မြန်မာပြည်တွင်းစစ် တိုင်းပြည်အစိတ်စိတ်အမွှာမွှာဖြစ်ရေး ဘော်လ်ကန်နိုက်ဇေးရှင်း ဖြစ်နေ ပြီလား၊ ပဋိပက္ခအတွင်းမှ ပဋိပက္ခ

 14066

Htay Oung (NP News) - မေ ၂၇

မြန်မာနိုင်ငံရဲ့ လက်ရှိလုံခြုံရးအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံနဲ့ နိုင်ငံတကာစစ်ရေးနိုင်ငံရေး လေ့လာသူများအတွက် အရှေ့တောင်အာရှ ပထဝီနိုင်ငံရေး မဟာဗျူဟာအချက် အချာဒေသမှာတည်ရှိတဲ့ တိုင်းပြည်ဟာ ဘော်လ်ကန်နိုက်ဇေးရှင်းဖြစ်နေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်နေကြပါတယ်။ နစကတပ်များ အပီအပြင်ထိန်းချုပ်နိုင်တဲ့နယ်မြေများဟာ နိုင်ငံ့ဧရိယာတစ်ခုလုံးရဲ့ (၅၀) ရာခိုင်နှုန်းအောက်သာရှိတော့ပေမယ့် အစိုးရအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ခိုင်မာအားကောင်းနေဆဲပဲလို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးသတင်းများကို သုံးသပ်ဖော်ပြနေတဲ့ နယူးယောက်အခြေစိုက် “အီးကော်နိုမစ်” က မေလ ၁၆ ရက်ကရေးသားပါတယ်။

၂၀၂၁ ခုနှစ်တွင် နစက အာဏာရယူပြီးကတည်းက ရာနဲ့ချီတဲ့ တော်လှန်ရေးအဖွဲ့အမျိုးမျိုးတို့က ပြန်လည် တိုက်ခိုက်နေခဲ့ကြပါတယ်။ ယမန်နှစ်နှောင်းပိုင်းမှစပြီး အတိုက်အခံတွေက မြေပြင်အောင်မြင်မှုများ ရရှိလာခဲ့ပြီး ထိုင်းနယ်စပ်ရှိ အရေးကြီးကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီကို ဧပြီလ ၁၁ ရက်နေ့ သိမ်းယူနိုင်ခြင်းမှာ အချိုးအကွေ့တစ်ခုဖြစ်သွားပါတယ်။ နစကအစိုးရ မကြာခင်ကျဆုံးတော့မယ်လို့ လေ့လာသူများက ကောက်ချက်ချတဲ့ အထိပါပဲ၊ ဒါပေမယ့် နှစ်ပတ်မပြည့်မီလေးမှာပဲ မြဝတီဟာ နေပြည်တော်လိုလားသူ စစ်ခေါင်းဆောင် စောချစ်သူရဲ့လက်တွင်း ပြန်လည်သက်ဆင်းသွားတယ်လို့ အီကော်နိုမစ်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိပကတိမြေပြင်သတင်းများကို ဆန်းစစ်ကြည့်ရင် တပ်မတော်နဲ့ တော် လှန်ရေးအုပ်စုအမျိုးမျိုးတို့အကြား တိုက်ပွဲများနဲ့ ရှုတ်ထွေးနေပါတယ်။ PDF ခေါ် ပြည်သူ့ကာကွယ်ရေး အရပ်သားလက်နက်ကိုင် အဖွဲ့သစ်တွေဟာ လွတ်မြောက်နယ်မြေများမှာ ဆယ်စုနှစ်များစွာ လှုပ်ရှားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့များနည်းတူ သီးခြားနိုင်ငံငယ်သဖွယ်နယ်မြေတည်ထောင်မှုများကို ပြုလုပ်လာနေကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ အရေးကြီးတဲ့အချိုးအကွေ့တစ်ခုကို ရောက်ရှိနေပြီး နစကအစိုးရဆန့်ကျင်ရေး အင်အားစုများအနေနဲ့ နယ်စပ်ဒေသများမှာ ထူးထူးခြားခြား အမြတ်ရရှိခြင်းဖြင့် နေပြည်တော်ရဲ့ ထိန်းချုပ်မှု အားနည်းနေပြီဖြစ်ကြောင်း၊

ဒီလိုအချိန်မှာ အနောက်နိုင်ငံများအနေနဲ့ မြန်မာရဲ့တိုင်းပြည်အစိတ်စိတ်အမွှာမွှာဖြစ်လာတဲ့ အခြေအနေကို အသိအမှတ်ပြုပြီး စင်ပြိုင်နိုင်ငံများထူထောင်ရေးကို အားသွန်ကြိုးပမ်းရမှာဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးတက္ကသိုလ်နိုင်ငံတကာရေးရာပို့ချသူ ဒေါက်တာ မော်တန်ဘီပီဒါဆန်လို ပုဂ္ဂိုလ်က ထုတ်ဖော်ရေးသားတဲ့ အထိပါပဲ။ ပြည်သူများရဲ့ ဘဝနေမှု ပိုမိုကောင်းမွန်အောင် မရှိမဖြစ် အရေးကြီးဝန်ဆောင်မှုများကို ပေးအပ် ရန်၊ ထိရှလွယ် လူတန်းစားတို့အပေါ် ကာကွယ်ပေးရန်အတွက် ထွန်းသစ်စ နိုင်ငံရေးအာဏာပိုင်များနဲ့ ရပ်ရွာအ အခြေပြု အဖွဲ့အစည်းများ ခိုင်မာအားကောင်းလာစေရန် ကူညီသင့်တယ်လို့ တိုက်တွန်းနေပါတယ်။

၂၀ ရာစုစောစောပိုင်း ဥရောပ ဘော်လကန်ကျွန်းဆွယ်ဟာ တစ်ပေါင်းတစ်စည်းတည်းရှိခဲ့တဲ့ တိုင်းပြည်အဖြစ်မှ သေးငယ်ပြီး အချင်းချင်းရန်လိုတဲ့ နိုင်ငံ/နယ်မြေ/ယူနစ်များအဖြစ် အစိတ်စိတ်အမွှာမွာ ကွဲထွက်သွားခဲ့ပါတယ်။ ၁၉ ရာစု အော်တိုမန်အင်ပါယာပြိုကွဲချိန်နဲ့ ဘော်လကန်စစ်ပွဲများ၊ ပထမကမ္ဘာစစ်နဲ့ အယ်လ်ဘေးနီးယားနိုင်ငံ ပေါ်ပေါက်လာခြင်း၊ ဒုတိယကမ္ဘာစစ်အပြီး ယူဂိုဆလားဗီးယားနိုင်ငံမှ ခရိုအေးရှား၊ ဆားဗီးယား၊ ဘော့စနီးယား ဟာဇီဂိုဗီးနား၊ မွန်တီနီဂရိုး၊ ကိုဆိုဗိုအဖြစ် ကွဲထွက်သွားခြင်းကို ရည်ညွှန်းပါတယ်။ လူမျိုး-ဘာသာစုံ တိုင်းပြည် ကြီးတစ်ခုမှ တိုင်းရင်းသား/ဘာသာဝင်လူမျိုးစုတို့က အသီးသီးချုပ်ကိုင်ပြီး ပိုမိုသေးငယ်တဲ့ တိုင်းပြည်လေးများ အဖြစ် ခွဲထွက်ခြင်း၊ လူမျိုးရေးပဋိပက္ခများနဲ့ ပြိုကွဲသွားခြင်းကို ဆိုလိုပါတယ်။ အာဖရိက၊ မြေထဲပင်လယ် အရှေ့ ပိုင်းစသည်ဖြင့် မည်သည့်ဒေသ၌ဖြစ်စေ အခြေအနေတစ်ရပ်ဟာ အကြမ်းပတမ်း ပဋိပက္ခ သို့မဟုတ် ကွဲထွက် သွားရလောက်အောင်ဖြစ်လာတဲ့အခါ “ဘော်လ်ကန်နိုက်ဇေးရှင်း” ဖြစ်နေပြီလို့ ရည်ညွှန်းတတ်ကြပါတယ်။

မြန်မာရဲ့ နယ်စပ်အနီးတဝှိုက်ဒေသများဟာ အလွန်အားနည်းချက် ရှိပုံရပါတယ်။ ဒေသခံတိုင်းရင်းသား လက် ကိုင်အဖွဲ့တွေဟာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်အတွင်း နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နိုင်ငံ့အနောက်ဘက် လူ ၁ သန်းခန့် နေထိုင်တဲ့ မြို့နယ် ၁၇ ခု အနက် အနည်းဆုံး ၉-မြို့နယ်ကို သိမ်းယူလိုက်ခြင်းဖြင့် ရခိုင်ပြည်နယ်ဟာ အစိုးရထိန်းချုပ်နိုင်ခြင်း မရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဒေသတစ်ခုဖြစ်လာတယ်လို့ ကမ်းရိုးတန်းပြည်နယ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA က ဆိုပါတယ်။ ဒါပေမယ့် တော်လှန်ရေးအင်အားစုများကို သူတို့ ရှဲဒိုး အုပ်ချုပ်ရေးက ဦးဆောင်နေခြင်းဖြစ်ပြီး တိုင်းပြည်ရဲ့ ၆၀% ကျော်ကို သူတို့အဖွဲ့များက ထိန်းချုပ်ထားခြင်း တယ်လို့ NUG ခေါ် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) ပြောနေပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးစုတို့ အများဆုံးနေထိုင်ရာ နယ်စပ်ဒေသများမှာ နစကအစိုးရရဲ့ ထိန်းချုပ်မှု အားနည်းနေ သည့်တိုင် အရေးပါတဲ့ မြို့ကြီးများ အပါအဝင် အချက်အချာကျနေရာအများအပြားကို လွှမ်းမိုးထားဆဲ ဖြစ် ကြောင်း တွေ့မြင်နေရပါတယ်။

တပ်မတော်ကို အခက်တွေ့စေတဲ့ အချက်တစ်ခုမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များရဲ့ တစ်ထီးတစ်နန်းဖြစ်မှုပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာကြာ လူမှုရေးဝန်ဆောင်မှုများနဲ့ အလားအလာရှိတဲ့ လုပ်ငန်းတို့ရဲ့ နေရာဆက်ခံ မှုတို့အတွက် တပ်မတော်သာ နိုင်ငံရဲ့တစ်ခုတည်းသော ထောက်ပံ့ရေးအဖွဲ့အစည်းဖြစ်နေခဲ့ပါတယ်။ တပ်မ တော်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ တည်ငြိမ်မှုဟာ လူအများကို ဆွဲဆောင်နိုင်တဲ့အထိပါပဲ။ စစ်တပ်ဟာ “နိုင်ငံတစ် ခုအတွင်းမှ နိုင်ငံဖြစ်နေတယ်” လို့ ဝါရှင်တန်ရှိ ဂျော့တောင်း တက္ကသိုလ် မြန်မာ့အရေးလေ့လာသူ “ဒေးဗစ်_စ တိုင်းဘတ်”က မှတ်ချက်ပေးပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဝန်ဆောင်မှုအားလုံးက စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစု တွေကို ကျန်လူ့အဖွဲ့အစည်းမှ သီးခြားသဖွယ် ဖန်တီးပေးသလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စဟာ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကြား ဆယ်စုနှစ်များအတွင်း စစ်အစိုးရနေရာမှာ အရပ် သားအုပ်ချုပ်ရေးနဲ့ တရားဝင် အပြောင်းအလဲဖြစ်ခဲ့ပြီး မြန်မာတို့ပွင့်လင်းမြင်သာလာတဲ့အခါ စိန်ခေါ်မှု ဖြစ်လာပါတယ်။ စစ်တပ်မုန်း တီးရေး တွင်ကျယ်လာပြီး လူငယ်အတော်များများတို့ဟာ စစ်ထဲဝင်ရန် ငြင်းဆန်ကြခြင်း၊ မထောင်သား စစ်သား အချို့ရဲ့ အပြစ်အနာအဆာများကြောင့် တပ်မတော်မှာ အင်အားလျော့နည်းလာပါတယ်။ ယခင်အစိုးရများရဲ့ ကောင်းမွေ ဆိုးမွေများနဲ့ တပ်မတော်ဟာ လူ့အဖွဲ့အစည်းနဲ့ အထီးကျန်နေပြီး လက်နက်နဲ့ စီးပွားရေးလုပ်ငန်း များမှာ ငွေကြေးများစွာ မြုပ်ဝင်နေပါတယ်။ တစ်ဖက်မှာလည်း အရာရာကို ထိန်းချုပ်ထားရတဲ့အတွက် အခက်တွေ့နေရပါတယ်။ ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်နိုင်ချေ ရှိပေမယ့် ပိုပြီး ကောင်းလာတဲ့ အခြေအနေ ရောက်ဖို့ အတော်ခဲယဉ်းပါလိမ့်မယ်။ နစကနဲ့ တော်လှန်ရေးတိုက်ပွဲများဟာ ပိုမိုအရှိန်မြင့်လာပြီး ပိုမိုပြင်းထန်လာနိုင်ပါတယ်။

မြန်မာနိုင်ငံအတွင်း လက်ရှိစစ်ပွဲများဟာ တပ်မတော်နဲ့ ပြည်တွင်းတိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်များအ ကြား ပဋိပက္ခများကြောင့် ဘော်လကန်နိုက်ဇေးရှင်းအထိ ဖြစ်နိုင်ခြေရှိပါတယ်။ ပဋိပက္ခတွေဟာ နက်ရှိုင်းတဲ့ သမိုင်းရင်းမြစ်များ ရှိနေပြီး ကြီးမားကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လူမျိုးစုအချို့အတွက် သီးခြား လွတ်လပ်တဲ့ ပြည်နယ်ရရှိရေး တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဘော်လကန်နိုက်ဇေး ရှင်း ဖြစ်တော့မယ်လို့ အာဆီယံကိုယ်တိုင်အပါအဝင် ကမ္ဘာ့နိုင်ငံများက ကြိုတင်နိမိတ်ဖတ်ခြင်းများ ရှိခဲ့ပါတယ်။ အနောက်အုပ်စုစစ်ရေးလေ့လာသူများဆိုလျှင် သူတိုအစိုးရများက ဝင်ရောက်စွက်ဖက်ရန် တိုက်တွန်းနေပါ တယ်။ ကိုယ်တိုင်ကိုယ်ကျ လက်နက်ကိုင် စွက်ဖက်ဖို့လည်း အရိပ်အမြွက်ဖော်ပြနေကြပါတယ်။ အကယ်၍ အဲ့ဒီတင်းမာမှုတွေကို သံတမန်နည်းအရ ငြိမ်းချမ်းတဲ့နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်း မရှိခဲ့လျှင် မြန်မာနိုင်ငံရဲ့ လူမျိုးစုများနေထိုင်ရာ ဒေသတစ်လျှောက်မှာ ပိုမိုပြီး အကွဲကွဲအပြားပြား ဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပတ်သက်နေတာကြောင့် လူမျိုးစုအလိုက် သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ရင် ပြဿနာပြေလည်သွားလိမ့်မယ်လို့ အကြံပြုမှုများလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနောက်ပိုင်း မကြာသေးမီက အဖြစ်အပျက်များဟာ အဲ့ဒီထင်မြင်ချက်နဲ့ တစ်လွဲစီဖြစ်နေပါတယ်။ ပလက်ဝကို သိမ်းယူရရှိပြီးနောက် ချင်းနဲ့ ရခိုင်တိုင်းရင်းသားများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ချင်းလူမျိုးများက ပလက်ဝကို သူတို့ဇာတိမွေးရပ်မြေရဲ့ အစိတ်အပိုင်းအဖြစ် ရှုမြင်ကြပြီး ရခိုင်အချို့ကတော့ ယခင်တည်းက သူတို့အပိုင်ဖြစ်တယ်လို့ ယူဆကြပါတယ်။ မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်နေကြပေမယ့် ပလက်ဝကို ငြိမ်းချမ်းစွာ အုပ်ချုပ်ရန် နည်းလမ်းရှာဖွေဖို့ လိုအပ်နေသေးတယ်လို့ အိန္ဒိယအခြေစိုက် “သည်ဟိန္ဒူ” ဖေဖော်ဝါရီလ ၅ ရက်က ရေးသားပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်ကို ဖြတ်သန်းပြီး အိန္ဒိယရဲ့ကုလားတန်စီမံကိန်းက တည်ရှိနေပါတယ်။ စစ်တွေတောင်ဘက် ကျောက်ဖြူမြို့မှာ တရုတ်ရဲ့ရေနက်ဆိပ်ကမ်းနဲ့ ယူနန်ရေနံပိုက်လိုင်းဂိတ်ဝကလည်း တည်ရှိနေပါတယ်။ စီးပွားရေး-စစ်ရေး ထွန်းသစ်စနျူလက်နက်ပိုင် အဲဒီ အိမ် နီးချင်း အင်အားကြီးနှစ်နိုင်ငံဟာ နယ်ခြား အငြင်းပွားမှုမျိုးလို ထိပ်တိုက်တွေမှုများလည်း ရှိနေပါတယ်။ ဗျူဟာမြောက်တည်နေရာနဲ့ စီးပွားရေးအရ အ ရေးပါမှုကြောင့် စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအချိန် မကြာသေးမီ ရက်ပိုင်းအတွင်း ရခိုင်မြောက်ပိုင်း ဘူးသီး တောင်အရေးအခင်းနဲ့ ဆက်နွယ်ပြီး မဟာမိတ်ဆိုသူ NUG နဲ့ ရခိုင်လက်နက်ကိုင် AA အကြား အပြန်အလှန် စိတ်ပျက်နေကြပါတယ်။

အလားတူ မြန်မာတိုင်းရင်းသား လူမျိုးစုအချင်းချင်း နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း ဝနဲ့ ရှမ်းမျိုးနွယ်စု၊ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်နဲ့ ကယန်း၊ ရှမ်းမြောက်ပိုင်း ကချင်၊ ပလောင်နဲ့ ကိုးကန့်တို့ အကြား ရှုတ်ထွေးမှုများဟာ ပဋိပက္ခအတွင်းမှ ပဋိပက္ခအသွင် ရှိနေပြီး တစ်ချက်လေး လွဲမှားလိုက်တာနဲ့ စစ်မီးလျှံထတောက်လောင်နိုင်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံရဲ့ ချဉ်းကပ်ပုံဟာ Toothless Talking Shop “သွားမရှိသူများရဲ့ လေထန်ကုန်း”အဖြစ် မီဒီယာများက ပြောင်လှောင်ရေးသားကြပါတယ်။ တကယ်တော့တော့ အာဆီယံသာ မက တရုတ်နိုင်ငံတို့ကပါ မြန်မာနိုင်ငံအတွင်း စစ်ပွဲများကို ဒေသအလိုက် ရပ်ဆိုင်းစေလို့သည်တိုင် နိဂုံးချုပ်ဖို့ အတော်ကြာမြင့်နေဦးမှာ ဖြစ်တယ်လို့ အမေရိကန် သတင်းနဲ့ ထင်မြင်ချက် “Vox” ဝဘ်ဆိုက် ဇန်နဝါရီလ ၁၅ ရက်က ရေးပါတယ်။

(Economist., 16 May 2024,” The military dictatorship controls less than 50% of Myanmar” နှင့် ဆက်စပ်သတင်းများကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို စုစည်း ဖော်ပြသည်။)

zawgyi version
ျမန္မာျပည္တြင္းစစ္ တိုင္းျပည္အစိတ္စိတ္အမႊာမႊာျဖစ္ေရး ေဘာ္လ္ကန္ႏိုက္ေဇးရွင္း ျဖစ္ေန ၿပီလား၊ ပဋိပကၡအတြင္းမွ ပဋိပကၡ
Htay Oung (NP News) - ေမ ၂၇

ျမန္မာႏိုင္ငံရဲ႕ လက္ရွိလုံၿခဳံရးအေျခအေနနဲ႔ပတ္သက္ၿပီး အာဆီယံနဲ႔ ႏိုင္ငံတကာစစ္ေရးႏိုင္ငံေရး ေလ့လာသူမ်ားအတြက္ အေရွ႕ေတာင္အာရွ ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာအခ်က္ အခ်ာေဒသမွာတည္ရွိတဲ့ တိုင္းျပည္ဟာ ေဘာ္လ္ကန္ႏိုက္ေဇးရွင္းျဖစ္ေနၿပီလားလို႔ ေမးခြန္းထုတ္စရာျဖစ္ေနၾကပါတယ္။ နစကတပ္မ်ား အပီအျပင္ထိန္းခ်ဳပ္ႏိုင္တဲ့နယ္ေျမမ်ားဟာ ႏိုင္ငံ့ဧရိယာတစ္ခုလုံးရဲ႕ (၅၀) ရာခိုင္ႏႈန္းေအာက္သာရွိေတာ့ေပမယ့္ အစိုးရအဖြဲ႕အစည္းတစ္ရပ္အေနနဲ႔ ခိုင္မာအားေကာင္းေနဆဲပဲလို႔ အျပည္ျပည္ဆိုင္ရာ စီးပြားေရးသတင္းမ်ားကို သုံးသပ္ေဖာ္ျပေနတဲ့ နယူးေယာက္အေျခစိုက္ “အီးေကာ္ႏိုမစ္” က ေမလ ၁၆ ရက္ကေရးသားပါတယ္။

၂၀၂၁ ခုႏွစ္တြင္ နစက အာဏာရယူၿပီးကတည္းက ရာနဲ႔ခ်ီတဲ့ ေတာ္လွန္ေရးအဖြဲ႕အမ်ိဳးမ်ိဳးတို႔က ျပန္လည္ တိုက္ခိုက္ေနခဲ့ၾကပါတယ္။ ယမန္ႏွစ္ေႏွာင္းပိုင္းမွစၿပီး အတိုက္အခံေတြက ေျမျပင္ေအာင္ျမင္မႈမ်ား ရရွိလာခဲ့ၿပီး ထိုင္းနယ္စပ္ရွိ အေရးႀကီးကုန္သြယ္ေရးၿမိဳ႕ျဖစ္တဲ့ ျမဝတီကို ဧၿပီလ ၁၁ ရက္ေန႔ သိမ္းယူႏိုင္ျခင္းမွာ အခ်ိဳးအေကြ႕တစ္ခုျဖစ္သြားပါတယ္။ နစကအစိုးရ မၾကာခင္က်ဆုံးေတာ့မယ္လို႔ ေလ့လာသူမ်ားက ေကာက္ခ်က္ခ်တဲ့ အထိပါပဲ၊ ဒါေပမယ့္ ႏွစ္ပတ္မျပည့္မီေလးမွာပဲ ျမဝတီဟာ ေနျပည္ေတာ္လိုလားသူ စစ္ေခါင္းေဆာင္ ေစာခ်စ္သူရဲ႕လက္တြင္း ျပန္လည္သက္ဆင္းသြားတယ္လို႔ အီေကာ္ႏိုမစ္က ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လက္ရွိပကတိေျမျပင္သတင္းမ်ားကို ဆန္းစစ္ၾကည့္ရင္ တပ္မေတာ္နဲ႔ ေတာ္ လွန္ေရးအုပ္စုအမ်ိဳးမ်ိဳးတို႔အၾကား တိုက္ပြဲမ်ားနဲ႔ ရႈတ္ေထြးေနပါတယ္။ PDF ေခၚ ျပည္သူ႔ကာကြယ္ေရး အရပ္သားလက္နက္ကိုင္ အဖြဲ႕သစ္ေတြဟာ လြတ္ေျမာက္နယ္ေျမမ်ားမွာ ဆယ္စုႏွစ္မ်ားစြာ လႈပ္ရွားခဲ့တဲ့ တိုင္းရင္းသားလက္နက္ကိုင္ အ ဖြဲ႕မ်ားနည္းတူ သီးျခားႏိုင္ငံငယ္သဖြယ္နယ္ေျမတည္ေထာင္မႈမ်ားကို ျပဳလုပ္လာေနေၾကာင္း၊ ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ဟာ အေရးႀကီးတဲ့အခ်ိဳးအေကြ႕တစ္ခုကို ေရာက္ရွိေနၿပီး နစကအစိုးရဆန႔္က်င္ေရး အင္အားစုမ်ားအေနနဲ႔ နယ္စပ္ေဒသမ်ားမွာ ထူးထူးျခားျခား အျမတ္ရရွိျခင္းျဖင့္ ေနျပည္ေတာ္ရဲ႕ ထိန္းခ်ဳပ္မႈ အားနည္းေနၿပီျဖစ္ေၾကာင္း၊

ဒီလိုအခ်ိန္မွာ အေနာက္ႏိုင္ငံမ်ားအေနနဲ႔ ျမန္မာရဲ႕တိုင္းျပည္အစိတ္စိတ္အမႊာမႊာျဖစ္လာတဲ့ အေျခအေနကို အသိအမွတ္ျပဳၿပီး စင္ၿပိဳင္ႏိုင္ငံမ်ားထူေထာင္ေရးကို အားသြန္ႀကိဳးပမ္းရမွာျဖစ္ေၾကာင္း ၾသစေၾတးလ် ကာကြယ္ေရးတကၠသိုလ္ႏိုင္ငံတကာေရးရာပို႔ခ်သူ ေဒါက္တာ ေမာ္တန္ဘီပီဒါဆန္လို ပုဂၢိဳလ္က ထုတ္ေဖာ္ေရးသားတဲ့ အထိပါပဲ။ ျပည္သူမ်ားရဲ႕ ဘဝေနမႈ ပိုမိုေကာင္းမြန္ေအာင္ မရွိမျဖစ္ အေရးႀကီးဝန္ေဆာင္မႈမ်ားကို ေပးအပ္ ရန္၊ ထိရွလြယ္ လူတန္းစားတို႔အေပၚ ကာကြယ္ေပးရန္အတြက္ ထြန္းသစ္စ ႏိုင္ငံေရးအာဏာပိုင္မ်ားနဲ႔ ရပ္႐ြာအ အေျချပဳ အဖြဲ႕အစည္းမ်ား ခိုင္မာအားေကာင္းလာေစရန္ ကူညီသင့္တယ္လို႔ တိုက္တြန္းေနပါတယ္။

၂၀ ရာစုေစာေစာပိုင္း ဥေရာပ ေဘာ္လကန္ကြၽန္းဆြယ္ဟာ တစ္ေပါင္းတစ္စည္းတည္းရွိခဲ့တဲ့ တိုင္းျပည္အျဖစ္မွ ေသးငယ္ၿပီး အခ်င္းခ်င္းရန္လိုတဲ့ ႏိုင္ငံ/နယ္ေျမ/ယူနစ္မ်ားအျဖစ္ အစိတ္စိတ္အမႊာမြာ ကြဲထြက္သြားခဲ့ပါတယ္။ ၁၉ ရာစု ေအာ္တိုမန္အင္ပါယာၿပိဳကြဲခ်ိန္နဲ႔ ေဘာ္လကန္စစ္ပြဲမ်ား၊ ပထမကမာၻစစ္နဲ႔ အယ္လ္ေဘးနီးယားႏိုင္ငံ ေပၚေပါက္လာျခင္း၊ ဒုတိယကမာၻစစ္အၿပီး ယူဂိုဆလားဗီးယားႏိုင္ငံမွ ခ႐ိုေအးရွား၊ ဆားဗီးယား၊ ေဘာ့စနီးယား ဟာဇီဂိုဗီးနား၊ မြန္တီနီဂ႐ိုး၊ ကိုဆိုဗိုအျဖစ္ ကြဲထြက္သြားျခင္းကို ရည္ၫႊန္းပါတယ္။ လူမ်ိဳး-ဘာသာစုံ တိုင္းျပည္ ႀကီးတစ္ခုမွ တိုင္းရင္းသား/ဘာသာဝင္လူမ်ိဳးစုတို႔က အသီးသီးခ်ဳပ္ကိုင္ၿပီး ပိုမိုေသးငယ္တဲ့ တိုင္းျပည္ေလးမ်ား အျဖစ္ ခြဲထြက္ျခင္း၊ လူမ်ိဳးေရးပဋိပကၡမ်ားနဲ႔ ၿပိဳကြဲသြားျခင္းကို ဆိုလိုပါတယ္။ အာဖရိက၊ ေျမထဲပင္လယ္ အေရွ႕ ပိုင္းစသည္ျဖင့္ မည္သည့္ေဒသ၌ျဖစ္ေစ အေျခအေနတစ္ရပ္ဟာ အၾကမ္းပတမ္း ပဋိပကၡ သို႔မဟုတ္ ကြဲထြက္ သြားရေလာက္ေအာင္ျဖစ္လာတဲ့အခါ “ေဘာ္လ္ကန္ႏိုက္ေဇးရွင္း” ျဖစ္ေနၿပီလို႔ ရည္ၫႊန္းတတ္ၾကပါတယ္။

ျမန္မာရဲ႕ နယ္စပ္အနီးတဝႈိက္ေဒသမ်ားဟာ အလြန္အားနည္းခ်က္ ရွိပုံရပါတယ္။ ေဒသခံတိုင္းရင္းသား လက္ ကိုင္အဖြဲ႕ေတြဟာ တ႐ုတ္ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ အိႏၵိယ-ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔နဲ႔ ထိစပ္ေနတဲ့ ခ်င္းျပည္နယ္အတြင္း နယ္ေျမအမ်ားအျပားကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ ႏိုင္ငံ့အေနာက္ဘက္ လူ ၁ သန္းခန႔္ ေနထိုင္တဲ့ ၿမိဳ႕နယ္ ၁၇ ခု အနက္ အနည္းဆုံး ၉-ၿမိဳ႕နယ္ကို သိမ္းယူလိုက္ျခင္းျဖင့္ ရခိုင္ျပည္နယ္ဟာ အစိုးရထိန္းခ်ဳပ္ႏိုင္ျခင္း မရွိတဲ့ ျမန္မာႏိုင္ငံရဲ႕ အႀကီးဆုံးေဒသတစ္ခုျဖစ္လာတယ္လို႔ ကမ္း႐ိုးတန္းျပည္နယ္ရဲ႕ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ AA က ဆိုပါတယ္။ ဒါေပမယ့္ ေတာ္လွန္ေရးအင္အားစုမ်ားကို သူတို႔ ရွဲဒိုး အုပ္ခ်ဳပ္ေရးက ဦးေဆာင္ေနျခင္းျဖစ္ၿပီး တိုင္းျပည္ရဲ႕ ၆၀% ေက်ာ္ကို သူတို႔အဖြဲ႕မ်ားက ထိန္းခ်ဳပ္ထားျခင္း တယ္လို႔ NUG ေခၚ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးအစိုးရ (NUG) ေျပာေနျပန္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တိုင္းရင္းသားလူမ်ိဳးစုတို႔ အမ်ားဆုံးေနထိုင္ရာ နယ္စပ္ေဒသမ်ားမွာ နစကအစိုးရရဲ႕ ထိန္းခ်ဳပ္မႈ အားနည္းေန သည့္တိုင္ အေရးပါတဲ့ ၿမိဳ႕ႀကီးမ်ား အပါအဝင္ အခ်က္အခ်ာက်ေနရာအမ်ားအျပားကို လႊမ္းမိုးထားဆဲ ျဖစ္ ေၾကာင္း ေတြ႕ျမင္ေနရပါတယ္။

တပ္မေတာ္ကို အခက္ေတြ႕ေစတဲ့ အခ်က္တစ္ခုမွာ လက္နက္ကိုင္တပ္ဖြဲ႕ဝင္မ်ားရဲ႕ တစ္ထီးတစ္နန္းျဖစ္မႈပဲ ျဖစ္ပါတယ္။ ဆယ္စုႏွစ္မ်ားစြာၾကာ လူမႈေရးဝန္ေဆာင္မႈမ်ားနဲ႔ အလားအလာရွိတဲ့ လုပ္ငန္းတို႔ရဲ႕ ေနရာဆက္ခံ မႈတို႔အတြက္ တပ္မေတာ္သာ ႏိုင္ငံရဲ႕တစ္ခုတည္းေသာ ေထာက္ပံ့ေရးအဖြဲ႕အစည္းျဖစ္ေနခဲ့ပါတယ္။ တပ္မ ေတာ္ရဲ႕ စည္းလုံးညီၫြတ္မႈနဲ႔ တည္ၿငိမ္မႈဟာ လူအမ်ားကို ဆြဲေဆာင္ႏိုင္တဲ့အထိပါပဲ။ စစ္တပ္ဟာ “ႏိုင္ငံတစ္ ခုအတြင္းမွ ႏိုင္ငံျဖစ္ေနတယ္” လို႔ ဝါရွင္တန္ရွိ ေဂ်ာ့ေတာင္း တကၠသိုလ္ ျမန္မာ့အေရးေလ့လာသူ “ေဒးဗစ္_စ တိုင္းဘတ္”က မွတ္ခ်က္ေပးပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ဝန္ေဆာင္မႈအားလုံးက စစ္သားေတြနဲ႔ သူတို႔ရဲ႕ မိသားစု ေတြကို က်န္လူ႔အဖြဲ႕အစည္းမွ သီးျခားသဖြယ္ ဖန္တီးေပးသလို ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒီကိစၥဟာ ၂၀၁၁ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္ၾကား ဆယ္စုႏွစ္မ်ားအတြင္း စစ္အစိုးရေနရာမွာ အရပ္ သားအုပ္ခ်ဳပ္ေရးနဲ႔ တရားဝင္ အေျပာင္းအလဲျဖစ္ခဲ့ၿပီး ျမန္မာတို႔ပြင့္လင္းျမင္သာလာတဲ့အခါ စိန္ေခၚမႈ ျဖစ္လာပါတယ္။ စစ္တပ္မုန္း တီးေရး တြင္က်ယ္လာၿပီး လူငယ္အေတာ္မ်ားမ်ားတို႔ဟာ စစ္ထဲဝင္ရန္ ျငင္းဆန္ၾကျခင္း၊ မေထာင္သား စစ္သား အခ်ိဳ႕ရဲ႕ အျပစ္အနာအဆာမ်ားေၾကာင့္ တပ္မေတာ္မွာ အင္အားေလ်ာ့နည္းလာပါတယ္။ ယခင္အစိုးရမ်ားရဲ႕ ေကာင္းေမြ ဆိုးေမြမ်ားနဲ႔ တပ္မေတာ္ဟာ လူ႔အဖြဲ႕အစည္းနဲ႔ အထီးက်န္ေနၿပီး လက္နက္နဲ႔ စီးပြားေရးလုပ္ငန္း မ်ားမွာ ေငြေၾကးမ်ားစြာ ျမဳပ္ဝင္ေနပါတယ္။ တစ္ဖက္မွာလည္း အရာရာကို ထိန္းခ်ဳပ္ထားရတဲ့အတြက္ အခက္ေတြ႕ေနရပါတယ္။ ေခါင္းေဆာင္မႈ အေျပာင္းအလဲ ျဖစ္ႏိုင္ေခ် ရွိေပမယ့္ ပိုၿပီး ေကာင္းလာတဲ့ အေျခအေန ေရာက္ဖို႔ အေတာ္ခဲယဥ္းပါလိမ့္မယ္။ နစကနဲ႔ ေတာ္လွန္ေရးတိုက္ပြဲမ်ားဟာ ပိုမိုအရွိန္ျမင့္လာၿပီး ပိုမိုျပင္းထန္လာႏိုင္ပါတယ္။

ျမန္မာႏိုင္ငံအတြင္း လက္ရွိစစ္ပြဲမ်ားဟာ တပ္မေတာ္နဲ႔ ျပည္တြင္းတိုင္းရင္းသားလူမ်ိဳးစုလက္နက္ကိုင္မ်ားအ ၾကား ပဋိပကၡမ်ားေၾကာင့္ ေဘာ္လကန္ႏိုက္ေဇးရွင္းအထိ ျဖစ္ႏိုင္ေျခရွိပါတယ္။ ပဋိပကၡေတြဟာ နက္ရႈိင္းတဲ့ သမိုင္းရင္းျမစ္မ်ား ရွိေနၿပီး ႀကီးမားက်ယ္ျပန႔္တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ သို႔မဟုတ္ လူမ်ိဳးစုအခ်ိဳ႕အတြက္ သီးျခား လြတ္လပ္တဲ့ ျပည္နယ္ရရွိေရး ေတာင္းဆိုမႈမ်ားကို ျဖစ္ေပၚေစခဲ့ပါတယ္။ ျမန္မာႏိုင္ငံဟာ ေဘာ္လကန္ႏိုက္ေဇး ရွင္း ျဖစ္ေတာ့မယ္လို႔ အာဆီယံကိုယ္တိုင္အပါအဝင္ ကမာၻ႔ႏိုင္ငံမ်ားက ႀကိဳတင္နိမိတ္ဖတ္ျခင္းမ်ား ရွိခဲ့ပါတယ္။ အေနာက္အုပ္စုစစ္ေရးေလ့လာသူမ်ားဆိုလွ်င္ သူတိုအစိုးရမ်ားက ဝင္ေရာက္စြက္ဖက္ရန္ တိုက္တြန္းေနပါ တယ္။ ကိုယ္တိုင္ကိုယ္က် လက္နက္ကိုင္ စြက္ဖက္ဖို႔လည္း အရိပ္အႁမြက္ေဖာ္ျပေနၾကပါတယ္။ အကယ္၍ အဲ့ဒီတင္းမာမႈေတြကို သံတမန္နည္းအရ ၿငိမ္းခ်မ္းတဲ့နည္းလမ္းျဖင့္ ေျဖရွင္းႏိုင္ျခင္း မရွိခဲ့လွ်င္ ျမန္မာႏိုင္ငံရဲ႕ လူမ်ိဳးစုမ်ားေနထိုင္ရာ ေဒသတစ္ေလွ်ာက္မွာ ပိုမိုၿပီး အကြဲကြဲအျပားျပား ျဖစ္လာႏိုင္ပါတယ္။

ျမန္မာႏိုင္ငံ ျပည္တြင္းစစ္ဟာ တိုင္းရင္းသားလက္နက္ကိုင္မ်ားနဲ႔ ပတ္သက္ေနတာေၾကာင့္ လူမ်ိဳးစုအလိုက္ သီးျခားကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေပးလိုက္ရင္ ျပႆနာေျပလည္သြားလိမ့္မယ္လို႔ အႀကံျပဳမႈမ်ားလည္း ရွိခဲ့ပါတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံအေနာက္ပိုင္း မၾကာေသးမီက အျဖစ္အပ်က္မ်ားဟာ အဲ့ဒီထင္ျမင္ခ်က္နဲ႔ တစ္လြဲစီျဖစ္ေနပါတယ္။ ပလက္ဝကို သိမ္းယူရရွိၿပီးေနာက္ ခ်င္းနဲ႔ ရခိုင္တိုင္းရင္းသားမ်ားအၾကား တင္းမာမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ခ်င္းလူမ်ိဳးမ်ားက ပလက္ဝကို သူတို႔ဇာတိေမြးရပ္ေျမရဲ႕ အစိတ္အပိုင္းအျဖစ္ ရႈျမင္ၾကၿပီး ရခိုင္အခ်ိဳ႕ကေတာ့ ယခင္တည္းက သူတို႔အပိုင္ျဖစ္တယ္လို႔ ယူဆၾကပါတယ္။ ျမန္မာစစ္တပ္ကို ပူးေပါင္းတိုက္ခိုက္ေနၾကေပမယ့္ ပလက္ဝကို ၿငိမ္းခ်မ္းစြာ အုပ္ခ်ဳပ္ရန္ နည္းလမ္းရွာေဖြဖို႔ လိုအပ္ေနေသးတယ္လို႔ အိႏၵိယအေျခစိုက္ “သည္ဟိႏၵဴ” ေဖေဖာ္ဝါရီလ ၅ ရက္က ေရးသားပါတယ္။

ရခိုင္နဲ႔ ခ်င္းျပည္နယ္ကို ျဖတ္သန္းၿပီး အိႏၵိယရဲ႕ကုလားတန္စီမံကိန္းက တည္ရွိေနပါတယ္။ စစ္ေတြေတာင္ဘက္ ေက်ာက္ျဖဴၿမိဳ႕မွာ တ႐ုတ္ရဲ႕ေရနက္ဆိပ္ကမ္းနဲ႔ ယူနန္ေရနံပိုက္လိုင္းဂိတ္ဝကလည္း တည္ရွိေနပါတယ္။ စီးပြားေရး-စစ္ေရး ထြန္းသစ္စန်ဴလက္နက္ပိုင္ အဲဒီ အိမ္ နီးခ်င္း အင္အားႀကီးႏွစ္ႏိုင္ငံဟာ နယ္ျခား အျငင္းပြားမႈမ်ိဳးလို ထိပ္တိုက္ေတြမႈမ်ားလည္း ရွိေနပါတယ္။ ဗ်ဴဟာေျမာက္တည္ေနရာနဲ႔ စီးပြားေရးအရ အ ေရးပါမႈေၾကာင့္ စိန္ေခၚမႈျဖစ္လာႏိုင္ပါတယ္။ အဲ့ဒီအခ်ိန္ မၾကာေသးမီ ရက္ပိုင္းအတြင္း ရခိုင္ေျမာက္ပိုင္း ဘူးသီး ေတာင္အေရးအခင္းနဲ႔ ဆက္ႏြယ္ၿပီး မဟာမိတ္ဆိုသူ NUG နဲ႔ ရခိုင္လက္နက္ကိုင္ AA အၾကား အျပန္အလွန္ စိတ္ပ်က္ေနၾကပါတယ္။

အလားတူ ျမန္မာတိုင္းရင္းသား လူမ်ိဳးစုအခ်င္းခ်င္း နယ္ေျမပိုင္ဆိုင္မႈနဲ႔ ပတ္သက္ၿပီး ရွမ္းျပည္နယ္ အေရွ႕ပိုင္း ဝနဲ႔ ရွမ္းမ်ိဳးႏြယ္စု၊ ရွမ္းျပည္ေတာင္ပိုင္း ပအို႔ဝ္နဲ႔ ကယန္း၊ ရွမ္းေျမာက္ပိုင္း ကခ်င္၊ ပေလာင္နဲ႔ ကိုးကန႔္တို႔ အၾကား ရႈတ္ေထြးမႈမ်ားဟာ ပဋိပကၡအတြင္းမွ ပဋိပကၡအသြင္ ရွိေနၿပီး တစ္ခ်က္ေလး လြဲမွားလိုက္တာနဲ႔ စစ္မီးလွ်ံထေတာက္ေလာင္ႏိုင္ပါတယ္။ ျမန္မာ့အေရးနဲ႔ ပတ္သက္လာရင္ အာဆီယံရဲ႕ ခ်ဥ္းကပ္ပုံဟာ Toothless Talking Shop “သြားမရွိသူမ်ားရဲ႕ ေလထန္ကုန္း”အျဖစ္ မီဒီယာမ်ားက ေျပာင္ေလွာင္ေရးသားၾကပါတယ္။ တကယ္ေတာ့ေတာ့ အာဆီယံသာ မက တ႐ုတ္ႏိုင္ငံတို႔ကပါ ျမန္မာႏိုင္ငံအတြင္း စစ္ပြဲမ်ားကို ေဒသအလိုက္ ရပ္ဆိုင္းေစလို႔သည္တိုင္ နိဂုံးခ်ဳပ္ဖို႔ အေတာ္ၾကာျမင့္ေနဦးမွာ ျဖစ္တယ္လို႔ အေမရိကန္ သတင္းနဲ႔ ထင္ျမင္ခ်က္ “Vox” ဝဘ္ဆိုက္ ဇန္နဝါရီလ ၁၅ ရက္က ေရးပါတယ္။

(Economist., 16 May 2024,” The military dictatorship controls less than 50% of Myanmar” ႏွင့္ ဆက္စပ္သတင္းမ်ားကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆို စုစည္း ေဖာ္ျပသည္။)

Related news

© 2021. All rights reserved.