ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရဖို့ အလားအလာများနေတဲ့အိန္ဒိယဝန်ကြီးချုပ် မိုဒီ ဆိုတာ ဘယ်လိုလူစားမျိုးလဲ (အတ္ထုပ္ပတ္တိ)

 1223

ဂျန်ဇက် (NP News) - မေ ၂၃

အိန္ဒိယနိုင်ငံမှာကျင်းပလျက်ရှိနေတဲ့ ရွေးကောက်ပွဲတွေအတွင်း လက်ရှိဝန်ကြီးချုပ် နရန်ဒရာမီုဒီ ထပ်မံအနိုင်ရဖွယ်ရှိတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက သုံးသပ်ဖော်ပြနေပါတယ်။ လက်ရှိ အချိန်မှာအသက် ၇၄ နှစ်အရွယ်ရှိနေတဲ့ မိုဒီဟာ ဝန်ကြီးချုပ်မဖြစ်ခင် ဘဝကိုခက်ခဲပင်ပန်းစွာ ရုန်းကန် ဖြတ်သန်းခဲ့ရသူဖြစ်ပြီး ငယ်စဉ်ကလေးဘဝက လက်ဖက်ရည်ရောင်းရသူတစ်ဦးဖြစ်ခဲ့ပါတယ်။

အိန္ဒိယအာဏာရပါတီဖြစ်တဲ့ (BJP) ပါတီရဲ့ထိပ်သီးခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဒီဟာ မွေးချင်း ၆ ယောက်ထဲမှာ တတိယမြောက်သားဖြစ်ပြီး Vadn agar မီးရထားရုံမှာ ငယ်စဉ်ကလေးဘဝက လက် ဖက်ရည် ရောင်းခဲ့ရသူဖြစ်ပေမယ့်ဘဝကို စိတ်ပျက်အားငယ်မှုမရှိဘဲ အကောင်းဆုံးကြိုးစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ဖက်ရည်ရောင်းရချိန်ကာလအတွင်းမှာပဲ နိုင်ငံရေးစိတ်ဝင်စားခဲ့ပြီး အစ်ကိုဖြစ်သူ နဲ့အတူ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ မိုဒီဟာ မိသားစုက စီစဉ်ပေးတဲ့အမျိုးသမီး တစ်ဦးနဲ့အတူနေထိုင်ခဲ့ပေမယ့် တရားဝင်အိမ်ထောင်ပြု လက်ထပ်ထားတယ်ဆိုတဲ့အချက်ကို လူသိရှင် ကြား ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ ဒါပေမဲ့ မိုဒီဟာ ၂၀၁၄ ခုနှစ်ကကျင်းပခဲ့တဲ့ အထွေထွေရွေး ကောက်ပွဲမှာ ဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံရပြီး နောက် ၎င်းနဲ့အတူနေထိုင်နေတဲ့အမျိုးသမီးကို တရားဝင်ဇနီးအဖြစ် လူသိရှင်ကြားလက်ထပ်ခဲ့ပါတယ်။

မိုဒီဟာ ငယ်စဉ်ကလေးဘဝက ဘဝကိုခက်ခဲပင်ပန်းစွာရုန်းကန်ခဲ့ရပေမယ့် ပညာရေးကိုအောင် မြင်အောင်ကြိုးစားခဲ့ပြီး ဒေလီတက္ကသိုလ်ရှိ School of Open Learning မှ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ဘီအေဘွဲ့ကိုရရှိခဲ့သလို ဂူဂျာရတ်တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ မဟာဘွဲ့ကို ထပ်မံရယူ နိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ မာစတာဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်းတည်းက နိုင်ငံရေးလောကထဲမှာ ထဲထဲ ဝင်ဝင်ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ တကယ်တော့ မိုဒီဟာ တက္ကသိုလ်ကျောင်းသား ဘဝမှာတည်းက အစိုးရဆန့်ကျင့်ရေး ဆန္ဒပြပွဲ တွေ၊ အတိုက်ခံပါတီတွေမှာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝ တည်းက နိုင်ငံရေး လှုပ်ရှားမှုတွေ၊ အစိုးရဆန့်ကျင့်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့အတွက် ဖမ်းဆီးခံရမှုက ရှောင်တိမ်းရတာမျိုးလည်းရှိခဲ့ပါတယ်။ မိုဒီဟာ ဂူဂျာရတ် ပြည်နယ်အတွင်းပြုလုပ်တဲ့ အစိုးရ ဆန့်ကျင် ရေး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရမှုတွေကိုရှောင်တိမ်းနိုင်ဖို့ မြေအောက်လှုပ်ရှားမှု တွေကို ပြောင်းလဲလုပ်ကိုင်ခဲ့ရပြီး ဆစ်ခ်လူမျိုးတစ်ဦးပုံစံမျိုးအပြင် ဘာသာရေး ဘုန်းတော်ကြီးတစ်ပါး ပုံစံမျိုး ဝတ်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မိုဒီဟာ မာစတာဘွဲ့ရရှိပြီးနောက် နိုင်ငံရေးသမားလုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ခဲ့ရာ BJP ပါတီရဲ့ထိပ်သီးခေါင်းဆောင်တွေမှာပါဝင်လာခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ပါတီရဲ့အထွေထွေအတွင်းရေးမှူး အဖြစ်ရွေးကောက်ခံခဲ့ရပါတယ်။ အဲဒီနှစ်အတွင်း ကျင်းပတဲ့ရွေးကောက်ပွဲမှာ BJP ပါတီဟာအနိုင်ရ ရှိခဲ့တဲ့အတွက် မိုဒီဟာ မဟာဗျူဟာတွေ ချမှတ် ဆောင် ရွက်ခဲ့ရာ အောင်မြင်မှုတွေရရှိခဲ့တယ်လို့ ဆိုပါ တယ်။ BJP ပါတီအထွေထွေ အတွင်းရေးမှူးဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ ပါတီကိုအနိုင်ရဖို့နဲ့ ပြည်သူလက်ခံနိုင်အောင် ကြိုးပမ်းခဲ့ရာ ရွေးကောက်ပွဲတွေမှာအနိုင်ရခဲ့ပြီး မိုဒီကိုယ်တိုင်လည်း ပြည်နယ်ဝန်ကြီးချုပ်အဖြစ် စတင်ရွေးကောက်ခံခဲ့ရပါတယ်။

မိုဒီဟာ ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀ဝ၁ ခုနှစ်မှာစတင်တာဝန်ယူခဲ့ပြီးနောက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရာထူးကို ၂၀၁၄ ခုနှစ်အထိ တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အိန္ဒိယဝန်ကြီးချုပ်ရွေးကောက်ပွဲအတွက် BJP “ပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ်ရွေးကောက်ခံရပြီး အနိုင်ရခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရေးသမိုင်းမှာ နှစ်ပေါင်းများစွာလွှမ်းမိုးထားတဲ့ Indian National Congress ပါတီရဲ့လွမ်းမိုးမှုတွေကို ချေဖျက်ပြီး အိန္ဒိယဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။ မိုဒီဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ ကာလအတွင်း အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးပမ်းခဲ့ပေမယ့် အတိုက်ခံအုပ်စုတွေရဲ့ ဖိအားတွေ၊ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုဒီဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အိန္ဒိယနိုင်ငံရဲ့ဒီမိုကရေစီအဆင့်အတန်း ကျဆင်းနေတယ်လို့ ဝေဖန်မှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ မိုဒီဟာ အဓိကအားဖြင့် အတိုက် အခံပါတီဖြစ်တဲ့ Indian National Congress ပါတီဝင်တွေကို ဖိနှိပ်တာတွေရှိခဲ့သလို လူအခွင့်ရေးချိုးဖောက်မှုတွေ၊ မီဒီယာလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ ရှိခဲ့တယ်လို့ ဝေဖန်ပြစ်တင်တာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ မိုဒီဟာ ဝေဖန်ပြစ်တင်မှုတွေကို ဂရုမစိုက်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကမ္ဘာ ဩဇာလွမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တွေစာရင်းထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ မိုဒီရဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုတွေကို အသိမှတ်ပြုမှုအဖြစ် အမေရိကန်နိုင်ငံရှိအဖွဲ့စည်းတွေက အိန္ဒိယဝန်ကြီး ချုပ်မိုဒီကို ဂုဏ်ထူးဆောင်ဆုတွေလည်း ချီးမြှင့်ခဲ့ပါ တယ်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ဝန်ကြီးချုပ် မိုဒီကို အိန္ဒိယ-အမေရိကန်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်မှုအတွက် ဂုဏ်ထူးဆောင်ဆုတွေချီးမြှင့် ခဲ့ဖူးပါတယ်။ မိုဒီဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ဆိုးရွားတဲ့သမိုင်းကြောင်းတွေဖြစ်ပွားခဲ့တဲ့ ကက်ရှ်မီးယားဒေသအရေးကို ကျွမ်းကျင် လိမ္မာစွာ ကိုင်တွယ်နိုင်ခဲ့သလို တရုတ်၊ ပါကစ္စတန်နိုင်ငံတို့နဲ့လည်း ဆက်ဆံရေး ပိုမိုမဆိုးရွားအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ အိန္ဒိယနိုင်ငံနဲ့ စစ်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နိုင်ငံတွေဖြစ်ခဲ့ဖူးပြီး မိုဒီဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန် ကာလ အတွင်းမှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားပိုင်နက် နယ်မြေ အငြင်းပွားမှုတွေကြောင့် အပြန်အလှန်ပစ်ခတ်မှု တွေဖြစ်ပွားခဲ့ပေမယ့် အခြေအနေတွေ ပိုမိုမဆိုးရွားအောင်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ မိုဒီဟာ အိန္ဒိယ ဝန်ကြီးချုပ်အဖြစ်၂၀၁၄ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ တာဝန်ယူခဲ့ပေမယ့် သူရဲ့ဆောင်ရွက်ချက်တွေဟာ နိုင်ငံနဲ့ပြည်သူတွေအပေါ် များစွာအကျိုးသက်ရောက်မှုတွေရှိခဲ့လို့ လာမယ့်လအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း အနိုင်ရဖို့ ပြည်သူအများစုက အားပေးထောက်ခံနေဆဲဖြစ်တယ်လို့ အိန္ဒိယ မီဒီယာတွေနဲ့ စစ်တမ်းတွေမှာဖော်ပြထားပါတယ်။

zawgyi version
ေ႐ြးေကာက္ပြဲမွာ ထပ္မံအႏိုင္ရဖို႔ အလားအလာမ်ားေနတဲ့အိႏၵိယဝန္ႀကီး ခ်ဳပ္ မိုဒီ ဆိုတာ ဘယ္လိုလူစားမ်ိဳးလဲ (အတၳဳပၸတၱိ)
ဂ်န္ဇက္ (NP News) - ေမ ၂၃

အိႏၵိယႏိုင္ငံမွာက်င္းပလ်က္ရွိေနတဲ့ ေ႐ြးေကာက္ပြဲေတြအတြင္း လက္ရွိဝန္ႀကီးခ်ဳပ္ နရန္ဒရာမီုဒီ ထပ္မံအႏိုင္ရဖြယ္ရွိတယ္လို႔ ႏိုင္ငံတကာ သတင္းမီဒီယာေတြက သုံးသပ္ေဖာ္ျပေနပါတယ္။ လက္ရွိ အခ်ိန္မွာအသက္ ၇၄ ႏွစ္အ႐ြယ္ရွိေနတဲ့ မိုဒီဟာ ဝန္ႀကီးခ်ဳပ္မျဖစ္ခင္ ဘဝကိုခက္ခဲပင္ပန္းစြာ ႐ုန္းကန္ ျဖတ္သန္းခဲ့ရသူျဖစ္ၿပီး ငယ္စဥ္ကေလးဘဝက လက္ဖက္ရည္ေရာင္းရသူတစ္ဦးျဖစ္ခဲ့ပါတယ္။

အိႏၵိယအာဏာရပါတီျဖစ္တဲ့ (BJP) ပါတီရဲ႕ထိပ္သီးေခါင္းေဆာင္တစ္ဦးျဖစ္သူ မိုဒီဟာ ေမြးခ်င္း ၆ ေယာက္ထဲမွာ တတိယေျမာက္သားျဖစ္ၿပီး Vadn agar မီးရထား႐ုံမွာ ငယ္စဥ္ကေလးဘဝက လက္ ဖက္ရည္ ေရာင္းခဲ့ရသူျဖစ္ေပမယ့္ဘဝကို စိတ္ပ်က္အားငယ္မႈမရွိဘဲ အေကာင္းဆုံးႀကိဳးစားႏိုင္ခဲ့သူ ျဖစ္ပါတယ္။ လက္ဖက္ရည္ေရာင္းရခ်ိန္ကာလအတြင္းမွာပဲ ႏိုင္ငံေရးစိတ္ဝင္စားခဲ့ၿပီး အစ္ကိုျဖစ္သူ နဲ႔အတူ ႏိုင္ငံေရးလႈပ္ရွားမႈေတြမွာပါဝင္လုပ္ေဆာင္ခဲ့ပါတယ္။ မိုဒီဟာ မိသားစုက စီစဥ္ေပးတဲ့အမ်ိဳးသမီး တစ္ဦးနဲ႔အတူေနထိုင္ခဲ့ေပမယ့္ တရားဝင္အိမ္ေထာင္ျပဳ လက္ထပ္ထားတယ္ဆိုတဲ့အခ်က္ကို လူသိရွင္ ၾကား ထုတ္ေဖာ္ေျပာဆိုတာမ်ိဳးမရွိခဲ့ပါဘူး။ ဒါေပမဲ့ မိုဒီဟာ ၂၀၁၄ ခုႏွစ္ကက်င္းပခဲ့တဲ့ အေထြေထြေ႐ြး ေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးေကာက္ခံရၿပီး ေနာက္ ၎နဲ႔အတူေနထိုင္ေနတဲ့အမ်ိဳးသမီးကို တရားဝင္ဇနီးအျဖစ္ လူသိရွင္ၾကားလက္ထပ္ခဲ့ပါတယ္။

မိုဒီဟာ ငယ္စဥ္ကေလးဘဝက ဘဝကိုခက္ခဲပင္ပန္းစြာ႐ုန္းကန္ခဲ့ရေပမယ့္ ပညာေရးကိုေအာင္ ျမင္ေအာင္ႀကိဳးစားခဲ့ၿပီး ေဒလီတကၠသိုလ္ရွိ School of Open Learning မွ ႏိုင္ငံေရးသိပၸံဘာသာရပ္နဲ႔ ဘီေအဘြဲ႕ကိုရရွိခဲ့သလို ဂူဂ်ာရတ္တကၠသိုလ္ကေန ႏိုင္ငံေရးသိပၸံဘာသာရပ္နဲ႔ မဟာဘြဲ႕ကို ထပ္မံရယူ ႏိုင္ခဲ့ပါတယ္။ ၁၉၈၃ ခုႏွစ္မွာ မာစတာဘြဲ႕ရရွိခဲ့ၿပီး ေနာက္ပိုင္းတည္းက ႏိုင္ငံေရးေလာကထဲမွာ ထဲထဲ ဝင္ဝင္ပါဝင္လုပ္ကိုင္ခဲ့ပါတယ္။ တကယ္ေတာ့ မိုဒီဟာ တကၠသိုလ္ေက်ာင္းသား ဘဝမွာတည္းက အစိုးရဆန႔္က်င့္ေရး ဆႏၵျပပြဲ ေတြ၊ အတိုက္ခံပါတီေတြမွာ ပါဝင္လႈပ္ရွားခဲ့သူျဖစ္ပါတယ္။ တကၠသိုလ္ေက်ာင္းသားဘဝ တည္းက ႏိုင္ငံေရး လႈပ္ရွားမႈေတြ၊ အစိုးရဆန႔္က်င့္ေရးဆႏၵျပပြဲေတြမွာ ပါဝင္ေနတဲ့အတြက္ ဖမ္းဆီးခံရမႈက ေရွာင္တိမ္းရတာမ်ိဳးလည္းရွိခဲ့ပါတယ္။ မိုဒီဟာ ဂူဂ်ာရတ္ ျပည္နယ္အတြင္းျပဳလုပ္တဲ့ အစိုးရ ဆန႔္က်င္ ေရး ဆႏၵျပပြဲေတြကို ဦးေဆာင္ခဲ့တဲ့အတြက္ ဖမ္းဆီးခံရမႈေတြကိုေရွာင္တိမ္းႏိုင္ဖို႔ ေျမေအာက္လႈပ္ရွားမႈ ေတြကို ေျပာင္းလဲလုပ္ကိုင္ခဲ့ရၿပီး ဆစ္ခ္လူမ်ိဳးတစ္ဦးပုံစံမ်ိဳးအျပင္ ဘာသာေရး ဘုန္းေတာ္ႀကီးတစ္ပါး ပုံစံမ်ိဳး ဝတ္ဆင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

မိုဒီဟာ မာစတာဘြဲ႕ရရွိၿပီးေနာက္ ႏိုင္ငံေရးသမားလုပ္ငန္းေတြကို အဓိကထားလုပ္ကိုင္ခဲ့ရာ BJP ပါတီရဲ႕ထိပ္သီးေခါင္းေဆာင္ေတြမွာပါဝင္လာခဲ့ၿပီး ၁၉၉၈ ခုႏွစ္မွာ ပါတီရဲ႕အေထြေထြအတြင္းေရးမႉး အျဖစ္ေ႐ြးေကာက္ခံခဲ့ရပါတယ္။ အဲဒီႏွစ္အတြင္း က်င္းပတဲ့ေ႐ြးေကာက္ပြဲမွာ BJP ပါတီဟာအႏိုင္ရ ရွိခဲ့တဲ့အတြက္ မိုဒီဟာ မဟာဗ်ဴဟာေတြ ခ်မွတ္ ေဆာင္ ႐ြက္ခဲ့ရာ ေအာင္ျမင္မႈေတြရရွိခဲ့တယ္လို႔ ဆိုပါ တယ္။ BJP ပါတီအေထြေထြ အတြင္းေရးမႉးျဖစ္လာခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ပါတီကိုအႏိုင္ရဖို႔နဲ႔ ျပည္သူလက္ခံႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ရာ ေ႐ြးေကာက္ပြဲေတြမွာအႏိုင္ရခဲ့ၿပီး မိုဒီကိုယ္တိုင္လည္း ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ စတင္ေ႐ြးေကာက္ခံခဲ့ရပါတယ္။

မိုဒီဟာ ဂူဂ်ာရတ္ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ၂၀ဝ၁ ခုႏွစ္မွာစတင္တာဝန္ယူခဲ့ၿပီးေနာက္ ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ ဝန္ႀကီးခ်ဳပ္ရာထူးကို ၂၀၁၄ ခုႏွစ္အထိ တာဝန္ယူခြင့္ရရွိခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ အိႏၵိယဝန္ႀကီးခ်ဳပ္ေ႐ြးေကာက္ပြဲအတြက္ BJP “ပါတီရဲ႕ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ေ႐ြးေကာက္ခံရၿပီး အႏိုင္ရခဲ့ပါတယ္။ အိႏၵိယႏိုင္ငံေရးသမိုင္းမွာ ႏွစ္ေပါင္းမ်ားစြာလႊမ္းမိုးထားတဲ့ Indian National Congress ပါတီရဲ႕လြမ္းမိုးမႈေတြကို ေခ်ဖ်က္ၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္ခံခဲ့ရတာျဖစ္ပါတယ္။ မိုဒီဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူတဲ့ ကာလအတြင္း အိႏၵိယႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အတိုက္ခံအုပ္စုေတြရဲ႕ ဖိအားေတြ၊ ေဝဖန္ျပစ္တင္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ အိႏၵိယႏိုင္ငံမွာ မိုဒီဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း အိႏၵိယႏိုင္ငံရဲ႕ဒီမိုကေရစီအဆင့္အတန္း က်ဆင္းေနတယ္လို႔ ေဝဖန္မႈေတြလည္းထြက္ေပၚခဲ့ပါတယ္။ မိုဒီဟာ အဓိကအားျဖင့္ အတိုက္ အခံပါတီျဖစ္တဲ့ Indian National Congress ပါတီဝင္ေတြကို ဖိႏွိပ္တာေတြရွိခဲ့သလို လူအခြင့္ေရးခ်ိဳးေဖာက္မႈေတြ၊ မီဒီယာလြတ္လပ္ခြင့္ေတြကို ဖိႏွိပ္တာေတြ ရွိခဲ့တယ္လို႔ ေဝဖန္ျပစ္တင္တာေတြရွိခဲ့ပါတယ္။

ဒါေပမဲ့ မိုဒီဟာ ေဝဖန္ျပစ္တင္မႈေတြကို ဂ႐ုမစိုက္ဘဲ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ရာ ကမာၻ ဩဇာလြမ္းမိုးမႈအရွိဆုံး ပုဂၢိဳလ္ေတြစာရင္းထဲမွာ ပါဝင္ခဲ့ဖူးပါတယ္။ မိုဒီရဲ႕ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္မႈေတြကို အသိမွတ္ျပဳမႈအျဖစ္ အေမရိကန္ႏိုင္ငံရွိအဖြဲ႕စည္းေတြက အိႏၵိယဝန္ႀကီး ခ်ဳပ္မိုဒီကို ဂုဏ္ထူးေဆာင္ဆုေတြလည္း ခ်ီးျမႇင့္ခဲ့ပါ တယ္။ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ဟာ ၂၀၂၀ ျပည့္ႏွစ္တုန္းက ဝန္ႀကီးခ်ဳပ္ မိုဒီကို အိႏၵိယ-အေမရိကန္ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ႏိုင္မႈအတြက္ ဂုဏ္ထူးေဆာင္ဆုေတြခ်ီးျမႇင့္ ခဲ့ဖူးပါတယ္။ မိုဒီဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း ဆိုး႐ြားတဲ့သမိုင္းေၾကာင္းေတြျဖစ္ပြားခဲ့တဲ့ ကက္ရွ္မီးယားေဒသအေရးကို ကြၽမ္းက်င္ လိမၼာစြာ ကိုင္တြယ္ႏိုင္ခဲ့သလို တ႐ုတ္၊ ပါကစၥတန္ႏိုင္ငံတို႔နဲ႔လည္း ဆက္ဆံေရး ပိုမိုမဆိုး႐ြားေအာင္ ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ ပါကစၥတန္ႏိုင္ငံတို႔ဟာ အိႏၵိယႏိုင္ငံနဲ႔ စစ္ပြဲျဖစ္ပြားခဲ့ဖူးတဲ့ ႏိုင္ငံေတြျဖစ္ခဲ့ဖူးၿပီး မိုဒီဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္ ကာလ အတြင္းမွာ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံၾကားပိုင္နက္ နယ္ေျမ အျငင္းပြားမႈေတြေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈ ေတြျဖစ္ပြားခဲ့ေပမယ့္ အေျခအေနေတြ ပိုမိုမဆိုး႐ြားေအာင္ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။ မိုဒီဟာ အိႏၵိယ ဝန္ႀကီးခ်ဳပ္အျဖစ္၂၀၁၄ ခုႏွစ္ကေန ၂၀၂၄ ခုႏွစ္အထိ တာဝန္ယူခဲ့ေပမယ့္ သူရဲ႕ေဆာင္႐ြက္ခ်က္ေတြဟာ ႏိုင္ငံနဲ႔ျပည္သူေတြအေပၚ မ်ားစြာအက်ိဳးသက္ေရာက္မႈေတြရွိခဲ့လို႔ လာမယ့္လအတြင္း က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာလည္း အႏိုင္ရဖို႔ ျပည္သူအမ်ားစုက အားေပးေထာက္ခံေနဆဲျဖစ္တယ္လို႔ အိႏၵိယ မီဒီယာေတြနဲ႔ စစ္တမ္းေတြမွာေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.