မြောက်ကိုရီးယား၏ စစ်ဘက်သုံးဂြိုလ်တု လွှတ်တင်ပြီးနောက် လေထဲ၌ပင်ပေါက်ကွဲ

 1343

Pika (NP News) - မေ ၂၈

မြောက်ကိုရီးယားနိုင်ငံဟာ မေလ(၂၇)ရက်နေ့မှာ စစ်ဘက်သုံးဂြိုလ်တုအသစ်ကို လွှတ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အသစ်တီထွင်ထားတဲ့ ဒုံးပျံအင်ဂျင်ဟာ ပျံသန်းစဉ်အချိန်အတွင်း လေထဲမှာပေါက်ကွဲသွားခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ၎င်းတို့ရဲ့ ဒုတိယမြောက်စပိုင်ဂြိုလ်တုဖြစ်လာမယ့် ဂြိုလ်တုကို လာမယ့်ဇူလိုင်လ(၄)ရက်နေ့မှာ လွှတ်တင်ဖို့ကြိုးပမ်းသွားမယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာမှာ ဒီလိုကြိုးပမ်းမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ၎င်းတို့ရဲ့ပထမဆုံး စပိုင်ဂြိုလ်တုကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အမျိုးသားအာကာသနည်းပညာ စီမံခန့်ခွဲရေး လက်ထောက် ညွှန်ကြားရေးမှူးချုပ်က 'စစ်ဘက်သုံးဂြိုလ်တုကို သယ်ဆောင်ထားတဲ့ ဒုံးပျံဟာ လွှတ်တင်ပြီးနောက် မကြာခင်မှာပဲ လေထဲမှာပေါက်ကွဲသွားခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

ပေါက်ကွဲသွားတဲ့ဒုံးပျံဟာ အသစ်တီထွင်ထားတဲ့ လောင်စာဆီအရည်သုံးဒုံးပျံဖြစ်ပြီး ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အခြားအကြောင်းအရာတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်တစ်ခုမှာရေးသားဖော်ပြထားပါတယ်။မြောက်ကိုရီးယားရဲ့ စစ်ဘက်သုံးဂြိုလ်တုလွှတ်တင်မှုဟာ ကျရှုံးခဲ့ပုံပေါ်တယ်လို့ တောင်ကိုရီးယား နဲ့ ဂျပန်တို့ရဲ့အရာရှိတွေက အစောပိုင်းမှာပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ဒုံးပျံတစ်စင်းကို ၎င်းရဲ့အနောက်ဘက်ကမ်းရိုးတန်း တောင်ပိုင်းကနေ မေလ (၂၇)ရက်နေ့၊ နံနက်(၁၀)နာရီ(၄၄)မိနစ်အချိန်မှာ လွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS) ကပြောကြားခဲ့ပါတယ်။ ပစ်လွှတ်မှုတွေ လုပ်ဆောင်ပြီးနောက် (၂)မိနစ်လောက်အကြာမှာ မြောက်ကိုရီးယားဒုံးပျံရဲ့ အပျက်အစီးအများအပြားကို ပင်လယ်ထဲမှာ ခြေရာခံတွေ့ရှိခဲ့တယ်လို့ (JCS) က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်တဲ့ အရာဝတ္ထုဟာ ပင်လယ်ဝါအတွင်း ပျောက်ကွယ်သွားခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီမာဆာဟာယာရှီက ပြောကြားခဲ့ပါတယ်။ ၎င်းက'ဒီပစ်လွှတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်ပြီး ကျွန်တော်တို့ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာကိစ္စတစ်ခုပဲဖြစ်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ေျမာက္ကိုရီးယား၏ စစ္ဘက္သုံးၿဂိဳလ္တု လႊတ္တင္ၿပီးေနာက္ ေလထဲ၌ပင္ေပါက္ကြဲ
Pika (NP News) - ေမ ၂၈

ေျမာက္ကိုရီးယားႏိုင္ငံဟာ ေမလ(၂၇)ရက္ေန႔မွာ စစ္ဘက္သုံးၿဂိဳလ္တုအသစ္ကို လႊတ္တင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အသစ္တီထြင္ထားတဲ့ ဒုံးပ်ံအင္ဂ်င္ဟာ ပ်ံသန္းစဥ္အခ်ိန္အတြင္း ေလထဲမွာေပါက္ကြဲသြားခဲ့တယ္လို႔ သိရပါတယ္။

ေျမာက္ကိုရီးယားအစိုးရဟာ ကမာၻပတ္လမ္းေၾကာင္းထဲမွာ ၎တို႔ရဲ႕ ဒုတိယေျမာက္စပိုင္ၿဂိဳလ္တုျဖစ္လာမယ့္ ၿဂိဳလ္တုကို လာမယ့္ဇူလိုင္လ(၄)ရက္ေန႔မွာ လႊတ္တင္ဖို႔ႀကိဳးပမ္းသြားမယ္လို႔ သတိေပးခ်က္ေတြ ထုတ္ျပန္ၿပီးေနာက္ နာရီပိုင္းအၾကာမွာ ဒီလိုႀကိဳးပမ္းမႈေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားဟာ ၎တို႔ရဲ႕ပထမဆုံး စပိုင္ၿဂိဳလ္တုကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ ကမာၻပတ္လမ္းေၾကာင္းအတြင္း ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ အမ်ိဳးသားအာကာသနည္းပညာ စီမံခန႔္ခြဲေရး လက္ေထာက္ ၫႊန္ၾကားေရးမႉးခ်ဳပ္က 'စစ္ဘက္သုံးၿဂိဳလ္တုကို သယ္ေဆာင္ထားတဲ့ ဒုံးပ်ံဟာ လႊတ္တင္ၿပီးေနာက္ မၾကာခင္မွာပဲ ေလထဲမွာေပါက္ကြဲသြားခဲ့ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

ေပါက္ကြဲသြားတဲ့ဒုံးပ်ံဟာ အသစ္တီထြင္ထားတဲ့ ေလာင္စာဆီအရည္သုံးဒုံးပ်ံျဖစ္ၿပီး ေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီး ျဖစ္ႏိုင္ေျခရွိတဲ့ အျခားအေၾကာင္းအရာေတြကို စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ထုတ္ျပန္ခ်က္တစ္ခုမွာေရးသားေဖာ္ျပထားပါတယ္။ေျမာက္ကိုရီးယားရဲ႕ စစ္ဘက္သုံးၿဂိဳလ္တုလႊတ္တင္မႈဟာ က်ရႈံးခဲ့ပုံေပၚတယ္လို႔ ေတာင္ကိုရီးယား နဲ႔ ဂ်ပန္တို႔ရဲ႕အရာရွိေတြက အေစာပိုင္းမွာေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ဒုံးပ်ံတစ္စင္းကို ၎ရဲ႕အေနာက္ဘက္ကမ္း႐ိုးတန္း ေတာင္ပိုင္းကေန ေမလ (၂၇)ရက္ေန႔၊ နံနက္(၁၀)နာရီ(၄၄)မိနစ္အခ်ိန္မွာ လႊတ္တင္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS) ကေျပာၾကားခဲ့ပါတယ္။ ပစ္လႊတ္မႈေတြ လုပ္ေဆာင္ၿပီးေနာက္ (၂)မိနစ္ေလာက္အၾကာမွာ ေျမာက္ကိုရီးယားဒုံးပ်ံရဲ႕ အပ်က္အစီးအမ်ားအျပားကို ပင္လယ္ထဲမွာ ေျခရာခံေတြ႕ရွိခဲ့တယ္လို႔ (JCS) က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားဘက္က ပစ္လႊတ္လိုက္တဲ့ အရာဝတၳဳဟာ ပင္လယ္ဝါအတြင္း ေပ်ာက္ကြယ္သြားခဲ့တယ္လို႔ ဂ်ပန္အစိုးရအဖြဲ႕အတြင္းဝန္ခ်ဳပ္ ယိုရွီမာဆာဟာယာရွီက ေျပာၾကားခဲ့ပါတယ္။ ၎က'ဒီပစ္လႊတ္မႈဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ခ်ိဳးေဖာက္တာျဖစ္ၿပီး ကြၽန္ေတာ္တို႔ျပည္သူေတြရဲ႕ လုံၿခဳံေရးအတြက္ စိုးရိမ္စရာကိစၥတစ္ခုပဲျဖစ္ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.