ကမ္ဘာ့ပထမဆုံး သစ်တောမြို့နယ် (ဗဟုသုတဆောင်းပါး)

1101

Pika (NP News) - မေ ၂၄
တရုတ်နိုင်ငံသည် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်နှင့် အဆိပ်ရှိသော ဓာတ်ငွေ့များ ထုတ်လုပ်မှုကို တားဆီးရန်အတွက် ကမ္ဘာ့ပထမဆုံး သစ် တောမြို့တော် Liuzhou forest city ကို တည်ဆောက်နေကြောင်း သိရသည်။ အဆိုပါ သစ်တောမြို့တော်တွင် လူပေါင်း (၃) သောင်းခန့် နေထိုင်နိုင်မည်ဖြစ်ပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန်တစ်သောင်းခန့်နှင့် လေထု ညစ် ညမ်းမှုကို ဖြစ်ပွားစေသည့် အမှုန်အမွှား တန်ချိန်(၅၇)တန်ခန့်ကို စုပ်ယူနိုင်မည်ဟု ခန့်မှန်းထား ကြကြောင်းလည်း သိရသည်။ ထို့ပြင် Liuzhou forest city တွင် အလိုအလျောက် ပေါက်ရောက် နေမည့်သစ်ပင်များနှင့် နောက်ထပ်စိုက်ပျိုးမည့် သစ်ပင်များကြောင့် နှစ်စဉ် အောက်ဆီဂျင် တန် (၉၀ဝ) ခန့် ထုတ်လုပ်ပေးနိုင်မည်ဟုလည်း ခန့်မှန်းထားကြသည်။ Liuzhou forest city အကျယ် အဝန်းမှာ (၁ ဒသ မ ၇၅) စတုရန်း ကီလိုမီတာရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
Liuzhou forest city ကို အီတလီ ဗိသုကာပညာရှင် စတီဖာနိုဘိုအယ်ရီက ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၌ တရုတ်နိုင်ငံ Guangxi ပြည်နယ် Liuzhou မြို့မြောက် ပိုင်းတွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။ ဆောက်လုပ်မှုများပြီး စီးသည်နှင့် တစ်ပြိုင် နက် Liuzhou forest city တွင် စိုက်ပျိုး၍ရသောနေရာတိုင်း၌ စိုက်ပျိုးထားမည့် သစ်ပင်ပေါင်း (၄)သောင်းနှင့်အတူ အပင်မျိုးစိတ်ပေါင်း (၁၀ဝ)ကျော်မှ သစ်ပင်(၁)သန်းခန့်ရှိမည် ဖြစ်ကြောင်း လည်းသိရသည်။ တရုတ်နိုင်ငံတောင်ပိုင်းရှိ စက်မှုမြို့တော် Liuzhou သည် အထပ်မြင့်အဆောက်အအုံများဖြင့် ပြည့်နှက်နေပြီး မီးခိုးမြူများဖြင့်ဖုံးလွှမ်းနေသည့် ခေတ်မီတရုတ်မြို့ကြီးတစ်ခုဖြစ်သည်။ သို့သော် လည်း လက်ရှိအချိန်တွင် တည်ဆောက်နေဆဲဖြစ်သည့် သစ်တောမြို့တော်သည် ပုံမှန်မြို့ပြများနှင့်ကွဲပြားသွားမည်ဖြစ်ပြီး ကျောင်းများ၊ ရုံးခန်းများနှင့် တာဝါတိုင်များအထိ အဆောက်အအုံတိုင်းတွင် သစ်ပင်များ ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ Liuzhou မြို့မြောက်ပိုင်းတွင် တည်ဆောက်နေသည့် သစ်တောမြို့တော်သည် ရထားလမ်းများမှတစ်ဆင့် အခြားမြို့များနှင့် ဆက်သွယ်နိုင်မည်ဖြစ်ပြီး စာသင်ကျောင်းနှစ်ကျောင်း၊ ဆေးရုံတစ်ရုံ၊ လူနေရပ်ကွက်များ၊ ပန်းခြံများနှင့်အတူ စီးပွား ရေးဇုန်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။ စတီဖာနိုဘိုအယ်ရီက “ ဒီသစ် တောမြို့တော်ဟာ ကမ္ဘာ့ပထမဆုံးသစ်တောမြို့တော် ဖြစ်ပါတယ်။ ဒါ့ပြင် သစ်ပင်မျိုး စိတ်ပေါင်းများစွာနဲ့အတူ လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင် မှာလည်းဖြစ်ပါတယ်။ ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ လေထုညစ်ညမ်း မှုကိုဖြစ်စေတဲ့ အမှုန်အမွှားတွေကိုစုပ်ယူပြီး အောက်ဆီဂျင်အများအပြားကိုလည်း ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်” ဟု ပြောသည်။
တရုတ်အစိုးရသည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချဉ်းကပ်မှုအသစ်များကို ရှာဖွေမှုနှင့်အတူ စတီဖာနိုဘိုအယ်ရီ၏ ဗိသုကာကုမ္ပဏီသည် Liuzhou forest city ကိုတည်ဆောက်ရန် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံ ကျေးလက်ဒေသများတွင် နေထိုင်သူလူသန်းချီသည် ပိုမိုကောင်းမွန်သော အလုပ်များကိုရရှိရန်အတွက် မြို့ပြများကို ရွှေ့ပြောင်းနေထိုင်ကြကြောင်းလည်းသိရသည်။ စတီဖာနိုဘိုအယ်ရီက “တရုတ်နိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့လူတွေက နှစ်တိုင်းမြို့ပြကို ပြောင်းရွှေ့နေကြတာပါ။ လူဦးရေထူထပ်လာတာနဲ့အမျှ လေထုညစ်ညမ်းမှုတွေ၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတွေက ပိုမိုများပြားလာတာပါ။ ဒါကြောင့် လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်မယ့် ဒီလိုသစ်တောမြို့တော်ကို တည်ဆောက်ဖို့ အကြံရ သွားတာပါ”ဟု ပြောသည်။ Liuzhou forest city ၏ ဒီဇိုင်းသည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ် စေသည့် အရင်းအမြစ်များနှင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင်လည်း အထောက် အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း စတီဖာနိုဘိုအယ်ရီက ပြောဆိုထားသည်။ ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများသည် ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု၏ လေးပုံ သုံးပုံခန့်အတွက် တာဝန်ရှိကြောင်းလည်း သိရသည်။ စတီဖာနိုဘိုအယ်ရီက “သစ်တောတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ (၃၅)ရာခိုင်နှုန်းကနေ (၄၀)ရာခိုင်နှုန်းအထိ စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် သစ်ပင်တွေကို မြို့ထဲမှာပါစိုက်ပျိုးထားမယ့်ဒီလို အကြံဉာဏ်ကို ရရှိခဲ့တာပါ” ဟု ပြောသည်။ ထို့ပြင် Liuzhou forest city ကို ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးစေရန်အတွက် လည်း ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။ အဆောက်အအုံများသည် ဘူမိအပူစွမ်းအင်၊ ဆိုလာစွမ်းအင်တို့နှင့် လည်ပတ်မည်ဖြစ်ပြီး လမ်းမများပေါ်တွင် သွားလာရလွယ်ကူရန်နှင့် စက်ဘီးစီးခြင်းတို့အတွက် လုပ်ဆောင်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ သစ်တောမြို့တော်တွင် ခရီးသည်များကို ဝန်ဆောင်မှုပေးရန်အတွက် ရထားဘူတာရုံများလည်း ရှိမည်ဖြစ်ပြီးလျှပ်စစ်ကားများ ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြကြောင်း လည်းသိရသည်။ အီတလီဗိသုကာပညာရှင် စတီဖာနိုဘိုအယ်ရီက “ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လိုမျိုး နည်းပညာဆိုင်ရာကိရိယာတွေနဲ့အတူ စိမ်းလန်းစိုပြည်တဲ့တည်ရှိမှုကို ကျွန်တော်တို့ ပေါင်းစပ် သွားဖို့ ကြိုးပမ်းနေပါတယ်” ဟု ပြောသည်။ Liuzhou forest city ၏ အဆောက်အအုံများတွင် ပါရှိမည့် သစ်ပင်များသည် အဆောက် အအုံနံရံများရှိ အပူချိန်ကို လျှော့ချပေးမည် ဖြစ်ကြောင်း လည်း သိရသည်။ ထို့ပြင် အဆောက်အအုံများတွင် သစ်ပင် ထောင်ပေါင်းများစွာ ပေါင်းစပ်ကာ ထည့်သွင်းတည်ဆောက်မှုသည် ဒီဇိုင်းစိန်ခေါ်မှုအသစ်တစ်ခုဖြစ်ကြောင်း စတီဖာနိုဘိုအယ်ရီ က ဆိုသည်။ ၎င်း “ဒီဇိုင်းအသစ်နဲ့အဆောက်အအုံတစ်ခုကို တည်ဆောက်တဲ့အခါမှာ ပုံမှန် ကြုံတွေ့နေကျမဟုတ်တဲ့ ပြဿနာတွေအတွက် အစတည်းကကိုင်တွယ်ဖြေရှင်းမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟုပြောဆိုခဲ့သည်။ Liuzhou forest city တွင် နေထိုင်မှုသည် ကမ္ဘာပေါ်ရှိ အခြားအထပ်မြင့် အဆောက်အအုံများတွင် နေထိုင်မှုနှင့်ကွဲပြားမည်ဖြစ်ပြီး နေထိုင်သူများ အနေဖြင့် သစ်ပင်များဖြင့်ဖုံးလွှမ်းနေသော မြို့၏ အလှအပရှုခင်းကို ခံစားနိုင်မည်လည်း ဖြစ်သည်။ ထို့ပြင် အလုပ်သို့ လမ်းလျှောက်သွားခြင်း သို့မဟုတ် ရထားဘူတာရုံများသို့ သွားနေ သည့်အချိန်တွင် တောအုပ်တစ်ခုထဲတွင် လမ်းလျှောက်သကဲ့သို့ ခံစားရမည်ဖြစ်ကြောင်းလည်း သိရသည်။ Liuzhou forest city တွင် သစ်ပင်များပေါများမှုနှင့်အတူ တိရစ္ဆာန်မျိုးစိတ် အများအပြားကိုလည်း တွေ့မြင်ရနိုင်ဖွယ်ရှိနေကြောင်းသိရသည်။
စတီဖာနိုဘိုအယ်ရီက “နေထိုင်သူတွေအနေနဲ့ အိပ်ခန်းထဲ ဒါမှမဟုတ် မီးဖိုချောင်ထဲရှိ နေရင်းနဲ့ကို သဘာဝနဲ့နီးနီးကပ်ကပ်ရှိနေရတဲ့ခံစားချက်ကို ခံစားရမှာပါ”ဟု ပြောသည်။ သို့သော်လည်း ဗိသုကာပညာရှင်များသည် Liuzhou forest city တည်ဆောက်မှုအတွက် ကုန်ကျမှုစရိတ်နှင့် ပြီးဆုံးမည့်ကာလကို ထုတ်ပြန်ပြောဆိုထားခြင်းမျိုး မရှိသေးပေ။ စတီဖာနို ဘိုအယ်ရီ၏ အဖွဲ့သည် ပဲရစ်မြို့၊ Utrech အမြို့နှင့် အခြားမြို့များတွင် အလားတူ အဆောက်အအုံများကို တည်ဆောက်ရန်စီစဉ်နေမှုနှင့်အတူ Liuzhou forest city သည် စိမ်းလန်းစိုပြည် သော နောက်ထပ်မြို့တော်များရှိလာစေရန်အတွက် တွန်းအားတစ်ခု ဖြစ်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကပြောဆိုခဲ့သည်။ ၎င်းက “ဒီနှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ လုပ်ခဲ့တာတွေကို ပုံတူကူးပြီး တိုးတက်အောင်လုပ်မယ့် တခြားဗိသုကာ ပညာရှင်တွေ ရှိလာမယ်လို့ ထင်ပါတယ်။ ဒီလို ပုံတူကူးတာမျိုးတွေ ဖြစ်စေချင်တာကြောင့် ဘယ်ဟာကိုမှ ကျွန်တော်တို့ မူပိုင်ခွင့်မပေးထားပါဘူး။ ကျွန်တော်တို့ထက်ပိုကောင်းတဲ့ တခြားဗိသုကာပညာရှင်တွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

zawgyi version
ကမာၻ႔ပထမဆုံး သစ္ေတာၿမိဳ႕နယ္ (ဗဟုသုတေဆာင္းပါး)
Pika (NP News) - ေမ ၂၄
တ႐ုတ္ႏိုင္ငံသည္ ေလထုညစ္ညမ္းမႈကို တိုက္ဖ်က္ရန္ႏွင့္ အဆိပ္ရွိေသာ ဓာတ္ေငြ႕မ်ား ထုတ္လုပ္မႈကို တားဆီးရန္အတြက္ ကမာၻ႔ပထမဆုံး သစ္ ေတာၿမိဳ႕ေတာ္ Liuzhou forest city ကို တည္ေဆာက္ေနေၾကာင္း သိရသည္။ အဆိုပါ သစ္ေတာၿမိဳ႕ေတာ္တြင္ လူေပါင္း (၃) ေသာင္းခန႔္ ေနထိုင္ႏိုင္မည္ျဖစ္ၿပီး ႏွစ္စဥ္ ကာဗြန္ဒိုင္ေအာက္ဆိုက္ တန္ခ်ိန္တစ္ေသာင္းခန႔္ႏွင့္ ေလထု ညစ္ ညမ္းမႈကို ျဖစ္ပြားေစသည့္ အမႈန္အမႊား တန္ခ်ိန္(၅၇)တန္ခန႔္ကို စုပ္ယူႏိုင္မည္ဟု ခန႔္မွန္းထား ၾကေၾကာင္းလည္း သိရသည္။ ထို႔ျပင္ Liuzhou forest city တြင္ အလိုအေလ်ာက္ ေပါက္ေရာက္ ေနမည့္သစ္ပင္မ်ားႏွင့္ ေနာက္ထပ္စိုက္ပ်ိဳးမည့္ သစ္ပင္မ်ားေၾကာင့္ ႏွစ္စဥ္ ေအာက္ဆီဂ်င္ တန္ (၉၀ဝ) ခန႔္ ထုတ္လုပ္ေပးႏိုင္မည္ဟုလည္း ခန႔္မွန္းထားၾကသည္။ Liuzhou forest city အက်ယ္ အဝန္းမွာ (၁ ဒသ မ ၇၅) စတုရန္း ကီလိုမီတာရွိမည္ျဖစ္ေၾကာင္းလည္း သိရသည္။
Liuzhou forest city ကို အီတလီ ဗိသုကာပညာရွင္ စတီဖာႏိုဘိုအယ္ရီက ဒီဇိုင္းဆြဲခဲ့ျခင္းျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္၌ တ႐ုတ္ႏိုင္ငံ Guangxi ျပည္နယ္ Liuzhou ၿမိဳ႕ေျမာက္ ပိုင္းတြင္ စတင္တည္ေဆာက္ခဲ့ေၾကာင္း သိရသည္။ ေဆာက္လုပ္မႈမ်ားၿပီး စီးသည္ႏွင့္ တစ္ၿပိဳင္ နက္ Liuzhou forest city တြင္ စိုက္ပ်ိဳး၍ရေသာေနရာတိုင္း၌ စိုက္ပ်ိဳးထားမည့္ သစ္ပင္ေပါင္း (၄)ေသာင္းႏွင့္အတူ အပင္မ်ိဳးစိတ္ေပါင္း (၁၀ဝ)ေက်ာ္မွ သစ္ပင္(၁)သန္းခန႔္ရွိမည္ ျဖစ္ေၾကာင္း လည္းသိရသည္။ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းရွိ စက္မႈၿမိဳ႕ေတာ္ Liuzhou သည္ အထပ္ျမင့္အေဆာက္အအုံမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး မီးခိုးျမဴမ်ားျဖင့္ဖုံးလႊမ္းေနသည့္ ေခတ္မီတ႐ုတ္ၿမိဳ႕ႀကီးတစ္ခုျဖစ္သည္။ သို႔ေသာ္ လည္း လက္ရွိအခ်ိန္တြင္ တည္ေဆာက္ေနဆဲျဖစ္သည့္ သစ္ေတာၿမိဳ႕ေတာ္သည္ ပုံမွန္ၿမိဳ႕ျပမ်ားႏွင့္ကြဲျပားသြားမည္ျဖစ္ၿပီး ေက်ာင္းမ်ား၊ ႐ုံးခန္းမ်ားႏွင့္ တာဝါတိုင္မ်ားအထိ အေဆာက္အအုံတိုင္းတြင္ သစ္ပင္မ်ား ထည့္သြင္းတည္ ေဆာက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ Liuzhou ၿမိဳ႕ေျမာက္ပိုင္းတြင္ တည္ေဆာက္ေနသည့္ သစ္ေတာၿမိဳ႕ေတာ္သည္ ရထားလမ္းမ်ားမွတစ္ဆင့္ အျခားၿမိဳ႕မ်ားႏွင့္ ဆက္သြယ္ႏိုင္မည္ျဖစ္ၿပီး စာသင္ေက်ာင္းႏွစ္ေက်ာင္း၊ ေဆး႐ုံတစ္႐ုံ၊ လူေနရပ္ကြက္မ်ား၊ ပန္းၿခံမ်ားႏွင့္အတူ စီးပြား ေရးဇုန္မ်ားပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။ စတီဖာႏိုဘိုအယ္ရီက “ ဒီသစ္ ေတာၿမိဳ႕ေတာ္ဟာ ကမာၻ႔ပထမဆုံးသစ္ေတာၿမိဳ႕ေတာ္ ျဖစ္ပါတယ္။ ဒါ့ျပင္ သစ္ပင္မ်ိဳး စိတ္ေပါင္းမ်ားစြာနဲ႔အတူ ေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ေပးႏိုင္ မွာလည္းျဖစ္ပါတယ္။ ၿပီးေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုက္နဲ႔ ေလထုညစ္ညမ္း မႈကိုျဖစ္ေစတဲ့ အမႈန္အမႊားေတြကိုစုပ္ယူၿပီး ေအာက္ဆီဂ်င္အမ်ားအျပားကိုလည္း ထုတ္လုပ္ေပးႏိုင္ပါလိမ့္မယ္” ဟု ေျပာသည္။
တ႐ုတ္အစိုးရသည္ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ ခ်ဥ္းကပ္မႈအသစ္မ်ားကို ရွာေဖြမႈႏွင့္အတူ စတီဖာႏိုဘိုအယ္ရီ၏ ဗိသုကာကုမၸဏီသည္ Liuzhou forest city ကိုတည္ေဆာက္ရန္ စတင္ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႏွစ္စဥ္ႏွစ္တိုင္း တ႐ုတ္ႏိုင္ငံ ေက်းလက္ေဒသမ်ားတြင္ ေနထိုင္သူလူသန္းခ်ီသည္ ပိုမိုေကာင္းမြန္ေသာ အလုပ္မ်ားကိုရရွိရန္အတြက္ ၿမိဳ႕ျပမ်ားကို ေ႐ႊ႕ေျပာင္းေနထိုင္ၾကေၾကာင္းလည္းသိရသည္။ စတီဖာႏိုဘိုအယ္ရီက “တ႐ုတ္ႏိုင္ငံရဲ႕ ေက်းလက္ေဒသေတြမွာ ေနထိုင္တဲ့လူေတြက ႏွစ္တိုင္းၿမိဳ႕ျပကို ေျပာင္းေ႐ႊ႕ေနၾကတာပါ။ လူဦးေရထူထပ္လာတာနဲ႔အမွ် ေလထုညစ္ညမ္းမႈေတြ၊ ကာဗြန္ဒိုင္ေအာက္ဆိုက္ ထုတ္လႊတ္မႈေတြက ပိုမိုမ်ားျပားလာတာပါ။ ဒါေၾကာင့္ ေလထုညစ္ညမ္းမႈကိုေလွ်ာ့ခ်ႏိုင္ၿပီး ကာဗြန္ဒိုင္ေအာက္ဆိုက္ကို စုပ္ယူႏိုင္မယ့္ ဒီလိုသစ္ေတာၿမိဳ႕ေတာ္ကို တည္ေဆာက္ဖို႔ အႀကံရ သြားတာပါ”ဟု ေျပာသည္။ Liuzhou forest city ၏ ဒီဇိုင္းသည္ ေလထုညစ္ညမ္းမႈကို ျဖစ္ေပၚ ေစသည့္ အရင္းအျမစ္မ်ားႏွင့္ ရာသီဥတုေျပာင္းလဲမႈကို တိုက္ဖ်က္ရာတြင္လည္း အေထာက္ အကူျဖစ္ေစလိမ့္မည္ျဖစ္ေၾကာင္း စတီဖာႏိုဘိုအယ္ရီက ေျပာဆိုထားသည္။ ကမာၻတစ္ဝန္းရွိ ၿမိဳ႕ႀကီးမ်ားသည္ ကမာၻေပၚတြင္ ကာဗြန္ဒိုင္ေအာက္ဆိုက္ထုတ္လႊတ္မႈ၏ ေလးပုံ သုံးပုံခန႔္အတြက္ တာဝန္ရွိေၾကာင္းလည္း သိရသည္။ စတီဖာႏိုဘိုအယ္ရီက “သစ္ေတာေတြဟာ ကာဗြန္ဒိုင္ေအာက္ဆိုက္ရဲ႕ (၃၅)ရာခိုင္ႏႈန္းကေန (၄၀)ရာခိုင္ႏႈန္းအထိ စုပ္ယူႏိုင္ပါတယ္။ ဒါေၾကာင့္ သစ္ပင္ေတြကို ၿမိဳ႕ထဲမွာပါစိုက္ပ်ိဳးထားမယ့္ဒီလို အႀကံဉာဏ္ကို ရရွိခဲ့တာပါ” ဟု ေျပာသည္။ ထို႔ျပင္ Liuzhou forest city ကို ဓာတ္ေငြ႕ထုတ္လႊတ္မႈ နည္းပါးေစရန္အတြက္ လည္း ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။ အေဆာက္အအုံမ်ားသည္ ဘူမိအပူစြမ္းအင္၊ ဆိုလာစြမ္းအင္တို႔ႏွင့္ လည္ပတ္မည္ျဖစ္ၿပီး လမ္းမမ်ားေပၚတြင္ သြားလာရလြယ္ကူရန္ႏွင့္ စက္ဘီးစီးျခင္းတို႔အတြက္ လုပ္ေဆာင္ထားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါ သစ္ေတာၿမိဳ႕ေတာ္တြင္ ခရီးသည္မ်ားကို ဝန္ေဆာင္မႈေပးရန္အတြက္ ရထားဘူတာ႐ုံမ်ားလည္း ရွိမည္ျဖစ္ၿပီးလွ်ပ္စစ္ကားမ်ား ရင္းႏွီးျမႇဳပ္ႏွံရန္ စဥ္းစားေနၾကေၾကာင္း လည္းသိရသည္။ အီတလီဗိသုကာပညာရွင္ စတီဖာႏိုဘိုအယ္ရီက “ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္လိုမ်ိဳး နည္းပညာဆိုင္ရာကိရိယာေတြနဲ႔အတူ စိမ္းလန္းစိုျပည္တဲ့တည္ရွိမႈကို ကြၽန္ေတာ္တို႔ ေပါင္းစပ္ သြားဖို႔ ႀကိဳးပမ္းေနပါတယ္” ဟု ေျပာသည္။ Liuzhou forest city ၏ အေဆာက္အအုံမ်ားတြင္ ပါရွိမည့္ သစ္ပင္မ်ားသည္ အေဆာက္ အအုံနံရံမ်ားရွိ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးမည္ ျဖစ္ေၾကာင္း လည္း သိရသည္။ ထို႔ျပင္ အေဆာက္အအုံမ်ားတြင္ သစ္ပင္ ေထာင္ေပါင္းမ်ားစြာ ေပါင္းစပ္ကာ ထည့္သြင္းတည္ေဆာက္မႈသည္ ဒီဇိုင္းစိန္ေခၚမႈအသစ္တစ္ခုျဖစ္ေၾကာင္း စတီဖာႏိုဘိုအယ္ရီ က ဆိုသည္။ ၎ “ဒီဇိုင္းအသစ္နဲ႔အေဆာက္အအုံတစ္ခုကို တည္ေဆာက္တဲ့အခါမွာ ပုံမွန္ ႀကဳံေတြ႕ေနက်မဟုတ္တဲ့ ျပႆနာေတြအတြက္ အစတည္းကကိုင္တြယ္ေျဖရွင္းမႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္” ဟုေျပာဆိုခဲ့သည္။ Liuzhou forest city တြင္ ေနထိုင္မႈသည္ ကမာၻေပၚရွိ အျခားအထပ္ျမင့္ အေဆာက္အအုံမ်ားတြင္ ေနထိုင္မႈႏွင့္ကြဲျပားမည္ျဖစ္ၿပီး ေနထိုင္သူမ်ား အေနျဖင့္ သစ္ပင္မ်ားျဖင့္ဖုံးလႊမ္းေနေသာ ၿမိဳ႕၏ အလွအပရႈခင္းကို ခံစားႏိုင္မည္လည္း ျဖစ္သည္။ ထို႔ျပင္ အလုပ္သို႔ လမ္းေလွ်ာက္သြားျခင္း သို႔မဟုတ္ ရထားဘူတာ႐ုံမ်ားသို႔ သြားေန သည့္အခ်ိန္တြင္ ေတာအုပ္တစ္ခုထဲတြင္ လမ္းေလွ်ာက္သကဲ့သို႔ ခံစားရမည္ျဖစ္ေၾကာင္းလည္း သိရသည္။ Liuzhou forest city တြင္ သစ္ပင္မ်ားေပါမ်ားမႈႏွင့္အတူ တိရစာၦန္မ်ိဳးစိတ္ အမ်ားအျပားကိုလည္း ေတြ႕ျမင္ရႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။
စတီဖာႏိုဘိုအယ္ရီက “ေနထိုင္သူေတြအေနနဲ႔ အိပ္ခန္းထဲ ဒါမွမဟုတ္ မီးဖိုေခ်ာင္ထဲရွိ ေနရင္းနဲ႔ကို သဘာဝနဲ႔နီးနီးကပ္ကပ္ရွိေနရတဲ့ခံစားခ်က္ကို ခံစားရမွာပါ”ဟု ေျပာသည္။ သို႔ေသာ္လည္း ဗိသုကာပညာရွင္မ်ားသည္ Liuzhou forest city တည္ေဆာက္မႈအတြက္ ကုန္က်မႈစရိတ္ႏွင့္ ၿပီးဆုံးမည့္ကာလကို ထုတ္ျပန္ေျပာဆိုထားျခင္းမ်ိဳး မရွိေသးေပ။ စတီဖာႏို ဘိုအယ္ရီ၏ အဖြဲ႕သည္ ပဲရစ္ၿမိဳ႕၊ Utrech အၿမိဳ႕ႏွင့္ အျခားၿမိဳ႕မ်ားတြင္ အလားတူ အေဆာက္အအုံမ်ားကို တည္ေဆာက္ရန္စီစဥ္ေနမႈႏွင့္အတူ Liuzhou forest city သည္ စိမ္းလန္းစိုျပည္ ေသာ ေနာက္ထပ္ၿမိဳ႕ေတာ္မ်ားရွိလာေစရန္အတြက္ တြန္းအားတစ္ခု ျဖစ္လာႏိုင္မည္ဟု ေမွ်ာ္လင့္ထားေၾကာင္း ၎ကေျပာဆိုခဲ့သည္။ ၎က “ဒီႏွစ္ႏွစ္၊ သုံးႏွစ္အတြင္းမွာ ကြၽန္ေတာ္တို႔ လုပ္ခဲ့တာေတြကို ပုံတူကူးၿပီး တိုးတက္ေအာင္လုပ္မယ့္ တျခားဗိသုကာ ပညာရွင္ေတြ ရွိလာမယ္လို႔ ထင္ပါတယ္။ ဒီလို ပုံတူကူးတာမ်ိဳးေတြ ျဖစ္ေစခ်င္တာေၾကာင့္ ဘယ္ဟာကိုမွ ကြၽန္ေတာ္တို႔ မူပိုင္ခြင့္မေပးထားပါဘူး။ ကြၽန္ေတာ္တို႔ထက္ပိုေကာင္းတဲ့ တျခားဗိသုကာပညာရွင္ေတြ ရွိလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဟု ေျပာသည္။