ကမ္ဘာ့သမုဒ္ဒရာများတရားရုံးတွင် ကျွန်းနိုင်ငံများသည် သမိုင်းဝင်ရာသီဥတုဆိုင်ရာအမှုကို အနိုင်ရရှိခဲ့

 719

ALynn (NP News) - မေ ၂၂

ကျွန်းနိုင်ငံငယ် ကိုးနိုင်ငံသည် ပင်လယ်ပြင်ဥပဒေဆိုင်ရာခုံရုံး (ITLOS) တွင် သမိုင်းဝင် ရာသီဥတုဖောက်ပြန်ခြင်းအမှုကို အနိုင်ရရှိခဲ့ပြီး ခုံးရုံးက ကုလသ မဂ္ဂရေကြောင်းဆိုင်ရာစာချုပ်တွင် ပါဝင်သူအားလုံးသည် ကမ္ဘာ့သမုဒ္ဒရာနယ် နိမိတ်များအတွင်း ရာသီဥတုပြောင်းလဲခြင်းများကို ကာကွယ်တားဆီးနိုင်ရန် ပါဝင်လုပ်ဆောင်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။

ပင်လယ်ရေကြောင်းညစ်ညမ်းမှုကို တားဆီးရန်နှင့် သမုဒ္ဒရာများကို ထိခိုက်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများကို တတ်နိုင်သမျှလျှော့ချရန် ကုလသမဂ္ဂပင်လယ်ပြင်ဆိုင်ရာ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသော လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို ခုံရုံးက ဖော်ပြခဲ့သည်။
သမုဒ္ဒရာများ မြင့်တက်လာခြင်း၊ သမုဒ္ဒရာအပူချိန် မြင့်တက်လာခြင်းနှင့် ရုပ်ကြွင်းလောင်စာများကို ထိခိုက်စေခြင်း၊ အခြားဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုများ၏ နောက်ဆက်တွဲ သမုဒ္ဒရာအတွင်းရှိ အက်ဆစ်ဓာတ်မြင့်များလာခြင်း ပြဿနာများကြောင့် ကျွန်းနိုင်ငံများသည် ကွန်ဗင်းရှင်းအောက်တွင်ပါဝင်သည့် ပင်လယ်ရေထုကို ညစ်ညမ်းစေသည်ဟု ယူဆရသော အရာများကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးပါရန် တရားရုံးကို တောင်းဆိုခဲ့သည်။ ကျွန်းနိုင်ငံငယ်လေးများသည် အခြားနိုင်ငံကြီးများ၏ လေထုညစ်ညမ်းမှုကြီးကြီးမားမားထုတ်လွှတ်မှုကြောင့် ၎င်းတို့၏ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေရကြောင်း အမှုကို တင်သွင်းသည့် ကျွန်းနိုင်ငံများအနက် တစ်ခုအပါ အဝင်ဖြစ်သော Antigua နှင့် Barbuda ၏ ၀န်ကြီးချုပ် Gaston Browne က ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၁၆၉ နိုင်ငံက လက်မှတ်ရေးထိုးခဲ့သည့် ၁၉၉၄ ကွန်ဗင်းရှင်းတွင် သင်္ဘောများမှ ရေနံများအပါအဝင် အဏ္ဏဝါပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့်အရာများအားတားမြစ်ကြောင်း နိုင်ငံများအတွက် အခြေခံဥပဒေစည်းမျဉ်းများ သတ်မှတ်ပေးပေးထားပြီးဖြစ်သော်လည်း ယခုအခါ ခုံရုံး၏ဆုံးဖြတ်ချက်အရ ညစ်ညမ်းသောလေထု ထုတ်လွှတ်မှုသည်လည်း သမုဒ္ဒရာများကို ထိခိုက် စေကြောင်း အသိအမှတ်ပြုခဲ့သည်။ ရာသီဥတုပြောင်းလဲမှုနှင့် နိုင်ငံတကာဥပဒေဆိုင်ရာ ကျွန်းနိုင်ငံငယ်များကော်မရှင် (COSIS) သည် နိုင်ငံ ၉ နိုင်ငံကိုယ်စား အမှုကို တင်သွင်းပေးကာ ကမ္ဘာ့တရားရုံးက ကျွန်းနိုင်ငံများ၏ အကြံပြုချက်အမြင်ကို လက်ခံကြိုဆိုခဲ့ခြင်းကြောင့် ယင်းမှာ ကျွန်းနိုင်ငံငယ်များ၏ “ကြီးမားသော တရားရေးအောင်ပွဲ” ဖြစ်လာခဲ့သည်။

COSIS အမှုတွင် ပါဝင်ခဲ့သည့် ကျွန်းနိုင်ငံကိုးခုမှာ Antigua နှင့် Barbuda၊ Niue၊ Palau၊ St Kitts နှင့် Nevis၊ St Lucia၊ St Vincent နှင့် Grenadines၊ Tuvalu နှင့် Vanuatu တို့ဖြစ်ပြီး ပြီးခဲ့သော ၂၄ နာရီအတွင်းကပင် အဆင့် ၄ ရှိသော မုန်တိုင်းနှစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

zawgyi version
ကမာၻ႔သမုဒၵရာမ်ားတရား႐ုံးတြင္ ကြၽန္းႏိုင္ငံမ်ားသည္ သမိုင္းဝင္ရာသီဥတုဆိုင္ရာအမႈကို အႏိုင္ရရွိခဲ့
ALynn (NP News) - ေမ ၂၂

ကြၽန္းႏိုင္ငံငယ္ ကိုးႏိုင္ငံသည္ ပင္လယ္ျပင္ဥပေဒဆိုင္ရာခုံ႐ုံး (ITLOS) တြင္ သမိုင္းဝင္ ရာသီဥတုေဖာက္ျပန္ျခင္းအမႈကို အႏိုင္ရရွိခဲ့ၿပီး ခုံး႐ုံးက ကုလသ မဂၢေရေၾကာင္းဆိုင္ရာစာခ်ဳပ္တြင္ ပါဝင္သူအားလုံးသည္ ကမာၻ႔သမုဒၵရာနယ္ နိမိတ္မ်ားအတြင္း ရာသီဥတုေျပာင္းလဲျခင္းမ်ားကို ကာကြယ္တားဆီးႏိုင္ရန္ ပါဝင္လုပ္ေဆာင္ရမည္ဟု ဆုံးျဖတ္ခဲ့သည္။

ပင္လယ္ေရေၾကာင္းညစ္ညမ္းမႈကို တားဆီးရန္ႏွင့္ သမုဒၵရာမ်ားကို ထိခိုက္ေစသည့္ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈမ်ားကို တတ္ႏိုင္သမွ်ေလွ်ာ့ခ်ရန္ ကုလသမဂၢပင္လယ္ျပင္ဆိုင္ရာ ကြန္ဗင္းရွင္းတြင္ လက္မွတ္ေရးထိုးထားေသာ လိုက္နာေဆာင္႐ြက္ရမည့္တာဝန္မ်ားကို ခုံ႐ုံးက ေဖာ္ျပခဲ့သည္။
သမုဒၵရာမ်ား ျမင့္တက္လာျခင္း၊ သမုဒၵရာအပူခ်ိန္ ျမင့္တက္လာျခင္းႏွင့္ ႐ုပ္ႂကြင္းေလာင္စာမ်ားကို ထိခိုက္ေစျခင္း၊ အျခားဖန္လုံအိမ္ဓာတ္ေငြ႕မ်ား ထုတ္လႊတ္မႈမ်ား၏ ေနာက္ဆက္တြဲ သမုဒၵရာအတြင္းရွိ အက္ဆစ္ဓာတ္ျမင့္မ်ားလာျခင္း ျပႆနာမ်ားေၾကာင့္ ကြၽန္းႏိုင္ငံမ်ားသည္ ကြန္ဗင္းရွင္းေအာက္တြင္ပါဝင္သည့္ ပင္လယ္ေရထုကို ညစ္ညမ္းေစသည္ဟု ယူဆရေသာ အရာမ်ားကို ရွင္းရွင္းလင္းလင္း ေဖာ္ျပေပးပါရန္ တရား႐ုံးကို ေတာင္းဆိုခဲ့သည္။ ကြၽန္းႏိုင္ငံငယ္ေလးမ်ားသည္ အျခားႏိုင္ငံႀကီးမ်ား၏ ေလထုညစ္ညမ္းမႈႀကီးႀကီးမားမားထုတ္လႊတ္မႈေၾကာင့္ ၎တို႔၏ရွင္သန္ေရးအတြက္ တိုက္ပြဲဝင္ေနရေၾကာင္း အမႈကို တင္သြင္းသည့္ ကြၽန္းႏိုင္ငံမ်ားအနက္ တစ္ခုအပါ အဝင္ျဖစ္ေသာ Antigua ႏွင့္ Barbuda ၏ ၀န္ႀကီးခ်ဳပ္ Gaston Browne က ေျပာၾကားခဲ့သည္။

ႏိုင္ငံေပါင္း ၁၆၉ ႏိုင္ငံက လက္မွတ္ေရးထိုးခဲ့သည့္ ၁၉၉၄ ကြန္ဗင္းရွင္းတြင္ သေဘၤာမ်ားမွ ေရနံမ်ားအပါအဝင္ အဏၰဝါပတ္ဝန္းက်င္ကို ညစ္ညမ္းေစသည့္အရာမ်ားအားတားျမစ္ေၾကာင္း ႏိုင္ငံမ်ားအတြက္ အေျခခံဥပေဒစည္းမ်ဥ္းမ်ား သတ္မွတ္ေပးေပးထားၿပီးျဖစ္ေသာ္လည္း ယခုအခါ ခုံ႐ုံး၏ဆုံးျဖတ္ခ်က္အရ ညစ္ညမ္းေသာေလထု ထုတ္လႊတ္မႈသည္လည္း သမုဒၵရာမ်ားကို ထိခိုက္ ေစေၾကာင္း အသိအမွတ္ျပဳခဲ့သည္။ ရာသီဥတုေျပာင္းလဲမႈႏွင့္ ႏိုင္ငံတကာဥပေဒဆိုင္ရာ ကြၽန္းႏိုင္ငံငယ္မ်ားေကာ္မရွင္ (COSIS) သည္ ႏိုင္ငံ ၉ ႏိုင္ငံကိုယ္စား အမႈကို တင္သြင္းေပးကာ ကမာၻ႔တရား႐ုံးက ကြၽန္းႏိုင္ငံမ်ား၏ အႀကံျပဳခ်က္အျမင္ကို လက္ခံႀကိဳဆိုခဲ့ျခင္းေၾကာင့္ ယင္းမွာ ကြၽန္းႏိုင္ငံငယ္မ်ား၏ “ႀကီးမားေသာ တရားေရးေအာင္ပြဲ” ျဖစ္လာခဲ့သည္။

COSIS အမႈတြင္ ပါဝင္ခဲ့သည့္ ကြၽန္းႏိုင္ငံကိုးခုမွာ Antigua ႏွင့္ Barbuda၊ Niue၊ Palau၊ St Kitts ႏွင့္ Nevis၊ St Lucia၊ St Vincent ႏွင့္ Grenadines၊ Tuvalu ႏွင့္ Vanuatu တို႔ျဖစ္ၿပီး ၿပီးခဲ့ေသာ ၂၄ နာရီအတြင္းကပင္ အဆင့္ ၄ ရွိေသာ မုန္တိုင္းႏွစ္ခုႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသည္။

Related news

© 2021. All rights reserved.