YBS ယာဉ်မတော်တဆမှုကြောင့် ငါးလအတွင်း သေဆုံးသူ(၁၈)ဦးရှိခဲ့ပြီး သေဆုံးသူအများစုမှာ လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရခြင်းဖြစ်

762

စော (NP News) - မေ ၂၄
ရန်ကုန်မြို့အတွင်းပြေးဆွဲနေသော YBS ယာဉ်မတော်တဆမှုကြောင့် ငါးလအတွင်း သေဆုံးသူ(၁၈)ဦးရှိခဲ့ပြီး သေဆုံးသူအများစုမှာ လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ထံမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလ ၁၅ ရက်အထိ YBS ယာဉ်တိုက်မှုပေါင်း (၃၂) ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ(၁၈)ဦးနှင့် ဒဏ်ရာရရှိသူ (၃၇)ဦးရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုများအနက် လမ်းသွားလမ်းလာ/လမ်းဖြတ်ကူးသူများအား တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ(၄)ဦးနှင့် သေဆုံးသူ(၇)ဦးရှိခဲ့ပြီး ယာဉ်ပေါ်မှပြုတ်ကျမှု၊ စက်ဘီးနှင့်တိုက်မိမှု၊ မော်တော်ဆိုင် ကယ်နှင့်တိုက်မိမှု၊ Taxi ယာဉ်နှင့်တိုက်မိမှု၊ ဓာတ်တိုင်နှင်တိုက်မိမှုများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။
“ယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီးတော့ သုံးသပ်တဲ့အခါမှာ တစ်ချို့က ကျွန်တော်တို့ တိုင်းပြည်ရဲ့ GDP ရဲ့တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း ဆုံးရှုံးတယ်လို့ ဖော်ပြတာရှိပါတယ်။ ဒီလိုမျိုး လူတစ်ယောက်သေဆုံးတယ်ဆိုတဲ့ဟာ ကျွန်တော်တို့ ကိန်းဂဏန်းနဲ့ဖော်ပြလို့မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုး ဖြတ်လို့မရပါဘူး။ ဒီလိုမျိုးတန်ဖိုးဖြတ်လို့မရတဲ့ လူတွေ ယာဉ်တိုက်မှုကြောင့်၊ YBS ကြောင့် တိုက်ခိုက်မှုဖြစ်တဲ့အခါမှာ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။
ထို့ပြင် ဇန်နဝါရီလမှ မေလ ၁၅ ရက်အထိ YBS ယာဉ်မောင်းများ စည်ကမ်းဖောက်ဖျက်မှုကြောင့် ဖမ်းဆီးအရေးယူထားသည့်အမှုပေါင်း (၂၃၈၉၂)မှုရှိခဲ့ကြောင်း သိရသည်။ “အနိမ့်ဆုံးအမှုဆိုရင် မှတ်တိုင်စနစ်တကျမရပ်လို့ သုံးထောင်လောက် ဒဏ်ကြေးကောက်တာရှိပါတယ်။ နောက်ပြီးတော့ မီးနီဖြတ်တာတို့ကို ဒဏ်ကြေး သုံးသောင်းကောက်ခံပါတယ်။ မီးနီသုံးခါဖြတ်ရင် YBS မောင်းနှင်ခွင့်မပြုတော့ပါဘူး။ CNG ပိတ်သိမ်းတဲ့အမှုကျတော့ စပါယ်ယာတင်တဲ့ဟာတွေကိုလုပ်ပါတယ်၊ ယာဉ်စီးခပိုကောက်တဲ့ယာဉ်တွေကိုတော့ CNG သုံးလပိတ်တာ၊ လုပ်ငန်းလိုင်စင်တစ်နှစ်ပိတ်တာတို့ အရေးယူဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါအမှုများမှာ မှတ်သားဖမ်းဆီးမှု (၂၂၄၁၇) မှု၊ တိုင်ကြားမှု (၃၀၁)မှု၊ Facebook အမှု(၃)မှု၊ မီးနီဖြတ်မောင်းမှု (၁၄၃)မှု၊ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု (၄၅၃)မှု နှင့် သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု (၁၄၀)တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မဆင်မခြင်မောင်းနှင်မှု (၉၁)မှု၊ ရပ်နားချိန်ကြာမြင့်မှု (၃၅)မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်မောင်းနှင်မှု (၂၀၉)မှု၊ မချေမငံပြောဆိုမှု (၁)နှင့် အခြားအမှု (၉၉)မှုတို့ဖြစ်ကြောင်း သိရသည်။
zawgyi version
YBS ယာဥ္မေတာ္တဆမႈေၾကာင့္ ငါးလအတြင္း ေသဆုံးသူ(၁၈)ဦးရွိခဲ့ၿပီး ေသဆုံးသူအမ်ားစုမွာ လမ္းျဖတ္ကူးစဥ္ ကားတိုက္ခံရျခင္းျဖစ္
ေစာ (NP News) - ေမ ၂၄
ရန္ကုန္ၿမိဳ႕အတြင္းေျပးဆြဲေနေသာ YBS ယာဥ္မေတာ္တဆမႈေၾကာင့္ ငါးလအတြင္း ေသဆုံးသူ(၁၈)ဦးရွိခဲ့ၿပီး ေသဆုံးသူအမ်ားစုမွာ လမ္းျဖတ္ကူးစဥ္ ကားတိုက္ခံရျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC)ထံမွ သိရသည္။
ယခုႏွစ္ ဇန္နဝါရီလမွ ေမလ ၁၅ ရက္အထိ YBS ယာဥ္တိုက္မႈေပါင္း (၃၂) ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆုံးသူဦးေရ(၁၈)ဦးႏွင့္ ဒဏ္ရာရရွိသူ (၃၇)ဦးရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါ ယာဥ္တိုက္မႈမ်ားအနက္ လမ္းသြားလမ္းလာ/လမ္းျဖတ္ကူးသူမ်ားအား တိုက္မိမႈေၾကာင့္ ဒဏ္ရာရရွိသူ(၄)ဦးႏွင့္ ေသဆုံးသူ(၇)ဦးရွိခဲ့ၿပီး ယာဥ္ေပၚမွျပဳတ္က်မႈ၊ စက္ဘီးႏွင့္တိုက္မိမႈ၊ ေမာ္ေတာ္ဆိုင္ ကယ္ႏွင့္တိုက္မိမႈ၊ Taxi ယာဥ္ႏွင့္တိုက္မိမႈ၊ ဓာတ္တိုင္ႏွင္တိုက္မိမႈမ်ားေၾကာင့္ ေသဆုံးသူႏွင့္ ဒဏ္ရာရရွိသူမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။
“ယာဥ္မေတာ္တဆမႈနဲ႔ပတ္သက္ၿပီးေတာ့ သုံးသပ္တဲ့အခါမွာ တစ္ခ်ိဳ႕က ကြၽန္ေတာ္တို႔ တိုင္းျပည္ရဲ႕ GDP ရဲ႕တစ္ရာခိုင္ႏႈန္း၊ ႏွစ္ရာခိုင္ႏႈန္း ဆုံးရႈံးတယ္လို႔ ေဖာ္ျပတာရွိပါတယ္။ ဒီလိုမ်ိဳး လူတစ္ေယာက္ေသဆုံးတယ္ဆိုတဲ့ဟာ ကြၽန္ေတာ္တို႔ ကိန္းဂဏန္းနဲ႔ေဖာ္ျပလို႔မရပါဘူး။ လူတစ္ေယာက္ရဲ႕ တန္ဖိုး ျဖတ္လို႔မရပါဘူး။ ဒီလိုမ်ိဳးတန္ဖိုးျဖတ္လို႔မရတဲ့ လူေတြ ယာဥ္တိုက္မႈေၾကာင့္၊ YBS ေၾကာင့္ တိုက္ခိုက္မႈျဖစ္တဲ့အခါမွာ ကြၽန္ေတာ္တို႔ စိတ္မေကာင္းျဖစ္ရပါတယ္” ဟု YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္ကေျပာသည္။
ထို႔ျပင္ ဇန္နဝါရီလမွ ေမလ ၁၅ ရက္အထိ YBS ယာဥ္ေမာင္းမ်ား စည္ကမ္းေဖာက္ဖ်က္မႈေၾကာင့္ ဖမ္းဆီးအေရးယူထားသည့္အမႈေပါင္း (၂၃၈၉၂)မႈရွိခဲ့ေၾကာင္း သိရသည္။ “အနိမ့္ဆုံးအမႈဆိုရင္ မွတ္တိုင္စနစ္တက်မရပ္လို႔ သုံးေထာင္ေလာက္ ဒဏ္ေၾကးေကာက္တာရွိပါတယ္။ ေနာက္ၿပီးေတာ့ မီးနီျဖတ္တာတို႔ကို ဒဏ္ေၾကး သုံးေသာင္းေကာက္ခံပါတယ္။ မီးနီသုံးခါျဖတ္ရင္ YBS ေမာင္းႏွင္ခြင့္မျပဳေတာ့ပါဘူး။ CNG ပိတ္သိမ္းတဲ့အမႈက်ေတာ့ စပါယ္ယာတင္တဲ့ဟာေတြကိုလုပ္ပါတယ္၊ ယာဥ္စီးခပိုေကာက္တဲ့ယာဥ္ေတြကိုေတာ့ CNG သုံးလပိတ္တာ၊ လုပ္ငန္းလိုင္စင္တစ္ႏွစ္ပိတ္တာတို႔ အေရးယူေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါအမႈမ်ားမွာ မွတ္သားဖမ္းဆီးမႈ (၂၂၄၁၇) မႈ၊ တိုင္ၾကားမႈ (၃၀၁)မႈ၊ Facebook အမႈ(၃)မႈ၊ မီးနီျဖတ္ေမာင္းမႈ (၁၄၃)မႈ၊ သတ္မွတ္ကီလိုမီတာအထက္ ေက်ာ္လြန္ေမာင္းႏွင္မႈ (၄၅၃)မႈ ႏွင့္ သတ္မွတ္လမ္းေၾကာင္းအတိုင္း မေမာင္းႏွင္မႈ (၁၄၀)တို႔ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ မဆင္မျခင္ေမာင္းႏွင္မႈ (၉၁)မႈ၊ ရပ္နားခ်ိန္ၾကာျမင့္မႈ (၃၅)မႈ၊ ယာဥ္တစ္စီးႏွင့္တစ္စီး ယွဥ္ၿပိဳင္ေမာင္းႏွင္မႈ (၂၀၉)မႈ၊ မေခ်မငံေျပာဆိုမႈ (၁)ႏွင့္ အျခားအမႈ (၉၉)မႈတို႔ျဖစ္ေၾကာင္း သိရသည္။