ပဋိပက္ခများအတွင်း ခြိမ်းခြောက်ခံနေရသော ကမ္ဘာတစ်လွှားက မီဒီယာလွတ်လပ်ခွင့် (ဘာသာပြန်ဆောင်းပါး)

 352

ALynn (NP News) - မေ ၂၃

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်များသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်း၏ မရှိမဖြစ် အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ် သည်။ ပဋိပက္ခနှင့် စစ်ပွဲများ ဖြစ်ပွားနေချိန်တွင် မီဒီယာများ၏ အခန်းကဏ္ဍသည် အများပြည်သူတို့ကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်သော သ တင်းအချက်အလက်များ ပေးဆောင်ရာတွင် အရေးပါလှသည်။ ယုံကြည်ရလောက်သော သတင်းနှင့် ရုပ်ပုံများသည် အရပ်သားများကို အကာအကွယ် ပေးခြင်း၊ ပဋိပက္ခများကို တားဆီးခြင်း၊ ပဋိပက္ခများ၏ ကြောက်မက်ဖွယ်ဖြစ်ရပ်မှန်များကို နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစူးစိုက်မှုဆီသို့ ဆောင်ကြဉ်းပေးခြင်း၊ လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေ ခြင်းများကို ဖော်ထုတ်နိုင်ခြင်းတို့ကြောင့် စစ်အတွင်း မီဒီယာများ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါနေသည်။

ထို့အတူ ယင်း၏နောက်ဆက်တွဲအနေဖြင့် ပဋိပက္ခနယ်မြေများရှိ သတင်းထောက်များ၏ လုပ်ငန်းခွင်သည် အန္တရာယ်များဖြင့် ပြည့်နှက်နေပေသည်။ သတင်းယူရန် ဝင်ရောက်ခွင့် ငြင်းပယ်ခံရခြင်း၊ ဆင်ဆာဖြတ်ခြင်း၊ နှောင့်ယှက်ခြင်း၊ မတရား ဖမ်းဆီးခြင်းနှင့် တိုက်ခိုက်ခံရ ခြင်းများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အလုပ်လုပ်ရန် ဆုံးဖြတ်ထားသည့် သတင်းထောက်များ အနေ ဖြင့် သတိရှိရှိ လုပ်ဆောင်ဖို့ လိုအပ်မည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် အရပ်သားများသာ ဖြစ်သောကြောင့် ပစ်မှတ်မထားသင့်ပေ။ ထို့ပြင် ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံများသည် ရန်လိုမှု များနှင့် ထိပ်တိုက်တွေ့ဆုံမှုများအတွင်း သတင်းအချက်အလက်နှင့် မီဒီယာ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသင့်ပြီး တစ်ဦးတစ်ယောက်ချင်းစီသော သတင်းထောက်များ၏ လုံခြုံရေးအတွက်လည်း ဂရုပြုပေးသင့်သည်။ သို့မှသာ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော နိုင်ငံများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့ကို ထိန်းထား ခြင်းဖြင့် “မီဒီယာလက်နက်”ကို အသုံးချကာ ဒီမိုကရေစီကို ပိုမိုထိရောက်စွာ ကာကွယ်သွားနိုင် မည့် အခြေအနေများကို ဖန်တီးလာနိုင်မည်ဖြစ်ပါသည်။

ကျဆင်းလာသော မီဒီယာလွတ်လပ်ခွင့်
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ နှစ်စဉ်ထုတ်ဝေသော ကမ္ဘာ့သတင်း လွတ်လပ်ခွင့်အညွှန်းကိန်းအရ ပြီးခဲ့သည့်နှစ်အတွင်း အမှီအခိုကင်းသော မီဒီယာများကို နှိပ်ကွပ် ခြင်းနှင့် သတင်းမှားများ ဖြန့်ဖြူးခြင်းအပါအဝင် သတင်းလွတ်လပ်ခွင့်အပေါ် နိုင်ငံရေးအရ တိုက်ခိုက်မှုများ သိသိသာသာ ပြင်းထန်လာခဲ့သည်။ ယင်းအညွှန်းကိန်းသည် နိုင်ငံပေါင်း ၁၈၀ ရှိ သတင်းထောက်များ၏ အမှီအခိုကင်းစွာဖြင့် လွတ်လွတ်လပ်လပ် သတင်းပို့နိုင်မှုအပေါ် အဆင့် သတ်မှတ်ထားခြင်းဖြစ်သည်။ ယခု၂၀၂၄ ခု နှစ်တွင် ကမ္ဘာ့လူဦးရေထက်ဝက်ကျော်သည် ဒီမိုက ရေစီ ရွေးကောက်ပွဲများတွင် ပါဝင်ဆန္ဒဖော်ထုတ်သွားရမည်ဖြစ်သော်လည်း RSF ၏ အညွှန်း ကိန်းအရ တစ်ကမ္ဘာလုံးတွင် သတင်းလွတ်လပ်ခွင့် အလုံးစုံကျ ဆင်းနေပြီး သတင်းသမားများနှင့် လွတ်လပ်သော မီဒီယာများအပေါ် နိုင်ငံရေးအရ ဖိနှိပ်မှုများ မြင့်တက်လာကြောင်းကို ပြသနေပါသည်။

Maghreb နှင့် အရှေ့အလယ်ပိုင်းဒေသများရှိ အစိုးရအဖွဲ့များ၏ သတင်းလွတ်လပ်ခွင့် အပေါ် ကန့်သတ်မှုများမှာ အဆိုးဆုံးဖြစ်ကြောင်း RSF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သောနှစ်အတွင်း ဒေသတွင်းရှိ အစိုးရများသည် အကြမ်းဖက်မှု၊ ဖမ်းဆီးခြင်းနှင့် ပြင်းထန် လွန်းသော ဥပဒေများမှတစ်ဆင့် သတင်းထောက်များအပေါ် စနစ်တကျ ပြစ်ဒဏ်ပေးခြင်းဖြင့် မီဒီယာကဏ္ဍကို ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းသတင်းထောက် ၁၀ဝ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၎င်းတို့အနက် အနည်းဆုံး ၂၂ ဦးမှာ လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း သတ်ဖြတ်ခံရ ခြင်းဖြစ်ကြောင်း သိရသည်။ ဒေသတွင်း အခြားနိုင်ငံများဖြစ်သော ဆူဒန်တွင်လည်း အကြမ်းဖက် မှုနှင့် ပြည်တွင်းစစ်အကြောင်း လွတ်လပ်စွာသတင်း ပေးပို့မှုများကို အပြင်းအထန် နှိပ်ကွတ်ခဲ့ကြ ပြီး သတင်းထောက်များစွာလည်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဆီးရီးယားရှိ မီဒီယာလုပ်ငန်းရှင် များ၏ အခြေအနေမှာလည်း ဆိုးရွားလာကာ ၎င်းတို့၏ မွေးရပ်နိုင်ငံမှ စွန့်ခွာထွက်ပြေးရသည် များလည်း ရှိသည်။ ထို့ပြင် ယင်းထွက်ပြေးတိမ်းရှောင်သော စာနယ်ဇင်းသမားများကို အိမ်နီးချင်း ဂျော်ဒန်၊ တူရကီနှင့် လက်ဘနွန်တို့မှ နှင်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်းများလည်းရှိခဲ့သည်။ အစ္စရေး၊ ဆော်ဒီ အာရေးဗျ၊ ဆီးရီးယားနှင့် အီရန်တို့သည် သတင်းထောက်များကို ဖမ်းဆီး ထောင်ချခြင်းလုပ်ရပ် အများဆုံး ပြုမူသည့်နိုင်ငံ ၄ နိုင်ငံတွင်ပါဝင်နေပြီး ၎င်းတို့သည် ယနေ့တိုင် အောင် သတင်းထောက်များကို တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးအကျဉ်းချခြင်းများကို ဆက်လက်ပြုမူနေဆဲဖြစ်ပါသည်။

လက်တင်အမေရိကတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းများအပေါ် နိုင်ငံရေးအရ ဖိနှိပ် ချုပ်ချယ်မှုများမှာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေကြောင်း ညွှန်ပြနေသည်။ အာဂျင်တီးနားတွင် သမ္မတသစ် Javier Milei သည် လွတ်လပ်သော စာနယ်ဇင်းများအပေါ် ဖိနှိပ်ခြင်းနှင့်ပတ်သက်၍ ဂုဏ်ယူ ဝင့်ကြွားစွာ ထုတ်ဖော်ပြောဆိုခဲ့ပြီး နိုင်ငံ၏အကြီးမားဆုံး အေဂျင်စီအသစ်ကိုလည်း ပိတ်ပစ်ခဲ့သည်။ ပီရူးနှင့် အယ်လ်ဆာဗေးဒေါတို့တွင်လည်း သတင်းလွတ်လပ်ခွင့်သည် နိုင်ငံရေး အရ ဖိနှိပ်တိုက်ခိုက်ခြင်း ခံနေရပါသည်။

အာဖရိက ဆာဟာရအောက်ပိုင်းရှိ ရွေးကောက်ပွဲများအတွင်း သတင်းထောက်များ အပေါ် အကြမ်းဖက်မှုများရှိခဲ့ပြီး ယင်းမှာ နိုင်ငံရေးအရ တိုက်ခိုက်မှုများဖြစ်ကြောင်း ရှုမြင်နိုင် သည်။ နိုင်ဂျီးရီးယား တွင် ၂၀၂၃ ခုနှစ် အစောပိုင်း၌ သတင်းထောက် ၂၀ နီးပါးတိုက်ခိုက်ခံခဲ့ရပြီး Madagascar တွင် ရွေးကောက်ပွဲ အကြိုဆန္ဒပြပွဲများကို ရေးသားဖော်ပြခဲ့သော သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက် ခံခဲ့ရသည်။ ထို့ပြင် မကြာသေးမီက ဘာကီနာဖာဆို နိုင်ငံတွင် စစ်တပ်က ရာနှင့်ချီသော အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟူသော အကြောင်းအရာများကို ထုတ်ဖော်တင်ပြခဲ့သည့် Guardian အပါအဝင် နိုင်ငံခြားသတင်းအဖွဲ့ ဒါဇင် ပေါင်းများစွာကို ဆိုင်းငံ့ခံခဲ့ရသည်။

ဥရောပတွင်လည်း ရုရှားသည် လွတ်လပ်သော စာနယ်ဇင်းလုပ်ငန်းများအပေါ် တိုက်ခိုက်ခြင်းကြောင့် RSF ၏ အညွှန်းကိန်းတွင် အောက်အဆင့်များသို့ ကျဆင်းသွားခဲ့သည်။ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ပြည်ပနိုင်ငံများသို့ထွက်ပြေးသွားသည့် ရုရှားသတင်း သမား 1500 ထက်မနည်း ရှိနေပြီဖြစ်သည်။ RSF အညွှန်းကိန်း၏ အောက်ခြေအနီးရှိ ဘယ်လာ ရုစ်မှာ “ အစွန်းရောက်ဝါဒ ” ကို တိုက်ဖျက်ရန်အကြောင်းပြချက်ဖြင့် သတင်းထောက်များကို အစဉ်အမြဲ ညှဉ်းပန်းနှိပ်စက်ခြင်းလုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။ မကြာသေးမီကာလ ကလည်း ဥရောပနိုင်ငံအများအပြားတွင် သတင်းလွတ်လပ်ခွင့်သည် “ကျိုးပေါက်လုနီးနီး ဘေး အန္တရာယ်သို့ ကျရောက်နေပြီဖြစ်ကြောင်း” ဂျာမန် အခြေစိုက် Civil Liberties Union for Europe (Liberties) က သတိပေးထားသည်။ အမေရိကန်တွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အတွင်း သတင်းသမား အနည်းဆုံး ၁၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုင်ငံရေးသမားများ ကလည်း မီဒီယာသမားများအပေါ် ဆိုးဆိုးရွားရွား တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။

အာရှ- ပစိဖိတ်ဒေသတွင် သတင်း လွတ်လပ်ခွင့် ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာသည်။ အာဖဂန်နစ္စတန်ကဲ့သို့သောနိုင်ငံများတွင် တာလီဘန်တို့က လွတ်လပ်သောသတင်းကဏ္ဍကို ဖျက်ဆီးခဲ့ပြီး မြောက်ကိုရီးယားနှင့် တရုတ်တို့ကလည်း ပြည်တွင်းမီဒီယာများအပေါ် အမြဲတစေ ဖိနှိပ်ခြင်းများ ပြုလုပ်လျက်ရှိပြီး သတင်းနှင့် အချက်အလက်များကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြောင်း RSF က ဖော်ပြထားသည်။ အထက်ဖော်ပြပါအခြေအနေအရပ်ရပ်ကို သုံးသပ်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မီဒီယာလွတ်လပ်ခွင့်များ ကျဆင်းလျက်ရှိနေပြီး သတင်းသမားများ၏ ဘေးကင်းလုံခြုံမှုသည် လည်း အမြဲတစေခြိမ်းခြောက်ခံနေရကြောင်း တွေ့ရှိရပါသည်။

ဂါဇာစစ်ပွဲအတွင်း ခြိမ်းခြောက်ခံနေရသည့် မီဒီယာကဏ္ဍ
စစ်ပွဲဖြစ်ပွားခဲ့သည့် ၂၁၄ ရက်အတွင်း အစ္စရေးသည် ဂါဇာတွင် ခန့်မှန်းခြေအားဖြင့် ၃၆ နာရီလျှင် သတင်းထောက် တစ်ဦးနှုန်းဖြင့် စုစုပေါင်း ၁၄၂ ဦးကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သေဆုံးသူအရေအတွက်အရ ဂါဇာစစ်ပွဲသည် ခေတ်သစ်သမိုင်းတွင် သတင်းထောက် များအတွက် အသေအပျောက်အများဆုံး စစ်ပွဲဖြစ်လာစေခဲ့သည်။ ယခုလအစောပိုင်းတွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသသို့ နိုင်ငံခြားသတင်းထောက်များ ဝင်ရောက်ခွင့်ကို ပိတ်ပင် ခဲ့ပြီး အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနကိုလည်း ၎င်း၏ နယ်နိမိတ်အတွင်း သတင်း ယူလှုပ်ရှားခြင်းနှင့် ထုတ်လွှင့်ခြင်းတို့ကို ပိတ်ပင်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် အချို့ သော အမေရိကန်နိုင်ငံရေးသမားများက အစ္စရေးသည် မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တား ဆီးနေသူဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။

မေလ ၅ ရက် မတိုင်မီက အယ်လ်ဂျာဇီးရားသည် ဂါဇာကမ်းမြောင် ဒေသတွင် လည်ပတ်နေဆဲ နိုင်ငံတကာမီဒီယာအနည်းငယ်အနက်မှ တစ်ခုဖြစ်သည်။ အယ်လ်ဂျာဇီးရားကို ပိတ်ပင် ခြင်းသည် မရှိမဖြစ်လိုအပ်သော စစ်ပွဲသတင်းများကို တားဆီးမည့် မီဒီယာလွတ်လပ်ခွင့်ကို တိုက်ခိုက်ခြင်းလုပ်ရပ်ဖြစ်နေသည်။ ဂါဇာကမ်းမြောင်ဒေသရှိ အခြေအနေများကို ပြည်တွင်းနှင့် တစ်ကမ္ဘာလုံးရှိ ပြည်သူများကို အသိပေးရန်နှင့် အဖျက်စွမ်းအားကြီးမားသော စစ်ပွဲ၏ အခြေ အနေအရပ်ရပ်နှင့် အပြောင်းအလဲများကို သုံးသပ်နိုင်ရန် မီဒီယာများမှ လွတ်လပ်စွာ ခြွင်းချက် မရှိ ဖော်ပြမှုသည် အရေးကြီးသည်။

၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင် အစ္စရေးအစိုးရသည် အစ္စရေးနိုင်ငံအတွင်း အယ်လ် ဂျာဇီးရားအသံလွှင့်ထုတ်လွှင့်မှုများကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့ပြီး အစ္စရေးရှိ ၎င်း၏ဝက်ဘ်ဆိုက် များ၊ ရုံးများကို ပိတ်ပစ်ရန်နှင့် ၎င်း၏ဝန်ထမ်းများအသုံးပြုသည့် စက်ပစ္စည်းများကို သိမ်းဆည်း ရန် အမိန့်ပေးခဲ့သည်။ ဆုံးဖြတ်ချက်အပြီးတွင် ရဲအရာရှိများနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ စစ်ဆေးရေးမှူးများသည် သတင်းဌာန၏စက်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး အရှေ့ဂျေရုဆလင်ရှိ အယ်လ်ဂျာဇီးရားသတင်းဌာန ရုံးစိုက်ရာ အဆောက်အအုံကို ပိတ်ပစ်လိုက်သည်။

“အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု”တွင် အဆိုပါအစီအမံများကို တရားဝင် ဆောင် ရွက်နိုင်ကြောင်း ဖော်ပြထားသည့် Al Jazeera Bill ဟုခေါ်သည့် ဥပဒေကြမ်းကို အစ္စရေး လွှတ် တော်က ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ဥပဒေကြမ်းကို အတည်ပြုပြီး နောက် မကြာမီတွင် အစ္စရေးအာဏာပိုင်များက အစ္စရေးရှိ Al Jazeera သတင်းဌာန ဆန့်ကျင် ရေး လှုပ်ရှားမှုကို စတင်ရန် ၎င်းတို့၏ ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။ အစ္စရေးအာဏာပိုင် များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက အစ္စရေးရှိ အယ်လ်ဂျာဇီးရား သတင်းဌာနကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။ သို့သော် ထိုအချိန်က ယင်းအစား အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အရေးပေါ်မီဒီယာ စည်းမျဉ်းများကို အကြောင်းပြု၍ လက်ဘနွန်မီဒီယာ တစ်ခုဖြစ်သည့် Al Mayadeen ကို ပိတ်ခဲ့သည်။
အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားနိုင်သော်လည်း ဤအကြောင်းပြချက် ခိုင်လုံရန် အတွက် မူ သင့်လျော်သော ကန့်သတ်ချက်များသာဖြစ်သင့်ပြီး အကြောင်းပြချက်နှင့် အချိုးကျ နေရမည် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်အာဏာပိုင်များက နိုင်ငံတော်၏ လုံခြုံရေးကိုကာကွယ်ရန် အတွက် လိုအပ်သည့် ကန့်သတ်မှုများကို တတ်နိုင်သမျှ အနည်းဆုံးအတိုင်းအတာဖြင့် ဆောင်ရွက်သင့်ကြပေသည်။ သို့မဟုတ်လျှင် မီဒီယာတစ်ခုကို အပြီးအပိုင် သို့မဟုတ် ယာယီ ပိတ်ပင်ခြင်းသည် တရားမျှတမှု မရှိဘဲ ပြင်းထန်သော ကန့်သတ်မှုတစ်ခုသာဖြစ်နေသည်။
မီဒီယာကဏ္ဍသည် အများပြည်သူအကျိုးငှာ မြော်မြင်ပြီး သတင်းအမှန်များကို ရေးသား ဖော်ပြလျှင် နိုင်ငံအတွက် အလွန်အရေးပါသောမဏ္ဍိုင်တစ်ရပ် ဖြစ်ပြီးအခြားသော မလျော်ကန် သည့် အကျိုးအမြတ်များအတွက် ရည်မျှော်သော မမှန်မကန် ရေးသားဖော်ပြခြင်းများကမူ ပြည်သူများကို သတင်းအဆိပ်သင့်စေပြီး အထင်မှား၊ အယူအဆမှားများကို ဦးတည်စေမည် သာဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ပြီး တိကျမှန်ကန်သော သတင်းအချက် အလက်များကို ဖြန့်ဝေပေးသည့် မီဒီယာများ၏ အခန်းကဏ္ဍသည် ပြည်သူများ၏ နေ့စဉ်ဘဝ၊ အထူးသဖြင့် ပဋိပက္ခ များဖြစ်ပွားနေချိန်တွင် အလွန်အရေးပါလှပေသည်။ ထိုသို့ အရေးပါသော သတင်းနှင့် မီဒီယာကဏ္ဍကို ဖိနှိပ်တိုက်ခိုက်ခြင်းသည် တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်ရေး၊ ပဋိပက္ခများ အဆုံးသတ်ရေးအတွက် အဟန့်အတားများဖြစ်လာပေမည်။ သတင်းသမားများသည်လည်း လက်နက်မကိုင်သော အရပ်သားများဖြစ်သည့်အတွက် ပဋိပက္ခများအတွင်း အရပ်သားများကဲ့သို့ ဘေးကင်း လုံခြုံမှုရှိစေရေး ဦးစားပေးဆောင်ရွက်ပေးသင့်ပါသည်။ သို့မှသာ ပြင်းထန်သော ပဋိပက္ခများ၊ စစ်ပွဲများအတွင်း ပြည်သူ့ထံ၊ နိုင်ငံတကာထံသတင်းမှန်များ ပြန်ကြားပေးနိုင်ပြီး တတ်နိုင်သမျှ အကြမ်းဖက်မှု ဖြစ်စဉ်များကို ထိန်းသိမ်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

zawgyi version
ပဋိပကၡမ်ားအတြင္း ၿခိမ္းေျခာက္ခံေနရေသာ ကမာၻတစ္လႊားက မီဒီယာလြတ္လပ္ခြင့္
ALynn (NP News) - ေမ ၂၃

လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ႏွင့္ သတင္းအခ်က္အလက္မ်ားသည္ ဒီမိုကေရစီ လူ႔အဖြဲ႕အစည္း၏ မရွိမျဖစ္ အေျခခံအုတ္ျမစ္မ်ားထဲမွ တစ္ခုျဖစ္ သည္။ ပဋိပကၡႏွင့္ စစ္ပြဲမ်ား ျဖစ္ပြားေနခ်ိန္တြင္ မီဒီယာမ်ား၏ အခန္းက႑သည္ အမ်ားျပည္သူတို႔ကို အခ်ိန္ႏွင့္တစ္ေျပးညီ တိက်မွန္ကန္ေသာ သ တင္းအခ်က္အလက္မ်ား ေပးေဆာင္ရာတြင္ အေရးပါလွသည္။ ယုံၾကည္ရေလာက္ေသာ သတင္းႏွင့္ ႐ုပ္ပုံမ်ားသည္ အရပ္သားမ်ားကို အကာအကြယ္ ေပးျခင္း၊ ပဋိပကၡမ်ားကို တားဆီးျခင္း၊ ပဋိပကၡမ်ား၏ ေၾကာက္မက္ဖြယ္ျဖစ္ရပ္မွန္မ်ားကို ႏိုင္ငံတကာအသိုင္းအဝိုင္း၏ အာ႐ုံစူးစိုက္မႈဆီသို႔ ေဆာင္ၾကဥ္းေပးျခင္း၊ လူ႔အခြင့္အေရးႏွင့္ အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ဥပေဒမ်ားကို ခ်ိဳးေဖာက္ေန ျခင္းမ်ားကို ေဖာ္ထုတ္ႏိုင္ျခင္းတို႔ေၾကာင့္ စစ္အတြင္း မီဒီယာမ်ား၏ အခန္းက႑မွာ အလြန္ အေရးပါေနသည္။

ထို႔အတူ ယင္း၏ေနာက္ဆက္တြဲအေနျဖင့္ ပဋိပကၡနယ္ေျမမ်ားရွိ သတင္းေထာက္မ်ား၏ လုပ္ငန္းခြင္သည္ အႏၲရာယ္မ်ားျဖင့္ ျပည့္ႏွက္ေနေပသည္။ သတင္းယူရန္ ဝင္ေရာက္ခြင့္ ျငင္းပယ္ခံရျခင္း၊ ဆင္ဆာျဖတ္ျခင္း၊ ေႏွာင့္ယွက္ျခင္း၊ မတရား ဖမ္းဆီးျခင္းႏွင့္ တိုက္ခိုက္ခံရ ျခင္းမ်ားသည္ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ မၾကာခဏ ျဖစ္ပြားလ်က္ရွိေနသည္။ ပဋိပကၡျဖစ္ပြားရာေဒသမ်ားတြင္ အလုပ္လုပ္ရန္ ဆုံးျဖတ္ထားသည့္ သတင္းေထာက္မ်ား အေန ျဖင့္ သတိရွိရွိ လုပ္ေဆာင္ဖို႔ လိုအပ္မည္ျဖစ္သည္။ သို႔ေသာ္ ၎တို႔သည္ အရပ္သားမ်ားသာ ျဖစ္ေသာေၾကာင့္ ပစ္မွတ္မထားသင့္ေပ။ ထို႔ျပင္ ပဋိပကၡျဖစ္ပြားေနေသာႏိုင္ငံမ်ားသည္ ရန္လိုမႈ မ်ားႏွင့္ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားအတြင္း သတင္းအခ်က္အလက္ႏွင့္ မီဒီယာ၏ အေရးပါေသာ အခန္းက႑ကို အသိအမွတ္ျပဳသင့္ၿပီး တစ္ဦးတစ္ေယာက္ခ်င္းစီေသာ သတင္းေထာက္မ်ား၏ လုံၿခဳံေရးအတြက္လည္း ဂ႐ုျပဳေပးသင့္သည္။ သို႔မွသာ ပဋိပကၡတြင္ ပါဝင္ပတ္သက္ေနေသာ ႏိုင္ငံမ်ားသည္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ႏွင့္ မီဒီယာလြတ္လပ္ခြင့္တို႔ကို ထိန္းထား ျခင္းျဖင့္ “မီဒီယာလက္နက္”ကို အသုံးခ်ကာ ဒီမိုကေရစီကို ပိုမိုထိေရာက္စြာ ကာကြယ္သြားႏိုင္ မည့္ အေျခအေနမ်ားကို ဖန္တီးလာႏိုင္မည္ျဖစ္ပါသည္။

က်ဆင္းလာေသာ မီဒီယာလြတ္လပ္ခြင့္
နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႕ (RSF) မွ ႏွစ္စဥ္ထုတ္ေဝေသာ ကမာၻ႔သတင္း လြတ္လပ္ခြင့္အၫႊန္းကိန္းအရ ၿပီးခဲ့သည့္ႏွစ္အတြင္း အမွီအခိုကင္းေသာ မီဒီယာမ်ားကို ႏွိပ္ကြပ္ ျခင္းႏွင့္ သတင္းမွားမ်ား ျဖန႔္ျဖဴးျခင္းအပါအဝင္ သတင္းလြတ္လပ္ခြင့္အေပၚ ႏိုင္ငံေရးအရ တိုက္ခိုက္မႈမ်ား သိသိသာသာ ျပင္းထန္လာခဲ့သည္။ ယင္းအၫႊန္းကိန္းသည္ ႏိုင္ငံေပါင္း ၁၈၀ ရွိ သတင္းေထာက္မ်ား၏ အမွီအခိုကင္းစြာျဖင့္ လြတ္လြတ္လပ္လပ္ သတင္းပို႔ႏိုင္မႈအေပၚ အဆင့္ သတ္မွတ္ထားျခင္းျဖစ္သည္။ ယခု၂၀၂၄ ခု ႏွစ္တြင္ ကမာၻ႔လူဦးေရထက္ဝက္ေက်ာ္သည္ ဒီမိုက ေရစီ ေ႐ြးေကာက္ပြဲမ်ားတြင္ ပါဝင္ဆႏၵေဖာ္ထုတ္သြားရမည္ျဖစ္ေသာ္လည္း RSF ၏ အၫႊန္း ကိန္းအရ တစ္ကမာၻလုံးတြင္ သတင္းလြတ္လပ္ခြင့္ အလုံးစုံက် ဆင္းေနၿပီး သတင္းသမားမ်ားႏွင့္ လြတ္လပ္ေသာ မီဒီယာမ်ားအေပၚ ႏိုင္ငံေရးအရ ဖိႏွိပ္မႈမ်ား ျမင့္တက္လာေၾကာင္းကို ျပသေနပါသည္။

Maghreb ႏွင့္ အေရွ႕အလယ္ပိုင္းေဒသမ်ားရွိ အစိုးရအဖြဲ႕မ်ား၏ သတင္းလြတ္လပ္ခြင့္ အေပၚ ကန႔္သတ္မႈမ်ားမွာ အဆိုးဆုံးျဖစ္ေၾကာင္း RSF ၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။ ၿပီးခဲ့ေသာႏွစ္အတြင္း ေဒသတြင္းရွိ အစိုးရမ်ားသည္ အၾကမ္းဖက္မႈ၊ ဖမ္းဆီးျခင္းႏွင့္ ျပင္းထန္ လြန္းေသာ ဥပေဒမ်ားမွတစ္ဆင့္ သတင္းေထာက္မ်ားအေပၚ စနစ္တက် ျပစ္ဒဏ္ေပးျခင္းျဖင့္ မီဒီယာက႑ကို ထိန္းခ်ဳပ္ကန႔္သတ္ရန္ ႀကိဳးပမ္းခဲ့ၾကပါသည္။ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလမွ စတင္၍ ဂါဇာကမ္းေျမာင္ေဒသတြင္ ပါလက္စတိုင္းသတင္းေထာက္ ၁၀ဝ ေက်ာ္ သတ္ျဖတ္ခံခဲ့ရၿပီး ၎တို႔အနက္ အနည္းဆုံး ၂၂ ဦးမွာ လုပ္ငန္းေဆာင္႐ြက္ေနခ်ိန္အတြင္း သတ္ျဖတ္ခံရ ျခင္းျဖစ္ေၾကာင္း သိရသည္။ ေဒသတြင္း အျခားႏိုင္ငံမ်ားျဖစ္ေသာ ဆူဒန္တြင္လည္း အၾကမ္းဖက္ မႈႏွင့္ ျပည္တြင္းစစ္အေၾကာင္း လြတ္လပ္စြာသတင္း ေပးပို႔မႈမ်ားကို အျပင္းအထန္ ႏွိပ္ကြတ္ခဲ့ၾက ၿပီး သတင္းေထာက္မ်ားစြာလည္း သတ္ျဖတ္ျခင္း ခံခဲ့ရသည္။ ဆီးရီးယားရွိ မီဒီယာလုပ္ငန္းရွင္ မ်ား၏ အေျခအေနမွာလည္း ဆိုး႐ြားလာကာ ၎တို႔၏ ေမြးရပ္ႏိုင္ငံမွ စြန႔္ခြာထြက္ေျပးရသည္ မ်ားလည္း ရွိသည္။ ထို႔ျပင္ ယင္းထြက္ေျပးတိမ္းေရွာင္ေသာ စာနယ္ဇင္းသမားမ်ားကို အိမ္နီးခ်င္း ေဂ်ာ္ဒန္၊ တူရကီႏွင့္ လက္ဘႏြန္တို႔မွ ႏွင္ထုတ္မည္ဟု ၿခိမ္းေျခာက္ျခင္းမ်ားလည္းရွိခဲ့သည္။ အစၥေရး၊ ေဆာ္ဒီ အာေရးဗ်၊ ဆီးရီးယားႏွင့္ အီရန္တို႔သည္ သတင္းေထာက္မ်ားကို ဖမ္းဆီး ေထာင္ခ်ျခင္းလုပ္ရပ္ အမ်ားဆုံး ျပဳမူသည့္ႏိုင္ငံ ၄ ႏိုင္ငံတြင္ပါဝင္ေနၿပီး ၎တို႔သည္ ယေန႔တိုင္ ေအာင္ သတင္းေထာက္မ်ားကို တိုက္ခိုက္ျခင္းႏွင့္ ဖမ္းဆီးအက်ဥ္းခ်ျခင္းမ်ားကို ဆက္လက္ျပဳမူေနဆဲျဖစ္ပါသည္။

လက္တင္အေမရိကတြင္ သတင္းႏွင့္ စာနယ္ဇင္းလုပ္ငန္းမ်ားအေပၚ ႏိုင္ငံေရးအရ ဖိႏွိပ္ ခ်ဳပ္ခ်ယ္မႈမ်ားမွာ စိုးရိမ္ဖြယ္ရာအေျခအေနျဖစ္ေနေၾကာင္း ၫႊန္ျပေနသည္။ အာဂ်င္တီးနားတြင္ သမၼတသစ္ Javier Milei သည္ လြတ္လပ္ေသာ စာနယ္ဇင္းမ်ားအေပၚ ဖိႏွိပ္ျခင္းႏွင့္ပတ္သက္၍ ဂုဏ္ယူ ဝင့္ႂကြားစြာ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ႏိုင္ငံ၏အႀကီးမားဆုံး ေအဂ်င္စီအသစ္ကိုလည္း ပိတ္ပစ္ခဲ့သည္။ ပီ႐ူးႏွင့္ အယ္လ္ဆာေဗးေဒါတို႔တြင္လည္း သတင္းလြတ္လပ္ခြင့္သည္ ႏိုင္ငံေရး အရ ဖိႏွိပ္တိုက္ခိုက္ျခင္း ခံေနရပါသည္။

အာဖရိက ဆာဟာရေအာက္ပိုင္းရွိ ေ႐ြးေကာက္ပြဲမ်ားအတြင္း သတင္းေထာက္မ်ား အေပၚ အၾကမ္းဖက္မႈမ်ားရွိခဲ့ၿပီး ယင္းမွာ ႏိုင္ငံေရးအရ တိုက္ခိုက္မႈမ်ားျဖစ္ေၾကာင္း ရႈျမင္ႏိုင္ သည္။ ႏိုင္ဂ်ီးရီးယား တြင္ ၂၀၂၃ ခုႏွစ္ အေစာပိုင္း၌ သတင္းေထာက္ ၂၀ နီးပါးတိုက္ခိုက္ခံခဲ့ရၿပီး Madagascar တြင္ ေ႐ြးေကာက္ပြဲ အႀကိဳဆႏၵျပပြဲမ်ားကို ေရးသားေဖာ္ျပခဲ့ေသာ သတင္းေထာက္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္ ခံခဲ့ရသည္။ ထို႔ျပင္ မၾကာေသးမီက ဘာကီနာဖာဆို ႏိုင္ငံတြင္ စစ္တပ္က ရာႏွင့္ခ်ီေသာ အရပ္သားမ်ားကို အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့သည္ဟူေသာ အေၾကာင္းအရာမ်ားကို ထုတ္ေဖာ္တင္ျပခဲ့သည့္ Guardian အပါအဝင္ ႏိုင္ငံျခားသတင္းအဖြဲ႕ ဒါဇင္ ေပါင္းမ်ားစြာကို ဆိုင္းငံ့ခံခဲ့ရသည္။

ဥေရာပတြင္လည္း ႐ုရွားသည္ လြတ္လပ္ေသာ စာနယ္ဇင္းလုပ္ငန္းမ်ားအေပၚ တိုက္ခိုက္ျခင္းေၾကာင့္ RSF ၏ အၫႊန္းကိန္းတြင္ ေအာက္အဆင့္မ်ားသို႔ က်ဆင္းသြားခဲ့သည္။ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ခ်ိန္ကတည္းက ျပည္ပႏိုင္ငံမ်ားသို႔ထြက္ေျပးသြားသည့္ ႐ုရွားသတင္း သမား 1500 ထက္မနည္း ရွိေနၿပီျဖစ္သည္။ RSF အၫႊန္းကိန္း၏ ေအာက္ေျခအနီးရွိ ဘယ္လာ ႐ုစ္မွာ “ အစြန္းေရာက္ဝါဒ ” ကို တိုက္ဖ်က္ရန္အေၾကာင္းျပခ်က္ျဖင့္ သတင္းေထာက္မ်ားကို အစဥ္အၿမဲ ညႇဥ္းပန္းႏွိပ္စက္ျခင္းလုပ္ရပ္မ်ားကို က်ဴးလြန္လ်က္ရွိသည္။ မၾကာေသးမီကာလ ကလည္း ဥေရာပႏိုင္ငံအမ်ားအျပားတြင္ သတင္းလြတ္လပ္ခြင့္သည္ “က်ိဳးေပါက္လုနီးနီး ေဘး အႏၲရာယ္သို႔ က်ေရာက္ေနၿပီျဖစ္ေၾကာင္း” ဂ်ာမန္ အေျခစိုက္ Civil Liberties Union for Europe (Liberties) က သတိေပးထားသည္။ အေမရိကန္တြင္လည္း ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ အတြင္း သတင္းသမား အနည္းဆုံး ၁၂ ေယာက္ကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး ႏိုင္ငံေရးသမားမ်ား ကလည္း မီဒီယာသမားမ်ားအေပၚ ဆိုးဆိုး႐ြား႐ြား တိုက္ခိုက္ျခင္းမ်ားျပဳလုပ္ခဲ့သည္။

အာရွ- ပစိဖိတ္ေဒသတြင္ သတင္း လြတ္လပ္ခြင့္ ဖိႏွိပ္မႈမ်ား ပိုမိုဆိုး႐ြားလာသည္။ အာဖဂန္နစၥတန္ကဲ့သို႔ေသာႏိုင္ငံမ်ားတြင္ တာလီဘန္တို႔က လြတ္လပ္ေသာသတင္းက႑ကို ဖ်က္ဆီးခဲ့ၿပီး ေျမာက္ကိုရီးယားႏွင့္ တ႐ုတ္တို႔ကလည္း ျပည္တြင္းမီဒီယာမ်ားအေပၚ အၿမဲတေစ ဖိႏွိပ္ျခင္းမ်ား ျပဳလုပ္လ်က္ရွိၿပီး သတင္းႏွင့္ အခ်က္အလက္မ်ားကို တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ထားေၾကာင္း RSF က ေဖာ္ျပထားသည္။ အထက္ေဖာ္ျပပါအေျခအေနအရပ္ရပ္ကို သုံးသပ္ျခင္းအားျဖင့္ ကမာၻ႔ႏိုင္ငံအသီးသီးတြင္ မီဒီယာလြတ္လပ္ခြင့္မ်ား က်ဆင္းလ်က္ရွိေနၿပီး သတင္းသမားမ်ား၏ ေဘးကင္းလုံၿခဳံမႈသည္ လည္း အၿမဲတေစၿခိမ္းေျခာက္ခံေနရေၾကာင္း ေတြ႕ရွိရပါသည္။

ဂါဇာစစ္ပြဲအတြင္း ၿခိမ္းေျခာက္ခံေနရသည့္ မီဒီယာက႑
စစ္ပြဲျဖစ္ပြားခဲ့သည့္ ၂၁၄ ရက္အတြင္း အစၥေရးသည္ ဂါဇာတြင္ ခန႔္မွန္းေျခအားျဖင့္ ၃၆ နာရီလွ်င္ သတင္းေထာက္ တစ္ဦးႏႈန္းျဖင့္ စုစုေပါင္း ၁၄၂ ဦးကို သတ္ျဖတ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။ ေသဆုံးသူအေရအတြက္အရ ဂါဇာစစ္ပြဲသည္ ေခတ္သစ္သမိုင္းတြင္ သတင္းေထာက္ မ်ားအတြက္ အေသအေပ်ာက္အမ်ားဆုံး စစ္ပြဲျဖစ္လာေစခဲ့သည္။ ယခုလအေစာပိုင္းတြင္ အစၥေရးသည္ ဂါဇာကမ္းေျမာင္ေဒသသို႔ ႏိုင္ငံျခားသတင္းေထာက္မ်ား ဝင္ေရာက္ခြင့္ကို ပိတ္ပင္ ခဲ့ၿပီး အယ္လ္ဂ်ာဇီးရား (Al Jazeera) သတင္းဌာနကိုလည္း ၎၏ နယ္နိမိတ္အတြင္း သတင္း ယူလႈပ္ရွားျခင္းႏွင့္ ထုတ္လႊင့္ျခင္းတို႔ကို ပိတ္ပင္ခဲ့သည္။ အဆိုပါ ဆုံးျဖတ္ခ်က္ေၾကာင့္ အခ်ိဳ႕ ေသာ အေမရိကန္ႏိုင္ငံေရးသမားမ်ားက အစၥေရးသည္ မီဒီယာလြတ္လပ္ခြင့္ကို ပိတ္ပင္တား ဆီးေနသူျဖစ္ေၾကာင္း ျပစ္တင္ရႈတ္ခ်ခဲ့ၾကသည္။

ေမလ ၅ ရက္ မတိုင္မီက အယ္လ္ဂ်ာဇီးရားသည္ ဂါဇာကမ္းေျမာင္ ေဒသတြင္ လည္ပတ္ေနဆဲ ႏိုင္ငံတကာမီဒီယာအနည္းငယ္အနက္မွ တစ္ခုျဖစ္သည္။ အယ္လ္ဂ်ာဇီးရားကို ပိတ္ပင္ ျခင္းသည္ မရွိမျဖစ္လိုအပ္ေသာ စစ္ပြဲသတင္းမ်ားကို တားဆီးမည့္ မီဒီယာလြတ္လပ္ခြင့္ကို တိုက္ခိုက္ျခင္းလုပ္ရပ္ျဖစ္ေနသည္။ ဂါဇာကမ္းေျမာင္ေဒသရွိ အေျခအေနမ်ားကို ျပည္တြင္းႏွင့္ တစ္ကမာၻလုံးရွိ ျပည္သူမ်ားကို အသိေပးရန္ႏွင့္ အဖ်က္စြမ္းအားႀကီးမားေသာ စစ္ပြဲ၏ အေျခ အေနအရပ္ရပ္ႏွင့္ အေျပာင္းအလဲမ်ားကို သုံးသပ္ႏိုင္ရန္ မီဒီယာမ်ားမွ လြတ္လပ္စြာ ႁခြင္းခ်က္ မရွိ ေဖာ္ျပမႈသည္ အေရးႀကီးသည္။

၂၀၂၄ ခုႏွစ္ ေမလ ၅ ရက္ေန႔တြင္ အစၥေရးအစိုးရသည္ အစၥေရးႏိုင္ငံအတြင္း အယ္လ္ ဂ်ာဇီးရားအသံလႊင့္ထုတ္လႊင့္မႈမ်ားကို ပိတ္ပစ္ရန္ အမိန႔္ေပးခဲ့ၿပီး အစၥေရးရွိ ၎၏ဝက္ဘ္ဆိုက္ မ်ား၊ ႐ုံးမ်ားကို ပိတ္ပစ္ရန္ႏွင့္ ၎၏ဝန္ထမ္းမ်ားအသုံးျပဳသည့္ စက္ပစၥည္းမ်ားကို သိမ္းဆည္း ရန္ အမိန႔္ေပးခဲ့သည္။ ဆုံးျဖတ္ခ်က္အၿပီးတြင္ ရဲအရာရွိမ်ားႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ စစ္ေဆးေရးမႉးမ်ားသည္ သတင္းဌာန၏စက္ပစၥည္းမ်ားကို သိမ္းဆည္းခဲ့ၿပီး အေရွ႕ေဂ်႐ုဆလင္ရွိ အယ္လ္ဂ်ာဇီးရားသတင္းဌာန ႐ုံးစိုက္ရာ အေဆာက္အအုံကို ပိတ္ပစ္လိုက္သည္။

“အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္မႈ”တြင္ အဆိုပါအစီအမံမ်ားကို တရားဝင္ ေဆာင္ ႐ြက္ႏိုင္ေၾကာင္း ေဖာ္ျပထားသည့္ Al Jazeera Bill ဟုေခၚသည့္ ဥပေဒၾကမ္းကို အစၥေရး လႊတ္ ေတာ္က ၂၀၂၄ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔တြင္ အတည္ျပဳခဲ့သည္။ ဥပေဒၾကမ္းကို အတည္ျပဳၿပီး ေနာက္ မၾကာမီတြင္ အစၥေရးအာဏာပိုင္မ်ားက အစၥေရးရွိ Al Jazeera သတင္းဌာန ဆန႔္က်င္ ေရး လႈပ္ရွားမႈကို စတင္ရန္ ၎တို႔၏ ရည္႐ြယ္ခ်က္ကို ေၾကညာခဲ့သည္။ အစၥေရးအာဏာပိုင္ မ်ားသည္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလကတည္းက အစၥေရးရွိ အယ္လ္ဂ်ာဇီးရား သတင္းဌာနကို ပိတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့ဖူးသည္။ သို႔ေသာ္ ထိုအခ်ိန္က ယင္းအစား အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနသည့္ အေရးေပၚမီဒီယာ စည္းမ်ဥ္းမ်ားကို အေၾကာင္းျပဳ၍ လက္ဘႏြန္မီဒီယာ တစ္ခုျဖစ္သည့္ Al Mayadeen ကို ပိတ္ခဲ့သည္။
အမ်ိဳးသားလုံၿခဳံေရးကို ကာကြယ္ရန္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ကန႔္သတ္ထားႏိုင္ေသာ္လည္း ဤအေၾကာင္းျပခ်က္ ခိုင္လုံရန္ အတြက္ မူ သင့္ေလ်ာ္ေသာ ကန႔္သတ္ခ်က္မ်ားသာျဖစ္သင့္ၿပီး အေၾကာင္းျပခ်က္ႏွင့္ အခ်ိဳးက် ေနရမည္ ျဖစ္သည္။ အထူးသျဖင့္ ႏိုင္ငံေတာ္အာဏာပိုင္မ်ားက ႏိုင္ငံေတာ္၏ လုံၿခဳံေရးကိုကာကြယ္ရန္ အတြက္ လိုအပ္သည့္ ကန႔္သတ္မႈမ်ားကို တတ္ႏိုင္သမွ် အနည္းဆုံးအတိုင္းအတာျဖင့္ ေဆာင္႐ြက္သင့္ၾကေပသည္။ သို႔မဟုတ္လွ်င္ မီဒီယာတစ္ခုကို အၿပီးအပိုင္ သို႔မဟုတ္ ယာယီ ပိတ္ပင္ျခင္းသည္ တရားမွ်တမႈ မရွိဘဲ ျပင္းထန္ေသာ ကန႔္သတ္မႈတစ္ခုသာျဖစ္ေနသည္။
မီဒီယာက႑သည္ အမ်ားျပည္သူအက်ိဳးငွာ ေျမာ္ျမင္ၿပီး သတင္းအမွန္မ်ားကို ေရးသား ေဖာ္ျပလွ်င္ ႏိုင္ငံအတြက္ အလြန္အေရးပါေသာမ႑ိဳင္တစ္ရပ္ ျဖစ္ၿပီးအျခားေသာ မေလ်ာ္ကန္ သည့္ အက်ိဳးအျမတ္မ်ားအတြက္ ရည္ေမွ်ာ္ေသာ မမွန္မကန္ ေရးသားေဖာ္ျပျခင္းမ်ားကမူ ျပည္သူမ်ားကို သတင္းအဆိပ္သင့္ေစၿပီး အထင္မွား၊ အယူအဆမွားမ်ားကို ဦးတည္ေစမည္ သာျဖစ္သည္။ ထို႔ေၾကာင့္ လြတ္လပ္ၿပီး တိက်မွန္ကန္ေသာ သတင္းအခ်က္ အလက္မ်ားကို ျဖန႔္ေဝေပးသည့္ မီဒီယာမ်ား၏ အခန္းက႑သည္ ျပည္သူမ်ား၏ ေန႔စဥ္ဘဝ၊ အထူးသျဖင့္ ပဋိပကၡ မ်ားျဖစ္ပြားေနခ်ိန္တြင္ အလြန္အေရးပါလွေပသည္။ ထိုသို႔ အေရးပါေသာ သတင္းႏွင့္ မီဒီယာက႑ကို ဖိႏွိပ္တိုက္ခိုက္ျခင္းသည္ တိုင္းျပည္၏ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ပဋိပကၡမ်ား အဆုံးသတ္ေရးအတြက္ အဟန႔္အတားမ်ားျဖစ္လာေပမည္။ သတင္းသမားမ်ားသည္လည္း လက္နက္မကိုင္ေသာ အရပ္သားမ်ားျဖစ္သည့္အတြက္ ပဋိပကၡမ်ားအတြင္း အရပ္သားမ်ားကဲ့သို႔ ေဘးကင္း လုံၿခဳံမႈရွိေစေရး ဦးစားေပးေဆာင္႐ြက္ေပးသင့္ပါသည္။ သို႔မွသာ ျပင္းထန္ေသာ ပဋိပကၡမ်ား၊ စစ္ပြဲမ်ားအတြင္း ျပည္သူ႔ထံ၊ ႏိုင္ငံတကာထံသတင္းမွန္မ်ား ျပန္ၾကားေပးႏိုင္ၿပီး တတ္ႏိုင္သမွ် အၾကမ္းဖက္မႈ ျဖစ္စဥ္မ်ားကို ထိန္းသိမ္းေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ေၾကာင္း ေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.