ချောင်းနှစ်ခွ (၅၁)ရက်တိုက်ပွဲ သို့မဟုတ် သက်ရှိစည်းရိုးတို့ရဲ့ စိတ်ဓာတ်ရေးရာအောင်ပွဲ

 6455

Pearl (NP News) - မေ ၃ဝ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွအနီးရှိ လုံခြုံရေးစခန်းများကို KNU ပူးပေါင်းအဖွဲ့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၀)ရက်က စတင်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စစ်ကူလာနိုင်မည့် လမ်းကြောင်းများကိုလည်း KNU ပူးပေါင်းအဖွဲ့က ဖြတ်တောက်ကာ ရက်ပေါင်း(၅၀)ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ထိုသို့ ပိတ်ဆို့ခံထားရစဉ် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ ကိုယ်တိုင်ပါဝင် ခုခံတိုက်ခိုက်ခဲ့သူတစ်ဦးကို The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်းထားမှုများအား NP News တွင် ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး - ပထမဆုံးမေးချင်တာက ချောင်းနှစ်ခွက ဘယ်လိုမျိုးဒေသမျိုးလဲ။ ပတ်ပတ်လည်မှာ ဘယ်လိုရွာတွေရှိလဲ။ ပြီးတော့ ဘာလူမျိုးတွေ နေထိုင်ကြတာလဲ။
ဖြေ - ချောင်းနှစ်ခွက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အစပ်၊ အတ္ထရံမြစ်ရဲ့ဘေးမှာပေါ့နော်။ ကရင်ပြည်နယ် ဘက်ခြမ်း ရောက်သွားတာပေါ့။ အတ္ထရံမြစ်ရဲ့ ကရင်ဘက်ခြမ်းကိုရောက်တာ။ အဲဒီနားမှာ ရွာတွေက မွန်ရှိတယ်၊ ကရင်ရှိတယ်၊ ဗမာရှိတယ်။ ချောင်းနှစ်ခွကလည်း မွန်၊ ကရင် ၊ ဗမာပြီးတော့ ဘေးပတ်လည်ရွာတွေကလည်း မွန်၊ ကရင် ရောနေတဲ့ ရွာတွေပေါ့။

မေး - ချောင်းနှစ်ခွကိုတိုက်မယ်ဆိုတဲ့ သတင်းကော ကြိုရလား။ ရခဲ့တယ်ဆိုရင် ဒေသခံတွေရဲ့သဘော ထားတွေက ဘယ်လိုသဘောထားတွေဖြစ်မလဲ။ ဒေသခံတွေကကော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ - ချောင်းနှစ်ခွကိုတိုက်မယ်၊ ဘယ်အချိန်တိုက်မယ်ဆိုတာ သတင်းကတော့ တောက်လျှောက်ရနေတာ။ ပြီးတော့ အတ္ထရံတံတား။ ချောင်းနှစ်ခွတံတား ကိုချိုးမယ်လို့ သတင်းရတာ။ ရွာသားတွေကလည်း ချိုးတော့ဘာရမှာလဲ။ ချောင်းနှစ်ခွကိုတိုက်တော့ကော သူတို့က ဘာကိုလိုချင်လို့တိုက်လဲ၊ ရည်ရွယ်ချက်ကဘာလဲပေါ့။ ချောင်းနှစ်ခွကို မွန်ပြည်နယ်ကနေ ကရင်ပြည်နယ်ထဲ ဆွဲထည့်ချင်တာလားပေါ့။ ချောင်းနှစ်ခွ တံတားချိုးလိုက်ပြီးရင် ဟိုဘက်ကို လွတ်မြောက်နယ် မြေအဖြစ်လုပ်ချင်တာလားပေါ့။ ချောင်းနှစ်ခွကို လုပ်ပြီး ကြာအင်းဆိပ်ကြီးကိုပါလုပ်ရင် သူတို့ လွတ် မြောက်နယ်မြေဖြစ်ချင်တာလားပေါ့။ ရွာသားတွေက တိုက်ပွဲမဖြစ်စေချင်ဘူး။ ငြိမ်းချမ်းမှုကိုပဲ လိုချင်တယ်။ ဒီတံတား ကိုပဲ မှီခိုပြီး သွားလာနေတာဖြစ်တဲ့အတွက်ကြောင့်မို့ ဖြစ်တာက မဖြစ်စေချင်ဘူး။ အေးအေး ဆေးဆေးပဲနေချင်တာပေါ့။ ဖြစ်ပြီဆိုတော့လည်း အကုန်လုံးပျက်စီးသွားတာပေါ့။

မေး - တိုက်ပွဲစဖော်တော့ကော ဘယ်လိုပုံစံနဲ့ စဖော်လဲ။
ဖြေ - ချောင်းနှစ်ခွကို တိုက်တော့မယ့်အချိန်မှာ အရင်ဆုံး သူတို့ အားဖြည့်နေခဲ့တယ်။ လက်နက်ခဲ ယမ်းဖြည့်နေခဲ့တယ်။ ပြီးတော့ နယ်မြေကို လှုပ်ရှားတယ်။ ရွာထဲကို၊ ရွာရဲ့ပတ်ဝန်းကျင်ကို သူတို့လူတွေ အရပ်ဝတ်တွေနဲ့၊ ရွာခံတွေပါတာပေါ့။ အထဲမှာ ရှိနေခဲ့တယ်။ ရှိနေပြီးတော့ စတိုက်တဲ့အချိန်မှာ သူတို့ကဒရုန်းကို အများဆုံးသုံးသွားတာပေါ့။ (၁၁)လပိုင်း (၁၀)ရက်နေ့ မနက်အစောကြီး (၄)နာရီခွဲမှာစပြီး ဒရုန်းနဲ့စချတယ်။ သူတို့မှန်းထားတာလည်း ရက်ပိုင်း လေးပဲမှန်းထား တာဆိုတော့ ပထမပိုင်းမှာတော့ သူတို့အင်အားမများဘူး။ (၃၀ဝ)လောက်ပဲရှိမယ်။ အင်အား (၃၀ဝ)လောက်နဲ့ပဲ ချောင်းနှစ်ခွရဲ့အနားက မရမ်းကုန်းဆိုတဲ့ရွာမှာ သူတို့စပြီးထိုင်တာပေါ့။ ထိုင်ပြီးတော့ ဒရုန်းတွေ လာလာချတာ။ (၄)နာရီခွဲမှာစပြီး ဒရုန်းနဲ့စချပြီး သိပ်မကြာခင် (၇)နာရီလောက်မှာ အောက်ခြေကနေ မီတာ (၈၀ဝ)လောက်ကနေ သူတို့ ဝိုင်းနေပြီ။ ရွာပတ်ချာလည် လေးမျက်နှာကနေဝင်ပြီးတော့ ဖြည်းဖြည်းချင်းကပ်နေတာ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီမှာ ကာကင်းတွေ လေးမျက်နှာလုံးမှာရှိတယ်။ သတင်းရကတည်းက ကာကင်းတွေကို ကြိုထုတ်ထားပြီးတော့ အင်အားဖြည့် ထားတာ။ သူတို့ အဓိကကတော့ ဒရုန်းကိုသုံးသွားတယ်။ စစချင်းမှာတော့ အင်အားမများဘူး။ အဖွဲ့ငယ်ပေါင်းက ခေါင်းဆောင်(၁၇)ယောက်နဲ့ (၁၇)ဖွဲ့။ တစ်ဖွဲ့မှာတော့ အင်အားမများဘူး။ (၁၀)ယောက် ၊ (၁၅)ယောက်နဲ့ခေါင်းဆောင် တစ်ယောက်။ ပြီးရင် အယောက်(၃၀)ကို ခေါင်းဆောင်တစ်ယောက်ပေါ့။ ကျွန်တော်တို့က အင်တာဖမ်း (ကြားဖြတ်နား ထောင်ခြင်း) လို့ရတာ။ အင်တာဖမ်းမိတာကလည်း တိုက်ပွဲစပြီးတော့ (၈)ရက်မြောက်လောက်မှာ အင်တာဖမ်းလို့ရတာ။ အဲဒီအချိန်မှာ ဘယ်နှဖွဲ့ပါလဲဆိုတာသိရတာ။

မေး - တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က အင်အားကကော ဘယ်လောက်ရှိလဲ။ တိုက်ပွဲကကော အချိန်ဘယ် လောက်လောက်ကြာသွားလဲ။ ဘယ်လောက်ထိ ပြင်းထန်လဲ။ ပြီးတော့ တိုက်ပွဲအတွင်းမှာ ဘယ်လိုမျိုးတွေကြုံ တွေ့ခဲ့ရ လဲ။
ဖြေ - တိုက်ပွဲမတိုင်ခင် တစ်လလောက်အလိုမှာ ကျွန်တော်တို့ဆီကို လက်နက်ကြီးအဖွဲ့၊ အမြောက်တပ်ဖွဲ့ရောက် လာ တယ်။ အမြောက်တပ်ဖွဲ့က (၅)ယောက်ပေါ့။ လက်နက်ကြီးနှစ်လက်ပါတယ်။ အဲဒါရောက်လာတယ်။ ပြီးရင် အမြောက် ကိုကာပေးမယ့် အဖွဲ့က အယောက်(၂၀)ပါတယ်။ ကျွန်တော်တို့ အင်အားရှိခဲ့တာတော့ (၃၄) ယောက်ရှိခဲ့တယ်။ ရဲ အယောက်(၂၀)ရှိတယ်။ ပြီးတော့ ကျွန်တော်တို့နေရာ ဖြန့်ယူထားတာက တံတားရဲ့ဘက်မှာ။ ပြီးတော့ ကျွန်တော်တို့ ယူရတဲ့ တံတားကကျတော့ ဟိုဘက်ခြမ်းရော ဒီဘက်ခြမ်းရောမှာ လုံခြုံရေးထား‌ပေးရတယ်။ ပြီးတော့ ကာကင်းကျတော့ နှစ်နေရာထပ်ထုတ်ထားတယ်။ တပ်စုတစ်စုကတော့ ရွာရဲ့ထိပ်မှာနေရာ ယူထားတယ်။ ပြီးတော့ ရွာရဲ့အရှေ့ဘက်မှာ တပ်စိပ်တစ်စိပ် ချထားပေးတယ်။ စခန်းတွင်း အင်အားကတော့ (၂၅)လောက်ပဲရှိတယ်။ အပြင်တွေမှာလည်း ထုတ်ထားတယ်။ စပြီး သူတို့ ဝင်လုံးရင်းလုံးရင်းနဲ့ အရင်ဆုံးစပြီးယူတာ တံတားကိုယူတာပေါ့။ တံတား ဒီဘက်အခြမ်းမှာ တပ်စိပ်တစ်စိပ်နဲ့ အောက်ခြေကလည်းလုံးတယ်။ ပြီးတော့ ဒရုန်းကလည်း ချတယ်ဆိုတော့ (၃)ရက်၊ (၄)ရက်‌မြောက် လောက်မှာ ကျွန်တော်တို့မှာ ကျည်ဆန်က တော်တော်နည်းလာတယ်။ ပြီးတော့ တံတားကိုလည်း နှစ်ဖက်လုံးက ညှပ် တယ်။ အဲဒီအချိန်မှာ အင်အားကများလာပြီ။ သူတို့လူတွေက (၇၀ဝ)လောက်ရောက်လာပြီ။ (၁၄)ရက်နေ့မှာ တံတားက ကျသွားတယ်။ တံတားက တပ်စိပ်တွေ အသိမ်းခံလိုက်ရတယ်။ ကျွန်တော်တို့ ဘက်က (၁+၄) ပါသွားတယ်။ ကျန်တဲ့အဖွဲ့ ကလည်း ဘေးမှာရှိတဲ့စခန်းတစ်ခုကို တစ်ဖွဲ့သွားပေါင်းနိုင်တယ်။ တောင်ကလေးစခန်းမှာ သွားပေါင်းနိုင်တယ်။ အဲဒီနေ့မှာပဲ ကြာအင်ဆိပ်ကြီးဘက်မှာရှိတဲ့ တံတားဘက်ကအဖွဲ့တွေက (၁၄)ရက်နေ့ ညနေမှာပဲ ကျွန်တော်တို့ စခန်းထဲ ကို ပြန်လာပေါင်းတယ်။ အဲဒီနေ့မှာ ပဲတံတားကျသွားတာပေါ့။ တိုက်ပွဲကတော့ အားလုံးပေါင်း (၅၁) ရက်ကြာ တာပေါ့ နော်။ သူတို့ဘက်က လာတိုက်လို့ တံတားလည်းရသွားပြီဆိုတဲ့အချိန်မှာ ကျွန်တော်တို့ကာကင်းက (၂)နေရာပဲ ကျန် တော့တယ်။ သူတို့က အဲဒီကာကင်းတွေကို ထပ်တိုက်လာတယ်။ စခန်းကိုတော့ ဒရုန်းနဲ့ပဲထိန်းထားတယ်။ စခန်းထဲက နေလည်း အပြင်ကို စစ်ကူပေးလို့မရအောင် ဒရုန်းက တောက်လျှောက်ဝဲတယ်။ တစ်ရက်ကို ဒရုန်းအလုံးပေါင်း (၁၀ဝ)က နေ (၁၂၀) ဝန်းကျင်ချတယ်။ ကျွန်တော်တို့စခန်းက မီတာ (၂၀ဝ) ပတ်ချာလည်လောက်ပဲ ကျယ်တာကိုး။ အဲဒီထဲကို ဒရုန်းတွေချည်းချတာ။ အစောတည်းကနေချတာ ညထိမပြီးဘူး။ တောက်လျှောက်ချနေတာ။ သူတို့က အလှည့်ကျနဲ့ချ နေတာ။ ဒရုန်းတပ်ဖွဲ့ကနှစ်ဖွဲ့ပါတာ။ ချတော့ ကာကင်းအဖွဲ့တွေက နောက်ထပ် ဆက်တောင့် ပေးနိုင်တာ (၄)ရက်ပဲ ဆက်တောင့်ပေးနိုင်တယ်။ ကာကင်းနှစ်ခုလုံးက ခဲယမ်းနည်းနေပြီ။ ပြီးရင် ရိက္ခာ၊ ရေရနိုင်ဖို့လည်း ခက်ပြီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့စခန်းထဲကိုပဲ အကုန်ပြန်ခေါ်လိုက်ရတယ်။ အဲဒီမှာ ဒဏ်ရာရတဲ့လူတွေလည်း ရှိလာပြီဆိုတော့ စခန်းထဲကို နှစ်ဖွဲ့လုံးဆွဲသွင်းလိုက်တယ်။ (၈)ရက်မြောက်နေ့လောက်မှာ စခန်းထဲကို အားလုံး‌ ရောက် သွားပြီ။ ကာကင်း အဖွဲ့တွေပါ စခန်းထဲကို အားလုံးရောက်တော့ သူတို့က ဖြည်းဖြည်းချင်းတိုးလာနိုင်တယ် ကပ်လာတယ်။ ရွာထဲမှာ လူတွေကလည်း မရှိတော့ဘူး။ (၃)ရက်မြောက်နေ့မှာ ရွာသားတွေ အကုန်ထွက်သွားကုန်ပြီ။ ထွက်သွားတဲ့အချိန်မှာ ရွာရဲ့အိမ်တွေထဲမှာ သူတို့အားလုံးနေရာယူလိုက်တယ်။ ပြီးရင် သူတို့ဘန်ကာပြင်တယ်။ ဘန်ကာပြင်တဲ့ အချိန်တွေမှာကျတော့ ကျွန်တော်တို့ ကို ဒရုန်းနဲ့ တောက်လျှောက်ချတယ်။ လက်နက်ကြီးပစ်တယ်။ ဒါနဲ့ပဲ ထိန်းထားတာ။ ထိန်းထား ပြီးတော့ရွာမှာ အခိုင် အမာနေရာယူ လိုက်တော့တာပေါ့။ ရွာပတ်ချာလည်မှာ အခိုင်အမာနေရာယူလိုက်ပြီးတော့ ပထမဦးဆုံးစတိုက်တဲ့ (၁၀)ရက်နေ့မှာပဲ ကျွန်တော်တို့ဘက်က အရာရှိတစ်ယောက်ကျသွားတယ်။ အားလုံးပေါင်းကျ တာတော့ တပ်ရင်းမှူး အပါအဝင် (၇)ယောက်ကျတာပေါ့နော်။ တောက်လျှောက်ကတော့ သူတို့ရွာထဲမှာ ထိုင်နေပြီးတော့ စခန်းနားအထိ ကပ်နိုင်တဲ့အချိန်မှာ စနိုက်ပါနဲ့ပဲ ထောက်ထားပြီးတော့ နေ့စဉ်ရက်စက်က ထိတွေ့မှု ကတော့ဖြစ် နေတာပဲ။ ပစ်နေ တာပဲ။ ကျွန်တော်တို့က စခန်းထဲကထွက်လို့မရတော့တဲ့အချိန်မှာ သူတို့ကရွာ ကိုပတ်ထား လိုက်ပြီးပစ်တယ်။ အဲဒီမှာ အင်အား(၃၀ဝ)လောက်ချန်ထားခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့စခန်းထောင့်တွေ ထောင့်တွေတိုင်းမှာ ဝိုင်းထားတယ်။ (၃၀ဝ)ဝန်းကျင်နဲ့ အလုပ်လုပ်တယ်။ ပြီးတော့ ကျွန်တော်တို့ကို စစ်ကူလာမယ့်စစ်ကြောင်း ကို ဖြတ်တောက်ဖို့အတွက် က တံတားကိုချိုးလိုက်တာက (၁၁)ရက်မြောက်နေ့လောက်မှာ ချိုးလိုက်တာ။ ချောင်းနှစ်ခွ တံတားကြီးကို မိုင်းခွဲပြီးချိုး လိုက်တာ။ ချိုးပြီးတော့ တံတားကနေ စစ်ကူမလာ နိုင်တော့ဘူးဆိုတဲ့အချိန် ချောင်းနှစ်ခွရဲ့ ဟိုဘက်မှာ ရွာတွေ၊ ကျောက်ပွဲတို့ ရွာတွေရှိတယ်။ မွန်ရွာတွေ၊ မွန်ကရင်ရွာတွေ။ အဲဒီရွာတွေမှာ သူတို့အင်အား (၄၀ဝ) လောက်နဲ့ စစ်ကူလာ မယ့်အဖွဲ့ကို အားလုံးပိတ်ထားတယ်။ ဖြတ်ခဲ့တယ်။ ဖြတ်ခဲ့တဲ့အချိန်ကျတော့ ကျွန်တော်တို့ဆီကို စစ်ကူလာခဲ့တယ်။ စစ်ကြောင်းတစ်ကြောင်းလာခဲ့တယ်။ ပထမစစ်ကြောင်း နောက်ပြန်ဆုတ်သွားရတယ်။ လာလို့မရဘူး။ တံတားနားကို ကပ်တယ်။ တံတားနားကို သိမ်းဖို့လုပ်တဲ့အချိန်မှာ သူတို့ဘက်က အင်အားအရမ်းများတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘက်က ဆုတ်ပေးလိုက်တယ်။ နောက်တစ်ကြောင်း ထပ်တက်လာတယ်။ နှစ်ကြောင်းလုံး တိုးလို့မရတော့ ဘူးဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ BGF တပ်ဖွဲ့က အဖွဲ့တွေပါ ဝင်လာတာပေါ့။ ပြီးတော့ လမ်းကြောင်းတွေမှာ အင်အားဖြည့်တယ်။ ဖြည့်ပြီးတော့ (၁၇)ရက် မြောက်နေ့လောက်မှာ တပ်ရင်းမှူးကျသွားတယ်။ စနိုက်ပါနဲ့။ (၁၇)ရက် လုံးလုံးကလည်း တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေခဲ့တာ။ ကျပြီးနောက်ရက်မှာ ကျွန်တော်တို့ကို ပစ်ကူပေးဖို့အတွက် တောင်ကလေး စခန်းကို ရတခတိုင်းက ဗျူဟာမှူး လာထိုင်တယ်။ အဲဒီကနေ တောက်လျှောက်ပစ်ကူပေးတာပေါ့။ (၁၇)ရက်မြောက် လောက်မှာ ကျွန်တော်တို့မှာ ရိက္ခာလည်း တော်တော်လေးနည်းသွားပြီ။ ဆန်ပဲရှိတော့တယ်။ တခြား ဘာမှမရှိတော့ဘူး ပေါ့။ မရဘဲနဲ့ တောက်လျှောက် ဒီအတိုင်းပဲနေတယ်။ ဘယ်လိုမှ ထွက်လို့လည်းမရဘူး။ စစ်ကူကလည်း လာတာ မရောက်နိုင်ဘူးဆိုတဲ့ အနေအထားဖြစ်တာပေါ့နော်။ ဗျူဟာမှူးကတော့ စစ်ကူကို မရရအောင် လွှတ်မယ်။ တိုင်းက လည်း တောက်လျှောက်ဆက်သွယ်ပါတယ်။ ပြီးတော့ လိုအပ်တဲ့ ရိက္ခာတွေနဲ့ ခဲယမ်းနဲ့ချပေးမယ်ဆိုပြီး ခဲယမ်းတွေ လေယာဉ်နဲ့ချပေးမယ်ပေါ့။ ဒီကြားထဲလည်း ခဲယမ်းနှစ်ခေါက်ချပေးတယ်။ ရိက္ခာတော့ မရလိုက်ဘူး။ ရက် (၂၀)လောက် ကြာတဲ့အချိန်မှာ ကျွန်တော်တို့ကို ရိက္ခာတွေချပေးတယ်။ Y12 တွေနဲ့။ ရိက္ခာပြတ်နေပါပြီလို့ သတင်းပို့တဲ့ အချိန်မှာ ရိက္ခာချပေးတယ်။ ခဲယမ်းလည်း ချပေးတယ်။ တစ်ခါချရင် ၁၂ ထုပ်နဲ့လာချတာ။ ရိက္ခာ (၆)ထုပ်၊ ခဲယမ်း (၆)ထုပ်။ ဒါပေမဲ့ ကျွန်တော်တို့ အလွန်ဆုံးရခဲ့တာက ခဲယမ်းဆိုလည်း နှစ်ထုပ်လောက်ပဲရတယ်။ ရိက္ခာဆိုလည်း နှစ်ထုပ်လောက် ပဲရတယ်။ ကျန်တာတွေကအကုန် စခန်းအပြင်မှာကျတာဖြစ်တဲ့အတွက် ကောက်လို့မရဘူးပေါ့နော်။ အထုပ်လာချလို့ ကောက်တိုင်းလည်း ကျွန်တော့်လူတွေက တစ်ယောက်ပြီး တစ်ယောက်ထိတယ်။ ရက် (၂၀) ကျော်သွားတဲ့အချိန် မှာ ကျွန်တော့်ဆီမှာ ဒဏ်ရာရစစ်သည် ၁၅ ယောက်အထက်မှာဖြစ်သွားပြီ။ ပြန်ပစ်နိုင်တဲ့ အနေအထားတွေရော၊ ပြန်မပစ်နိုင်တဲ့အနေအထားတွေရော။ အဲဒီမှာ လက်ကျန်လူတွေနဲ့ပဲ ဘန်ကာတွေမှာ လိုက်ဖြန့်ထားပြီးတော့ ရတဲ့ အထုပ် လေးတွေခွဲ။ ကျည်ဆန်ဆိုရင် အဲဒီအချိန်မှာလူတစ်ယောက်မှာ (၃၀)လောက်ပဲကျန်တော့တယ်။ ဘာမှလုပ်လို့မရတော့ ဘူး။ အဲဒီမှာပဲ ကျည်ဆန်ချပေးလိုက်တော့ ကျည်ဆန်ပြန်ဖြည့်လိုက်နဲ့ သူတို့ကို ခံတိုက်နေတာပေါ့။ အဲဒီမှာလည်း သူတို့ ခဏခဏဝင်လုံးတယ်။ ခြံစည်းရိုးကိုဖောက်တယ်။ ဘက်ပေါင်းစုံကနေ ဝင်ကြည့်တယ်။ ထောင့်တွေကနေ၊ အားနည်း လောက်တယ်လို့ ထင်တဲ့နေရာတွေကနေ ဝင်ကြည့်တယ်။ ဝင်ကြည့်တိုင်းလည်း သူတို့ ပြန်ပြန်လန်ကျသွားတော့ မတိုးနိုင်ဘူး။ မတိုးနိုင်တော့ သူတို့ဘာတွေ လုပ်လဲဆိုတော့ ပထမပိုင်းမှာ နွားနဲ့တိုးတယ်။ နွားတွေလွှတ်ပြီးတော့ မောင်း တင်ပေးတယ်။ ဒရုန်းချတယ်။ နွားတွေ မောင်းတင်ပြီးတော့ မိုင်းရှိ၊ မရှိတွေကို စစ်ကြည့်တာပေါ့။ ပြီးရင် လူတွေ နောက်ကလိုက်တယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ထိတွေ့မှု ပြန်ဖြစ်တာပေါ့။ အဲဒီကနေမရဘူး။ နောက်ပြန်ဆုတ် တယ်။ အဝေးကြီး တော့မဆုတ်ဘူး။ မီတာ (၃၀ဝ)လောက်မှာပဲ သူက အခြေပြန်ချတာပေါ့။ ပြီးတော့ အိမ်အောက်တွေမှာ ဘန်ကာတွေနဲ့ ပုန်းကျင်းတွေတူးပြီး ဘန်ကာတွေ ဆောက်ထားတဲ့အခါကျတော့ သူတို့က လေယာဉ်လာတဲ့အချိန် အဲဒီ အောက်တွေထဲ ဝင်ဝင်သွားတာ။ လေယာဉ်က တောင်းတဲ့အချိန်တိုင်း လာပစ်ပေးတယ်။ လေယာဉ်လာတဲ့အချိန်ဆို သူတို့ ကျင်းထဲမှာနေတယ်။ လေယာဉ်ပြန်တဲ့အချိန်ဆိုရင် ပြန်ထွက်တိုက်တယ်။ နောက်ဆုံး သူတို့ ခြံစည်းရိုးနဲ့ကပ်နေတဲ့ အချိန်ကျတော့ သူတို့အသံကိုလည်း ကျွန်တော်တို့ ကြားရတယ်။ ကျွန်တော်တို့ပြောနေတာတွေကိုလည်း သူတို့ကြားရ တယ်။ အဲဒီအချိန်မှာ လက်နက်ချဖို့အတွက် ခဏခဏအော်တာပေါ့။ အဲဒီမှာ အယ်စေး ဝါးကိုယ်တိုင် လာပြီးတော့အော် တယ်။ ပြောတယ်။ လက်နက်ချဖို့။ လက်နက်ချရင် မိသားစုနဲ့ပြန်တွေ့မယ် ဘာညာအော်ပြီးပြောတယ်။ ကိုယ်တွေက လည်း ကိုယ်တွေလူတွေကို ပြန်စည်းရုံးထားတာ။ လက်နက်ချလို့မရဘူး၊ မချနဲ့။ ဒီအတိုင်းပဲ စခန်းကို သူတို့တိုက် နိုင်တယ်ဆိုရင်တိုက်။ ကျသွားရင်လည်းရတယ်။ သေသွားရင် စခန်းကျသွားလိမ့်မယ်။ အဲဒီအတိုင်းပဲခံတိုက်ပါ။ ရတဲ့ရိက္ခာကို မျှပြီးစားမယ်။ ဖြန့်ပြီးတော့ ထားမယ်ဆိုပြီးတော့ ဆက်တိုက်တာပေါ့။ စစ်သည်တွေအားလုံးက နောက်ပိုင်း မှာ တပ်ရင်းမှူးကျသွား တာကလည်း တစ်ပိုင်းပေါ့နော်။ အဲဒီအချိန်မှာ အကုန်လုံးခေါင်းဆောင်တွေကို ခေါ်တွေ့ပြီး တော့မှ အခြေအနေတွေကတော့ ကိုယ်တွေခေါင်းဆောင်ကိုတော့ စနိုက်ပါနဲ့ပစ်လိုက်တယ်။ ထိသွားတယ်။ စနိုက်ပါ ပေါင်ကိုထိပြီးတော့ သွေးထွက်လွန်ပြီးဆုံးသွားတယ်။ အဲဒါကြောင့် ငါတို့လည်း ငါတို့အတွက်အကျိုးအမြတ်မရှိဘဲနဲ့ ဒီနေရာကနေ လုံးဝစွန့်လို့မရဘူး။ စွန့်ပြီဆိုရင် ကျန်တဲ့စခန်းတွေပါ ဒုက္ခရောက်နိုင်တဲ့အတွက် လုံးဝ စိတ်ဓာတ်မကျပါနဲ့။ လက်နက်မချနဲ့ဆိုပြီးတော့ သေချာခေါ်မှာ။ ပြီးတော့မှ ခဲယမ်းတွေကိုမျှပြီးတော့မှ တချို့ဘန်ကာတွေမှာကျတော့ ခဲယမ်းကျန် နေသေးတယ်။ အဲဒါလေးကို ပြန်စုပြီးတော့ မျှလိုက်တာ။ ဘန်ကာလိုက်မျှပြီးတော့ သေချာမှပစ်တော့။ တစ်တောင့်ကို တစ်‌ယောက်နဲ့ပဲပစ်တော့။ ဒီအတိုင်းပဲ တောင့်ခံထားပါဆိုပြီးတော့ မှာလိုက်တယ်။ အဲဒီမှာ ကျန်ခဲ့တာ တစ်ခုရှိသေးတယ်။ အမြောက်က စခန်းကို ဝိုင်းပစ်ကူပေးသေးတယ်။ ကျွန်တော်တို့စခန်းကို ဝိုင်းထားတဲ့ (၄)ရက် မြောက်လောက်အထိ အထဲကနေ မီတာ (၂၀ဝ) ပတ်ချာလည်ကို ပြောင်း‌ထောင်ပြီးတော့ ပစ်နိုင်သေးတယ်။ နောက်ပိုင်း ကျတော့မှ အမြောက်ကိုထောင်ပြီးတော့ ခဲယမ်းကို အမြောက်ဆန်ထည့်ဖို့အတွက်တောင် အဆင်မပြေတော့ဘူး။ စနိုက်ပါတွေက ထောက်ထားတာဖြစ်တဲ့အတွက် အမြောက်ကသုံးလို့ မရတော့ဘူး။ အဲဒါ စခန်းထဲကအမြောက်သုံးလို့ မရတော့ တောင်ကလေးဘက်ကအမြောက်က ပစ်ကူပေးတာပေါ့။ တောင်ကလေးက ကျွန်တော်တို့ကို ထောင်ပေးထား တဲ့ စခန်းတစ်ခုရှိတယ်။ အဲဒီကနေ လှမ်းပြီးပစ်ကူပေးတယ်။ ကျွန်တော်တို့ အမြောက်တပ်ဖွဲ့ရော ရဲတပ်ဖွဲ့ရော သူ့နေရာ လိုက်သူဖြန့်ပြီးတော့ စခန်းကို (ဝ)လုံးပုံစံဝိုင်းပြီးတော့ နေရာယူပြီးတော့ ခံစစ်နဲ့ပဲ ပြန်သွားရတာပေါ့။ အဲဒီကြားထဲမှာ အခက်အခဲတော့ရှိတာပေါ့။ စားရေးသောက်ရေးအခက်အခဲ၊ ရေအခက်အခဲ၊ တခြားအုပ်ချုပ်မှု အခက်အခဲ တွေရော၊ ဆေးဝါးအခက်အခဲတွေက အများကြီးဖြစ်တာပေါ့။ တပ်ရင်းမှူးဆိုရင် မကျသင့်ဘဲနဲ့ ဆေးတွေကပြတ် သွားတာရှိတယ်။ နောက်ဆုံးဆိုရင် ကျွန်တော်တို့မှာ ဒရစ်ချိတ်ဖို့လောက်ပဲရှိတော့တယ်။ အကိုက်အခဲ ပျောက်ဆေးဆိုရင်တောင်မရှိတော့ တဲ့အချိန်မှာ ဆေးကုဖို့ခက်သွားတယ်။ ရိက္ခာချတဲ့အချိန်တွေကျမှ ကျွန်တော်တို့ဆေးတွေကို ရိက္ခာထုပ်တွေထဲမှာ ပေါင်းပြီးထည့်တာပေါ့။ (၅၁)ရက်လုံးမှာဆိုရင် တိုက်ပွဲချည်းရယ်လို့မဟုတ်ဘူး။ ဘေးကနေ စနိုက်ပါနဲ့ပစ်နေတာ။ ဘယ်လောက်ထိလဲဆိုရင် ရေတောင်ခပ်လို့ မရဘူး။ အပြင်ထွက်ပြီး အုပ်ချုပ်မှုကိစ္စလေးတောင် လုပ်လို့မရဘူး။ ဆက်သွယ်ရေးမြောင်းတွေကနေ လှိမ့်ပြီးသွားနေရတာ။ ဘန်ကာထဲမှာနေရင်းနဲ့လည်း နှစ်ယောက်ကျသွားတယ်။ နည်းနည်းလေး ထွက်တာနဲ့ပစ်တာ။ ဒီကျဉ်းကျဉ်းလေးထဲမှာထည့်ထားပြီး ဝိုင်းရိုက်နေသလိုမျိုးပေါ့။ ဒရုန်းကတော့ အပျင်းပြေလာချ နေသလိုပဲ။ ဘယ်လိုမှ လှုပ်လို့မရဘူး။ လက်ထွက်ရင် လက်ကိုပစ်တယ်။ ခြေထောက်ထွက်ရင် ခြေထောက်ပစ်တယ်။ ဘက်ပေါင်းစုံကပစ်နေတော့ ကျွန်တော်တို့လည်း ဘယ်ပြန်ပစ်ရမလဲ မသိဘူး။ ကျွန်တော်တို့ ဘက်က (၅၈)ယောက် ပြန်ပါလာတယ်။ နှစ်ယောက်တော့ကျတယ်။ ကျန်တာတော့ ဒဏ်ရာရတယ်။ အကောင်းပကတိ ကျန်တာ (၂၀)လောက်ပေါ့။ အင်အားက (၁၀)ဆမကဘူးလေ။ သူတို့က အားလုံးပေါင်း (၁၃၀ဝ) မကဘူး။ ဝိုင်းပြီး တိုက်နေတာ။ တစ်ဖွဲ့တက်လိုက်။ တစ်ဖွဲ့ဆင်းလိုက်နဲ့။ သူတို့အတွက်ကတော့ ပင်ပန်းချင်မှပင်ပန်းလိမ့်မယ်။

မေး - ဟုတ်ကဲ့။ တိုက်ပွဲတောက်လျှောက်မှာ ရိက္ခာတွေလည်းပြတ်တယ်လို့ကြားတယ် ခုနကပြောတဲ့အထဲမှာ။ အဲဒီတော့ ရိက္ခာအတွက် ဘယ်လိုမျိုးဖြေရှင်းခဲ့လဲ။
ဖြေ - ရိက္ခာတွေ ပြတ်တောက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ မစားဘဲနေခဲ့ရတဲ့ရက်လည်းရှိတာပေါ့။ ပုံမှန်ကတော့ ရိက္ခာမရှိတော့တဲ့အချိန်မှာ ကျွန်တော် ဆန်တစ်အိတ်လောက်ပဲ ကျန်တာသိတဲ့အချိန်မှာ ကျွန်တော်ခွဲလိုက်တယ်။ ခွဲလိုက်တဲ့အချိန်မှာ ကျွန်တော် (၃)ဘူးနှုန်းနဲ့ပဲ ပြုတ်ပေးထားလိုက်တယ်။ စခန်းထဲကို အားလုံးပြန်ရောက်လာတာက လူပေါင်း (၆၀)ရှိတယ်။ (၆၀)ရှိတော့ (၃)ဘူးလောက်နဲ့ ပြုတ်ပြီးစားကြည့်တဲ့အချိန်မှာ အဆင်မပြေတော့ တစ်ရက်ကို (၈)ဘူးအထိ တိုးပေးလိုက်တယ်။ တစ်နပ်ကို (၈)ဘူးပေါ့။ ပြုတ်ပြီးရင် ကျွန်တော်တို့ ဆန်ပြုတ်လေး တွေပဲဝေတာ။ ထမင်းချက်တာ သတ်သတ်တစ်နေရာရှိတယ်။ အဲဒီနေရာမှာပဲ ပြုတ်ပြီးတော့ နေရာအလိုက်ကနေ လူလွှတ်ပြီးတော့ ပုံးလေးတွေနဲ့ယူခိုင်းရတာပေါ့။ ဆန်ပြုတ်ပဲသောက်တဲ့အခါကျတော့ အဲဒီအိတ်တစ်အိတ်က ကြာကြာတောင့်ခံထားလို့ ရတာပေါ့။ အဲဒါကုန်ခါနီးကျတော့ တိုင်းကိုလည်းတင်ပြတာပေါ့။ တင်ပြတော့ သူတို့ရိက္ခာချပေးဖို့အစီအ စဉ်တွေက လုပ်ပြီ။ ဆန်တွေကိုက သူတို့ အိတ်အသေးနဲ့ပဲ ချပေးတာပေါ့။ ပြီးရင် ဆီတွေချပေးတယ်။ ကျွန်တော်တို့လည်း ရတဲ့အခါရ တယ်။ မရတဲ့အခါ မရဘူးပေါ့။ အဲဒီထဲမှာ ဘာတွေပါလဲဆိုတော့ ကြက်သွန်ဖြူတွေ၊ ဆားထုပ်တွေ၊ အသားခြောက်တွေ၊ ငါးခြောက်တွေ အကုန်ပါတယ်။ ပြီးတော့ ဓာတ်ဆား ထုပ်တွေချပေးတယ်။ ပြီးတော့ လိုအပ်တာ ပြောဆိုတော့ ဒီဘက်က နေ ဘာလိုတယ်၊ ဘာလိုတယ်ပေါ့။ အဓိကကတော့ ဆန်ပဲဖြစ်သွားတာပေါ့။ ဆန်က တစ်ခါတလေမှ တစ်အိတ်လောက် ပဲရလိုက်တာ။ အဲဒီလိုဆန်တစ်အိတ်လောက် ရတဲ့နေ့မျိုးဆိုရင်တော့ ကျွန်တော်တို့ တစ်နပ်လောက်တော့ ထမင်းစား လိုက်တာပေါ့။ ကျန်တဲ့ရက်တွေကတော့ ဆန်ပြုတ်ပဲ သောက်တော့ဆိုပြီးတော့ ဆန်ပြုတ်ပဲ သောက်ခိုင်းထားတာပေါ့။ ပြီးတော့ ဘယ်လောက်အထိကြာမှာလဲ မသိဘူး။ လေယာဉ်ကလည်း ချလိုက်တိုင်း၊ ရိက္ခာချည်းပဲ ၁၂ ထုပ်ချခဲ့တဲ့အခါ တွေရှိတယ်။ ၁၂ ချလည်း တစ်ခါတလေ (၂)ထုပ်။ ဒါမှမဟုတ်ရင် (၄)ထုပ်။ (၄)ထုပ်လောက်ရခဲ့ဖူးတာက တော်တော် ရှားတယ်။ ခြံစည်းရိုးအပြင်တွေမှာ ကျတဲ့ဟာတွေအကုန်လုံးက သူတို့ပဲကောက်သွားတယ်။ သူတို့အတွက် ရိက္ခာဖြစ်သွား တာပေါ့။ အဲဒီမှာ ရိက္ခာတော့ ချွေတာပြီးစားရတယ်။ ဆန်ပြုတ်ပဲ။ ပုံမှန်ကတော့ ဆန်ပြုတ်ပဲ သောက်ရတာပေါ့။ ထမင်းစားရတဲ့ရက်ကတော့ စခန်းမှူးကျသွားပြီးတဲ့ နောက်ပိုင်းမှာ ထမင်းစားရတဲ့ရက် ကနည်းသွားတယ်။ ဆန်ပြုတ်ပါ ပြတ်သွားပြီဆိုတဲ့ အချိန်ကျတော့ စစ်သည်တွေက ဆက်သွယ်ရေးလမ်း ကြောင်းတစ်လျှောက်ကိုသွားပြီးတော့ ရှိသမျှ အပင်တွေခူးတယ်။ ဆားနဲ့ပြုတ်သောက်တယ်။ ညဘက်ဆိုရင် ခြံစည်းရိုးဘေးနားလေးတွေမှာရှိတဲ့ ငှက်ပျောပင်တွေ လိုက်ခုတ်တယ်။ ခုတ်ပြီးရင် ငှက်ပျောအူပင်ကို ပြုတ်သောက်တယ်။ စခန်းထဲမှာမွေးထားခဲ့တဲ့ ကြက်တို့ဘာတို့ကလည်း လက်နက်ကြီးကျတဲ့ အချိန်တွေမှာ အကုန်လုံးပျောက်ကုန်တာပေါ့။ ဘယ်နားကို ရောက်လို့ ရောက်သွားမှန်းမသိဘူး။ ကြက်လည်း နည်းနည်းပဲရလိုက်တယ်။ ကြက်က (၅)ကောင် လောက်ပဲရလိုက်တယ်။ တချို့ရက်တွေကျတော့လည်း မစားရဘူးပေါ့။ မစားရပေမယ့်လည်း စိတ်ပျက်သွားတယ်လို့တော့မရှိဘူး။ တစ်ခါတလေကျရင် တိုင်း နဲ့ဖုန်းတွေဆက်ပြီး အဆက်အသွယ်ရရင်သာ ဘာလိုအပ်သေးလဲ။ ဆန်အိတ်က ဘယ်နှအိတ်ရသလဲ။ ပြီးတော့ ဘာတွေလိုအပ်လဲဆိုတဲ့ အချိန်မှာ အကုန်လုံး တောင်းဆိုတာတော့ ဆေးလိပ်တောင်းဆိုကြတယ်။ ဆေးလိပ်ကို ချခိုင်းတယ်။ ဆန်အိတ်တွေထဲ မှာပဲ ရောပြီးချခိုင်းတယ်။ နောက်ဆုံး ခဲယမ်းချခိုင်းတယ်။ ဆန်နဲ့ဆေးလိပ်ချခိုင်းတယ်။ ကျန်တာမကျလည်း ဘာမှမဖြစ် တော့ဘူး။ ဆန်ပြုတ်နဲ့ ဆေးလိပ်သောက်နေရရင် သူတို့ထပ်ပြီးတော့ တိုက်လို့ရပြီဆိုပြီးဖြစ်တာပေါ့။ တချို့ဘန်ကာထဲ မှာချည်းပဲ နေတဲ့အချိန်ကျတော့ အသက် (၄၀)ကျော်လောက်ရှိတဲ့ စစ်သည်တွေကျတော့လည်း ချည့်တာတို့ဘာတို့ ဖြစ်သွားတာပေါ့။ ရိက္ခာပိုင်းကျတော့ အဲဒီလို ချွေတာစားပြီး ဖြေရှင်းတာပေါ့။ အမဲခြောက်ထုပ်ဆိုရင်လည်း တစ်ခါတလေ ကျရင် နှစ်ပိဿာလောက်ရတယ်။ ခြောက်ပြီးသားတွေ‌ပေါ့နော်။ လူ (၆၀) ခွဲတဲ့အခါတော့ အကုန်လုံး အချောင်းလိုက် လေးတွေခွဲ၊ ဓားနဲ့လှီး။ လှီးပြီးတော့ (၁၀)ယောက်ပုံ (၆)ပုံ ပုံကြည့်ပေါ့။ ဆန်ထုပ်ကျတဲ့နေ့တော့ ကျွန်တော်တို့ ပျော်တဲ့ နေ့ပေါ့။ ထမင်းတစ်နပ် တော့ကကြိတ်မှိတ်ပြီး ချက်စားလိုက်တာပေါ့။ ထမင်းတစ်နပ်တော့ရပြီ။ စားမယ်ပေါ့။ ကျန်တဲ့ အချိန်ကျရင် ဆန်ပြုတ်ပဲပြန်သောက်။ ဓာတ်ဆားတွေကတော့ ပြန်စုထားလိုက်တယ်။ တအားကြီးလိုအပ်တယ် တအားကြီးချည့်နဲ့သွားတယ်ဆိုတဲ့ လူကိုပဲတိုက်တာ။ ဓာတ်ဆားထုပ်လေးတွေကို ဒီအတိုင်းပဲချန်ထားလိုက်တာ။ ထောက်ပံ့ဘက်ကလည်း ချိတ်ဆက်လာပါတယ်။ ဘာတွေလိုအပ်လဲ။ ဆေးဝါးဆိုလည်း တတ်နိုင်သလောက်ပေါ့၊ ရသ လောက်ချပေးပါမယ်ဆိုတဲ့အတိုင်း ချပေးပါတယ်။ အဲဒီကြားထဲမှာလည်း ဟိုဘက်က ကျွန်တော်တို့စခန်းကို တောက် လျှောက်ဝင်လုံးတယ်။ လုံးနေတဲ့အချိန်ကျရင်တော့ ရဟတ်ယာဉ်ခေါ်တယ်။ အဲဒီကျရင် Y12 ပါ နောက်က ပါပါလာတတ် တယ်။ ရှေ့က MI 35 နဲ့ပစ်ပေးတဲ့အချိန့် Y 12 က ရိက္ခာ ထုပ်တွေလာချပေးတယ်။ ခဲယမ်းထုပ်နဲ့ ရိက္ခာထုပ်နဲ့။ နောက်ဆုံး ပိတ်ကရက်ပေါင်း (၃၀)လောက် ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က ခဲယမ်းကို တစ်ယောက် (၁၀ဝ)လောက်အထိ ပြန်ရ တယ်။ လူပေါင်း (၆၀)ဆိုရင် အားလုံးပေါင်း (၆၀ဝဝ)လောက်ရှိတာပေါ့နော်။ အဲဒီလောက်ထိလည်း ခဲယမ်းပြည့်ခဲ့ဖူး တယ်။ ပြည့်တော့လည်း ထွက်တိုက်လို့ကမရဘူး။ တစ်ယောက် ထွက်တာနဲ့ တစ်ယောက်ကျ။ ဘန်ကာထဲနေတာကို သူတို့ကမြင်နေရတယ်။ လှုပ်ရှားမှုတွေကို မြင်နေရတယ်။ ပထမတော့ ညပိုင်းတွေလှုပ်ရှားတယ်။ ရေခပ်တာတို့ ထမင်းချ က်တာတို့က ညပိုင်းပဲလုပ်တာ။ ည(၂)နာရီ၊ (၃)နာရီလောက်မှာပဲအလုပ်လုပ်တယ်။ ကျန်တဲ့အချိန်တွေက ဘန်ကာထဲက နေ အသင့်စောင့်နေရတာ။ အဲဒီ(၃)နာရီလောက်ဆိုရင် သူတို့လည်းအိပ်ပျော်တဲ့အချိန်ဆို ရေထခပ်ပေါ့။ ပြီးရင် ထမင်း ချက်ဖို့ ဘာညာလုပ်တဲ့ အချိန်မှာ သူတို့ကျွန်တော်တို့လှုပ်ရှားမှုတွေကို သိသွားတာ။ အသံကြားသွားတော့ ညကြည့်ဒရုန်း တွေနဲ့လွှတ်တယ်။ ညကြည့် ဒရုန်းကကြည့်သွား‌တာပေါ့။ ကျွန်တော်တို့ကို ကြည့်သွားပြီးသွားပြီ ဒရုန်းပျံပြီး သွားပြီဆိုရင် သိပ်မကြာခင်မှာ ဒရုန်းအကြီးတွေရောက်လာတယ်။ ဒရုန်းကတော့ (၅၁)ရက်လုံးမှာ မချခဲ့တဲ့ရက် တစ်ရက်မှမရှိဘူး။ နောက်ဆုံး အရေအတွက် နည်းသွားတာပဲရှိတယ်။ တစ်ရက်ကို အလုံး (၂၀)လောက်ပဲချတယ်။ (၃၀)လောက်ပဲ ချတယ် ဆိုတာပဲရှိတယ်။ ထွက်လာခါစက (၁၀ဝ) ဝန်းကျင်ချပြီး စခန်းကို အမှုန့်ကြိတ်တာ။ ရိက္ခာထား ထားတဲ့နေရာတွေလည်း ပေါက်ပြဲကုန်တယ်။ ထမင်းချက်တဲ့နေရာတွေလည်း ပေါက်ပြဲကုန်တယ်။ မြေကျင်းတွေလည်း ပြိုတယ်။ အဲဒီလိုမျိုးပေါ့။ နောက်ပိုင်း သူတို့ဒရုန်းမှာဗုံးသီး ချတာနည်းသွားတယ်။ ခဲယမ်းနည်းသွားတဲ့အခါတွေ ဆိုလည်း ကျွန်တော်တို့ အင်တာ မိတယ်။ သူတို့နည်းနေပြီ၊ ထိန်းထား၊ ဒီတိုင်းလေးပဲတောင့်ထား၊ ဝိုင်းပဲဝိုင်းထားပေါ့နော်။ ဆက်ပြီးတော့ ပစ်ခတ်မှု ထိန်းထားတဲ့ အခါလေးတွေလည်းရှိတယ်။ အဲဒီလိုအချိန်ကျ‌တော့ ကျွန်တော်တို့အုပ်ချုပ်မှု လုပ်ရတာလေးတွေ လွယ် တာပေါ့။
တိုက်ပွဲစဖြစ်တော့မယ့်အချိန်မှာ ကျွန်တော်တို့က ရိက္ခာတစ်လစာထုတ်ထားတာ။ ကျွန်တော်တို့က ကျွန်တော် တို့စစ်ကြောင်းအတွက်ပဲ ထုတ်လိုက်တယ်။ ရဲတွေကကျတော့ ရိက္ခာမရဘူး။ ရိက္ခာငွေပဲလေ။ ပြီးတော့ အမြောက်တပ်ဖွဲ့ ကကျတော့ ရိက္ခာရှိတယ်။ တစ်လစာပဲရှိတယ်။ အမြောက်ကို ကာဗာပေးထားတဲ့အဖွဲ့ကလည်း တစ်လစာပဲရှိတယ်။ ကျွန်တော်တို့ကလည်း တစ်လစာပဲရှိတယ်။ ဆန်တွေအားလုံးပေါင်းကြည့်လိုက်တဲ့အခါမှာ ဆန်တွေ (၁၂)အိတ်လောက်ရှိ တယ်။ အယောက် (၆၀)လုံး အထဲကို ဝင်လာတဲ့အခါမှာ စားတော့ (၁၀)ရက်လောက်ကို မနည်းဆွဲဆန့်ပြီး စားရတယ်။ (၁၀)ရက်ကျော်ကစပြီး ဆန်ပြုတ်တစ်လှည့်၊ ထမင်းတစ်လှည့်နဲ့ ဖြစ်နေခဲ့တာပေါ့။ အဲဒီနောက်ပိုင်းမှာ ဆန်အိတ်လာချ တယ်။ တစ်အိတ်ရတယ်။ မျှစားတယ်။ (၂၀)ရက်နောက်ပိုင်းမှာ ဆန်ပြုတ်ချည်းပဲ ဖြစ်သွားပြီ။ ထမင်းတစ်နပ် လောက်စားဖို့အရေးကတော့ တော်တော်လေးခက်တယ်။ မစဉ်းစားရဲဘူး။ စားလည်းမစားခိုင်းဘူး။ စားလို့ဆန်မရှိတော့ ရင် နောက်ထပ်ပြတ်သွားရင် အဆင်မပြေဘူးဆိုတာ သူတို့ကို သေချာပြောပြတော့ သူတို့ သေချာလက်ခံတယ်။ ဆန်ပြုတ်ပဲ သောက်မယ်။ မျှပြီးတော့ ဆန်ပြုတ်ကလည်း တစ်ခွက်စီရမှာပေါ့။ ဆန်အိတ်ရတဲ့ရက်တွေပဲ တစ်နပ် လောက်စားဖြစ်တယ်။ ရက်ပေါင်း (၄၀)လောက် ရောက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဆီကို ကျွန်‌တော်တို့ရဲ့ ဒရုန်း အဖွဲ့တွေမီပြီ။ ဒရုန်းမီတော့ ကျွန်တော်တို့ကို စီစဉ်ပေးတာက လက်ဖက်ထုပ် ရှူးရှဲတွေရယ်။ ဒရုန်းက ဆန်နှစ်ပြည်နိုင် တယ်။ အဲဒီဒရုန်းနဲ့ (၃၊ ၄)ခေါက်စီ လာလာဝဲပေးတယ်။ စခန်းပေါ်ကနေ လာပစ်ချပေးတဲ့အခါ ကျွန်တော်တို့ ဆန်ပြုတ် ပြုတ်သောက်တယ်။ အဲဒီဆန်ထုပ်လေးတွေနဲ့ပဲ အားဆေးတွေထည့်ပေးတယ်။ အားဆေးတိုက်ပါ။ သောက်ထားပါဆိုပြီး တော့ အားဆေးသောက်ရတာရှိတယ်။ ပြီးတော့ Royal D ထည့်ပေးတော့ Royal D သောက်ပေါ့။ ကော်ဖီထုပ် လေးတွေ လည်း (၁၀)ထုပ်၊ (၁၅)ထုပ်ပါလာတယ်။ ပြီးတော့ ရိက္ခာထုပ်တွေ ချပေးတုန်းကလည်း ရွှေဖီဦးပါတယ်။ ခွဲတမ်းနဲ့ တစ်ထုပ်ကို (၄)ယောက်သောက်ရတယ်။ လေးယောက်ကို ကျဲကျဲဖျော်။ အနံ့လောက်ပဲသောက်။ လုံးဝကြီး ငတ်ပြတ်ပြီး တော့ သေသွားတယ် ဆိုတဲ့အနေအထားတော့ မရဘူးဆိုပြီးတော့ ရိက္ခာကို အမြဲတမ်း နှစ်ပြည်လောက်ထိ တော့ ချန်ထားတာပေါ့နော်။ နောက်ဆုံးအခြေအနေမျိုးမှာ အကြောင်းမျိုးမျိုးကြောင့် မရလိုက်ရင် (၃၊ ၄)ရက်လောက် အထိ တောင့်ခံနိုင်ရမယ်ဆိုပြီး ချန်ထားပြီးတော့ တိုင်ပင်ပြီးတော့ ဒီအတိုင်းလေးပဲစားမယ်ဆိုပြီး ဆန်ပြုတ်သောက်ပြီး နေတာ။ သူတို့လည်း အဆင်ပြေတယ်။ လက်ခံတယ်။ ငါးခြောက်ဆို အကောင်ရေနဲ့ပဲ ရတယ်။ ငါးခြောက်နည်းနည်းပဲ ကျတဲ့အချိန်ဆို တစ်ယောက်ကို (၅)ကောင်ဆို (၅)ကောင်စီရတယ်။ ငါးနီတူခြောက်လေးတွေလေ။ တစ်ယောက်ကို (၅)ကောင်။ စကေးနဲ့ပဲသွားတာ။ သူ့ဘာသာ ဖယောင်း တိုင်မီးနဲ့ပဲ မြှိုက်စားစား၊ အစိမ်းစားစားပေါ့။ ပြီးတော့ ကျွန်တော် တို့က စခန်းထဲမှာ ခွေးတွေမွေးထားတာ ရှိတယ်ဗျ။ ခွေးတွေကိုလည်း မကျွေးနိုင်တော့ဘူး။ စခန်းဘေးကို လာလုံးခဲ့တဲ့ အချိန်မှာ ရန်သူကျနေ ခဲ့တာတွေရှိတယ်။ အလောင်းတွေက ပတ်ချာလည် မှာပဲပုပ်ပြီးတော့ပေါ့။ ကျွန်တော်တို့လည်း မဆွဲနိုင်တော့ဘူး။ ခွေးတွေကတော့ အဲဒါတွေ သွားစားတာပေါ့။ အဲဒီမှာ အထုပ်တွေသွားဆွဲရင်းနဲ့ပဲ ထိသွားကြတာ။ ကျွန်တော့်ဆီက ရဲဘော်တစ်ယောက်ဆိုရင် အထုပ်တက်ဆွဲရင်းနဲ့ပဲ ရိက္ခာနှစ်ထုပ်နဲ့ ကျည်ဆန် ထုပ်တစ်ထုပ်တက်ဆွဲ တယ်။ ဆွဲတဲ့အချိန်မှာပဲ ကျသွားတယ်။ ရက်ပေါင်း (၃၀)မြောက်လောက်မှာ အဲဒီရဲဘော်တစ်ယောက်ဆိုရင် ထူးထူး ခြားခြား အထုပ်တွေလည်းယူလာပေးပြီး၊ ဗိုက်ကိုလည်း ထိသွားတယ်။ အူတွေလည်း ထွက်လာတယ်။ အဲဒါကို အထုပ် တွေရအောင်ဆွဲလာပြီးတော့ ပြန်လာခဲ့တယ်။ ပြန်လာပြီးတော့ သူသေချာပြောသွားတာ။ ကျွန်တော်တို့ မရှုံးတော့ဘူး ဆိုပြီး။ စခန်းမကျဘူး။ ဆက်လုပ်နိုင်ရင် ကျွန်တော်ဆက်လုပ်တယ်။ လောလောဆယ်တော့ မလုပ်နိုင်တော့ဘူး။ လက်က လည်းကျိုးသွားတယ်။ စနိုက်ပါက တစ်ချက်တည်းနဲ့ လက်ကိုရော ဗိုက်ကို ရောမှန်သွားတာပေါ့။ အဲဒီတစ်ယောက်က တော့ ထူးထူးခြားခြားပဲ။ သူ့ကိုတော့ နှစ်ရက်ထားပြီးမှ သင်္ဂြိုဟ်ပေးလိုက်တာ။ ရိက္ခာပိုင်းက တော်တော်ခက်ပါ တယ်။ လူတွေက အကုန်လုံး ပိန်ချောင်သွားတာ။ တချို့တွေ အသက်ကြီးတဲ့လူတွေကလည်း မစားရရင် မနေနိုင်တဲ့လူတွေရှိ တယ်။ သူတို့ကတော့ ဟိုအရွက် ဒီအရွက်တွေကို ပြုတ်ပြီးစားတယ်။ ပြုတ်ပြီးသောက်တယ်။ ဓာတ်ဆားပဲရှိရင် ဓာတ်ဆားပဲ သောက်တယ်။ တချို့ရက်တွေက ရွှေဖီဦးထုပ်လေး တစ်ထုပ်ကို ခွဲခွဲပြီးတော့ အမှုန့်လေးတွေလျက်တယ်။ တစ်ရက်တစ်ရက်ကို မိုးလင်းသွားရင် ဘယ်အချိန် ထတိုက်တော့မှာလဲပေါ့။ ညဘက်လည်း မအိပ်ရပါဘူး။ ညဘက်က အသင့်စောင့်တယ်။ ကျွန်တော်တို့ ညှောင့်တွေထောင်ထားတာဖြစ်တဲ့အတွက် သူတို့မတိုးရဲဘူး။ ညဘက်တော့ နည်းနည်းလေးပေါ့တယ်။ ဒရုန်းနဲ့ပဲ သူတို့လာချတယ်။ နေ့ဘက်တွေကျရင်တော့ ဘယ်အချိန်တိုက်မှာလဲစောင့်နေတာ။ ကားတွေ ဖြတ်နေတာတော့ မြင်နေရတာပဲ။ ကျည်ဆန်မရှိလို့သာ ပစ်လို့ကမရဘူးဖြစ်နေတယ်။ သူတို့ဖြတ်သွား ဖြတ်လာတွေလည်း ရိပ်ခနဲမြင်ရတယ်။ သို့သော် ကိုယ့်ဘက်က ဘာမှလုပ်လို့မရဘူး။ တစ်ရက်ကုန်ဖို့ကို မြန်မြန်ကုန်ပါ တော့ပဲ ဆုတောင်းနေခဲ့ရတာအများကြီးပဲ။ ညမြန်မြန်ရောက်ပါတော့ဆိုပြီးတော့။ မနက်ရောက်ပြီဆိုတာနဲ့၊ မိုးလင်းခါ နီးလေးတွေမှာ ထတိုက်တာတာပဲ။ အဲဒါကြောင့် မိုးလင်းခါနီးတစ်ချက် သတိထားပြီးစောင့်တယ်။ ပြီးတော့ နေ့ခင်းဘက် တွေက အချိန်မရွေး သူတို့ဒရုန်းနဲ့လာတယ်။ တိုက်လို့လည်း ရတယ်ဆိုတော့ နေ့ခင်းဘက်ရောက်ရင် အလှည့်ကျ အိပ်ပြီးတော့ အသင့်စောင့်ပေါ့။ ရက်ရှည်မအိပ်ရတော့ တချို့တွေက စိတ်တွေက တစ်မျိုးတွေ ဖြစ်တာတွေရှိတယ်။

ဆက်လက်ဖော်ပြပါမည်. . .

zawgyi version
ေခ်ာင္းႏွစ္ခြ (၅၁)ရက္တိုက္ပြဲ သို႔မဟုတ္ သက္ရွိစည္း႐ိုးတို႔ရဲ႕ စိတ္ဓာတ္ေရးရာေအာင္ပြဲ
Pearl (NP News) - ေမ ၃ဝ

မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္ ေခ်ာင္းႏွစ္ခြအနီးရွိ လုံၿခဳံေရးစခန္းမ်ားကို KNU ပူးေပါင္းအဖြဲ႕က ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာ (၁၀)ရက္က စတင္၍ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။ စစ္ကူလာႏိုင္မည့္ လမ္းေၾကာင္းမ်ားကိုလည္း KNU ပူးေပါင္းအဖြဲ႕က ျဖတ္ေတာက္ကာ ရက္ေပါင္း(၅၀)ေက်ာ္ၾကာ ပိတ္ဆို႔တိုက္ခိုက္ခဲ့သည္။ ထိုသို႔ ပိတ္ဆို႔ခံထားရစဥ္ ႀကဳံေတြ႕ခဲ့ရသည့္ အခက္အခဲမ်ားႏွင့္ပတ္သက္၍ ကိုယ္တိုင္ပါဝင္ ခုခံတိုက္ခိုက္ခဲ့သူတစ္ဦးကို The Statesman ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထားမႈမ်ားအား NP News တြင္ ျပန္လည္ေဖာ္ျပလိုက္ပါသည္။

ေမး - ပထမဆုံးေမးခ်င္တာက ေခ်ာင္းႏွစ္ခြက ဘယ္လိုမ်ိဳးေဒသမ်ိဳးလဲ။ ပတ္ပတ္လည္မွာ ဘယ္လို႐ြာေတြရွိလဲ။ ၿပီးေတာ့ ဘာလူမ်ိဳးေတြ ေနထိုင္ၾကတာလဲ။
ေျဖ - ေခ်ာင္းႏွစ္ခြက မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ အစပ္၊ အတၳရံျမစ္ရဲ႕ေဘးမွာေပါ့ေနာ္။ ကရင္ျပည္နယ္ ဘက္ျခမ္း ေရာက္သြားတာေပါ့။ အတၳရံျမစ္ရဲ႕ ကရင္ဘက္ျခမ္းကိုေရာက္တာ။ အဲဒီနားမွာ ႐ြာေတြက မြန္ရွိတယ္၊ ကရင္ရွိတယ္၊ ဗမာရွိတယ္။ ေခ်ာင္းႏွစ္ခြကလည္း မြန္၊ ကရင္ ၊ ဗမာၿပီးေတာ့ ေဘးပတ္လည္႐ြာေတြကလည္း မြန္၊ ကရင္ ေရာေနတဲ့ ႐ြာေတြေပါ့။

ေမး - ေခ်ာင္းႏွစ္ခြကိုတိုက္မယ္ဆိုတဲ့ သတင္းေကာ ႀကိဳရလား။ ရခဲ့တယ္ဆိုရင္ ေဒသခံေတြရဲ႕သေဘာ ထားေတြက ဘယ္လိုသေဘာထားေတြျဖစ္မလဲ။ ေဒသခံေတြကေကာ ဘယ္လိုအေျခအေနရွိလဲ။
ေျဖ - ေခ်ာင္းႏွစ္ခြကိုတိုက္မယ္၊ ဘယ္အခ်ိန္တိုက္မယ္ဆိုတာ သတင္းကေတာ့ ေတာက္ေလွ်ာက္ရေနတာ။ ၿပီးေတာ့ အတၳရံတံတား။ ေခ်ာင္းႏွစ္ခြတံတား ကိုခ်ိဳးမယ္လို႔ သတင္းရတာ။ ႐ြာသားေတြကလည္း ခ်ိဳးေတာ့ဘာရမွာလဲ။ ေခ်ာင္းႏွစ္ခြကိုတိုက္ေတာ့ေကာ သူတို႔က ဘာကိုလိုခ်င္လို႔တိုက္လဲ၊ ရည္႐ြယ္ခ်က္ကဘာလဲေပါ့။ ေခ်ာင္းႏွစ္ခြကို မြန္ျပည္နယ္ကေန ကရင္ျပည္နယ္ထဲ ဆြဲထည့္ခ်င္တာလားေပါ့။ ေခ်ာင္းႏွစ္ခြ တံတားခ်ိဳးလိုက္ၿပီးရင္ ဟိုဘက္ကို လြတ္ေျမာက္နယ္ ေျမအျဖစ္လုပ္ခ်င္တာလားေပါ့။ ေခ်ာင္းႏွစ္ခြကို လုပ္ၿပီး ၾကာအင္းဆိပ္ႀကီးကိုပါလုပ္ရင္ သူတို႔ လြတ္ ေျမာက္နယ္ေျမျဖစ္ခ်င္တာလားေပါ့။ ႐ြာသားေတြက တိုက္ပြဲမျဖစ္ေစခ်င္ဘူး။ ၿငိမ္းခ်မ္းမႈကိုပဲ လိုခ်င္တယ္။ ဒီတံတား ကိုပဲ မွီခိုၿပီး သြားလာေနတာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ျဖစ္တာက မျဖစ္ေစခ်င္ဘူး။ ေအးေအး ေဆးေဆးပဲေနခ်င္တာေပါ့။ ျဖစ္ၿပီဆိုေတာ့လည္း အကုန္လုံးပ်က္စီးသြားတာေပါ့။

ေမး - တိုက္ပြဲစေဖာ္ေတာ့ေကာ ဘယ္လိုပုံစံနဲ႔ စေဖာ္လဲ။
ေျဖ - ေခ်ာင္းႏွစ္ခြကို တိုက္ေတာ့မယ့္အခ်ိန္မွာ အရင္ဆုံး သူတို႔ အားျဖည့္ေနခဲ့တယ္။ လက္နက္ခဲ ယမ္းျဖည့္ေနခဲ့တယ္။ ၿပီးေတာ့ နယ္ေျမကို လႈပ္ရွားတယ္။ ႐ြာထဲကို၊ ႐ြာရဲ႕ပတ္ဝန္းက်င္ကို သူတို႔လူေတြ အရပ္ဝတ္ေတြနဲ႔၊ ႐ြာခံေတြပါတာေပါ့။ အထဲမွာ ရွိေနခဲ့တယ္။ ရွိေနၿပီးေတာ့ စတိုက္တဲ့အခ်ိန္မွာ သူတို႔ကဒ႐ုန္းကို အမ်ားဆုံးသုံးသြားတာေပါ့။ (၁၁)လပိုင္း (၁၀)ရက္ေန႔ မနက္အေစာႀကီး (၄)နာရီခြဲမွာစၿပီး ဒ႐ုန္းနဲ႔စခ်တယ္။ သူတို႔မွန္းထားတာလည္း ရက္ပိုင္း ေလးပဲမွန္းထား တာဆိုေတာ့ ပထမပိုင္းမွာေတာ့ သူတို႔အင္အားမမ်ားဘူး။ (၃၀ဝ)ေလာက္ပဲရွိမယ္။ အင္အား (၃၀ဝ)ေလာက္နဲ႔ပဲ ေခ်ာင္းႏွစ္ခြရဲ႕အနားက မရမ္းကုန္းဆိုတဲ့႐ြာမွာ သူတို႔စၿပီးထိုင္တာေပါ့။ ထိုင္ၿပီးေတာ့ ဒ႐ုန္းေတြ လာလာခ်တာ။ (၄)နာရီခြဲမွာစၿပီး ဒ႐ုန္းနဲ႔စခ်ၿပီး သိပ္မၾကာခင္ (၇)နာရီေလာက္မွာ ေအာက္ေျခကေန မီတာ (၈၀ဝ)ေလာက္ကေန သူတို႔ ဝိုင္းေနၿပီ။ ႐ြာပတ္ခ်ာလည္ ေလးမ်က္ႏွာကေနဝင္ၿပီးေတာ့ ျဖည္းျဖည္းခ်င္းကပ္ေနတာ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ အဲဒီမွာ ကာကင္းေတြ ေလးမ်က္ႏွာလုံးမွာရွိတယ္။ သတင္းရကတည္းက ကာကင္းေတြကို ႀကိဳထုတ္ထားၿပီးေတာ့ အင္အားျဖည့္ ထားတာ။ သူတို႔ အဓိကကေတာ့ ဒ႐ုန္းကိုသုံးသြားတယ္။ စစခ်င္းမွာေတာ့ အင္အားမမ်ားဘူး။ အဖြဲ႕ငယ္ေပါင္းက ေခါင္းေဆာင္(၁၇)ေယာက္နဲ႔ (၁၇)ဖြဲ႕။ တစ္ဖြဲ႕မွာေတာ့ အင္အားမမ်ားဘူး။ (၁၀)ေယာက္ ၊ (၁၅)ေယာက္နဲ႔ေခါင္းေဆာင္ တစ္ေယာက္။ ၿပီးရင္ အေယာက္(၃၀)ကို ေခါင္းေဆာင္တစ္ေယာက္ေပါ့။ ကြၽန္ေတာ္တို႔က အင္တာဖမ္း (ၾကားျဖတ္နား ေထာင္ျခင္း) လို႔ရတာ။ အင္တာဖမ္းမိတာကလည္း တိုက္ပြဲစၿပီးေတာ့ (၈)ရက္ေျမာက္ေလာက္မွာ အင္တာဖမ္းလို႔ရတာ။ အဲဒီအခ်ိန္မွာ ဘယ္ႏွဖြဲ႕ပါလဲဆိုတာသိရတာ။

ေမး - တိုက္ပြဲအတြင္းမွာ တပ္မေတာ္ဘက္က အင္အားကေကာ ဘယ္ေလာက္ရွိလဲ။ တိုက္ပြဲကေကာ အခ်ိန္ဘယ္ ေလာက္ေလာက္ၾကာသြားလဲ။ ဘယ္ေလာက္ထိ ျပင္းထန္လဲ။ ၿပီးေတာ့ တိုက္ပြဲအတြင္းမွာ ဘယ္လိုမ်ိဳးေတြႀကဳံ ေတြ႕ခဲ့ရ လဲ။
ေျဖ - တိုက္ပြဲမတိုင္ခင္ တစ္လေလာက္အလိုမွာ ကြၽန္ေတာ္တို႔ဆီကို လက္နက္ႀကီးအဖြဲ႕၊ အေျမာက္တပ္ဖြဲ႕ေရာက္ လာ တယ္။ အေျမာက္တပ္ဖြဲ႕က (၅)ေယာက္ေပါ့။ လက္နက္ႀကီးႏွစ္လက္ပါတယ္။ အဲဒါေရာက္လာတယ္။ ၿပီးရင္ အေျမာက္ ကိုကာေပးမယ့္ အဖြဲ႕က အေယာက္(၂၀)ပါတယ္။ ကြၽန္ေတာ္တို႔ အင္အားရွိခဲ့တာေတာ့ (၃၄) ေယာက္ရွိခဲ့တယ္။ ရဲ အေယာက္(၂၀)ရွိတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ေနရာ ျဖန႔္ယူထားတာက တံတားရဲ႕ဘက္မွာ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ယူရတဲ့ တံတားကက်ေတာ့ ဟိုဘက္ျခမ္းေရာ ဒီဘက္ျခမ္းေရာမွာ လုံၿခဳံေရးထား‌ေပးရတယ္။ ၿပီးေတာ့ ကာကင္းက်ေတာ့ ႏွစ္ေနရာထပ္ထုတ္ထားတယ္။ တပ္စုတစ္စုကေတာ့ ႐ြာရဲ႕ထိပ္မွာေနရာ ယူထားတယ္။ ၿပီးေတာ့ ႐ြာရဲ႕အေရွ႕ဘက္မွာ တပ္စိပ္တစ္စိပ္ ခ်ထားေပးတယ္။ စခန္းတြင္း အင္အားကေတာ့ (၂၅)ေလာက္ပဲရွိတယ္။ အျပင္ေတြမွာလည္း ထုတ္ထားတယ္။ စၿပီး သူတို႔ ဝင္လုံးရင္းလုံးရင္းနဲ႔ အရင္ဆုံးစၿပီးယူတာ တံတားကိုယူတာေပါ့။ တံတား ဒီဘက္အျခမ္းမွာ တပ္စိပ္တစ္စိပ္နဲ႔ ေအာက္ေျခကလည္းလုံးတယ္။ ၿပီးေတာ့ ဒ႐ုန္းကလည္း ခ်တယ္ဆိုေတာ့ (၃)ရက္၊ (၄)ရက္‌ေျမာက္ ေလာက္မွာ ကြၽန္ေတာ္တို႔မွာ က်ည္ဆန္က ေတာ္ေတာ္နည္းလာတယ္။ ၿပီးေတာ့ တံတားကိုလည္း ႏွစ္ဖက္လုံးက ညႇပ္ တယ္။ အဲဒီအခ်ိန္မွာ အင္အားကမ်ားလာၿပီ။ သူတို႔လူေတြက (၇၀ဝ)ေလာက္ေရာက္လာၿပီ။ (၁၄)ရက္ေန႔မွာ တံတားက က်သြားတယ္။ တံတားက တပ္စိပ္ေတြ အသိမ္းခံလိုက္ရတယ္။ ကြၽန္ေတာ္တို႔ ဘက္က (၁+၄) ပါသြားတယ္။ က်န္တဲ့အဖြဲ႕ ကလည္း ေဘးမွာရွိတဲ့စခန္းတစ္ခုကို တစ္ဖြဲ႕သြားေပါင္းႏိုင္တယ္။ ေတာင္ကေလးစခန္းမွာ သြားေပါင္းႏိုင္တယ္။ အဲဒီေန႔မွာပဲ ၾကာအင္ဆိပ္ႀကီးဘက္မွာရွိတဲ့ တံတားဘက္ကအဖြဲ႕ေတြက (၁၄)ရက္ေန႔ ညေနမွာပဲ ကြၽန္ေတာ္တို႔ စခန္းထဲ ကို ျပန္လာေပါင္းတယ္။ အဲဒီေန႔မွာ ပဲတံတားက်သြားတာေပါ့။ တိုက္ပြဲကေတာ့ အားလုံးေပါင္း (၅၁) ရက္ၾကာ တာေပါ့ ေနာ္။ သူတို႔ဘက္က လာတိုက္လို႔ တံတားလည္းရသြားၿပီဆိုတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ကာကင္းက (၂)ေနရာပဲ က်န္ ေတာ့တယ္။ သူတို႔က အဲဒီကာကင္းေတြကို ထပ္တိုက္လာတယ္။ စခန္းကိုေတာ့ ဒ႐ုန္းနဲ႔ပဲထိန္းထားတယ္။ စခန္းထဲက ေနလည္း အျပင္ကို စစ္ကူေပးလို႔မရေအာင္ ဒ႐ုန္းက ေတာက္ေလွ်ာက္ဝဲတယ္။ တစ္ရက္ကို ဒ႐ုန္းအလုံးေပါင္း (၁၀ဝ)က ေန (၁၂၀) ဝန္းက်င္ခ်တယ္။ ကြၽန္ေတာ္တို႔စခန္းက မီတာ (၂၀ဝ) ပတ္ခ်ာလည္ေလာက္ပဲ က်ယ္တာကိုး။ အဲဒီထဲကို ဒ႐ုန္းေတြခ်ည္းခ်တာ။ အေစာတည္းကေနခ်တာ ညထိမၿပီးဘူး။ ေတာက္ေလွ်ာက္ခ်ေနတာ။ သူတို႔က အလွည့္က်နဲ႔ခ် ေနတာ။ ဒ႐ုန္းတပ္ဖြဲ႕ကႏွစ္ဖြဲ႕ပါတာ။ ခ်ေတာ့ ကာကင္းအဖြဲ႕ေတြက ေနာက္ထပ္ ဆက္ေတာင့္ ေပးႏိုင္တာ (၄)ရက္ပဲ ဆက္ေတာင့္ေပးႏိုင္တယ္။ ကာကင္းႏွစ္ခုလုံးက ခဲယမ္းနည္းေနၿပီ။ ၿပီးရင္ ရိကၡာ၊ ေရရႏိုင္ဖို႔လည္း ခက္ၿပီဆိုတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔စခန္းထဲကိုပဲ အကုန္ျပန္ေခၚလိုက္ရတယ္။ အဲဒီမွာ ဒဏ္ရာရတဲ့လူေတြလည္း ရွိလာၿပီဆိုေတာ့ စခန္းထဲကို ႏွစ္ဖြဲ႕လုံးဆြဲသြင္းလိုက္တယ္။ (၈)ရက္ေျမာက္ေန႔ေလာက္မွာ စခန္းထဲကို အားလုံး‌ ေရာက္ သြားၿပီ။ ကာကင္း အဖြဲ႕ေတြပါ စခန္းထဲကို အားလုံးေရာက္ေတာ့ သူတို႔က ျဖည္းျဖည္းခ်င္းတိုးလာႏိုင္တယ္ ကပ္လာတယ္။ ႐ြာထဲမွာ လူေတြကလည္း မရွိေတာ့ဘူး။ (၃)ရက္ေျမာက္ေန႔မွာ ႐ြာသားေတြ အကုန္ထြက္သြားကုန္ၿပီ။ ထြက္သြားတဲ့အခ်ိန္မွာ ႐ြာရဲ႕အိမ္ေတြထဲမွာ သူတို႔အားလုံးေနရာယူလိုက္တယ္။ ၿပီးရင္ သူတို႔ဘန္ကာျပင္တယ္။ ဘန္ကာျပင္တဲ့ အခ်ိန္ေတြမွာက်ေတာ့ ကြၽန္ေတာ္တို႔ ကို ဒ႐ုန္းနဲ႔ ေတာက္ေလွ်ာက္ခ်တယ္။ လက္နက္ႀကီးပစ္တယ္။ ဒါနဲ႔ပဲ ထိန္းထားတာ။ ထိန္းထား ၿပီးေတာ့႐ြာမွာ အခိုင္ အမာေနရာယူ လိုက္ေတာ့တာေပါ့။ ႐ြာပတ္ခ်ာလည္မွာ အခိုင္အမာေနရာယူလိုက္ၿပီးေတာ့ ပထမဦးဆုံးစတိုက္တဲ့ (၁၀)ရက္ေန႔မွာပဲ ကြၽန္ေတာ္တို႔ဘက္က အရာရွိတစ္ေယာက္က်သြားတယ္။ အားလုံးေပါင္းက် တာေတာ့ တပ္ရင္းမႉး အပါအဝင္ (၇)ေယာက္က်တာေပါ့ေနာ္။ ေတာက္ေလွ်ာက္ကေတာ့ သူတို႔႐ြာထဲမွာ ထိုင္ေနၿပီးေတာ့ စခန္းနားအထိ ကပ္ႏိုင္တဲ့အခ်ိန္မွာ စႏိုက္ပါနဲ႔ပဲ ေထာက္ထားၿပီးေတာ့ ေန႔စဥ္ရက္စက္က ထိေတြ႕မႈ ကေတာ့ျဖစ္ ေနတာပဲ။ ပစ္ေန တာပဲ။ ကြၽန္ေတာ္တို႔က စခန္းထဲကထြက္လို႔မရေတာ့တဲ့အခ်ိန္မွာ သူတို႔က႐ြာ ကိုပတ္ထား လိုက္ၿပီးပစ္တယ္။ အဲဒီမွာ အင္အား(၃၀ဝ)ေလာက္ခ်န္ထားခဲ့တယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔စခန္းေထာင့္ေတြ ေထာင့္ေတြတိုင္းမွာ ဝိုင္းထားတယ္။ (၃၀ဝ)ဝန္းက်င္နဲ႔ အလုပ္လုပ္တယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ကို စစ္ကူလာမယ့္စစ္ေၾကာင္း ကို ျဖတ္ေတာက္ဖို႔အတြက္ က တံတားကိုခ်ိဳးလိုက္တာက (၁၁)ရက္ေျမာက္ေန႔ေလာက္မွာ ခ်ိဳးလိုက္တာ။ ေခ်ာင္းႏွစ္ခြ တံတားႀကီးကို မိုင္းခြဲၿပီးခ်ိဳး လိုက္တာ။ ခ်ိဳးၿပီးေတာ့ တံတားကေန စစ္ကူမလာ ႏိုင္ေတာ့ဘူးဆိုတဲ့အခ်ိန္ ေခ်ာင္းႏွစ္ခြရဲ႕ ဟိုဘက္မွာ ႐ြာေတြ၊ ေက်ာက္ပြဲတို႔ ႐ြာေတြရွိတယ္။ မြန္႐ြာေတြ၊ မြန္ကရင္႐ြာေတြ။ အဲဒီ႐ြာေတြမွာ သူတို႔အင္အား (၄၀ဝ) ေလာက္နဲ႔ စစ္ကူလာ မယ့္အဖြဲ႕ကို အားလုံးပိတ္ထားတယ္။ ျဖတ္ခဲ့တယ္။ ျဖတ္ခဲ့တဲ့အခ်ိန္က်ေတာ့ ကြၽန္ေတာ္တို႔ဆီကို စစ္ကူလာခဲ့တယ္။ စစ္ေၾကာင္းတစ္ေၾကာင္းလာခဲ့တယ္။ ပထမစစ္ေၾကာင္း ေနာက္ျပန္ဆုတ္သြားရတယ္။ လာလို႔မရဘူး။ တံတားနားကို ကပ္တယ္။ တံတားနားကို သိမ္းဖို႔လုပ္တဲ့အခ်ိန္မွာ သူတို႔ဘက္က အင္အားအရမ္းမ်ားတာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ ဘက္က ဆုတ္ေပးလိုက္တယ္။ ေနာက္တစ္ေၾကာင္း ထပ္တက္လာတယ္။ ႏွစ္ေၾကာင္းလုံး တိုးလို႔မရေတာ့ ဘူးဆိုတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ BGF တပ္ဖြဲ႕က အဖြဲ႕ေတြပါ ဝင္လာတာေပါ့။ ၿပီးေတာ့ လမ္းေၾကာင္းေတြမွာ အင္အားျဖည့္တယ္။ ျဖည့္ၿပီးေတာ့ (၁၇)ရက္ ေျမာက္ေန႔ေလာက္မွာ တပ္ရင္းမႉးက်သြားတယ္။ စႏိုက္ပါနဲ႔။ (၁၇)ရက္ လုံးလုံးကလည္း တိုက္ပြဲေတြ ေတာက္ေလွ်ာက္ျဖစ္ေနခဲ့တာ။ က်ၿပီးေနာက္ရက္မွာ ကြၽန္ေတာ္တို႔ကို ပစ္ကူေပးဖို႔အတြက္ ေတာင္ကေလး စခန္းကို ရတခတိုင္းက ဗ်ဴဟာမႉး လာထိုင္တယ္။ အဲဒီကေန ေတာက္ေလွ်ာက္ပစ္ကူေပးတာေပါ့။ (၁၇)ရက္ေျမာက္ ေလာက္မွာ ကြၽန္ေတာ္တို႔မွာ ရိကၡာလည္း ေတာ္ေတာ္ေလးနည္းသြားၿပီ။ ဆန္ပဲရွိေတာ့တယ္။ တျခား ဘာမွမရွိေတာ့ဘူး ေပါ့။ မရဘဲနဲ႔ ေတာက္ေလွ်ာက္ ဒီအတိုင္းပဲေနတယ္။ ဘယ္လိုမွ ထြက္လို႔လည္းမရဘူး။ စစ္ကူကလည္း လာတာ မေရာက္ႏိုင္ဘူးဆိုတဲ့ အေနအထားျဖစ္တာေပါ့ေနာ္။ ဗ်ဴဟာမႉးကေတာ့ စစ္ကူကို မရရေအာင္ လႊတ္မယ္။ တိုင္းက လည္း ေတာက္ေလွ်ာက္ဆက္သြယ္ပါတယ္။ ၿပီးေတာ့ လိုအပ္တဲ့ ရိကၡာေတြနဲ႔ ခဲယမ္းနဲ႔ခ်ေပးမယ္ဆိုၿပီး ခဲယမ္းေတြ ေလယာဥ္နဲ႔ခ်ေပးမယ္ေပါ့။ ဒီၾကားထဲလည္း ခဲယမ္းႏွစ္ေခါက္ခ်ေပးတယ္။ ရိကၡာေတာ့ မရလိုက္ဘူး။ ရက္ (၂၀)ေလာက္ ၾကာတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ကို ရိကၡာေတြခ်ေပးတယ္။ Y12 ေတြနဲ႔။ ရိကၡာျပတ္ေနပါၿပီလို႔ သတင္းပို႔တဲ့ အခ်ိန္မွာ ရိကၡာခ်ေပးတယ္။ ခဲယမ္းလည္း ခ်ေပးတယ္။ တစ္ခါခ်ရင္ ၁၂ ထုပ္နဲ႔လာခ်တာ။ ရိကၡာ (၆)ထုပ္၊ ခဲယမ္း (၆)ထုပ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ အလြန္ဆုံးရခဲ့တာက ခဲယမ္းဆိုလည္း ႏွစ္ထုပ္ေလာက္ပဲရတယ္။ ရိကၡာဆိုလည္း ႏွစ္ထုပ္ေလာက္ ပဲရတယ္။ က်န္တာေတြကအကုန္ စခန္းအျပင္မွာက်တာျဖစ္တဲ့အတြက္ ေကာက္လို႔မရဘူးေပါ့ေနာ္။ အထုပ္လာခ်လို႔ ေကာက္တိုင္းလည္း ကြၽန္ေတာ့္လူေတြက တစ္ေယာက္ၿပီး တစ္ေယာက္ထိတယ္။ ရက္ (၂၀) ေက်ာ္သြားတဲ့အခ်ိန္ မွာ ကြၽန္ေတာ့္ဆီမွာ ဒဏ္ရာရစစ္သည္ ၁၅ ေယာက္အထက္မွာျဖစ္သြားၿပီ။ ျပန္ပစ္ႏိုင္တဲ့ အေနအထားေတြေရာ၊ ျပန္မပစ္ႏိုင္တဲ့အေနအထားေတြေရာ။ အဲဒီမွာ လက္က်န္လူေတြနဲ႔ပဲ ဘန္ကာေတြမွာ လိုက္ျဖန႔္ထားၿပီးေတာ့ ရတဲ့ အထုပ္ ေလးေတြခြဲ။ က်ည္ဆန္ဆိုရင္ အဲဒီအခ်ိန္မွာလူတစ္ေယာက္မွာ (၃၀)ေလာက္ပဲက်န္ေတာ့တယ္။ ဘာမွလုပ္လို႔မရေတာ့ ဘူး။ အဲဒီမွာပဲ က်ည္ဆန္ခ်ေပးလိုက္ေတာ့ က်ည္ဆန္ျပန္ျဖည့္လိုက္နဲ႔ သူတို႔ကို ခံတိုက္ေနတာေပါ့။ အဲဒီမွာလည္း သူတို႔ ခဏခဏဝင္လုံးတယ္။ ၿခံစည္း႐ိုးကိုေဖာက္တယ္။ ဘက္ေပါင္းစုံကေန ဝင္ၾကည့္တယ္။ ေထာင့္ေတြကေန၊ အားနည္း ေလာက္တယ္လို႔ ထင္တဲ့ေနရာေတြကေန ဝင္ၾကည့္တယ္။ ဝင္ၾကည့္တိုင္းလည္း သူတို႔ ျပန္ျပန္လန္က်သြားေတာ့ မတိုးႏိုင္ဘူး။ မတိုးႏိုင္ေတာ့ သူတို႔ဘာေတြ လုပ္လဲဆိုေတာ့ ပထမပိုင္းမွာ ႏြားနဲ႔တိုးတယ္။ ႏြားေတြလႊတ္ၿပီးေတာ့ ေမာင္း တင္ေပးတယ္။ ဒ႐ုန္းခ်တယ္။ ႏြားေတြ ေမာင္းတင္ၿပီးေတာ့ မိုင္းရွိ၊ မရွိေတြကို စစ္ၾကည့္တာေပါ့။ ၿပီးရင္ လူေတြ ေနာက္ကလိုက္တယ္။ အဲဒီအခ်ိန္က်ရင္ ကြၽန္ေတာ္တို႔ ထိေတြ႕မႈ ျပန္ျဖစ္တာေပါ့။ အဲဒီကေနမရဘူး။ ေနာက္ျပန္ဆုတ္ တယ္။ အေဝးႀကီး ေတာ့မဆုတ္ဘူး။ မီတာ (၃၀ဝ)ေလာက္မွာပဲ သူက အေျချပန္ခ်တာေပါ့။ ၿပီးေတာ့ အိမ္ေအာက္ေတြမွာ ဘန္ကာေတြနဲ႔ ပုန္းက်င္းေတြတူးၿပီး ဘန္ကာေတြ ေဆာက္ထားတဲ့အခါက်ေတာ့ သူတို႔က ေလယာဥ္လာတဲ့အခ်ိန္ အဲဒီ ေအာက္ေတြထဲ ဝင္ဝင္သြားတာ။ ေလယာဥ္က ေတာင္းတဲ့အခ်ိန္တိုင္း လာပစ္ေပးတယ္။ ေလယာဥ္လာတဲ့အခ်ိန္ဆို သူတို႔ က်င္းထဲမွာေနတယ္။ ေလယာဥ္ျပန္တဲ့အခ်ိန္ဆိုရင္ ျပန္ထြက္တိုက္တယ္။ ေနာက္ဆုံး သူတို႔ ၿခံစည္း႐ိုးနဲ႔ကပ္ေနတဲ့ အခ်ိန္က်ေတာ့ သူတို႔အသံကိုလည္း ကြၽန္ေတာ္တို႔ ၾကားရတယ္။ ကြၽန္ေတာ္တို႔ေျပာေနတာေတြကိုလည္း သူတို႔ၾကားရ တယ္။ အဲဒီအခ်ိန္မွာ လက္နက္ခ်ဖို႔အတြက္ ခဏခဏေအာ္တာေပါ့။ အဲဒီမွာ အယ္ေစး ဝါးကိုယ္တိုင္ လာၿပီးေတာ့ေအာ္ တယ္။ ေျပာတယ္။ လက္နက္ခ်ဖို႔။ လက္နက္ခ်ရင္ မိသားစုနဲ႔ျပန္ေတြ႕မယ္ ဘာညာေအာ္ၿပီးေျပာတယ္။ ကိုယ္ေတြက လည္း ကိုယ္ေတြလူေတြကို ျပန္စည္း႐ုံးထားတာ။ လက္နက္ခ်လို႔မရဘူး၊ မခ်နဲ႔။ ဒီအတိုင္းပဲ စခန္းကို သူတို႔တိုက္ ႏိုင္တယ္ဆိုရင္တိုက္။ က်သြားရင္လည္းရတယ္။ ေသသြားရင္ စခန္းက်သြားလိမ့္မယ္။ အဲဒီအတိုင္းပဲခံတိုက္ပါ။ ရတဲ့ရိကၡာကို မွ်ၿပီးစားမယ္။ ျဖန႔္ၿပီးေတာ့ ထားမယ္ဆိုၿပီးေတာ့ ဆက္တိုက္တာေပါ့။ စစ္သည္ေတြအားလုံးက ေနာက္ပိုင္း မွာ တပ္ရင္းမႉးက်သြား တာကလည္း တစ္ပိုင္းေပါ့ေနာ္။ အဲဒီအခ်ိန္မွာ အကုန္လုံးေခါင္းေဆာင္ေတြကို ေခၚေတြ႕ၿပီး ေတာ့မွ အေျခအေနေတြကေတာ့ ကိုယ္ေတြေခါင္းေဆာင္ကိုေတာ့ စႏိုက္ပါနဲ႔ပစ္လိုက္တယ္။ ထိသြားတယ္။ စႏိုက္ပါ ေပါင္ကိုထိၿပီးေတာ့ ေသြးထြက္လြန္ၿပီးဆုံးသြားတယ္။ အဲဒါေၾကာင့္ ငါတို႔လည္း ငါတို႔အတြက္အက်ိဳးအျမတ္မရွိဘဲနဲ႔ ဒီေနရာကေန လုံးဝစြန႔္လို႔မရဘူး။ စြန႔္ၿပီဆိုရင္ က်န္တဲ့စခန္းေတြပါ ဒုကၡေရာက္ႏိုင္တဲ့အတြက္ လုံးဝ စိတ္ဓာတ္မက်ပါနဲ႔။ လက္နက္မခ်နဲ႔ဆိုၿပီးေတာ့ ေသခ်ာေခၚမွာ။ ၿပီးေတာ့မွ ခဲယမ္းေတြကိုမွ်ၿပီးေတာ့မွ တခ်ိဳ႕ဘန္ကာေတြမွာက်ေတာ့ ခဲယမ္းက်န္ ေနေသးတယ္။ အဲဒါေလးကို ျပန္စုၿပီးေတာ့ မွ်လိုက္တာ။ ဘန္ကာလိုက္မွ်ၿပီးေတာ့ ေသခ်ာမွပစ္ေတာ့။ တစ္ေတာင့္ကို တစ္‌ေယာက္နဲ႔ပဲပစ္ေတာ့။ ဒီအတိုင္းပဲ ေတာင့္ခံထားပါဆိုၿပီးေတာ့ မွာလိုက္တယ္။ အဲဒီမွာ က်န္ခဲ့တာ တစ္ခုရွိေသးတယ္။ အေျမာက္က စခန္းကို ဝိုင္းပစ္ကူေပးေသးတယ္။ ကြၽန္ေတာ္တို႔စခန္းကို ဝိုင္းထားတဲ့ (၄)ရက္ ေျမာက္ေလာက္အထိ အထဲကေန မီတာ (၂၀ဝ) ပတ္ခ်ာလည္ကို ေျပာင္း‌ေထာင္ၿပီးေတာ့ ပစ္ႏိုင္ေသးတယ္။ ေနာက္ပိုင္း က်ေတာ့မွ အေျမာက္ကိုေထာင္ၿပီးေတာ့ ခဲယမ္းကို အေျမာက္ဆန္ထည့္ဖို႔အတြက္ေတာင္ အဆင္မေျပေတာ့ဘူး။ စႏိုက္ပါေတြက ေထာက္ထားတာျဖစ္တဲ့အတြက္ အေျမာက္ကသုံးလို႔ မရေတာ့ဘူး။ အဲဒါ စခန္းထဲကအေျမာက္သုံးလို႔ မရေတာ့ ေတာင္ကေလးဘက္ကအေျမာက္က ပစ္ကူေပးတာေပါ့။ ေတာင္ကေလးက ကြၽန္ေတာ္တို႔ကို ေထာင္ေပးထား တဲ့ စခန္းတစ္ခုရွိတယ္။ အဲဒီကေန လွမ္းၿပီးပစ္ကူေပးတယ္။ ကြၽန္ေတာ္တို႔ အေျမာက္တပ္ဖြဲ႕ေရာ ရဲတပ္ဖြဲ႕ေရာ သူ႔ေနရာ လိုက္သူျဖန႔္ၿပီးေတာ့ စခန္းကို (ဝ)လုံးပုံစံဝိုင္းၿပီးေတာ့ ေနရာယူၿပီးေတာ့ ခံစစ္နဲ႔ပဲ ျပန္သြားရတာေပါ့။ အဲဒီၾကားထဲမွာ အခက္အခဲေတာ့ရွိတာေပါ့။ စားေရးေသာက္ေရးအခက္အခဲ၊ ေရအခက္အခဲ၊ တျခားအုပ္ခ်ဳပ္မႈ အခက္အခဲ ေတြေရာ၊ ေဆးဝါးအခက္အခဲေတြက အမ်ားႀကီးျဖစ္တာေပါ့။ တပ္ရင္းမႉးဆိုရင္ မက်သင့္ဘဲနဲ႔ ေဆးေတြကျပတ္ သြားတာရွိတယ္။ ေနာက္ဆုံးဆိုရင္ ကြၽန္ေတာ္တို႔မွာ ဒရစ္ခ်ိတ္ဖို႔ေလာက္ပဲရွိေတာ့တယ္။ အကိုက္အခဲ ေပ်ာက္ေဆးဆိုရင္ေတာင္မရွိေတာ့ တဲ့အခ်ိန္မွာ ေဆးကုဖို႔ခက္သြားတယ္။ ရိကၡာခ်တဲ့အခ်ိန္ေတြက်မွ ကြၽန္ေတာ္တို႔ေဆးေတြကို ရိကၡာထုပ္ေတြထဲမွာ ေပါင္းၿပီးထည့္တာေပါ့။ (၅၁)ရက္လုံးမွာဆိုရင္ တိုက္ပြဲခ်ည္းရယ္လို႔မဟုတ္ဘူး။ ေဘးကေန စႏိုက္ပါနဲ႔ပစ္ေနတာ။ ဘယ္ေလာက္ထိလဲဆိုရင္ ေရေတာင္ခပ္လို႔ မရဘူး။ အျပင္ထြက္ၿပီး အုပ္ခ်ဳပ္မႈကိစၥေလးေတာင္ လုပ္လို႔မရဘူး။ ဆက္သြယ္ေရးေျမာင္းေတြကေန လွိမ့္ၿပီးသြားေနရတာ။ ဘန္ကာထဲမွာေနရင္းနဲ႔လည္း ႏွစ္ေယာက္က်သြားတယ္။ နည္းနည္းေလး ထြက္တာနဲ႔ပစ္တာ။ ဒီက်ဥ္းက်ဥ္းေလးထဲမွာထည့္ထားၿပီး ဝိုင္း႐ိုက္ေနသလိုမ်ိဳးေပါ့။ ဒ႐ုန္းကေတာ့ အပ်င္းေျပလာခ် ေနသလိုပဲ။ ဘယ္လိုမွ လႈပ္လို႔မရဘူး။ လက္ထြက္ရင္ လက္ကိုပစ္တယ္။ ေျခေထာက္ထြက္ရင္ ေျခေထာက္ပစ္တယ္။ ဘက္ေပါင္းစုံကပစ္ေနေတာ့ ကြၽန္ေတာ္တို႔လည္း ဘယ္ျပန္ပစ္ရမလဲ မသိဘူး။ ကြၽန္ေတာ္တို႔ ဘက္က (၅၈)ေယာက္ ျပန္ပါလာတယ္။ ႏွစ္ေယာက္ေတာ့က်တယ္။ က်န္တာေတာ့ ဒဏ္ရာရတယ္။ အေကာင္းပကတိ က်န္တာ (၂၀)ေလာက္ေပါ့။ အင္အားက (၁၀)ဆမကဘူးေလ။ သူတို႔က အားလုံးေပါင္း (၁၃၀ဝ) မကဘူး။ ဝိုင္းၿပီး တိုက္ေနတာ။ တစ္ဖြဲ႕တက္လိုက္။ တစ္ဖြဲ႕ဆင္းလိုက္နဲ႔။ သူတို႔အတြက္ကေတာ့ ပင္ပန္းခ်င္မွပင္ပန္းလိမ့္မယ္။

ေမး - ဟုတ္ကဲ့။ တိုက္ပြဲေတာက္ေလွ်ာက္မွာ ရိကၡာေတြလည္းျပတ္တယ္လို႔ၾကားတယ္ ခုနကေျပာတဲ့အထဲမွာ။ အဲဒီေတာ့ ရိကၡာအတြက္ ဘယ္လိုမ်ိဳးေျဖရွင္းခဲ့လဲ။
ေျဖ - ရိကၡာေတြ ျပတ္ေတာက္သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ မစားဘဲေနခဲ့ရတဲ့ရက္လည္းရွိတာေပါ့။ ပုံမွန္ကေတာ့ ရိကၡာမရွိေတာ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ဆန္တစ္အိတ္ေလာက္ပဲ က်န္တာသိတဲ့အခ်ိန္မွာ ကြၽန္ေတာ္ခြဲလိုက္တယ္။ ခြဲလိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ (၃)ဘူးႏႈန္းနဲ႔ပဲ ျပဳတ္ေပးထားလိုက္တယ္။ စခန္းထဲကို အားလုံးျပန္ေရာက္လာတာက လူေပါင္း (၆၀)ရွိတယ္။ (၆၀)ရွိေတာ့ (၃)ဘူးေလာက္နဲ႔ ျပဳတ္ၿပီးစားၾကည့္တဲ့အခ်ိန္မွာ အဆင္မေျပေတာ့ တစ္ရက္ကို (၈)ဘူးအထိ တိုးေပးလိုက္တယ္။ တစ္နပ္ကို (၈)ဘူးေပါ့။ ျပဳတ္ၿပီးရင္ ကြၽန္ေတာ္တို႔ ဆန္ျပဳတ္ေလး ေတြပဲေဝတာ။ ထမင္းခ်က္တာ သတ္သတ္တစ္ေနရာရွိတယ္။ အဲဒီေနရာမွာပဲ ျပဳတ္ၿပီးေတာ့ ေနရာအလိုက္ကေန လူလႊတ္ၿပီးေတာ့ ပုံးေလးေတြနဲ႔ယူခိုင္းရတာေပါ့။ ဆန္ျပဳတ္ပဲေသာက္တဲ့အခါက်ေတာ့ အဲဒီအိတ္တစ္အိတ္က ၾကာၾကာေတာင့္ခံထားလို႔ ရတာေပါ့။ အဲဒါကုန္ခါနီးက်ေတာ့ တိုင္းကိုလည္းတင္ျပတာေပါ့။ တင္ျပေတာ့ သူတို႔ရိကၡာခ်ေပးဖို႔အစီအ စဥ္ေတြက လုပ္ၿပီ။ ဆန္ေတြကိုက သူတို႔ အိတ္အေသးနဲ႔ပဲ ခ်ေပးတာေပါ့။ ၿပီးရင္ ဆီေတြခ်ေပးတယ္။ ကြၽန္ေတာ္တို႔လည္း ရတဲ့အခါရ တယ္။ မရတဲ့အခါ မရဘူးေပါ့။ အဲဒီထဲမွာ ဘာေတြပါလဲဆိုေတာ့ ၾကက္သြန္ျဖဴေတြ၊ ဆားထုပ္ေတြ၊ အသားေျခာက္ေတြ၊ ငါးေျခာက္ေတြ အကုန္ပါတယ္။ ၿပီးေတာ့ ဓာတ္ဆား ထုပ္ေတြခ်ေပးတယ္။ ၿပီးေတာ့ လိုအပ္တာ ေျပာဆိုေတာ့ ဒီဘက္က ေန ဘာလိုတယ္၊ ဘာလိုတယ္ေပါ့။ အဓိကကေတာ့ ဆန္ပဲျဖစ္သြားတာေပါ့။ ဆန္က တစ္ခါတေလမွ တစ္အိတ္ေလာက္ ပဲရလိုက္တာ။ အဲဒီလိုဆန္တစ္အိတ္ေလာက္ ရတဲ့ေန႔မ်ိဳးဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ တစ္နပ္ေလာက္ေတာ့ ထမင္းစား လိုက္တာေပါ့။ က်န္တဲ့ရက္ေတြကေတာ့ ဆန္ျပဳတ္ပဲ ေသာက္ေတာ့ဆိုၿပီးေတာ့ ဆန္ျပဳတ္ပဲ ေသာက္ခိုင္းထားတာေပါ့။ ၿပီးေတာ့ ဘယ္ေလာက္အထိၾကာမွာလဲ မသိဘူး။ ေလယာဥ္ကလည္း ခ်လိုက္တိုင္း၊ ရိကၡာခ်ည္းပဲ ၁၂ ထုပ္ခ်ခဲ့တဲ့အခါ ေတြရွိတယ္။ ၁၂ ခ်လည္း တစ္ခါတေလ (၂)ထုပ္။ ဒါမွမဟုတ္ရင္ (၄)ထုပ္။ (၄)ထုပ္ေလာက္ရခဲ့ဖူးတာက ေတာ္ေတာ္ ရွားတယ္။ ၿခံစည္း႐ိုးအျပင္ေတြမွာ က်တဲ့ဟာေတြအကုန္လုံးက သူတို႔ပဲေကာက္သြားတယ္။ သူတို႔အတြက္ ရိကၡာျဖစ္သြား တာေပါ့။ အဲဒီမွာ ရိကၡာေတာ့ ေခြၽတာၿပီးစားရတယ္။ ဆန္ျပဳတ္ပဲ။ ပုံမွန္ကေတာ့ ဆန္ျပဳတ္ပဲ ေသာက္ရတာေပါ့။ ထမင္းစားရတဲ့ရက္ကေတာ့ စခန္းမႉးက်သြားၿပီးတဲ့ ေနာက္ပိုင္းမွာ ထမင္းစားရတဲ့ရက္ ကနည္းသြားတယ္။ ဆန္ျပဳတ္ပါ ျပတ္သြားၿပီဆိုတဲ့ အခ်ိန္က်ေတာ့ စစ္သည္ေတြက ဆက္သြယ္ေရးလမ္း ေၾကာင္းတစ္ေလွ်ာက္ကိုသြားၿပီးေတာ့ ရွိသမွ် အပင္ေတြခူးတယ္။ ဆားနဲ႔ျပဳတ္ေသာက္တယ္။ ညဘက္ဆိုရင္ ၿခံစည္း႐ိုးေဘးနားေလးေတြမွာရွိတဲ့ ငွက္ေပ်ာပင္ေတြ လိုက္ခုတ္တယ္။ ခုတ္ၿပီးရင္ ငွက္ေပ်ာအူပင္ကို ျပဳတ္ေသာက္တယ္။ စခန္းထဲမွာေမြးထားခဲ့တဲ့ ၾကက္တို႔ဘာတို႔ကလည္း လက္နက္ႀကီးက်တဲ့ အခ်ိန္ေတြမွာ အကုန္လုံးေပ်ာက္ကုန္တာေပါ့။ ဘယ္နားကို ေရာက္လို႔ ေရာက္သြားမွန္းမသိဘူး။ ၾကက္လည္း နည္းနည္းပဲရလိုက္တယ္။ ၾကက္က (၅)ေကာင္ ေလာက္ပဲရလိုက္တယ္။ တခ်ိဳ႕ရက္ေတြက်ေတာ့လည္း မစားရဘူးေပါ့။ မစားရေပမယ့္လည္း စိတ္ပ်က္သြားတယ္လို႔ေတာ့မရွိဘူး။ တစ္ခါတေလက်ရင္ တိုင္း နဲ႔ဖုန္းေတြဆက္ၿပီး အဆက္အသြယ္ရရင္သာ ဘာလိုအပ္ေသးလဲ။ ဆန္အိတ္က ဘယ္ႏွအိတ္ရသလဲ။ ၿပီးေတာ့ ဘာေတြလိုအပ္လဲဆိုတဲ့ အခ်ိန္မွာ အကုန္လုံး ေတာင္းဆိုတာေတာ့ ေဆးလိပ္ေတာင္းဆိုၾကတယ္။ ေဆးလိပ္ကို ခ်ခိုင္းတယ္။ ဆန္အိတ္ေတြထဲ မွာပဲ ေရာၿပီးခ်ခိုင္းတယ္။ ေနာက္ဆုံး ခဲယမ္းခ်ခိုင္းတယ္။ ဆန္နဲ႔ေဆးလိပ္ခ်ခိုင္းတယ္။ က်န္တာမက်လည္း ဘာမွမျဖစ္ ေတာ့ဘူး။ ဆန္ျပဳတ္နဲ႔ ေဆးလိပ္ေသာက္ေနရရင္ သူတို႔ထပ္ၿပီးေတာ့ တိုက္လို႔ရၿပီဆိုၿပီးျဖစ္တာေပါ့။ တခ်ိဳ႕ဘန္ကာထဲ မွာခ်ည္းပဲ ေနတဲ့အခ်ိန္က်ေတာ့ အသက္ (၄၀)ေက်ာ္ေလာက္ရွိတဲ့ စစ္သည္ေတြက်ေတာ့လည္း ခ်ည့္တာတို႔ဘာတို႔ ျဖစ္သြားတာေပါ့။ ရိကၡာပိုင္းက်ေတာ့ အဲဒီလို ေခြၽတာစားၿပီး ေျဖရွင္းတာေပါ့။ အမဲေျခာက္ထုပ္ဆိုရင္လည္း တစ္ခါတေလ က်ရင္ ႏွစ္ပိႆာေလာက္ရတယ္။ ေျခာက္ၿပီးသားေတြ‌ေပါ့ေနာ္။ လူ (၆၀) ခြဲတဲ့အခါေတာ့ အကုန္လုံး အေခ်ာင္းလိုက္ ေလးေတြခြဲ၊ ဓားနဲ႔လွီး။ လွီးၿပီးေတာ့ (၁၀)ေယာက္ပုံ (၆)ပုံ ပုံၾကည့္ေပါ့။ ဆန္ထုပ္က်တဲ့ေန႔ေတာ့ ကြၽန္ေတာ္တို႔ ေပ်ာ္တဲ့ ေန႔ေပါ့။ ထမင္းတစ္နပ္ ေတာ့ကႀကိတ္မွိတ္ၿပီး ခ်က္စားလိုက္တာေပါ့။ ထမင္းတစ္နပ္ေတာ့ရၿပီ။ စားမယ္ေပါ့။ က်န္တဲ့ အခ်ိန္က်ရင္ ဆန္ျပဳတ္ပဲျပန္ေသာက္။ ဓာတ္ဆားေတြကေတာ့ ျပန္စုထားလိုက္တယ္။ တအားႀကီးလိုအပ္တယ္ တအားႀကီးခ်ည့္နဲ႔သြားတယ္ဆိုတဲ့ လူကိုပဲတိုက္တာ။ ဓာတ္ဆားထုပ္ေလးေတြကို ဒီအတိုင္းပဲခ်န္ထားလိုက္တာ။ ေထာက္ပံ့ဘက္ကလည္း ခ်ိတ္ဆက္လာပါတယ္။ ဘာေတြလိုအပ္လဲ။ ေဆးဝါးဆိုလည္း တတ္ႏိုင္သေလာက္ေပါ့၊ ရသ ေလာက္ခ်ေပးပါမယ္ဆိုတဲ့အတိုင္း ခ်ေပးပါတယ္။ အဲဒီၾကားထဲမွာလည္း ဟိုဘက္က ကြၽန္ေတာ္တို႔စခန္းကို ေတာက္ ေလွ်ာက္ဝင္လုံးတယ္။ လုံးေနတဲ့အခ်ိန္က်ရင္ေတာ့ ရဟတ္ယာဥ္ေခၚတယ္။ အဲဒီက်ရင္ Y12 ပါ ေနာက္က ပါပါလာတတ္ တယ္။ ေရွ႕က MI 35 နဲ႔ပစ္ေပးတဲ့အခ်ိန္႔ Y 12 က ရိကၡာ ထုပ္ေတြလာခ်ေပးတယ္။ ခဲယမ္းထုပ္နဲ႔ ရိကၡာထုပ္နဲ႔။ ေနာက္ဆုံး ပိတ္ကရက္ေပါင္း (၃၀)ေလာက္ ျဖစ္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က ခဲယမ္းကို တစ္ေယာက္ (၁၀ဝ)ေလာက္အထိ ျပန္ရ တယ္။ လူေပါင္း (၆၀)ဆိုရင္ အားလုံးေပါင္း (၆၀ဝဝ)ေလာက္ရွိတာေပါ့ေနာ္။ အဲဒီေလာက္ထိလည္း ခဲယမ္းျပည့္ခဲ့ဖူး တယ္။ ျပည့္ေတာ့လည္း ထြက္တိုက္လို႔ကမရဘူး။ တစ္ေယာက္ ထြက္တာနဲ႔ တစ္ေယာက္က်။ ဘန္ကာထဲေနတာကို သူတို႔ကျမင္ေနရတယ္။ လႈပ္ရွားမႈေတြကို ျမင္ေနရတယ္။ ပထမေတာ့ ညပိုင္းေတြလႈပ္ရွားတယ္။ ေရခပ္တာတို႔ ထမင္းခ် က္တာတို႔က ညပိုင္းပဲလုပ္တာ။ ည(၂)နာရီ၊ (၃)နာရီေလာက္မွာပဲအလုပ္လုပ္တယ္။ က်န္တဲ့အခ်ိန္ေတြက ဘန္ကာထဲက ေန အသင့္ေစာင့္ေနရတာ။ အဲဒီ(၃)နာရီေလာက္ဆိုရင္ သူတို႔လည္းအိပ္ေပ်ာ္တဲ့အခ်ိန္ဆို ေရထခပ္ေပါ့။ ၿပီးရင္ ထမင္း ခ်က္ဖို႔ ဘာညာလုပ္တဲ့ အခ်ိန္မွာ သူတို႔ကြၽန္ေတာ္တို႔လႈပ္ရွားမႈေတြကို သိသြားတာ။ အသံၾကားသြားေတာ့ ညၾကည့္ဒ႐ုန္း ေတြနဲ႔လႊတ္တယ္။ ညၾကည့္ ဒ႐ုန္းကၾကည့္သြား‌တာေပါ့။ ကြၽန္ေတာ္တို႔ကို ၾကည့္သြားၿပီးသြားၿပီ ဒ႐ုန္းပ်ံၿပီး သြားၿပီဆိုရင္ သိပ္မၾကာခင္မွာ ဒ႐ုန္းအႀကီးေတြေရာက္လာတယ္။ ဒ႐ုန္းကေတာ့ (၅၁)ရက္လုံးမွာ မခ်ခဲ့တဲ့ရက္ တစ္ရက္မွမရွိဘူး။ ေနာက္ဆုံး အေရအတြက္ နည္းသြားတာပဲရွိတယ္။ တစ္ရက္ကို အလုံး (၂၀)ေလာက္ပဲခ်တယ္။ (၃၀)ေလာက္ပဲ ခ်တယ္ ဆိုတာပဲရွိတယ္။ ထြက္လာခါစက (၁၀ဝ) ဝန္းက်င္ခ်ၿပီး စခန္းကို အမႈန႔္ႀကိတ္တာ။ ရိကၡာထား ထားတဲ့ေနရာေတြလည္း ေပါက္ၿပဲကုန္တယ္။ ထမင္းခ်က္တဲ့ေနရာေတြလည္း ေပါက္ၿပဲကုန္တယ္။ ေျမက်င္းေတြလည္း ၿပိဳတယ္။ အဲဒီလိုမ်ိဳးေပါ့။ ေနာက္ပိုင္း သူတို႔ဒ႐ုန္းမွာဗုံးသီး ခ်တာနည္းသြားတယ္။ ခဲယမ္းနည္းသြားတဲ့အခါေတြ ဆိုလည္း ကြၽန္ေတာ္တို႔ အင္တာ မိတယ္။ သူတို႔နည္းေနၿပီ၊ ထိန္းထား၊ ဒီတိုင္းေလးပဲေတာင့္ထား၊ ဝိုင္းပဲဝိုင္းထားေပါ့ေနာ္။ ဆက္ၿပီးေတာ့ ပစ္ခတ္မႈ ထိန္းထားတဲ့ အခါေလးေတြလည္းရွိတယ္။ အဲဒီလိုအခ်ိန္က်‌ေတာ့ ကြၽန္ေတာ္တို႔အုပ္ခ်ဳပ္မႈ လုပ္ရတာေလးေတြ လြယ္ တာေပါ့။
တိုက္ပြဲစျဖစ္ေတာ့မယ့္အခ်ိန္မွာ ကြၽန္ေတာ္တို႔က ရိကၡာတစ္လစာထုတ္ထားတာ။ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္ တို႔စစ္ေၾကာင္းအတြက္ပဲ ထုတ္လိုက္တယ္။ ရဲေတြကက်ေတာ့ ရိကၡာမရဘူး။ ရိကၡာေငြပဲေလ။ ၿပီးေတာ့ အေျမာက္တပ္ဖြဲ႕ ကက်ေတာ့ ရိကၡာရွိတယ္။ တစ္လစာပဲရွိတယ္။ အေျမာက္ကို ကာဗာေပးထားတဲ့အဖြဲ႕ကလည္း တစ္လစာပဲရွိတယ္။ ကြၽန္ေတာ္တို႔ကလည္း တစ္လစာပဲရွိတယ္။ ဆန္ေတြအားလုံးေပါင္းၾကည့္လိုက္တဲ့အခါမွာ ဆန္ေတြ (၁၂)အိတ္ေလာက္ရွိ တယ္။ အေယာက္ (၆၀)လုံး အထဲကို ဝင္လာတဲ့အခါမွာ စားေတာ့ (၁၀)ရက္ေလာက္ကို မနည္းဆြဲဆန႔္ၿပီး စားရတယ္။ (၁၀)ရက္ေက်ာ္ကစၿပီး ဆန္ျပဳတ္တစ္လွည့္၊ ထမင္းတစ္လွည့္နဲ႔ ျဖစ္ေနခဲ့တာေပါ့။ အဲဒီေနာက္ပိုင္းမွာ ဆန္အိတ္လာခ် တယ္။ တစ္အိတ္ရတယ္။ မွ်စားတယ္။ (၂၀)ရက္ေနာက္ပိုင္းမွာ ဆန္ျပဳတ္ခ်ည္းပဲ ျဖစ္သြားၿပီ။ ထမင္းတစ္နပ္ ေလာက္စားဖို႔အေရးကေတာ့ ေတာ္ေတာ္ေလးခက္တယ္။ မစဥ္းစားရဲဘူး။ စားလည္းမစားခိုင္းဘူး။ စားလို႔ဆန္မရွိေတာ့ ရင္ ေနာက္ထပ္ျပတ္သြားရင္ အဆင္မေျပဘူးဆိုတာ သူတို႔ကို ေသခ်ာေျပာျပေတာ့ သူတို႔ ေသခ်ာလက္ခံတယ္။ ဆန္ျပဳတ္ပဲ ေသာက္မယ္။ မွ်ၿပီးေတာ့ ဆန္ျပဳတ္ကလည္း တစ္ခြက္စီရမွာေပါ့။ ဆန္အိတ္ရတဲ့ရက္ေတြပဲ တစ္နပ္ ေလာက္စားျဖစ္တယ္။ ရက္ေပါင္း (၄၀)ေလာက္ ေရာက္သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ဆီကို ကြၽန္‌ေတာ္တို႔ရဲ႕ ဒ႐ုန္း အဖြဲ႕ေတြမီၿပီ။ ဒ႐ုန္းမီေတာ့ ကြၽန္ေတာ္တို႔ကို စီစဥ္ေပးတာက လက္ဖက္ထုပ္ ရႉးရွဲေတြရယ္။ ဒ႐ုန္းက ဆန္ႏွစ္ျပည္ႏိုင္ တယ္။ အဲဒီဒ႐ုန္းနဲ႔ (၃၊ ၄)ေခါက္စီ လာလာဝဲေပးတယ္။ စခန္းေပၚကေန လာပစ္ခ်ေပးတဲ့အခါ ကြၽန္ေတာ္တို႔ ဆန္ျပဳတ္ ျပဳတ္ေသာက္တယ္။ အဲဒီဆန္ထုပ္ေလးေတြနဲ႔ပဲ အားေဆးေတြထည့္ေပးတယ္။ အားေဆးတိုက္ပါ။ ေသာက္ထားပါဆိုၿပီး ေတာ့ အားေဆးေသာက္ရတာရွိတယ္။ ၿပီးေတာ့ Royal D ထည့္ေပးေတာ့ Royal D ေသာက္ေပါ့။ ေကာ္ဖီထုပ္ ေလးေတြ လည္း (၁၀)ထုပ္၊ (၁၅)ထုပ္ပါလာတယ္။ ၿပီးေတာ့ ရိကၡာထုပ္ေတြ ခ်ေပးတုန္းကလည္း ေ႐ႊဖီဦးပါတယ္။ ခြဲတမ္းနဲ႔ တစ္ထုပ္ကို (၄)ေယာက္ေသာက္ရတယ္။ ေလးေယာက္ကို က်ဲက်ဲေဖ်ာ္။ အနံ႔ေလာက္ပဲေသာက္။ လုံးဝႀကီး ငတ္ျပတ္ၿပီး ေတာ့ ေသသြားတယ္ ဆိုတဲ့အေနအထားေတာ့ မရဘူးဆိုၿပီးေတာ့ ရိကၡာကို အၿမဲတမ္း ႏွစ္ျပည္ေလာက္ထိ ေတာ့ ခ်န္ထားတာေပါ့ေနာ္။ ေနာက္ဆုံးအေျခအေနမ်ိဳးမွာ အေၾကာင္းမ်ိဳးမ်ိဳးေၾကာင့္ မရလိုက္ရင္ (၃၊ ၄)ရက္ေလာက္ အထိ ေတာင့္ခံႏိုင္ရမယ္ဆိုၿပီး ခ်န္ထားၿပီးေတာ့ တိုင္ပင္ၿပီးေတာ့ ဒီအတိုင္းေလးပဲစားမယ္ဆိုၿပီး ဆန္ျပဳတ္ေသာက္ၿပီး ေနတာ။ သူတို႔လည္း အဆင္ေျပတယ္။ လက္ခံတယ္။ ငါးေျခာက္ဆို အေကာင္ေရနဲ႔ပဲ ရတယ္။ ငါးေျခာက္နည္းနည္းပဲ က်တဲ့အခ်ိန္ဆို တစ္ေယာက္ကို (၅)ေကာင္ဆို (၅)ေကာင္စီရတယ္။ ငါးနီတူေျခာက္ေလးေတြေလ။ တစ္ေယာက္ကို (၅)ေကာင္။ စေကးနဲ႔ပဲသြားတာ။ သူ႔ဘာသာ ဖေယာင္း တိုင္မီးနဲ႔ပဲ ျမႇိဳက္စားစား၊ အစိမ္းစားစားေပါ့။ ၿပီးေတာ့ ကြၽန္ေတာ္ တို႔က စခန္းထဲမွာ ေခြးေတြေမြးထားတာ ရွိတယ္ဗ်။ ေခြးေတြကိုလည္း မေကြၽးႏိုင္ေတာ့ဘူး။ စခန္းေဘးကို လာလုံးခဲ့တဲ့ အခ်ိန္မွာ ရန္သူက်ေန ခဲ့တာေတြရွိတယ္။ အေလာင္းေတြက ပတ္ခ်ာလည္ မွာပဲပုပ္ၿပီးေတာ့ေပါ့။ ကြၽန္ေတာ္တို႔လည္း မဆြဲႏိုင္ေတာ့ဘူး။ ေခြးေတြကေတာ့ အဲဒါေတြ သြားစားတာေပါ့။ အဲဒီမွာ အထုပ္ေတြသြားဆြဲရင္းနဲ႔ပဲ ထိသြားၾကတာ။ ကြၽန္ေတာ့္ဆီက ရဲေဘာ္တစ္ေယာက္ဆိုရင္ အထုပ္တက္ဆြဲရင္းနဲ႔ပဲ ရိကၡာႏွစ္ထုပ္နဲ႔ က်ည္ဆန္ ထုပ္တစ္ထုပ္တက္ဆြဲ တယ္။ ဆြဲတဲ့အခ်ိန္မွာပဲ က်သြားတယ္။ ရက္ေပါင္း (၃၀)ေျမာက္ေလာက္မွာ အဲဒီရဲေဘာ္တစ္ေယာက္ဆိုရင္ ထူးထူး ျခားျခား အထုပ္ေတြလည္းယူလာေပးၿပီး၊ ဗိုက္ကိုလည္း ထိသြားတယ္။ အူေတြလည္း ထြက္လာတယ္။ အဲဒါကို အထုပ္ ေတြရေအာင္ဆြဲလာၿပီးေတာ့ ျပန္လာခဲ့တယ္။ ျပန္လာၿပီးေတာ့ သူေသခ်ာေျပာသြားတာ။ ကြၽန္ေတာ္တို႔ မရႈံးေတာ့ဘူး ဆိုၿပီး။ စခန္းမက်ဘူး။ ဆက္လုပ္ႏိုင္ရင္ ကြၽန္ေတာ္ဆက္လုပ္တယ္။ ေလာေလာဆယ္ေတာ့ မလုပ္ႏိုင္ေတာ့ဘူး။ လက္က လည္းက်ိဳးသြားတယ္။ စႏိုက္ပါက တစ္ခ်က္တည္းနဲ႔ လက္ကိုေရာ ဗိုက္ကို ေရာမွန္သြားတာေပါ့။ အဲဒီတစ္ေယာက္က ေတာ့ ထူးထူးျခားျခားပဲ။ သူ႔ကိုေတာ့ ႏွစ္ရက္ထားၿပီးမွ သၿဂႋဳဟ္ေပးလိုက္တာ။ ရိကၡာပိုင္းက ေတာ္ေတာ္ခက္ပါ တယ္။ လူေတြက အကုန္လုံး ပိန္ေခ်ာင္သြားတာ။ တခ်ိဳ႕ေတြ အသက္ႀကီးတဲ့လူေတြကလည္း မစားရရင္ မေနႏိုင္တဲ့လူေတြရွိ တယ္။ သူတို႔ကေတာ့ ဟိုအ႐ြက္ ဒီအ႐ြက္ေတြကို ျပဳတ္ၿပီးစားတယ္။ ျပဳတ္ၿပီးေသာက္တယ္။ ဓာတ္ဆားပဲရွိရင္ ဓာတ္ဆားပဲ ေသာက္တယ္။ တခ်ိဳ႕ရက္ေတြက ေ႐ႊဖီဦးထုပ္ေလး တစ္ထုပ္ကို ခြဲခြဲၿပီးေတာ့ အမႈန႔္ေလးေတြလ်က္တယ္။ တစ္ရက္တစ္ရက္ကို မိုးလင္းသြားရင္ ဘယ္အခ်ိန္ ထတိုက္ေတာ့မွာလဲေပါ့။ ညဘက္လည္း မအိပ္ရပါဘူး။ ညဘက္က အသင့္ေစာင့္တယ္။ ကြၽန္ေတာ္တို႔ ေညႇာင့္ေတြေထာင္ထားတာျဖစ္တဲ့အတြက္ သူတို႔မတိုးရဲဘူး။ ညဘက္ေတာ့ နည္းနည္းေလးေပါ့တယ္။ ဒ႐ုန္းနဲ႔ပဲ သူတို႔လာခ်တယ္။ ေန႔ဘက္ေတြက်ရင္ေတာ့ ဘယ္အခ်ိန္တိုက္မွာလဲေစာင့္ေနတာ။ ကားေတြ ျဖတ္ေနတာေတာ့ ျမင္ေနရတာပဲ။ က်ည္ဆန္မရွိလို႔သာ ပစ္လို႔ကမရဘူးျဖစ္ေနတယ္။ သူတို႔ျဖတ္သြား ျဖတ္လာေတြလည္း ရိပ္ခနဲျမင္ရတယ္။ သို႔ေသာ္ ကိုယ့္ဘက္က ဘာမွလုပ္လို႔မရဘူး။ တစ္ရက္ကုန္ဖို႔ကို ျမန္ျမန္ကုန္ပါ ေတာ့ပဲ ဆုေတာင္းေနခဲ့ရတာအမ်ားႀကီးပဲ။ ညျမန္ျမန္ေရာက္ပါေတာ့ဆိုၿပီးေတာ့။ မနက္ေရာက္ၿပီဆိုတာနဲ႔၊ မိုးလင္းခါ နီးေလးေတြမွာ ထတိုက္တာတာပဲ။ အဲဒါေၾကာင့္ မိုးလင္းခါနီးတစ္ခ်က္ သတိထားၿပီးေစာင့္တယ္။ ၿပီးေတာ့ ေန႔ခင္းဘက္ ေတြက အခ်ိန္မေ႐ြး သူတို႔ဒ႐ုန္းနဲ႔လာတယ္။ တိုက္လို႔လည္း ရတယ္ဆိုေတာ့ ေန႔ခင္းဘက္ေရာက္ရင္ အလွည့္က် အိပ္ၿပီးေတာ့ အသင့္ေစာင့္ေပါ့။ ရက္ရွည္မအိပ္ရေတာ့ တခ်ိဳ႕ေတြက စိတ္ေတြက တစ္မ်ိဳးေတြ ျဖစ္တာေတြရွိတယ္။

ဆက္လက္ေဖာ္ျပပါမည္. . .

Picture

Thiha Thiha Thiha

30/05/2024 17:09

လေးစားလျက်ပါ တပ်မတော်သားများ

Picture

Tun Gdrive

11/06/2024 20:15

Respect...

Related news

© 2021. All rights reserved.