငွေ အရောင်း/အဝယ် ပြန်လည်ဖြစ်ထွန်းလာကြောင်းသိရသည်။ နယ်စပ်ကုန်သွယ်မှုမှ နိုင်ငံခြားငွေဈေး အပြောင်းအလဲသည် ပြည်တွင်းငွေလဲဈေးနှုန်းအပေါ် သက် ရောက်မှုရှိလာကြောင်းသိရသည်။ ယခုရက်ပိုင်းအတွင်း တရုတ်ယွမ်ငွေများ ဈေးနှုန်းမြင့်တက်သည့် အပြင် ထိုင်းဘတ်ငွေသည်လည်း ဈေးမြင့်တက်မှုရှိနေသည်။ နိုင်ငံခြားငွေလဲဈေးကွက်အတွင်း အမေရိ ကန်ဒေါ်လာအပြင် အခြားသော ငွေလဲဈေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်သည်။ လွန်ခဲ့သောလ များအတွင်းက (၄၄၃၀)၊ (၄၄၄၀) ကျပ်ဝန်းကျင်၌ အတက်အကျရှိနေခဲ့သည့် အမေရိ‌ကန်ဒေါ်လာဈေး သည် ဇွန် (၁၂) ရက်မှစတင်ကာ (၄၄၅၀)ကျပ်ဝန်းကျင်ဖြင့် အတက်ဘက်သို့ စတင်ရောက်ရှိလာကြောင်း သိရသည်။ ကန်ဒေါ်လာဈေးတွေ မြင့်တက်လာမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန် (၁၂) ရက် ရက်စွဲဖြင့် ကြေညာချက်တ‌စ်စောင် ထုတ်ပြန်ထားသည်။ အဆိုပါကြေညာချက်တွင် ဗဟိုဘဏ် မှထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ထိထိရောက်ရောက် အ ရေးယူဆောင်ရွက်နိုင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဟု အသိပေးဖော်ပြထားသည်။ လက်ရှိ ငွေ ကြေးဈေးကွက်အတွင်း ‌ကန်ဒေါ်လာအပြင် အခြားသောငွေလဲဈေးအချို့လည်း ဈေးနှုန်းမြင့်တက်လျက် ရှိရာ စင်ကာပူတစ်ဒေါ်လာ (၃၄၃၅)ကျပ်ဝန်းကျင်၊ တရုတ်တစ်ယွမ် (၆၂၆)ကျပ်ဝန်းကျင်၊ ထိုင်းတစ် ဘတ် (၁၃၉)ကျပ်ဝန်းကျင်၊ အိန္ဒိယတစ်ရူပီး (၅၂) ကျပ်ဝန်းကျင် ပေါက်ဈေးအသီးသီးဖြင့်ရပ်တည်နေကြောင်း သိရသည်။ ဇွန်လ (၁၇)ရက်တွင် ပြင်ပငွေလဲ ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်ရပ်နားထားပြီး အမေရိ ကန်ဒေါ်လာပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် (၄၅၂၀)ကျပ်ဝန်းကျင်ရှိနေကြောင်းနှင့် ငွေလဲဈေးကွက် အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း ငွေလဲလုပ်ငန်းများမှသိရသည်။ နိုင်ငံတကာ စစ်ရေး နှင့်နိုင်ငံရေးအခြေအနေများကြောင့် ငွေလဲနှုန်းများတည်ငြိမ်ရန်မလွယ်ကူဘဲ လာမည့်ရက်ပိုင်းအတွင်း အ‌ရောင်း/အဝယ်ပြုလုပ်ရာတွင် ရောင်းမှားဝယ်မှား မဖြစ်စေရန် သတိထားဆောင်ရွက်သင့်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်ပြောကြားသည်။ အရှေ့အလယ်ပိုင်းမှအစ္စရေးနှင့်အီရန်စစ်ပွဲများကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးမှာ ရေနံတစ်စည်လျှင် (၆၇)ဒေါ်လာအထိ ဈေးနှုန်းများမြင့်တက်သွားကြောင်း သိရ သည်။ ပြည်တွင်းစက်သုံးဆီဈေးမှာလည်း စက် သုံးဆီအမျိုးအစားအားလုံး‌ ဈေးပြန်တက်လာပြီး အ ရောင်းအဝယ်တည်ငြိမ်နေသည်။ လာမည့်ရက်ပိုင်းအတွင်း စက်သုံးဆီ‌ဈေးမှာ အတက်ဈေးဘက်တွင် ရောက်ရှိနေနိုင်ကြောင်းသိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့် ယခုတစ်ပတ်တွင် စက်သုံးဆီ ရည်ညွှန်းဈေးကို (၉၂)ဓာတ်ဆီ တစ်လီတာ (၂၈၅၀) ကျပ်၊ (၉၅) ဓာတ်ဆီ တစ်လီတာ (၂၉၁၅) ကျပ်၊ ဒီဇယ် တစ်လီတာ (၂၄၁၀) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီ တာ (၂၉၉၀) ကျပ်ဟု ဇွန် (၁၇) ရက်က ထုတ်ပြန်ကြေညာထားသည်။ ပြီးခဲသည့်တစ်ပတ်တွင်မူ (၉၂) ဓာတ်ဆီ တစ်လီတာ (၂၈၄၅) ကျပ်၊ (၉၅) ဓာတ်ဆီ တစ်လီတာ (၂၈၉၅) ကျပ်၊ ဒီဇယ် တစ်လီတာ (၂၃၇၅) ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ (၂၉၅၀) ကျပ်ဆိုပြီး သတ်မှတ်ထားသည်။ ထို့ကြောင့် ယခု တစ်ပတ်တွင် (၉၂) ဓာတ်ဆီ တစ်လီတာ (၅) ကျပ်၊ ၉၅ တစ်လီတာ (၂၀) ကျပ်၊ ဒီဇယ် တစ်လီတာ (၃၅) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ (၄၀) ကျပ်ဖြင့် အသီးသီး ဈေးပြန်တက်လာခြင်းဖြစ်သည်။ ထို့အတူ အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးတွင်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။ လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတကာစစ်ရေးနိုင်ငံရေးအခြေအနေများပေါ်မူတည်ကာ စက်သုံး ဆီ ဈေးများ အပြောင်းအလဲရှိနိုင်သော်လည်း အဆမတန် ဈေးမြင့်တက်မှုများဖြစ်လာနိုင်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူများကသုံးသပ်သည်။
ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်နှင့် မှတ်သားဖွယ်ရာ ညွှန်းကိန်းအချို့
လတ်တလော ဇွန်လ (၁၂)ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွက် အရေးကြီးသောစီးပွားရေးဆိုင်ရာ ညွှန်းကိန်းများပါရှိလာသည်။ ကမ္ဘာ့ဘဏ်၏ စီးပွားရေး စောင့်ကြည့်အစီအရင်ခံစာသည် မတ်လအတွင်း ဖြစ်ပွားခဲ့သည့်ငလျင်ကြီးအပြီးအခြေအနေ များကို အဓိက ထားသုံးသပ်ထားခြင်းဖြစ်သော်လည်း ငွေကြေးဖောင်းပွမှုကဲ့သို့သောအချက်အလက်များ ပါဝင်နေသည်။ ကမ္ဘာ့ဘဏ်က (၂၀၂၅)ခုနှစ် ဧပြီလအထိ တစ်နှစ်တာပတ်လုံး ငွေကြေးဖောင်းပွမှုကို (၃၄ ဒသ မ ၁) ရာခိုင်နှုန်းခန့်ရှိကြောင်းခန့်မှန်းထားသည်။ ယင်းခန့်မှန်းချက်သည် မြေပြင် အခြေခံကုန်ဈေး နှုန်းများဖြင့်တိုက်ဆိုင်ကြည့်ပါက အထိုက်အသင့်မှန်ကန်နိုင်ကြောင်းမြင်တွေ့ရသည်။ လက်ရှိအခြေ အနေတွင်လည်း အခြေခံစားသောက်ကုန်များမှာ (၂၀) ရာခိုင်နှုန်းမှ (၃၀)ရာခိုင်နှုန်းဝန်းကျင်အထိ ဈေး နှုန်းများမြင့်တက်နေခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်က ပဋိပက္ခများ၊ လျှပ်စစ်ဓာတ်အားပြတ် တောက်မှုနှင့် ကုန်သွယ်မှုနှင့် ငွေလဲနှုန်းကန့်သတ်ချက်များဆိုင်ရာ စိန်ခေါ်မှုများကြားတွင် စီးပွားရေး နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လာခဲ့သည်ဟုဖော်ပြထားသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ လက်နက် ကိုင်ပဋိပက္ခများကြောင့် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကို ရည်ညွှန်းထားပြီး လက်နက်ကိုင် တိုက်ပွဲများရှိရာဒေသများတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ဖော်ပြလိုခြင်းဖြစ် သည်။ ငွေလဲနှုန်း ကန့်သတ်ချက်သည်လည်း မြန်မာနိုင်ငံ၏စီးပွားရေးကို အဓိက ပြဿနာတစ်ခုအဖြစ် ကမ္ဘာ့ဘဏ်ကရည်ညွှန်းထားသည်။ မြန်မာနိုင်ငံ၏စီးပွား‌ရေးမတည်ငြိမ်မှုကို ငလျင် မလှုပ်မီကကောက် ယူခဲ့သော (၂၀၂၄-၂၅) Myanmar Subnational Phone Survey တွင် မြန်မာနိုင်ငံ၏ဆင်းရဲနွမ်းပါးမှုနှုန်း သည် (၂၀၂၄) ခုနှစ်တွင် (၃၁)ရာခိုင်နှုန်းဖြင့် နောက်ဆုံး တရားဝင်ခန့်မှန်းထား သည့် (၂၄ ဒသမ ၈) ရာခိုင် နှုန်းထက် ပိုများပါသည်။ အခြေခံလူတန်းစားပုံသဏ္ဌာန်များအရ ဆင်းရဲနွမ်းပါးမှုသည် အိမ်ထောင်စု (၂၈) ရာခိုင်နှုန်းအထိ တိုးလာနိုင်သည်ဟူ၍ ကမ္ဘာ့ဘဏ်ကဆိုသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့် ကြည့်လေ့လာရေး (MEM) သည် မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် (၂၀၂၅/၂၆) ဘဏ္ဍာနှစ် တွင် ပြည်တွင်းအသားတင် ထုတ်ကုန်(GDP)တွင် (၂ ဒသမ ၅) ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်ဟု ရည် မှန်းထားသည်။ အထက်ပါ ခန့်မှန်းချက်များအရ လက်ရှိဘဏ္ဍာနှစ်သည် စီးပွားရေးကျပ်တည်းမှု ပြင်းပြင်း ထန်ထန်ခံစားရနိုင်ဖွယ်ရှိ ပြီး အားသာကောင်းမွန်သောအချက်အလက် နည်းပါးနေသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်များ မှန် မမှန်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သော်လည်း အခြေခံကုန်စည်နှင့် အထွေ ထွေကုန်ဈေးနှုန်းမှာ လာမည့်ရက်လများအတွင်း ဆက်တိုက်မြင့်တက်နေမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း စီးပြားေရးသုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)
ယခုတစ္ပတ္အတြင္း ျပည္တြင္းေ႐ႊေဈမ်ား ဆက္တိုက္ျမင့္တက္ေနၿပီး တရားဝင္ အေခါက္ ေ႐ႊ မ်ား ‌ေရာင္း/ဝယ္ေနေသာေ႐ႊေလွာ္ဖိုမ်ားလည္း လုပ္ငန္းရပ္နားကာ ေဈးကြက္ပိတ္ထားေၾကာင္းသိရ သည္။ ႏိုင္ငံတကာေဈးကြက္တြင္ အစၥေရးႏွင့္ အီရန္ စစ္ပြဲမ်ားေၾကာင့္ ကမာၻ႔ေ႐ႊအိတ္ခ်ိန္းအတြင္း ေ႐ႊ ဝယ္လိုအားမ်ားကာ ေဈးဆက္တိုက္ျမင့္တက္ေနေၾကာင္း သိရသည္။ ျပည္တြင္းေ႐ႊေဈးကြက္တြင္ အ ေမရိကန္ ေဒၚလာႏွင့္ ျမန္မာေငြလဲႏႈန္းမ်ားအရ ေဈးႏႈန္းမ်ား စံခ်ိန္တင္ျမင့္တက္ေနရာ သက္ဆိုင္ရာက ေ႐ႊပြဲစားႏွင့္ ေဒၚလာပြဲစားမ်ားကို ဖမ္းဆီးေခၚယူစစ္ေဆးျခင္းျဖင့္ ေ႐ႊေဈးႏွင့္ေဒၚလာေဈးကို က်ဆင္းေစ ရန္ေဆာင္႐ြက္ေနသည္။ လက္ရွိတြင္ ေ႐ႊေဈးႏွင့္ေဒၚလာေဈးျမင့္တက္မႈေၾကာင့္ ျပည္တြင္းတြင္ အဖမ္း ဆီးခံရသူ (၁၀) ဦးဝန္းက်င္ခန႔္ရွိၿပီး ဆက္လက္ဖမ္းဆီးႏိုင္ဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ ေဈးကြက္အတြင္း အမွန္တကယ္လိုအပ္ေသာ ႏိုင္ငံတကာအဆင့္မီ ေ႐ႊအိတ္ခ်ိန္းတည္ေထာင္ရန္ စီမံခန႔္ ခြဲမႈအားနည္းေနသည္။ အေမရိကန္ေဒၚလာေဈးမွာ တစ္‌ေဒၚလာလွ်င္ (၄၅၂၀)က်ပ္အထိျမင့္တက္လာခ်ိန္ တြင္ ျပည္တြင္းရွိ စက္သုံးဆီေဈးမ်ားလည္း အနည္းငယ္ လိုက္ပါျမင့္ တက္လာသည္။ စက္သုံးဆီေဈးမွာ အဆမတန္ ျမင့္တက္ျခင္းမ်ိဳးမဟုတ္ဘဲ အနည္းငယ္ျမင့္တက္ျခင္းမ်ားျဖစ္ေသာေၾကာင့္ ျပန္လည္က် ဆင္းႏိုင္ေသာအေျခအေနတြင္ရွိေနသည္။ လတ္တေလာ ငလ်င္ေဘးအၿပီး ကမာၻ႔ဘဏ္၏ စီးပြားေရးေလ့ လာေစာင့္ၾကည့္မႈ အစီရင္ခံစာ ထြက္ေပၚလာၿပီး မွတ္သားဖြယ္ရာ ကိန္းဂဏန္းအခ်ိဳ႕လည္း သိရွိရသည္။ ငလ်င္ေၾကာင့္ (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္၌ ျမန္မာျပည္၏ ျပည္တြင္းအသားတင္ထုတ္ကုန္ (GDP) ( ၂ ဒသမ ၅) ရာခိုင္ႏႈန္းက်ဆင္းႏိုင္ေၾကာင္း ကမာၻ႔ဘဏ္ကခန႔္မွန္းထားေၾကာင္းသိရသည္။ ထိခိုက္ပ်က္စီး ဆုံးရႈံးမႈမွာ အေမရိကန္ေဒၚလာ(၁၁)ဘီလ်ံခန႔္ရွိၿပီး GDP ၏ (၁၄) ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္းသိရသည္။ မႏၲ ေလး၊ စစ္ကိုင္း၊ ပဲခူး၊ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမႏွင့္ မေကြး တိုင္းေဒသႀကီးတို႔တြင္ လူဦးေရ (၁၇) သန္းေက်ာ္ ထိခိုက္ခဲ့ၿပီး ကိုးသန္းခန႔္ ျပင္းထန္စြာထိခိုက္ခဲ့ေၾကာင္း ကမာၻ႔ဘဏ္ကခန႔္မွန္းထား သည္။ လာမည့္ရက္ပိုင္းအတြင္း စီးပြားေရးဆိုင္ရာအေျပာင္းအလဲမ်ား ဆက္လက္ေတြ႕ျမင္ႏိုင္ဖြယ္ရွိေန သည္။ သို႔ေသာ္လည္း အေျခခံ အေထြေထြကုန္ေဈးႏႈန္းအေျပာင္းအလဲျဖစ္ ေပၚႏိုင္ေျခနည္းပါးၿပီး ကုန္ စည္အမ်ားစုမွာ ေဈးအျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ေနမည္ျဖစ္သည္။

ျပင္ပေဈး ျမင့္တက္ၿပီး တရားဝင္ အေခါက္ေ႐ႊလုပ္ငန္းရပ္ဆိုင္း
ကမာၻ႔ေ႐ႊေဈးသည္ ႏိုင္ငံတကာစစ္ေရးႏွင့္ ႏိုင္ငံေရးမ်ားေၾကာင့္ စံခ်ိန္တင္ျမင့္တက္ေနရာ ျပည္ တြင္းေ႐ႊေဈးမွာလည္း စံခ်ိန္တင္ေဈးမ်ားျဖစ္ေပၚေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ရန္ကုန္ တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)၏ အေခါက္ေ႐ႊ ရည္ၫႊန္းသတ္မွတ္ေဈးမ်ားမွာလည္း အတိုင္း အတာ တစ္ခုအထိေဈးျမင့္တက္လာသည္။ YGEA သတ္မွတ္ခ်က္အရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၅၉) သိန္းက်ပ္ျဖစ္ၿပီး ယင္းေဈးျဖင့္ တရားဝင္ေရာင္း/ဝယ္ ေသာေ႐ႊဆိုင္မရွိေၾကာင္း ေဈးကြက္အတြင္း မွသိရသည္။ ျပင္ပေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ သိန္း(၈၀)ဝန္းက်င္ေပါက္ေဈး ျဖစ္ေပၚေနရာ လတ္တေလာတြင္ ေ႐ႊကုန္သည္အခ်ိဳ႕ကိုသက္ဆိုင္ရာက ေခၚယူစစ္ေဆးမႈမ်ားလည္းရွိေန ေၾကာင္း သိရသည္။ ေ႐ႊေဈးျမင့္တက္မႈေၾကာင့္ ေ႐ႊေလွာ္ဖိုမ်ားလည္း လုပ္ငန္းရပ္နားထားၿပီး နာမည္ ေက်ာ္ အကယ္ဒမီႏွင့္ ေအာင္သမာဓိေ႐ႊလုပ္ငန္းမ်ားမွာ အေခါက္ေ႐ႊ ‌ေရာင္း/ဝယ္မႈရပ္နားထားေၾကာင္း သိရသည္။ ကမာၻ႔ေ႐ႊေဈးကြက္၌ ဇြန္လ(၁၁)ရက္တြင္ ေ႐ႊတစ္ေအာင္ စလွ်င္ (၃၃၄၄)ေဒၚလာ၊ ဇြန္ (၁၂) ရက္တြင္ (၃၃၆၀)ေဒၚလာ၊ ဇြန္(၁၃)ရက္တြင္ (၃၄၁၇)ေဒၚလာ၊ ဇြန္ (၁၄)ရက္ႏွင့္ ဇြန္ (၁၅) ရက္တြင္ (၃၄၃၃) ‌ေဒၚလာ၊ ဇြန္(၁၆)ရက္တြင္ (၃၄၁၄) ေဒၚလာ၊ ဇြန္ (၁၇) ရက္တြင္ (၃၃၉၂) ေဒၚလာျဖင့္ ေဈး အျမင့္ပိုင္းတြင္ ရပ္တည္ေနသည္။ ႏိုင္ငံတကာေပါက္ေဈးမ်ားျမင့္တက္ခ်ိန္တြင္ ျပည္တြင္းအေခါက္ ေ႐ႊ မ်ားမွာ ေမွာင္ခိုလမ္းေၾကာင္းမွ ျပည္ပသို႔ ေရာင္းခ်ေလ့ရွိၾကသည္။ ျပည္တြင္းေဈးကြက္တြင္ သတ္မွတ္ ရည္ၫႊန္းေဈးထုတ္ျပန္ေသာ္လည္း ေ႐ႊေမွာင္ခိုေဈးကြက္မွာ ေရွးယခင္ကတည္းက အေရာင္း/အဝယ္ လမ္းေၾကာင္းမ်ား ရွိေနၿပီးျဖစ္ရာ ေမွာင္ခိုေဈးႏႈန္းက်ဆင္းေစရန္ စီမံခန႔္ခြဲ ႏိုင္ရန္မလြယ္ကူေၾကာင္း သိရ သည္။ ျမန္မာႏိုင္ငံ၏ ေ႐ႊေဈးကြက္သည္ မိ႐ိုးဖလာအေရာင္းအဝယ္လုပ္ငန္းမွတစ္ဆင့္ တျဖည္းျဖည္း တြင္က်ယ္လာျခင္းျဖစ္ၿပီး (၁၅) ပဲရည္ေ႐ႊထည္ေဈးကြက္မွာ လက္ရွိတြင္ ၿမိဳ႕နယ္တိုင္းတြင္ ‌ေ႐ႊဆိုင္မ်ား ဖြင့္လွစ္ေရာင္းခ်ေနဆဲျဖစ္သည္။ လက္ရွိအခ်ိန္တြင္ သက္ဆိုင္ရာက ေ႐ႊေရာင္းဝယ္မႈအေပၚ စည္းမ်ဥ္း စည္ကမ္းမ်ား ထုတ္ျပန္လာၿပီျဖစ္ေသာ္လည္း တိက်စြာလိုက္နာေစရန္ အခ်ိန္ ယူကာေဆာင္႐ြက္ရမည္ ျဖစ္သည္။ ႏိုင္ငံတကာေ႐ႊ ေဈးကြက္ႏွင့္ ျပည္တြင္းေဈးကြက္မွာ တိုက္႐ိုက္ သက္ေရာက္မႈအားနည္း ေသာ္လည္း သြယ္ဝိုက္ေသာ ေဈးကြက္သက္ေရာက္မႈမ်ားရွိေနဆဲျဖစ္သည္။ အြန္လိုင္း နည္းပညာေခတ္ တြင္ ေလပတ္ကားေရာင္းဝယ္မႈကို လုံးဝရပ္တန႔္ေစရန္ လုပ္ေဆာင္ဖို႔မလြယ္ကူေပ။ အတိုင္းအတာ တစ္ခုအထိ ေလပတ္ကားေရာင္းဝယ္ျခင္းမ်ားကို ဖမ္းဆီးေထာင္ခ်ျခင္းမ်ားျဖင့္ တားဆီးႏိုင္ေသာ္လည္း အမွန္တကယ္လိုအပ္ခ်က္မွာ ႏိုင္ငံတကာအဆင့္မီ ေ႐ႊေဈးကြက္တည္ေထာင္ရန္လိုအပ္ေနျခင္းျဖစ္ သည္။ သက္ဆိုင္ရာအေနျဖင့္ ႏိုင္ငံတကာရွိ ေ႐ႊအိတ္ခ်ိန္းေဈးကြက္မ်ား၊ ေ႐ႊအာမခံဘဏ္မ်ား၊ ကမာၻ႔ အဆင့္မီ ေ႐ႊေဈးကြက္ လုပ္ထုံးလုပ္နည္းမ်ားကိုေလ့လာၿပီး ျပည္တြင္းေ႐ႊေဈးကြက္ကို ႏိုင္ငံတကာ အဆင့္မီထူေထာင္ေပးရန္လိုအပ္ေနသည္။ လတ္တေလာတြင္ ကမာၻ႔ေ႐ႊေဈးျမင့္တက္မႈေၾကာင့္ ျပည္ တြင္း ေ႐ႊေဈးမ်ားဆက္လက္ျမင့္တက္ေနဦးမည္ျဖစ္သည္။

ႏိုင္ငံျခားေငြေဈးႏွင့္ နယ္စပ္ကုန္သြယ္မႈ အပါအဝင္ စက္သုံးဆီေဈးမ်ား
ရွမ္းျပည္ေျမာက္ပိုင္းတြင္ ေျမာက္ပိုင္းညီေနာင္သုံးဖြဲ႕က နယ္စပ္ကုန္သြယ္ေရးမ်ား လုပ္ကိုင္ခြင့္ ျပဳလုပ္ထားရာ မူဆယ္တြင္ တ႐ုတ္ယြမ္ေငြ အေရာင္း/အဝယ္ ျပန္လည္ျဖစ္ထြန္းလာေၾကာင္းသိရသည္။ နယ္စပ္ကုန္သြယ္မႈမွ ႏိုင္ငံျခားေငြေဈး အေျပာင္းအလဲသည္ ျပည္တြင္းေငြလဲေဈးႏႈန္းအေပၚ သက္ ေရာက္မႈရွိလာေၾကာင္းသိရသည္။ ယခုရက္ပိုင္းအတြင္း တ႐ုတ္ယြမ္ေငြမ်ား ေဈးႏႈန္းျမင့္တက္သည့္ အျပင္ ထိုင္းဘတ္ေငြသည္လည္း ေဈးျမင့္တက္မႈရွိေနသည္။ ႏိုင္ငံျခားေငြလဲေဈးကြက္အတြင္း အေမရိ ကန္ေဒၚလာအျပင္ အျခားေသာ ေငြလဲေဈးႏႈန္းမ်ားလည္း ျမင့္တက္လာျခင္းျဖစ္သည္။ လြန္ခဲ့ေသာလ မ်ားအတြင္းက (၄၄၃၀)၊ (၄၄၄၀) က်ပ္ဝန္းက်င္၌ အတက္အက်ရွိေနခဲ့သည့္ အေမရိ‌ကန္ေဒၚလာေဈး သည္ ဇြန္ (၁၂) ရက္မွစတင္ကာ (၄၄၅၀)က်ပ္ဝန္းက်င္ျဖင့္ အတက္ဘက္သို႔ စတင္ေရာက္ရွိလာေၾကာင္း သိရသည္။ ကန္ေဒၚလာေဈးေတြ ျမင့္တက္လာမႈႏွင့္ ပတ္သက္ၿပီး ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဇြန္ (၁၂) ရက္ ရက္စြဲျဖင့္ ေၾကညာခ်က္တ‌စ္ေစာင္ ထုတ္ျပန္ထားသည္။ အဆိုပါေၾကညာခ်က္တြင္ ဗဟိုဘဏ္ မွထုတ္ေပးထားသည့္ တရားဝင္လိုင္စင္မရွိဘဲ ႏိုင္ငံျခားေငြေၾကးမ်ား ဝယ္ယူ၊ ေရာင္းခ်၊ လဲလွယ္ျခင္းကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ေဆာင္႐ြက္လ်က္ရွိသည့္ လူ ပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ားကို ထိထိေရာက္ေရာက္ အ ေရးယူေဆာင္႐ြက္ႏိုင္ရန္ အရွိန္ျမႇင့္တင္ေဆာင္႐ြက္သြားမည္ဟု အသိေပးေဖာ္ျပထားသည္။ လက္ရွိ ေငြ ေၾကးေဈးကြက္အတြင္း ‌ကန္ေဒၚလာအျပင္ အျခားေသာေငြလဲေဈးအခ်ိဳ႕လည္း ေဈးႏႈန္းျမင့္တက္လ်က္ ရွိရာ စင္ကာပူတစ္ေဒၚလာ (၃၄၃၅)က်ပ္ဝန္းက်င္၊ တ႐ုတ္တစ္ယြမ္ (၆၂၆)က်ပ္ဝန္းက်င္၊ ထိုင္းတစ္ ဘတ္ (၁၃၉)က်ပ္ဝန္းက်င္၊ အိႏၵိယတစ္႐ူပီး (၅၂) က်ပ္ဝန္းက်င္ ေပါက္ေဈးအသီးသီးျဖင့္ရပ္တည္ေနေၾကာင္း သိရသည္။ ဇြန္လ (၁၇)ရက္တြင္ ျပင္ပေငြလဲ ေဈးကြက္တစ္ခုလုံး အေရာင္းအဝယ္ရပ္နားထားၿပီး အေမရိ ကန္ေဒၚလာေပါက္ေဈးမွာ တစ္ေဒၚလာလွ်င္ (၄၅၂၀)က်ပ္ဝန္းက်င္ရွိေနေၾကာင္းႏွင့္ ေငြလဲေဈးကြက္ အေျခအေနကို ဆက္လက္ေစာင့္ၾကည့္ေနေၾကာင္း ေငြလဲလုပ္ငန္းမ်ားမွသိရသည္။ ႏိုင္ငံတကာ စစ္ေရး ႏွင့္ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ေငြလဲႏႈန္းမ်ားတည္ၿငိမ္ရန္မလြယ္ကူဘဲ လာမည့္ရက္ပိုင္းအတြင္း အ‌ေရာင္း/အဝယ္ျပဳလုပ္ရာတြင္ ေရာင္းမွားဝယ္မွား မျဖစ္ေစရန္ သတိထားေဆာင္႐ြက္သင့္ေၾကာင္း ကြၽမ္းက်င္သူမ်ားကသုံးသပ္ေျပာၾကားသည္။ အေရွ႕အလယ္ပိုင္းမွအစၥေရးႏွင့္အီရန္စစ္ပြဲမ်ားေၾကာင့္ ကမာၻ႔ေရနံစိမ္းေဈးမွာ ေရနံတစ္စည္လွ်င္ (၆၇)ေဒၚလာအထိ ေဈးႏႈန္းမ်ားျမင့္တက္သြားေၾကာင္း သိရ သည္။ ျပည္တြင္းစက္သုံးဆီေဈးမွာလည္း စက္ သုံးဆီအမ်ိဳးအစားအားလုံး‌ ေဈးျပန္တက္လာၿပီး အ ေရာင္းအဝယ္တည္ၿငိမ္ေနသည္။ လာမည့္ရက္ပိုင္းအတြင္း စက္သုံးဆီ‌ေဈးမွာ အတက္ေဈးဘက္တြင္ ေရာက္ရွိေနႏိုင္ေၾကာင္းသိရသည္။ စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရး ေကာ္မတီအေနျဖင့္ ယခုတစ္ပတ္တြင္ စက္သုံးဆီ ရည္ၫႊန္းေဈးကို (၉၂)ဓာတ္ဆီ တစ္လီတာ (၂၈၅၀) က်ပ္၊ (၉၅) ဓာတ္ဆီ တစ္လီတာ (၂၉၁၅) က်ပ္၊ ဒီဇယ္ တစ္လီတာ (၂၄၁၀) က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီ တာ (၂၉၉၀) က်ပ္ဟု ဇြန္ (၁၇) ရက္က ထုတ္ျပန္ေၾကညာထားသည္။ ၿပီးခဲသည့္တစ္ပတ္တြင္မူ (၉၂) ဓာတ္ဆီ တစ္လီတာ (၂၈၄၅) က်ပ္၊ (၉၅) ဓာတ္ဆီ တစ္လီတာ (၂၈၉၅) က်ပ္၊ ဒီဇယ္ တစ္လီတာ (၂၃၇၅) က်ပ္၊ ပရီမီယံဒီဇယ္တစ္လီတာ (၂၉၅၀) က်ပ္ဆိုၿပီး သတ္မွတ္ထားသည္။ ထို႔ေၾကာင့္ ယခု တစ္ပတ္တြင္ (၉၂) ဓာတ္ဆီ တစ္လီတာ (၅) က်ပ္၊ ၉၅ တစ္လီတာ (၂၀) က်ပ္၊ ဒီဇယ္ တစ္လီတာ (၃၅) က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာ (၄၀) က်ပ္ျဖင့္ အသီးသီး ေဈးျပန္တက္လာျခင္းျဖစ္သည္။ ထို႔အတူ အျခားေသာ တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္လည္း စက္သုံးဆီေဈးႏႈန္းမ်ား ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။ လာမည့္ရက္ပိုင္းအတြင္း ႏိုင္ငံတကာစစ္ေရးႏိုင္ငံေရးအေျခအေနမ်ားေပၚမူတည္ကာ စက္သုံး ဆီ ေဈးမ်ား အေျပာင္းအလဲရွိႏိုင္ေသာ္လည္း အဆမတန္ ေဈးျမင့္တက္မႈမ်ားျဖစ္လာႏိုင္ဖြယ္မရွိေၾကာင္း ကြၽမ္းက်င္သူမ်ားကသုံးသပ္သည္။
ကမာၻ႔ဘဏ္ထုတ္ျပန္ခ်က္ႏွင့္ မွတ္သားဖြယ္ရာ ၫႊန္းကိန္းအခ်ိဳ႕
လတ္တေလာ ဇြန္လ (၁၂)ရက္ ရက္စြဲျဖင့္ထုတ္ျပန္ခဲ့ေသာ ကမာၻ႔ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ျမန္မာႏိုင္ငံအတြက္ အေရးႀကီးေသာစီးပြားေရးဆိုင္ရာ ၫႊန္းကိန္းမ်ားပါရွိလာသည္။ ကမာၻ႔ဘဏ္၏ စီးပြားေရး ေစာင့္ၾကည့္အစီအရင္ခံစာသည္ မတ္လအတြင္း ျဖစ္ပြားခဲ့သည့္ငလ်င္ႀကီးအၿပီးအေျခအေန မ်ားကို အဓိက ထားသုံးသပ္ထားျခင္းျဖစ္ေသာ္လည္း ေငြေၾကးေဖာင္းပြမႈကဲ့သို႔ေသာအခ်က္အလက္မ်ား ပါဝင္ေနသည္။ ကမာၻ႔ဘဏ္က (၂၀၂၅)ခုႏွစ္ ဧၿပီလအထိ တစ္ႏွစ္တာပတ္လုံး ေငြေၾကးေဖာင္းပြမႈကို (၃၄ ဒသ မ ၁) ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္းခန႔္မွန္းထားသည္။ ယင္းခန႔္မွန္းခ်က္သည္ ေျမျပင္ အေျခခံကုန္ေဈး ႏႈန္းမ်ားျဖင့္တိုက္ဆိုင္ၾကည့္ပါက အထိုက္အသင့္မွန္ကန္ႏိုင္ေၾကာင္းျမင္ေတြ႕ရသည္။ လက္ရွိအေျခ အေနတြင္လည္း အေျခခံစားေသာက္ကုန္မ်ားမွာ (၂၀) ရာခိုင္ႏႈန္းမွ (၃၀)ရာခိုင္ႏႈန္းဝန္းက်င္အထိ ေဈး ႏႈန္းမ်ားျမင့္တက္ေနျခင္းေၾကာင့္ျဖစ္သည္။ ထို႔ျပင္ ကမာၻ႔ဘဏ္က ပဋိပကၡမ်ား၊ လွ်ပ္စစ္ဓာတ္အားျပတ္ ေတာက္မႈႏွင့္ ကုန္သြယ္မႈႏွင့္ ေငြလဲႏႈန္းကန႔္သတ္ခ်က္မ်ားဆိုင္ရာ စိန္ေခၚမႈမ်ားၾကားတြင္ စီးပြားေရး ေနာက္ဆက္တြဲ ငလ်င္မ်ား လႈပ္ခတ္လာခဲ့သည္ဟုေဖာ္ျပထားသည္။ ျမန္မာႏိုင္ငံတစ္ဝန္းရွိ လက္နက္ ကိုင္ပဋိပကၡမ်ားေၾကာင့္ အေျခခံကုန္ေဈးႏႈန္းမ်ား ျမင့္တက္ေနျခင္းကို ရည္ၫႊန္းထားၿပီး လက္နက္ကိုင္ တိုက္ပြဲမ်ားရွိရာေဒသမ်ားတြင္ ကုန္ေဈးႏႈန္းမ်ား အဆမတန္ျမင့္တက္ေနေၾကာင္း ေဖာ္ျပလိုျခင္းျဖစ္ သည္။ ေငြလဲႏႈန္း ကန႔္သတ္ခ်က္သည္လည္း ျမန္မာႏိုင္ငံ၏စီးပြားေရးကို အဓိက ျပႆနာတစ္ခုအျဖစ္ ကမာၻ႔ဘဏ္ကရည္ၫႊန္းထားသည္။ ျမန္မာႏိုင္ငံ၏စီးပြား‌ေရးမတည္ၿငိမ္မႈကို ငလ်င္ မလႈပ္မီကေကာက္ ယူခဲ့ေသာ (၂၀၂၄-၂၅) Myanmar Subnational Phone Survey တြင္ ျမန္မာႏိုင္ငံ၏ဆင္းရဲႏြမ္းပါးမႈႏႈန္း သည္ (၂၀၂၄) ခုႏွစ္တြင္ (၃၁)ရာခိုင္ႏႈန္းျဖင့္ ေနာက္ဆုံး တရားဝင္ခန႔္မွန္းထား သည့္ (၂၄ ဒသမ ၈) ရာခိုင္ ႏႈန္းထက္ ပိုမ်ားပါသည္။ အေျခခံလူတန္းစားပုံသဏၭာန္မ်ားအရ ဆင္းရဲႏြမ္းပါးမႈသည္ အိမ္ေထာင္စု (၂၈) ရာခိုင္ႏႈန္းအထိ တိုးလာႏိုင္သည္ဟူ၍ ကမာၻ႔ဘဏ္ကဆိုသည္။ ကမာၻ႔ဘဏ္၏ ျမန္မာ့စီးပြားေရးေစာင့္ ၾကည့္ေလ့လာေရး (MEM) သည္ ျမန္မာႏိုင္ငံတြင္ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ (၂၀၂၅/၂၆) ဘ႑ာႏွစ္ တြင္ ျပည္တြင္းအသားတင္ ထုတ္ကုန္(GDP)တြင္ (၂ ဒသမ ၅) ရာခိုင္ႏႈန္း က်ဆင္းသြားႏိုင္သည္ဟု ရည္ မွန္းထားသည္။ အထက္ပါ ခန႔္မွန္းခ်က္မ်ားအရ လက္ရွိဘ႑ာႏွစ္သည္ စီးပြားေရးက်ပ္တည္းမႈ ျပင္းျပင္း ထန္ထန္ခံစားရႏိုင္ဖြယ္ရွိ ၿပီး အားသာေကာင္းမြန္ေသာအခ်က္အလက္ နည္းပါးေနသည္။ ကမာၻ႔ဘဏ္၏ ခန႔္မွန္းခ်က္မ်ား မွန္ မမွန္ကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္ေသာ္လည္း အေျခခံကုန္စည္ႏွင့္ အေထြ ေထြကုန္ေဈးႏႈန္းမွာ လာမည့္ရက္လမ်ားအတြင္း ဆက္တိုက္ျမင့္တက္ေနမည္ျဖစ္သည္။

Related news

© 2021. All rights reserved.