ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ ငြိမ်းချမ်းရေးလိုအပ်ချက် ရခိုင်ဒေသ (ဆောင်းပါး)

 1180

ဒေါက်တာအေးမောင် (NP News) - မေ ၂၉

လက်ရှိကာလ၌ နိုင်ငံတကာလူ့အဖွဲ့အစည်းအတွင်း နည်းပညာဆန်းသစ်တီထွင်မှု မြင့်မားခြင်း ကြောင့် ဖွံ့ဖြိုးတိုးတက်ခြင်း မညီမျှမှု ပြဿနာများကို နိုင်ငံအချင်းချင်းကြား ပိုမို၍ ထင်ရှားစွာ တွေ့မြင် လာရသည်။ ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံနှင့် အခြားသောနိုင်ငံများအကြား ကွာဟချက်များသည် ပိုမိုကျယ်ပြန့်လာနေပြီး၊ ကုန်ထုတ်လုပ်မှု နည်းပါးခြင်းသည်လည်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၏ အဓိက ချို့ယွင်းချက်တစ်ရပ် ဖြစ်နေဆဲဖြစ်သည်။

ယနေ့မြန်မာနိုင်ငံတွင် လွတ်လပ်သော ဆန်းသစ်တီထွင်မှုများအတွက် ကိုယ်ပိုင်စွမ်းဆောင်ရည် နှင့် နည်းပညာဆိုင်ရာအခြေခံများ အလွန်အားနည်းနေသဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း များသို့ မိမိဘာသာ လိုက်မီ တက်လှမ်းနိုင်ရန်မှာမူ အလွန်ပင်ခက်ခဲနေပါသေးသည်။ ထို့ကြောင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများနှင့် ခေတ်မီနည်းပညာများ မြန်မာနိုင်ငံအတွင်းသို့ ပါဝင်ပူးပေါင်းရောက်ရှိလာရေးမှာ ယနေ့ကာလ၌ အရေးတကြီး အလွန်လိုအပ်နေသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာတို့ ပါဝင် ပူးပေါင်း လုပ်ဆောင်နိုင်မှသာလျှင် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် များကို အချိန်တိုအတွင်း ကျဉ်းမြောင်းသည်ထက် ပိုကျဉ်းမြောင်းအောင် တစ်ဆင့်ချင်းတစ်ဆင့်ချင်း လိုက်မီနိုင်အောင် ကြိုးပမ်းဖန်တီး တည်ဆောက်ပေးနိုင်မည်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၏ အခက်အခဲများသည် မြန်မာနိုင်ငံ၏ သေးငယ်သော ကဏ္ဍ တစ်ရပ်သာ ဖြစ်သည်။ ရခိုင်ဒေသ၏ စီးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုသည် များစွာ ခေတ် နောက်ကျ ကျန်ရစ်နေသော်လည်း သဘာဝအရင်းအမြစ်များပေါကြွယ်ဝခြင်း၊ ပထဝီဝင် တည်ရှိနေရာ ကြောင့် အခြားသောဒေသများထက် အားသာချက်များစွာရှိသည်ကိုမူ သတိပြုကြရမည်ဖြစ်သည်။ ထို့ ကြောင့် ရခိုင်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အင်တိုက်အားတိုက် ပိုမိုဝင်ရောက်နိုင်ရန် ဆွဲ ဆောင်ပေးခြင်းဖြင့် ရခိုင်ပြည်နယ်၏ လိုအပ်ချက်များဖြစ်သည့် အခြေခံအဆောက်အအုံများကဏ္ဍ၊ စိုက် ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေး၊ ပညာရေးနှင့် အခြားစက်မှုလုပ်ငန်းများ ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အရင်းအမြစ်အားသာချက်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ပေးနိုင်ကြရမည်ဖြစ်သည်။ ထို့ပြင် ပြည်နယ်ဒေသအတွင်းရှိ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို ထိရောက်စွာ မြှင့် တင်ပေးခြင်းသည်လည်း ငြိမ်းချမ်းရေး၊ နယ်မြေတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအားလုံးအတွက် မရှိမဖြစ်လိုအပ်မည်ဖြစ်သည်။ကာလရှည်ကြာဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်လူမျိုးများ၏ မြို့ရွာများစွာ၊ နေအိမ်များစွာ ပျက်စီးဆုံးရှုံးကြရခြင်း၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ခြိမ်းခြောက်ခံနေရခြင်း၊ အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေရခြင်း ဖြစ်စဉ်တို့သည် အမှန်မြေပြင်၌ ဖြစ်ပျက်နေသည်။ ဖြစ်ပျက်နေဆဲဖြစ်သည်။ ထို့ပြင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပြုထားသည့် စီမံကိန်းများနှင့် စီမံကိန်းအတွင်း တာဝန်ယူထမ်းဆောင်နေကြရသည့် ဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း ဆိုးရွားစွာ ခြိမ်းခြောက်မှု ပြုလျက်ရှိဆဲဖြစ်နေသဖြင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ ၏ပုံရိပ်ကို ထိခိုက်စေခဲ့သလို မြန်မာနိုင်ငံအတွင်းသို့ ဆက်လက်ရင်းနှီးမြှုပ်နှံရန် လျာထားသည့် အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများကိုပါ ကျဆင်းစေခဲ့ရသည်။ အဆိုပါဖြစ်စဉ်တို့သည် အခြား တိုင်းရင်းသားဒေသများနည်းတူ ပြည်တွင်းစစ် ပဋိပက္ခ၏ဆိုးမွေများသာဖြစ်ရာ ဖွံ့ဖြိုးမှုအတွက် တည်ငြိမ်ပြီး တရားဥပဒေစိုးမိုးမှုသည် လိုသည်။ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ငြိမ်း ချမ်းရေးသည် ဆက်စပ်မြဲဖြစ်သည်။ အတိုချုပ်ရလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံရှိ အခြေခံ လူတန်းစားများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အလွန်အရေးပါသော အဓိကအကျဆုံး တွန်းအားကြီးတစ်ခုဖြစ်ရာ၊ မြန်မာနိုင်ငံအနေဖြင့် စွမ်းအားပြည့် ပူးပေါင်းဆောင်ရွက်ရန် နှင့် သဘာဝ အရင်းအမြစ်များကိုလည်း ကာကွယ်ထိန်းသိမ်းရန်လိုအပ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းများအားလုံး အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းမှုဆွေးနွေးပွဲများမှတစ်ဆင့် ပြဿနာများကို ညှိနှိုင်းအဖြေရှာ ဖြေရှင်းပေးကြရန် အထူးလိုအပ် သည်။ ထို့နည်းတူ ပြည်ပနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထား ရှိသည့် စီမံကိန်းတည်နေရာများတွင် နယ်မြေ တည်ငြိမ်အေးချမ်းမှုများ အပြည့်အဝရရှိရေးအတွက် စနစ်တကျ အကွက်ချကာကွယ်ထိန်းချုပ်မှုတို့ကို လုပ် ဆောင်ပေးရေးနှင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုထားသည့် စီမံကိန်းများနှင့် ဝန်ထမ်း များကို ခြိမ်းခြောက်နေသည့် ပဋိပက္ခများကို ရှောင်ရှားပေးကြရန် လိုအပ်ပါသည်။ အဆိုပါ လိုအပ်ချက်များကို နှစ်ဖက်စလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရေးသည် အထူးလိုအပ်သည်။

အောက်ဖော်ပြပါ အချက်(၃)ရပ်သည် ရခိုင်ပြည်နယ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ မြင့်မား ရေးအတွက် အရေးပါသည်ဖြစ်ရာ တာဝန်ရှိသည့် အစိုးရအဖွဲ့အစည်းအဆင့်ဆင့်၊ လူထုနှင့် နိုင်ငံရေးပါတီ များ၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြခြင်းဖြင့် လာလတ္တံ့သော နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအားလည်း ဖိတ်ခေါ်ခြင်းဖြစ်ရာ အထူးအလေးအနက်ထား အကောင် အထည်ဖော်အပ်ပေသည်။

၁။ လက်ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပြုထားသည့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးကြ ရန်နှင့် ဘေးကင်းပြီးတည်ငြိမ်သည့် ပတ်ဝန်းကျင်အတွင်း အချိန်မီအောင်မြင်စွာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး နှစ်ဖက်ပူးပေါင်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးကြ ရန် လိုအပ်ပါသည်။

၂။လက်ရှိစီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို အကာအကွယ်ပေးပြီး အန္တရာယ်ကင်းဇုန်အဖြစ် ထိန်း သိမ်းပေးခြင်းဖြင့် မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံ ကြည်မှုကို အပြည့်အဝ မြှင့်တင်ပေးနိုင်မည်ဖြစ်ရာ ဆုံးဖြတ်မှုများနှောင့်နှေး၍ မသေချာမှု ဖြစ်ပွားနေ ရသည့် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုပါ ယုံကြည်မှုများ ပြန်လည်ရရှိနိုင်အောင် သက်သေပြနိုင် မည်ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများလာရောက်ရန် ဆန္ဒများဖြစ်ပေါ်လာ စေကာ အချိန်မီရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်စေမည်လည်းဖြစ်ပါသည်။

၃။နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတည်ရှိရာ၌ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူဖြစ်စေမည့် လူမှုပတ် ဝန်းကျင်ကောင်းများကို ဖန်တီးပေးခြင်း၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအတွက် တည်ငြိမ်ပြီး ရေ ရှည်တည်တံ့သော အလုပ်အကိုင်အခွင့်အလမ်းများကိုဖန်တီးပေးခြင်းတို့သည် ရခိုင်ပြည်နယ်၏ လူမှုစီး ပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်သဖြင့် လိုအပ်မည်ဖြစ်သည်။

ထိုနည်းတူ မြန်မာနိုင်ငံသားများအားလုံး၏ အနာဂတ်ဘဝ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေ ရေးအတွက်လည်း သက်ဆိုင်သူများက အတူတကွ ပူးပေါင်းအကောင်အထည် ဖော်ပေးကြရန်မှာမူ အထူးလိုအပ်မည်ဖြစ်သည်။

zawgyi version
ေဒသဖြံ႕ၿဖိဳးေရး၊ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈ၊ ၿငိမ္းခ်မ္းေရးလိုအပ္ခ်က္ ရခိုင္ေဒသ (ေဆာင္းပါး)
ေဒါက္တာေအးေမာင္ (NP News) - ေမ ၂၉

လက္ရွိကာလ၌ ႏိုင္ငံတကာလူ႔အဖြဲ႕အစည္းအတြင္း နည္းပညာဆန္းသစ္တီထြင္မႈ ျမင့္မားျခင္း ေၾကာင့္ ဖြံ႕ၿဖိဳးတိုးတက္ျခင္း မညီမွ်မႈ ျပႆနာမ်ားကို ႏိုင္ငံအခ်င္းခ်င္းၾကား ပိုမို၍ ထင္ရွားစြာ ေတြ႕ျမင္ လာရသည္။ ဖြံ႕ၿဖိဳးတိုးတက္မႈအားနည္းေသာ ႏိုင္ငံတစ္ခုျဖစ္သည့္ ျမန္မာႏိုင္ငံႏွင့္ အျခားေသာႏိုင္ငံမ်ားအၾကား ကြာဟခ်က္မ်ားသည္ ပိုမိုက်ယ္ျပန႔္လာေနၿပီး၊ ကုန္ထုတ္လုပ္မႈ နည္းပါးျခင္းသည္လည္း ျမန္မာ့စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈက႑၏ အဓိက ခ်ိဳ႕ယြင္းခ်က္တစ္ရပ္ ျဖစ္ေနဆဲျဖစ္သည္။

ယေန႔ျမန္မာႏိုင္ငံတြင္ လြတ္လပ္ေသာ ဆန္းသစ္တီထြင္မႈမ်ားအတြက္ ကိုယ္ပိုင္စြမ္းေဆာင္ရည္ ႏွင့္ နည္းပညာဆိုင္ရာအေျခခံမ်ား အလြန္အားနည္းေနသျဖင့္ ကမာၻ႔ဖြံ႕ၿဖိဳးတိုးတက္မႈလမ္းေၾကာင္း မ်ားသို႔ မိမိဘာသာ လိုက္မီ တက္လွမ္းႏိုင္ရန္မွာမူ အလြန္ပင္ခက္ခဲေနပါေသးသည္။ ထို႔ေၾကာင့္ ႏိုင္ငံ ျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ ေခတ္မီနည္းပညာမ်ား ျမန္မာႏိုင္ငံအတြင္းသို႔ ပါဝင္ပူးေပါင္းေရာက္ရွိလာေရးမွာ ယေန႔ကာလ၌ အေရးတႀကီး အလြန္လိုအပ္ေနသည္။ ထိုသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ နည္းပညာတို႔ ပါဝင္ ပူးေပါင္း လုပ္ေဆာင္ႏိုင္မွသာလွ်င္ ျမန္မာႏိုင္ငံႏွင့္ အျခားႏိုင္ငံမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈ ကြာဟခ်က္ မ်ားကို အခ်ိန္တိုအတြင္း က်ဥ္းေျမာင္းသည္ထက္ ပိုက်ဥ္းေျမာင္းေအာင္ တစ္ဆင့္ခ်င္းတစ္ဆင့္ခ်င္း လိုက္မီႏိုင္ေအာင္ ႀကိဳးပမ္းဖန္တီး တည္ေဆာက္ေပးႏိုင္မည္ျဖစ္ပါသည္။

ရခိုင္ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေရး၏ အခက္အခဲမ်ားသည္ ျမန္မာႏိုင္ငံ၏ ေသးငယ္ေသာ က႑ တစ္ရပ္သာ ျဖစ္သည္။ ရခိုင္ေဒသ၏ စီးပြားေရးႏွင့္ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္မႈသည္ မ်ားစြာ ေခတ္ ေနာက္က် က်န္ရစ္ေနေသာ္လည္း သဘာဝအရင္းအျမစ္မ်ားေပါႂကြယ္ဝျခင္း၊ ပထဝီဝင္ တည္ရွိေနရာ ေၾကာင့္ အျခားေသာေဒသမ်ားထက္ အားသာခ်က္မ်ားစြာရွိသည္ကိုမူ သတိျပဳၾကရမည္ျဖစ္သည္။ ထို႔ ေၾကာင့္ ရခိုင္ျပည္နယ္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား အင္တိုက္အားတိုက္ ပိုမိုဝင္ေရာက္ႏိုင္ရန္ ဆြဲ ေဆာင္ေပးျခင္းျဖင့္ ရခိုင္ျပည္နယ္၏ လိုအပ္ခ်က္မ်ားျဖစ္သည့္ အေျခခံအေဆာက္အအုံမ်ားက႑၊ စိုက္ ပ်ိဳးေရးလုပ္ငန္း၊ ဝန္ေဆာင္မႈလုပ္ငန္း၊ ေဆးဝါးႏွင့္ က်န္းမာေရး၊ ပညာေရးႏွင့္ အျခားစက္မႈလုပ္ငန္းမ်ား က႑တို႔ ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ အရင္းအျမစ္အားသာခ်က္မ်ားကို အျပည့္အဝ အေကာင္အထည္ေဖာ္ေဆာင္ေပးႏိုင္ၾကရမည္ျဖစ္သည္။ ထို႔ျပင္ ျပည္နယ္ေဒသအတြင္းရွိ ျပည္သူမ်ား၏ အလုပ္အကိုင္ အခြင့္အလမ္းမ်ားႏွင့္ ျပည္သူမ်ား၏ လူေနမႈ အဆင့္အတန္းကို ထိေရာက္စြာ ျမႇင့္ တင္ေပးျခင္းသည္လည္း ၿငိမ္းခ်မ္းေရး၊ နယ္ေျမတည္ၿငိမ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအားလုံးအတြက္ မရွိမျဖစ္လိုအပ္မည္ျဖစ္သည္။ကာလရွည္ၾကာျဖစ္ပြားေနသည့္ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ရခိုင္လူမ်ိဳးမ်ား၏ ၿမိဳ႕႐ြာမ်ားစြာ၊ ေနအိမ္မ်ားစြာ ပ်က္စီးဆုံးရႈံးၾကရျခင္း၊ ျပည္သူမ်ား၏ အသက္အိုးအိမ္ စည္းစိမ္မ်ားကို ၿခိမ္းေျခာက္ခံေနရျခင္း၊ အိုးအိမ္မ်ားကို စြန႔္ခြာထြက္ေျပးေနရျခင္း ျဖစ္စဥ္တို႔သည္ အမွန္ေျမျပင္၌ ျဖစ္ပ်က္ေနသည္။ ျဖစ္ပ်က္ေနဆဲျဖစ္သည္။ ထို႔ျပင္ ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳထားသည့္ စီမံကိန္းမ်ားႏွင့္ စီမံကိန္းအတြင္း တာဝန္ယူထမ္းေဆာင္ေနၾကရသည့္ ဝန္ထမ္းမ်ား၏ လုံၿခဳံေရးကိုလည္း ဆိုး႐ြားစြာ ၿခိမ္းေျခာက္မႈ ျပဳလ်က္ရွိဆဲျဖစ္ေနသျဖင့္ ႏိုင္ငံတကာတြင္ ျမန္မာႏိုင္ငံ ၏ပုံရိပ္ကို ထိခိုက္ေစခဲ့သလို ျမန္မာႏိုင္ငံအတြင္းသို႔ ဆက္လက္ရင္းႏွီးျမႇဳပ္ႏွံရန္ လ်ာထားသည့္ အျခား ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ ယုံၾကည္မႈမ်ားကိုပါ က်ဆင္းေစခဲ့ရသည္။ အဆိုပါျဖစ္စဥ္တို႔သည္ အျခား တိုင္းရင္းသားေဒသမ်ားနည္းတူ ျပည္တြင္းစစ္ ပဋိပကၡ၏ဆိုးေမြမ်ားသာျဖစ္ရာ ဖြံ႕ၿဖိဳးမႈအတြက္ တည္ၿငိမ္ၿပီး တရားဥပေဒစိုးမိုးမႈသည္ လိုသည္။ ေဒသဖြံ႕ၿဖိဳးေရး၊ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ၿငိမ္း ခ်မ္းေရးသည္ ဆက္စပ္ၿမဲျဖစ္သည္။ အတိုခ်ဳပ္ရလွ်င္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ ရခိုင္ျပည္နယ္ႏွင့္ ျမန္မာႏိုင္ငံရွိ အေျခခံ လူတန္းစားမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို ျမႇင့္တင္ရာတြင္ အလြန္အေရးပါေသာ အဓိကအက်ဆုံး တြန္းအားႀကီးတစ္ခုျဖစ္ရာ၊ ျမန္မာႏိုင္ငံအေနျဖင့္ စြမ္းအားျပည့္ ပူးေပါင္းေဆာင္႐ြက္ရန္ ႏွင့္ သဘာဝ အရင္းအျမစ္မ်ားကိုလည္း ကာကြယ္ထိန္းသိမ္းရန္လိုအပ္သည္။

ထို႔ေၾကာင့္ ရခိုင္ျပည္နယ္ႏွင့္ ျမန္မာႏိုင္ငံ၏ စီးပြားေရးႏွင့္လူမႈေရး ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ရန္ အတြက္ ရခိုင္ျပည္နယ္ရွိ ပဋိပကၡျဖစ္ပြားေနေသာ အဖြဲ႕အစည္းမ်ားအားလုံး အပစ္အခတ္ရပ္စဲ၍ ၿငိမ္းခ်မ္းမႈေဆြးေႏြးပြဲမ်ားမွတစ္ဆင့္ ျပႆနာမ်ားကို ညႇိႏႈိင္းအေျဖရွာ ေျဖရွင္းေပးၾကရန္ အထူးလိုအပ္ သည္။ ထို႔နည္းတူ ျပည္ပႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈထား ရွိသည့္ စီမံကိန္းတည္ေနရာမ်ားတြင္ နယ္ေျမ တည္ၿငိမ္ေအးခ်မ္းမႈမ်ား အျပည့္အဝရရွိေရးအတြက္ စနစ္တက် အကြက္ခ်ကာကြယ္ထိန္းခ်ဳပ္မႈတို႔ကို လုပ္ ေဆာင္ေပးေရးႏွင့္ ရခိုင္ျပည္နယ္အတြင္း ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈျပဳထားသည့္ စီမံကိန္းမ်ားႏွင့္ ဝန္ထမ္း မ်ားကို ၿခိမ္းေျခာက္ေနသည့္ ပဋိပကၡမ်ားကို ေရွာင္ရွားေပးၾကရန္ လိုအပ္ပါသည္။ အဆိုပါ လိုအပ္ခ်က္မ်ားကို ႏွစ္ဖက္စလုံးက ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေပးေရးသည္ အထူးလိုအပ္သည္။

ေအာက္ေဖာ္ျပပါ အခ်က္(၃)ရပ္သည္ ရခိုင္ျပည္နယ္၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက႑ ျမင့္မား ေရးအတြက္ အေရးပါသည္ျဖစ္ရာ တာဝန္ရွိသည့္ အစိုးရအဖြဲ႕အစည္းအဆင့္ဆင့္၊ လူထုႏွင့္ ႏိုင္ငံေရးပါတီ မ်ား၊ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးၾကျခင္းျဖင့္ လာလတၱံ့ေသာ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံသူမ်ားအားလည္း ဖိတ္ေခၚျခင္းျဖစ္ရာ အထူးအေလးအနက္ထား အေကာင္ အထည္ေဖာ္အပ္ေပသည္။

၁။ လက္ရွိ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ ျပဳထားသည့္ စီမံကိန္းမ်ား၏ ေဘးကင္းလုံၿခဳံမႈကို ကာကြယ္ေပးၾက ရန္ႏွင့္ ေဘးကင္းၿပီးတည္ၿငိမ္သည့္ ပတ္ဝန္းက်င္အတြင္း အခ်ိန္မီေအာင္ျမင္စြာ စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားႏိုင္ေရး ႏွစ္ဖက္ပူးေပါင္းထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ေပးၾက ရန္ လိုအပ္ပါသည္။

၂။လက္ရွိစီမံကိန္းမ်ား၏ ေဘးကင္းလုံၿခဳံမႈကို အကာအကြယ္ေပးၿပီး အႏၲရာယ္ကင္းဇုန္အျဖစ္ ထိန္း သိမ္းေပးျခင္းျဖင့္ ျမန္မာႏိုင္ငံအတြင္း လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံသည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ ယုံ ၾကည္မႈကို အျပည့္အဝ ျမႇင့္တင္ေပးႏိုင္မည္ျဖစ္ရာ ဆုံးျဖတ္မႈမ်ားေႏွာင့္ေႏွး၍ မေသခ်ာမႈ ျဖစ္ပြားေန ရသည့္ အျခားႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားကိုပါ ယုံၾကည္မႈမ်ား ျပန္လည္ရရွိႏိုင္ေအာင္ သက္ေသျပႏိုင္ မည္ျဖစ္သည္။ ရခိုင္ျပည္နယ္ႏွင့္ ျမန္မာႏိုင္ငံသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားလာေရာက္ရန္ ဆႏၵမ်ားျဖစ္ေပၚလာ ေစကာ အခ်ိန္မီရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္လာႏိုင္ေစမည္လည္းျဖစ္ပါသည္။

၃။ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈတည္ရွိရာ၌ အေျခခံအေဆာက္အအုံတည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ စက္မႈက႑ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ အေထာက္အကူျဖစ္ေစမည့္ လူမႈပတ္ ဝန္းက်င္ေကာင္းမ်ားကို ဖန္တီးေပးျခင္း၊ ရခိုင္ျပည္နယ္အတြင္း ေနထိုင္သူမ်ားအတြက္ တည္ၿငိမ္ၿပီး ေရ ရွည္တည္တံ့ေသာ အလုပ္အကိုင္အခြင့္အလမ္းမ်ားကိုဖန္တီးေပးျခင္းတို႔သည္ ရခိုင္ျပည္နယ္၏ လူမႈစီး ပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္မႈကို ျမႇင့္တင္ေပးမည္ျဖစ္သျဖင့္ လိုအပ္မည္ျဖစ္သည္။

ထိုနည္းတူ ျမန္မာႏိုင္ငံသားမ်ားအားလုံး၏ အနာဂတ္ဘဝ ဘက္စုံ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ရရွိေစ ေရးအတြက္လည္း သက္ဆိုင္သူမ်ားက အတူတကြ ပူးေပါင္းအေကာင္အထည္ ေဖာ္ေပးၾကရန္မွာမူ အထူးလိုအပ္မည္ျဖစ္သည္။

Related news

© 2021. All rights reserved.