ကုန်ပစ္စည်းတင်ပို့မှုများကို တရုတ်နိုင်ငံက ပယ်ချခြင်းသည် ထိုင်ဝမ် နှင့် ဂွာတီမာလာအကြား ဆက်ဆံရေးနှင့် ဆက်နွှယ်မှုရှိနိုင်ကြောင်း ဂွာတီမာလာသမ္မတပြော

989

ALynn (NP News) - မေ ၂၅
တရုတ်သည် ထိုင်ဝမ် နှင့် ဂွာတီမာလာအကြား သံတမန်ဆက်ဆံရေးကြောင့် ဖြစ်နိုင်သည်ဟု ယူဆကာ ဂွာတီမာလာမှ ပို့ကုန်အချို့ကို ပယ်ချခဲ့ကြောင်း ဂွာတီမာလာသမ္မတ ဘာနာဒို အာရီဗာလိုက သောကြာနေ့ (မေလ ၂၄ ရက်) တွင် ပြောကြားခဲ့သည်။
သောကြာနေ့က ဂွာတီ မာလာ တင်ပို့ရောင်းချသူများအသင်းမှ အနည်းဆုံး မက်ကာဒမီးယားအစေ့အဆံ ကွန်တိန်နာ ခုနစ်စင်းသည် တရုတ်နိုင်ငံသို့ တင်ပို့၍မရခဲ့ကြောင်းနှင့် ကုန်သည်များက ဂွာတီမာလာ မက်ကာဒမီးယားနှင့် ကော်ဖီများကို တရုတ်က တင်သွင်းခွင့် ငြင်းပယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဂွာတီမာလာသည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံ ၁၂ နိုင်ငံအနက်မှ တစ်နိုင်ငံ ဖြစ်သည်။ "ဂွာတီမာလာနဲ့ ဆက်ဆံရေးရှိတဲ့ ထိုင်ဝမ်အစိုးရသစ်ကို စတင်တာဝန်ယူခဲ့တာ ရက်ပိုင်းပဲရှိသေးပေမယ့် ဒီကိစ္စနဲ့ပတ်သတ်ပြီး တရုတ်နဲ့ အငြင်းပွားစရာတွေ ရှိနိုင်ပါတယ်။" ဟု အာရီဗာလိုက TikTok တွင် တိုက်ရိုက်အမေးအဖြေကဏ္ဍ၌ ပြောကြားခဲ့သည်။
ဂွာတီမာလာ နိုင်ငံခြားရေးဝန်ကြီး Carlos Ramiro Martinez သည် ထိုင်ဝမ်သမ္မတ လီချန်တေး၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တနင်္လာနေ့ (မေလ ၂၀ ရက်) က တက်ရောက်ခဲ့သည်။
ဂွာတီမာလာအစိုးရသည် ကုန်ပစ္စည်းတင်ပို့မှုပြဿနာကိုဖြေရှင်းရန် လုပ်ဆောင်နေသော် လည်း ယခုအချိန်ထိ တရုတ်နိုင်ငံထံမှ တုံ့ပြန်မှုမရရှိသေးကြောင်း အာရီဗာလိုက ပြောကြားခဲ့သည်။ ဂွာတီမာလာသည် ယမန်နှစ်က တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းဒေါ်လာ ၈၂ သန်းဖိုး တင်ပို့ခဲ့ကြောင်း ပို့ကုန်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ လိုင်နှင့် အာရီဗာလိုတို့သည် အင်္ဂါနေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် စကားပြောခဲ့ပြီး လိုင်သည် ၎င်း၏ခိုင်မာသောထောက်ခံမှုနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် တောင်းဆိုမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ထိုင်ဝမ်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် လိုင်က အာရီဗာလိုအား ထိုင်ဝမ်သို့ လာရောက်ရန် နှင့် အာရီဗာလိုမှ လိုင်အား ဂွာတီမာလာသို့ လာရောက်လည်ပတ်ရန် အပြန်အလှန်ဖိတ်ကြားခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ သမ္မတဟောင်း ဆိုင်အင်ဝမ်လက်ထက်တွင်လည်း တရုတ်ပြည်မကြီးကို ထောက်ခံခဲ့သော အိမ်နီးချင်း ဟွန်ဒူးရပ်စ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ပြီးနောက် တစ်ပတ်အကြာတွင် ဂွာတီမာလာသို့ သွားရောက်ခဲ့ကြောင်း တွေ့ရသည်။
zawgyi version
ကုန္ပစၥည္းတင္ပို႔မႈမ်ားကို တ႐ုတ္ႏိုင္ငံက ပယ္ခ်ျခင္းသည္ ထိုင္ဝမ္ ႏွင့္ ဂြာတီမာလာအၾကား ဆက္ဆံေရးႏွင့္ ဆက္ႏႊယ္မႈရွိႏိုင္ေၾကာင္း ဂြာတီမာလာသမၼတေျပာ
ALynn (NP News) - ေမ ၂၅
တ႐ုတ္သည္ ထိုင္ဝမ္ ႏွင့္ ဂြာတီမာလာအၾကား သံတမန္ဆက္ဆံေရးေၾကာင့္ ျဖစ္ႏိုင္သည္ဟု ယူဆကာ ဂြာတီမာလာမွ ပို႔ကုန္အခ်ိဳ႕ကို ပယ္ခ်ခဲ့ေၾကာင္း ဂြာတီမာလာသမၼတ ဘာနာဒို အာရီဗာလိုက ေသာၾကာေန႔ (ေမလ ၂၄ ရက္) တြင္ ေျပာၾကားခဲ့သည္။
ေသာၾကာေန႔က ဂြာတီ မာလာ တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ အနည္းဆုံး မက္ကာဒမီးယားအေစ့အဆံ ကြန္တိန္နာ ခုနစ္စင္းသည္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔၍မရခဲ့ေၾကာင္းႏွင့္ ကုန္သည္မ်ားက ဂြာတီမာလာ မက္ကာဒမီးယားႏွင့္ ေကာ္ဖီမ်ားကို တ႐ုတ္က တင္သြင္းခြင့္ ျငင္းပယ္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ဂြာတီမာလာသည္ ထိုင္ဝမ္ႏွင့္ သံတမန္ဆက္ဆံေရးရွိသည့္ ႏိုင္ငံ ၁၂ ႏိုင္ငံအနက္မွ တစ္ႏိုင္ငံ ျဖစ္သည္။ "ဂြာတီမာလာနဲ႔ ဆက္ဆံေရးရွိတဲ့ ထိုင္ဝမ္အစိုးရသစ္ကို စတင္တာဝန္ယူခဲ့တာ ရက္ပိုင္းပဲရွိေသးေပမယ့္ ဒီကိစၥနဲ႔ပတ္သတ္ၿပီး တ႐ုတ္နဲ႔ အျငင္းပြားစရာေတြ ရွိႏိုင္ပါတယ္။" ဟု အာရီဗာလိုက TikTok တြင္ တိုက္႐ိုက္အေမးအေျဖက႑၌ ေျပာၾကားခဲ့သည္။
ဂြာတီမာလာ ႏိုင္ငံျခားေရးဝန္ႀကီး Carlos Ramiro Martinez သည္ ထိုင္ဝမ္သမၼတ လီခ်န္ေတး၏ က်မ္းသစၥာ က်ိန္ဆိုပြဲသို႔ တနလၤာေန႔ (ေမလ ၂၀ ရက္) က တက္ေရာက္ခဲ့သည္။
ဂြာတီမာလာအစိုးရသည္ ကုန္ပစၥည္းတင္ပို႔မႈျပႆနာကိုေျဖရွင္းရန္ လုပ္ေဆာင္ေနေသာ္ လည္း ယခုအခ်ိန္ထိ တ႐ုတ္ႏိုင္ငံထံမွ တုံ႔ျပန္မႈမရရွိေသးေၾကာင္း အာရီဗာလိုက ေျပာၾကားခဲ့သည္။ ဂြာတီမာလာသည္ ယမန္ႏွစ္က တ႐ုတ္ႏိုင္ငံသို႔ ကုန္ပစၥည္းေဒၚလာ ၈၂ သန္းဖိုး တင္ပို႔ခဲ့ေၾကာင္း ပို႔ကုန္လုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။ လိုင္ႏွင့္ အာရီဗာလိုတို႔သည္ အဂၤါေန႔တြင္ ဗီဒီယိုကြန္ဖရင့္မွတစ္ဆင့္ စကားေျပာခဲ့ၿပီး လိုင္သည္ ၎၏ခိုင္မာေသာေထာက္ခံမႈႏွင့္ ဆက္ဆံေရး ပိုမိုခိုင္မာေစရန္ ေတာင္းဆိုမႈမ်ားအတြက္ ေက်းဇူးတင္ရွိေၾကာင္း ထိုင္ဝမ္သမၼတ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ လိုင္က အာရီဗာလိုအား ထိုင္ဝမ္သို႔ လာေရာက္ရန္ ႏွင့္ အာရီဗာလိုမွ လိုင္အား ဂြာတီမာလာသို႔ လာေရာက္လည္ပတ္ရန္ အျပန္အလွန္ဖိတ္ၾကားခဲ့ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ သမၼတေဟာင္း ဆိုင္အင္ဝမ္လက္ထက္တြင္လည္း တ႐ုတ္ျပည္မႀကီးကို ေထာက္ခံခဲ့ေသာ အိမ္နီးခ်င္း ဟြန္ဒူးရပ္စ္ႏွင့္ သံတမန္ဆက္ဆံေရး ျဖတ္ေတာက္ၿပီးေနာက္ တစ္ပတ္အၾကာတြင္ ဂြာတီမာလာသို႔ သြားေရာက္ခဲ့ေၾကာင္း ေတြ႕ရသည္။