မလှိုင်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို သတ်ဖြတ်ပြီးနောက် ကျောင်းထိုင်ဆရာတော်တစ်ပါးကိုပါ ထပ်မံဖမ်းဆီးသွား

 1069

Pearl (NP News) - မေ ၂၈

မလှိုင်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို သတ်ဖြတ်ပြီးနောက် ကျောင်းထိုင်ဆရာတော်တစ်ပါးကိုပါ ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထ‌နောင်းကိုင်းကျေးရွာသို့ မေလ (၂၇)ရက် ၊ နံနက် (၇) နာရီခန့်က အကြမ်းဖက်သမား (၂၀)ဦးခန့်က ဆိုင်ကယ်၊ ကားများဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့နောက် အဆိုပါကျေးရွာတွင် နေထိုင်သော ပြည်ခိုင်ဖြိုးပါတီ၏ ရပ်/ကျေးအတွင်း ရေးမှူးဖြစ်သူ ဦးမြင့်ဝင်း(၅၈)နှစ်၏ နေအိမ်သို့ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဦးမြင့်ဝင်းတွင် ရင်ဘက်ဖောက်ဝင်ဒဏ်ရာ(၂)ချက်၊ ယာနားထင် ဖောက်ဝင်ဒဏ်ရာ(၁)ချက်ရရှိကာသေဆုံးသွားခဲ့ပြီး အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း(၆)လုံး၊ ဆိုင်ကယ်(၂)စီး၊ ငွေကျပ်(၃၀)သိန်း၊ လပ်တာ့(၁)လုံး၊ ဒရုန်း(၁)စီး၊ ကင်မရာ(၁)ခုတို့ကိုလည်း ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ထနောင်းကိုင်းကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဉူးသောဘိတ (၄၆)နှစ်၊ ဝါတော် (၂၆)ဝါအား ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။ လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထ‌နောင်းကိုင်းကျေးရွာဝန်းကျင်တွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
မလႈိင္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ဦးကို သတ္ျဖတ္ၿပီးေနာက္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါးကိုပါ ထပ္မံဖမ္းဆီးသြား
Pearl (NP News) - ေမ ၂၈

မလႈိင္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ဦးကို သတ္ျဖတ္ၿပီးေနာက္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါးကိုပါ ထပ္မံဖမ္းဆီးသြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

မႏၲေလးတိုင္း၊ မလႈိင္ၿမိဳ႕နယ္၊ ထ‌ေနာင္းကိုင္းေက်း႐ြာသို႔ ေမလ (၂၇)ရက္ ၊ နံနက္ (၇) နာရီခန႔္က အၾကမ္းဖက္သမား (၂၀)ဦးခန႔္က ဆိုင္ကယ္၊ ကားမ်ားျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ အဆိုပါေက်း႐ြာတြင္ ေနထိုင္ေသာ ျပည္ခိုင္ၿဖိဳးပါတီ၏ ရပ္/ေက်းအတြင္း ေရးမႉးျဖစ္သူ ဦးျမင့္ဝင္း(၅၈)ႏွစ္၏ ေနအိမ္သို႔ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ ျဖတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္မႈေၾကာင့္ ဦးျမင့္ဝင္းတြင္ ရင္ဘက္ေဖာက္ဝင္ဒဏ္ရာ(၂)ခ်က္၊ ယာနားထင္ ေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္ရရွိကာေသဆုံးသြားခဲ့ၿပီး အၾကမ္းဖက္အဖြဲ႕က ေနအိမ္အတြင္းမွ လက္ကိုင္ဖုန္း(၆)လုံး၊ ဆိုင္ကယ္(၂)စီး၊ ေငြက်ပ္(၃၀)သိန္း၊ လပ္တာ့(၁)လုံး၊ ဒ႐ုန္း(၁)စီး၊ ကင္မရာ(၁)ခုတို႔ကိုလည္း ယူေဆာင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ထေနာင္းကိုင္းေက်း႐ြာ၊ ႐ြာလယ္ဘုန္းႀကီးေက်ာင္း၊ ေက်ာင္းထိုင္ဆရာေတာ္ ဥဴးေသာဘိတ (၄၆)ႏွစ္၊ ဝါေတာ္ (၂၆)ဝါအား ထပ္မံ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္းလည္း သိရသည္။ လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ထ‌ေနာင္းကိုင္းေက်း႐ြာဝန္းက်င္တြင္ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.