တရုတ်နိုင်ငံထုတ် Neta EV ကားကုမ္ပဏီ ဒေဝါလီခံသွားသည့်အတွက် ပြည်တွင်း EV များအတွက် အပိုပစ္စည်းအခက်အခဲရှိလာနိုင်

694

သန့်ဇင်(NP News)-ဇွန်လ ၂၂
တရုတ်လျှပ်စစ်ကားအမှတ်တံဆိပ် Neta EV ၏ ပိုင်ရှင် Zhejiang Hozon New Energy Automobile ကုမ္ပဏီသည် ပြီးခဲ့သည့် ဇွန်လ ၁၉ရက်က ဒေဝါလီခံလိုက်ရသည့်အတွက် ပြည်တွင်း EV ကား အရောင်းအဝယ်ဈေးကွက်တွင်လည်း ရိုက်ခက်မှုရှိလာနိုင်ကြောင်း ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်းရောင်းချနေသော EV ကားများအတွင်း တရုတ်နိုင်ငံမှ ဒေဝါလီခံလိုက်ရသည့် Neta EV အပြင် EV ကား Brand များလည်း ရှိနေပြီး အဆိုပါကားများဝယ်ယူထားသူများအတွက် အပိုပစ္စည်းလိုအပ်ချက်တွင် အခက်အခဲရှိလာနိုင်ကြောင်း ကားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အဲဒီလိုဖြစ်သွားတာတဲ့အတွက် အခြားအလားတူ Brand တွေလည်းရှိတယ်ပေါ့နော်။ အဲဒီလိုဆိုတော့ သူ့ရဲ့ spare parts တွေ လုပ်ပေးမယ့် Service ပိုင်းတွေမှာ အခက်အခဲရှိလာနိုင်တာပေါ့။ သူ့တစ်ခုတည်းတော့မဟုတ်ဘူးပေါ့နော်။ ဝယ်ထားတဲ့လူတွေအတွက်က အခက်အခဲ တွေရှိလာနိုင်တယ်။ လက်တလောမှာတော့ spare parts တွေပြတ်လပ်တာတွေဘာတွေတော့မဖြစ်နိုင်သေးဘူးပေါ့နော်။ ရောက်ပြီးသား ဟာတွေလည်းရှိတာကိုး ရေရှည်မှာတော့ parts တွေနဲ့ Service ပေးတဲ့အပိုင်းမှာတော့ အခက်အခဲတွေရှိလာနိုင်တာပေါ့”ဟု ၎င်းက NP News ကိုပြောသည်။
ထို့သို့ တရုတ်နိုင်ငံမှ EV Brand များ ဒေဝါလီခံလိုက်ရသည့်အတွက် ပြည်တွင်း EV ကားဈေးကွက်အပေါ်တွင်လည်း ကြီးမားသော သက်ရောက်မှု ရှိနိုင်ပြီး ဝယ်ယူစီးနင်းသူများအနေဖြင့်လည်း အခက်အခဲများစွာရှိလာနိုင်ကြောင်း အထက်ပါသတင်းရင်းမြစ် သုံးသပ်ပြောကြားသည်။
“ကားဈေးကွက် ပေါ်လည်း တော်တော်ကြီးကြီးမားမားသက်ရောက်မှုရှိနိုင်တယ်။ ထိုင်းမှာဆိုရင်လည်း သတင်းကအမျိုးမျိုးထွက် နေတယ် ဆိုတော့လေ။ ဒီဘက်ဈေးကွက်မှာလည်း ရိုက်ခက်မှုရှိလာနိုင်တယ်။ Marke မှာတော့ ကြိုက်ရောင်းကြိုက်ဝယ်တော့ဖြစ်မယ်။ ကြိုက်တဲ့လူကတော့ ဝယ်မှာပဲ။ Market တော့အေးသွားလိမ့်မယ်။ ကားဝယ်ထားတဲ့လူတွေကလည်း အခက်အခဲတွေရှိတယ်”ဟု ၎င်းကပြောသည်။
လက်ရှိမြန်မာနိုင်ငံအတွင်းရောက်ရှိနေသာ EV ကားများသည် တရုတ်နိုင်ငံဘက်ခြမ်းတွင် အချို့ EV ကားကုမ္ပဏီများက ဈေးကွက်မဖြစ်ထွန်းခြင်းကြောင့် လုပ်ငန်းပိတ်သိမ်းခြင်းများဖြစ်ပေါ်လာနေပြီး အချို့ကုမ္ပဏီများမှာမူ လုပ်ငန်းပေါင်းသွားကြခြင်းများလည်းရှိနေကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံထုတ္ Neta EV ကားကုမၸဏီ ေဒဝါလီခံသြားသည့္အတြက္ ျပည္တြင္း EV မ်ားအတြက္ အပိုပစၥည္းအခက္အခဲရွိလာႏိုင္
သန႔္ဇင္(NP News)-ဇြန္လ ၂၂
တ႐ုတ္လွ်ပ္စစ္ကားအမွတ္တံဆိပ္ Neta EV ၏ ပိုင္ရွင္ Zhejiang Hozon New Energy Automobile ကုမၸဏီသည္ ၿပီးခဲ့သည့္ ဇြန္လ ၁၉ရက္က ေဒဝါလီခံလိုက္ရသည့္အတြက္ ျပည္တြင္း EV ကား အေရာင္းအဝယ္ေဈးကြက္တြင္လည္း ႐ိုက္ခက္မႈရွိလာႏိုင္ေၾကာင္း ကားလုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။
ျမန္မာႏိုင္ငံအတြင္းေရာင္းခ်ေနေသာ EV ကားမ်ားအတြင္း တ႐ုတ္ႏိုင္ငံမွ ေဒဝါလီခံလိုက္ရသည့္ Neta EV အျပင္ EV ကား Brand မ်ားလည္း ရွိေနၿပီး အဆိုပါကားမ်ားဝယ္ယူထားသူမ်ားအတြက္ အပိုပစၥည္းလိုအပ္ခ်က္တြင္ အခက္အခဲရွိလာႏိုင္ေၾကာင္း ကားလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
“အဲဒီလိုျဖစ္သြားတာတဲ့အတြက္ အျခားအလားတူ Brand ေတြလည္းရွိတယ္ေပါ့ေနာ္။ အဲဒီလိုဆိုေတာ့ သူ႔ရဲ႕ spare parts ေတြ လုပ္ေပးမယ့္ Service ပိုင္းေတြမွာ အခက္အခဲရွိလာႏိုင္တာေပါ့။ သူ႔တစ္ခုတည္းေတာ့မဟုတ္ဘူးေပါ့ေနာ္။ ဝယ္ထားတဲ့လူေတြအတြက္က အခက္အခဲ ေတြရွိလာႏိုင္တယ္။ လက္တေလာမွာေတာ့ spare parts ေတြျပတ္လပ္တာေတြဘာေတြေတာ့မျဖစ္ႏိုင္ေသးဘူးေပါ့ေနာ္။ ေရာက္ၿပီးသား ဟာေတြလည္းရွိတာကိုး ေရရွည္မွာေတာ့ parts ေတြနဲ႔ Service ေပးတဲ့အပိုင္းမွာေတာ့ အခက္အခဲေတြရွိလာႏိုင္တာေပါ့”ဟု ၎က NP News ကိုေျပာသည္။
ထို႔သို႔ တ႐ုတ္ႏိုင္ငံမွ EV Brand မ်ား ေဒဝါလီခံလိုက္ရသည့္အတြက္ ျပည္တြင္း EV ကားေဈးကြက္အေပၚတြင္လည္း ႀကီးမားေသာ သက္ေရာက္မႈ ရွိႏိုင္ၿပီး ဝယ္ယူစီးနင္းသူမ်ားအေနျဖင့္လည္း အခက္အခဲမ်ားစြာရွိလာႏိုင္ေၾကာင္း အထက္ပါသတင္းရင္းျမစ္ သုံးသပ္ေျပာၾကားသည္။
“ကားေဈးကြက္ ေပၚလည္း ေတာ္ေတာ္ႀကီးႀကီးမားမားသက္ေရာက္မႈရွိႏိုင္တယ္။ ထိုင္းမွာဆိုရင္လည္း သတင္းကအမ်ိဳးမ်ိဳးထြက္ ေနတယ္ ဆိုေတာ့ေလ။ ဒီဘက္ေဈးကြက္မွာလည္း ႐ိုက္ခက္မႈရွိလာႏိုင္တယ္။ Marke မွာေတာ့ ႀကိဳက္ေရာင္းႀကိဳက္ဝယ္ေတာ့ျဖစ္မယ္။ ႀကိဳက္တဲ့လူကေတာ့ ဝယ္မွာပဲ။ Market ေတာ့ေအးသြားလိမ့္မယ္။ ကားဝယ္ထားတဲ့လူေတြကလည္း အခက္အခဲေတြရွိတယ္”ဟု ၎ကေျပာသည္။
လက္ရွိျမန္မာႏိုင္ငံအတြင္းေရာက္ရွိေနသာ EV ကားမ်ားသည္ တ႐ုတ္ႏိုင္ငံဘက္ျခမ္းတြင္ အခ်ိဳ႕ EV ကားကုမၸဏီမ်ားက ေဈးကြက္မျဖစ္ထြန္းျခင္းေၾကာင့္ လုပ္ငန္းပိတ္သိမ္းျခင္းမ်ားျဖစ္ေပၚလာေနၿပီး အခ်ိဳ႕ကုမၸဏီမ်ားမွာမူ လုပ္ငန္းေပါင္းသြားၾကျခင္းမ်ားလည္းရွိေနေၾကာင္း သိရသည္။