တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဥရောပခရီးစဉ် ချဉ်းကပ်မှုအသစ်လား (ဘာသာပြန်ဆောင်းပါး)

 619

သန်းထိုက်စိုး (NP News) -‌ မေ ၃၁

တရုတ်သမ္မတရှီကျင့်ဖျင်သည် ငါးနှစ်အတွင်း ပထမဆုံး ဥရောပခရီးစဉ်အဖြစ် ပြင်သစ်၊ ဟန်ဂေရီ နှင့် ဆားဘီးယားနိုင်ငံတို့ကို သွားရောက်ခဲ့သည်။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ရုရှား-ယူက ရိန်းပဋိပက္ခနှင့် ဗဟုဝင်ရိုးကမ္ဘာ ပိုမိုသက်ဝင်လာစေရေးတို့ကို မျှော်မှန်းပြီး သွားရောက်ခြင်းဖြစ်သည်ဟု ရှုမြင်ထားကြသည်။ ဆားဘီးယားပြည်သူ ထောင်ပေါင်းများစွာကလည်း ဆားဘီးယား နန်းတော်ရှေ့တွင် တရုတ်အလံများဝှေ့ယမ်းကာ China, China ဟု ကြွေးကြော်ကာ ကြိုဆိုခဲ့ကြသည်။ ဟန်ဂေရီသမ္မတ Tomas Sulyok နှင့် ဝန်ကြီးချုပ်Viktor Orban တို့ကလည်း ဟန်ဂေရီ သမ္မတနန်းတော်တွင် သမ္မတ ရှီကျင့်ဖျင်အား ကော်ဇောနီခင်း၍ စစ်အခမ်းအနားများနှင့်ကြိုဆိုခဲ့ကြသည်။

သမ္မတရှီကျင့်ဖျင်၏ ဥရောပခရီးစဉ်သည် တရုတ်နှင့်အဆိုပါသုံးနိုင်ငံတို့၏ ဆက်ဆံရေးအတွက် သမိုင်းမှတ်တမ်းတွင် ကျန်ရစ်မည့်အချိန်တစ်ချိန်ဟုလည်း ဆိုနိုင်သည်။ ၂၀၂၄ ခုနှစ်သည် တရုတ် နိုင်ငံ နှင့်ပြင်သစ်နိုင်ငံတို့၏ သံတမန်ဆက်သွယ်မှု နှစ်(၆၀)ပြည့်မြောက်သည့်နှစ်လည်းဖြစ်သကဲ့သို့ တရုတ် နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့ကြား (၇၅) နှစ်ပြည့် မြောက်သည့်နှစ်လည်းဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင် ၏ခရီးစဉ်သည် နေတိုးတပ်ဖွဲ့များက ကိုဆိုဗိုတွင် ဆားဘီးယား စစ်ပွဲဆင်နွှဲနေစဉ်အတွင်း ဘဲဂရိတ်ရှိ တရုတ်သံရုံးကို ဗုံးကြဲခဲ့သည့် (၂၅)နှစ်မြောက် ကာလနှင့်လည်း တိုက်ဆိုင်နေခဲ့သည်။

သမ္မတရှီကျင့်ဖျင်၏ ဥရောပခရီးစဉ်ရည်ရွယ်ချက်မှာ အမေရိကန်ဩဇာလွှမ်းမိုးမှုနည်းသည့် ဝင်ရိုးစုံကမ္ဘာ(Multipolar World) ရုပ်လုံး ပေါ်လာစေရန်နှင့် တရုတ် သွင်းကုန်များအပေါ် ဥရောပက စည်းကြပ်ခွန်တိုးမြှင့်မည်ဆိုသည့် ခြိမ်းခြောက်မှုများကြောင့် တရုတ်နှင့် အီးယူ ကြား ကုန်သွယ်မှုတင်းမာ လာခဲ့ရာ နှစ်ဖက်ကြား ယိုယွင်းသွားသည့်ဆက်ဆံရေး ပြန်လည်တည့်မတ်ပေးရန်လည်း ပါဝင်လိမ့်မည်ဟု လေ့လာသူများကဆိုသည်။

ပြင်သစ်နိုင်ငံသို့ရောက်ရှိသည့် နှစ်ရက်တာအတွင်း ပြင်သစ်သမ္မတ မက်ခရွန်က အီးယူနှင့် တရုတ်တို့၏ ကုန်သွယ်ရေး မမျှမတဖြစ်နေသည်ကို ဖြေရှင်းပေးရန် သမ္မတရှီကျင့်ဖျင်အား တိုက်တွန်းခဲ့ သည်။ အီးယူအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း တရုတ် နှင့်ကုန်သွယ်ရာတွင် ၂၉၂ ဘီလျံ ကုန်သွယ်မှု လိုငွေ ပြနေခြင်းဖြစ်သည်။ ထို့ပြင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့်ပတ်သက်၍လည်း သမ္မတဗလာ ဒီမာပူ တင် အပေါ် သမ္မတရှီကျင့်ဖျင်၏ဩဇာကို အသုံးချရန်လည်းတိုက်တွန်းခဲ့သည်။

သမ္မတ မက်ခရွန်သည် ၎င်းနှင့် သမ္မတရှီတို့ တွေ့ဆုံဆွေးနွေးရာတွင်ပါဝင်ရန် အီးယူကော်မရှင် ဥက္ကဋ္ဌ Ursula von der leyen ကိုလည်းဖိတ်ခေါ်ခဲ့သည်။ ယင်းမှာ လျှပ်စစ်ကား၊ ဂေဟစနစ်နှင့် ကိုက်ညီ သည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ (အစိမ်းရောင် နည်းပညာ) ထုတ်လုပ်ရာတွင် အလွန်အကျွံထုတ် လုပ်နေခြင်းနှင့်ပတ်သက်၍ အီးယူ၏ ကန့်ကွက်ထားမှုကို ဖြေရှင်းရန်နှင့် တရုတ်ဈေးကွက်တွင် အီးယူ ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရန်ရည်ရွယ်ပြီး အီးယူ ကော်မရှင်ဥက္ကဋ္ဌ Ursula von der leyen ကိုပါ ခေါ်ယူထားခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

အီးယူကော်မရှင် ဥက္ကဋ္ဌ Ursula von der leyen ကလည်း အီးယူ၏ စီးပွားရေးနှင့် လုံခြုံရေးကို ကာကွယ်ရန်အတွက် လုပ်ဆောင်စရာရှိသည်များကို မတွန့်မဆုတ် လုပ်ဆောင်သွားမည်ဟု ပြောဆိုထား သည်။ ယူကရိန်းစစ်ပွဲတွင် ရုရှား၏ နျူကလီးယား ခြိမ်းခြောက်မှုကြောင့် ဖြစ်လာသည့်တင်းမာမှု လျော့ ကျစေရန်အတွက် တရုတ်နိုင်ငံက အပြုသဘော ပါဝင်ဆောင်ရွက်ပေးရန်လည်း Ursula von der leyen က သမ္မတရှီအား တိုက်တွန်းခဲ့သည်။ ထို့ပြင် ရုရှားကိုလက်နက်ထုတ်လုပ်ရေး နည်းပညာကဏ္ဍတွင် အသုံးပြုနိုင်သည့် dual use ကုန်စည်များနှင့် မည်သည့် လက်နက်အမျိုးအစားကိုမဆို ထောက်ပံ့ခြင်း မပြုရန်ဆိုသည့် တရုတ်ထံမှ ကတိကဝတ် ကိုလည်းရရှိလိုသည်။ ယူကရိန်းနှင့် ဥရောပတွင်ဖြစ်ပေါ် သည့် စစ်ပွဲများမှ ခြိမ်းခြောက်မှုများသည် အီးယူ - တရုတ်ဆက်ဆံရေးအပေါ် သက်ရောက်စေမည်ဖြစ် သည်ဟုလည်း Ursula von der leyen က သတိပေးခဲ့သေးသည်။

သို့သော် သမ္မတမက်ခရွန်နှင့် Ursula von der leyen တို့သည် သမ္မတရှီကို စည်းရုံးနိုင်ခဲ့ပုံ မရပါ။ ကုန်သွယ်မှုကိစ္စနှင့် ရုရှားကိစ္စတို့သည် တရုတ် နိုင်ငံအတွက် ညှိနှိုင်း၍ရနိုင်သည့်ကိစ္စမဟုတ်ဟု ဆိုကြ သည်။ ပြင်သစ်ခေါင်းဆောင်တို့၏ မဟာဗျူဟာ ရည်မှန်းချက်ထဲမှတစ်ခုမှာ ပြင်သစ်နိုင်ငံကို ဖွံ့ဖြိုး တိုးတက်မှုအားကောင်းသည့် နိုင်ငံအားလုံးအတွက် အရေးကြီးမိတ်ဖက်အဖြစ် သဘောထားစေရန်ဖြစ် သည်။ သမ္မတမက်ခရွန်နှင့် သမ္မတရှီကျင့်ဖျင်တို့ ဘုံ တူညီသည့် အမြင်တစ်ခုရှိကြသည်။ ယင်းမှာ ဖွံ့ဖြိုး တိုးတက်လာသည့်နိုင်ငံများ၏ အကျိုးစီးပွားနှင့် စိုးရိမ်မှုများကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ဝင်ရိုး စုံကမ္ဘာအထိုင်ဖြစ်လာရေး ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။ သမ္မတ မက်ခရွန်အနေဖြင့် မကြာ သေးမီကပင် အိန္ဒိယနိုင်ငံနှင့်ဘရာဇီးနိုင်ငံတို့လည်း သွားရောက်ခဲ့ရာ ယင်းမှာ ပြင်သစ်နိုင်ငံသည် လက်ရှိ ကမ္ဘာ့ အရွေ့၏ ရှေ့တန်းမျက်နှာစာတွင် ရှိနေလိုသည်။

သမ္မတရှီကျင့်ဖျင်၏ ဥရောပခရီးစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည့် ပြင်သစ်ခရီးစဉ်တွင် သိသာ သည့် တိုးတက်မှုများမရှိခဲ့သော်လည်း တရုတ်နှင့် ဥရောပတို့၏ ဆက်ဆံရေးယိုယွင်းမှု ပိုဆိုးမသွားစေ ရန်အတွက်မူ ထိန်းထားနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဘဲဂရိတ်တွင်မူ ဆားဘီးယားသမ္မတ Aleksandar Vucic သည် သမ္မတရှီကျင့်ဖျင်၏ Global community of shared future ဆိုသည့် မျှော်မှန်းချက်ကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးထားသည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီ ချက်မှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁) ရက် နေ့တွင်အသက်ဝင်မည်ဖြစ်သည်။ အခြားစီးပွားရေး သဘောတူ ညီချက်များမှာ နှစ်နိုင်ငံကြား လေကြောင်း လိုင်းသစ်များ တိုးချဲ့ပြေးဆွဲရေးနှင့် ဆားဘီးယား စိုက်ပျိုးရေး ထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရေးလည်းပါဝင်သည်။ ထို့ပြင် နျူကလီးယားကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ မြို့တော် ဘဲဂရိတ်နှင့် လေဆိပ်ကိုဆက်သွယ်ပေးသည့် မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ခြင်းအပါအဝင် ပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပိုမိုရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းလည်း သမ္မတရှီကျင့်ဖျင်က ကတိပြုခဲ့သည်ဟု ဟန်ဂေရီအစိုးရအရာရှိများက ဆိုသည်။ အလားတူ ဟန်ဂေရီ မြို့တော်နှင့် ဆားဘီးယားမြို့တော်တို့ကို ဆက်သွယ်ပေးသည့် အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံတန် စီမံကိန်းကိုလည်း ဆက်လက် အကောင်အထည်ဖော်မည်ဟု သမ္မတရှီကျင့်ဖျင်က ကတိပြုခဲ့သည်။ ယင်းစီမံကိန်းမှာ တရုတ်နိုင်ငံ Belt and Road Initiative ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

သမ္မတရှီ၏ ဆားဘီးယားခရီးစဉ်သည် နေတိုးတပ်ဖွဲ့က ကိုဆိုဗိုမြို့ရှိ တရုတ်သံရုံးကို ဗုံးကြဲ သည့်(၂၅)နှစ်တာ ကာလနှင့်တိုက်ဆိုင်ပြီး ရောက်ရှိလာခြင်းဖြစ်ရာ တရုတ်နှင့်ရုရှားတို့သည် နေတိုးစစ် မဟာမိတ်အဖွဲ့ အရှေ့ဘက်သို့ချဲ့ထွင်လာခြင်းနှင့် ပတ်သက်၍ ရင်ဘတ်ချင်းနီးစွာခံစားကြရသူများဖြစ် သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းသတင်းစကားပါးလိုပုံရသည်။ ထို့ပြင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံမဟုတ် သည့် ဥရောပနိုင်ငံတစ်နိုင်ငံမှနေ၍ နေတိုးစစ် မဟာမိတ်အဖွဲ့ကို ဝေဖန်နိုင်သည့်အခွင့်အရေးလည်းရ ရှိပြီး အာရှ-ပစိဖိတ်ဒေသတွင်လည်း နေတိုးအဖွဲ့ အင်အားကြီးထွားလာခြင်းအပေါ်တွင်လည်း သဘော မတွေ့ကြောင်း ထင်ထင်ရှားရှားပြလိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့် စီးပွားရေးမိတ်ဖက်ဖြစ်မှုအပေါ် အနောက်နိုင်ငံများ၏ ဖိအားပေးမှုက ဖြိုခွင်းနိုင်မည်မဟုတ်ဆိုသည်ကို လည်း အသိပေးလိုပုံရသည်။

အဆိုပါအချက်များအားလုံးသည် အရေးပါသော ပထဝီမဟာဗျူဟာမြောက် ပလေယာတစ်ခု အဖြစ် စစ်အေးခေတ်၊ ဒုတိယကမ္ဘာစစ်တို့ကို ပြန်လည်သတိရစေလိုသည့် သမ္မတရှီ၏ စိတ်ဆန္ဒပြင်းပြမှု အပေါ် မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံ လန်ဒန်စီးပွားရေးကျောင်းမှ အကြီးတန်းသု တေသီလည်းဖြစ်၊ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာရှင်လည်းဖြစ်သူ Shirley Yu က သုံးသပ်သည်။ တရုတ်၏ စီးပွားရေးအထောက်အပံ့နှင့်အတူ အီးယူ ၏ အစွန်းအဖျားဒေသသည် နည်းပညာမြင့် ကုန်ထုတ်လုပ်မှု ကွင်းဆင်များဖြစ်လာခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာခြင်းနှင့်အတူ ပိုမို အရေးပါသည့် အီးယူ၏ စီးပွားရေးပလေယာများ ဖြစ်လာနိုင်သည်ဟုလည်း Shirley Yu က ယူဆသည်။ ဟန်ဂေရီနိုင်ငံသည် တရုတ်နိုင်ငံအတွက် အီးယူကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်မည့် ဂိတ်ပေါက်တစ်ခု ဖြစ်ရာ ဟန်ဂေရီနှင့် မိတ်ဖက်ဖြစ်မှု တိုးမြှင့်လိုက်ခြင်းဖြင့် တရုတ်၏ လျှပ်စစ်ကားများတင်သွင်းမှုအပေါ် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများမှာ အရာမထင်ဖြစ်သွားနိုင်သည်။

သမ္မတရှီကျင့်ဖျင်ကလည်း အီးယူ၏ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် လက်ရှိ သံတမန်ရေးရပ်တည်ချက်ကို ပြန်လည်ထောက်ပြခဲ့သည်။ သမ္မတရှီအနေဖြင့် အီးယူ အင် စတီကျူးရှင်းများအား တရုတ်နိုင်ငံအပေါ်ရှုမြင်ပုံ ပြောင်းလဲရန်လည်း တိုက်တွန်းခဲ့သည်။ သမ္မတ ရှီ ကျင့်ဖျင် သည် ယူကရိန်းနှင့်ဆက်ဆံရေး၊ အမေရိကန်နှင့်ဆက်ဆံရေးတို့ကြောင့် အီးယူအတွင်း ကွဲလွဲ မှုအချို့ ဖြစ်ပေါ်နေခြင်းမှ အမြတ်ထုတ်နိုင်ရန် ကြိုးစားနေခြင်းဟုလည်း သုံးသပ်မှုများရှိသည်။ တရုတ် နိုင်ငံအနေဖြင့် ဈေးနှုန်းချိုသာသည့်အရုပ်များ ထုတ်လုပ်ခြင်းအစား လျှပ်စစ်ကားများ၊ လစ်သီယမ်ဘက် ထရီများနှင့် ဆိုလာပြားများတင်ပို့ရာတွင် ဦးဆောင်နိုင်ငံဖြစ်လိုသည်။ ဥရောပသည် အဆိုပါ တရုတ်ကုန်စည်များအတွက် အရေးကြီးသောဈေးကွက်ဖြစ်သည်။

သို့သော် သမ္မတရှီကျင့်ဖျင်သည် တရုတ် နိုင်ငံကို လျှပ်စစ်ကားများနှင့် အခြားကဏ္ဍများတွင် ကုန်ပစ္စည်းအလွန်အကျွံထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ အနည်းငယ်မျှဝန်ခံပြောကြားခဲ့ခြင်း မရှိပါ။ တရုတ် နိုင်ငံအနေဖြင့် ၎င်း၏စီးပွားရေးကို တွန်းတင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ ထုတ်ကုန်သစ်များကို ထုတ်လုပ်ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့်လည်းကောင်း၊ ရုရှားနိုင်ငံက ယူကရိန်းကိုတိုက်ခိုက်ခဲ့ခြင်း ကြောင့်လည်းကောင်း စီးပွားရေးအထိနာနေသည့် အီးယူသည်လည်း တရုတ်နိုင်ငံနှင့် နိုင်ငံရေးအမြင် အမျိုးမျိုးရှိသည့် အခြားနိုင်ငံများအပေါ် စီးပွားရေးအရ အလွန်အကျွံမှီခိုရခြင်းကို အလေးအနက် ပြန်လည်စဉ်းစားခန်းဝင်နေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားနှင့်နီးကပ်သည့် ဆက်ဆံရေးအပေါ်တွင်လည်း တန်ဖိုးထားသည်။ အထူးသဖြင့် နှစ်နိုင်ငံတို့သည် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုနှင့်ပတ်သက်၍ လည်း စိုးရိမ်တကြီးရှိသည့် နိုင်ငံများဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် တစ်ဖက်တွင် အမေရိကန်၊ အီးယူတို့နှင့် တည်ငြိမ်သည့် ဆက် ဆံရေးကို ဆက်လက်ထိန်းသိမ်းလို့သည့်ဆန္ဒရှိပြီး ရုရှားအတွက်လည်း စီးပွားရေးနှင့် သံတမန်ရေး ထောက်ပံ့မှုများပေးကာ မျှခြေရရန်ကြိုးပမ်းမှုမှာ မသေချာမရေရာလှပါ။ အီးယူနိုင်ငံများ၏အမြင်တွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံကို နျူကလီးယားလက်နက်များ ဖြန့်ကြက်ချထားခြင်းကို ရှောင်ကြဉ်ရန် နားချနိုင်လိမ့်မည်ဟု ယူဆထားပုံရသည်။ သို့သော် အီးယူခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံကို ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ၎င်းတို့နှင့် တစ်ဖက်တည်း ရပ်တည်လာလိမ့်မည်ဟုမျှော်လင့်ရန် မရှိတော့ ပါ။ သမ္မတရှီ၏ ဥရောပခရီးစဉ်အဖြစ် ပြင်သစ်၊ ဆားဘီးယားနှင့် ဟန်ဂေရီနိုင်ငံတို့ကို ရွေးချယ်လိုက်ခြင်း သည်ပင် ခိုင်မာသည့်သက်သေဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်သည် ဥရောပနှင့်အမေရိကန်ကြားရှိ သ ဘောထား ကွဲလွဲမှုအက်ကြောင်းကို ဆွဲထုတ်အသုံးချလိုက်ခြင်းပင်ဖြစ်သည်။

ယင်းတို့အထဲတွင် Belt and Road Initiative နှင့် အခြားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများလည်း ပါဝင်သည်။ ထိုကဲ့သို့သော အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများသည် ဘယ်လ်ဂျီယံနှင့် အမေရိကန် တို့ကိုပါ မျက်ခုံးလှုပ်လာစေသည်။ သမ္မတရှီအနေဖြင့် အမေရိကန်နှင့်ဆက်ဆံရေး၊ ယူကရိန်းတွင် ဖြစ်ပွား နေသည့်စစ်ပွဲတို့နှင့်ပတ်သက်၍ ဥရောပအတွင်းရှိ သဘောထားကွဲလွဲမှုများကို အခွင့်အရေးတစ်ရပ် အဖြစ် ရယူအသုံးပြုမည်ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ပထဝီ နိုင်ငံရေး အားပြိုင်နေရမှုများကြောင့် ဥရောပရှိမိတ်ဖက် နှင့် စားသုံးသူတို့ကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အီးယူနှင့် ဆက်ဆံရေး တစ်စုံတစ်ရာတိုးတက်မှုမရှိပါက ချဉ်းကပ်ပုံ ပြန်လည်သုံးသပ်ရန်လိုမည်ဟုလည်း ဆိုကြသည်။ သို့သော် တရုတ်တို့၏ လက်သုံးစကား ဖြစ်သည့် Win Win cooperation သဘောတရားသည် ဥရောပတွင် တိုးပေါက်နိုင်မည်မဟုတ်ဟုလည်း ဆိုကြသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးမော်ဒယ်မှာ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်းဖြစ်ရာ ယူကရိန်းတွင် ဖြစ် ပွားနေသည့်စစ်ပွဲကိုအကြောင်းပြု၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ပြောင်းလဲဖွယ်မရှိပါ။ သို့ဖြစ်ရာ တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် ပိုမိုရင်းနှီးနွေးထွေးသည့် ဆက်ဆံရေး ဖြစ်လာစေရန် သဘောတူညီချက် နယ်နမိတ်သစ်တစ်ခု ရှာဖွေရန်လိုအပ်မည်ဖြစ်သည်။ ယင်းအတွက် သမ္မတရှီကျင့်ဖျင် မည်မျှအကွာအဝေးအထိ တာထွက်နိုင်ခဲ့ပြီလဲ။ သမ္မတရှီကျင့်ဖျင်၏ ယခု တစ်ခေါက် ဥရောပခရီးစဉ်မှာ ချဉ်းကပ်မှု နည်းနာသစ်ရှာဖွေရန်အတွက် ပထမဆုံး ခြေလှမ်းတစ်လှမ်းလည်း ဖြစ် ကောင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်းရှိသည်။ ပန်းတိုင်ရောက်ရန်မှာ ပထမဆုံးသောခြေလှမ်းဖြင့် စတင်ရခြင်းဖြစ်သည်ဟု ဆိုကြသည်မဟုတ်ပါလား။

zawgyi version
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္၏ ဥေရာပခရီးစဥ္ ခ်ဥ္းကပ္မႈအသစ္လား (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) -‌ ေမ ၃၁

တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ ငါးႏွစ္အတြင္း ပထမဆုံး ဥေရာပခရီးစဥ္အျဖစ္ ျပင္သစ္၊ ဟန္ေဂရီ ႏွင့္ ဆားဘီးယားႏိုင္ငံတို႔ကို သြားေရာက္ခဲ့သည္။ ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ႐ုရွား-ယူက ရိန္းပဋိပကၡႏွင့္ ဗဟုဝင္႐ိုးကမာၻ ပိုမိုသက္ဝင္လာေစေရးတို႔ကို ေမွ်ာ္မွန္းၿပီး သြားေရာက္ျခင္းျဖစ္သည္ဟု ရႈျမင္ထားၾကသည္။ ဆားဘီးယားျပည္သူ ေထာင္ေပါင္းမ်ားစြာကလည္း ဆားဘီးယား နန္းေတာ္ေရွ႕တြင္ တ႐ုတ္အလံမ်ားေဝွ႔ယမ္းကာ China, China ဟု ေႂကြးေၾကာ္ကာ ႀကိဳဆိုခဲ့ၾကသည္။ ဟန္ေဂရီသမၼတ Tomas Sulyok ႏွင့္ ဝန္ႀကီးခ်ဳပ္Viktor Orban တို႔ကလည္း ဟန္ေဂရီ သမၼတနန္းေတာ္တြင္ သမၼတ ရွီက်င့္ဖ်င္အား ေကာ္ေဇာနီခင္း၍ စစ္အခမ္းအနားမ်ားႏွင့္ႀကိဳဆိုခဲ့ၾကသည္။

သမၼတရွီက်င့္ဖ်င္၏ ဥေရာပခရီးစဥ္သည္ တ႐ုတ္ႏွင့္အဆိုပါသုံးႏိုင္ငံတို႔၏ ဆက္ဆံေရးအတြက္ သမိုင္းမွတ္တမ္းတြင္ က်န္ရစ္မည့္အခ်ိန္တစ္ခ်ိန္ဟုလည္း ဆိုႏိုင္သည္။ ၂၀၂၄ ခုႏွစ္သည္ တ႐ုတ္ ႏိုင္ငံ ႏွင့္ျပင္သစ္ႏိုင္ငံတို႔၏ သံတမန္ဆက္သြယ္မႈ ႏွစ္(၆၀)ျပည့္ေျမာက္သည့္ႏွစ္လည္းျဖစ္သကဲ့သို႔ တ႐ုတ္ ႏိုင္ငံႏွင့္ ဟန္ေဂရီႏိုင္ငံတို႔ၾကား (၇၅) ႏွစ္ျပည့္ ေျမာက္သည့္ႏွစ္လည္းျဖစ္သည္။ သမၼတ ရွီက်င့္ဖ်င္ ၏ခရီးစဥ္သည္ ေနတိုးတပ္ဖြဲ႕မ်ားက ကိုဆိုဗိုတြင္ ဆားဘီးယား စစ္ပြဲဆင္ႏႊဲေနစဥ္အတြင္း ဘဲဂရိတ္ရွိ တ႐ုတ္သံ႐ုံးကို ဗုံးႀကဲခဲ့သည့္ (၂၅)ႏွစ္ေျမာက္ ကာလႏွင့္လည္း တိုက္ဆိုင္ေနခဲ့သည္။

သမၼတရွီက်င့္ဖ်င္၏ ဥေရာပခရီးစဥ္ရည္႐ြယ္ခ်က္မွာ အေမရိကန္ဩဇာလႊမ္းမိုးမႈနည္းသည့္ ဝင္႐ိုးစုံကမာၻ(Multipolar World) ႐ုပ္လုံး ေပၚလာေစရန္ႏွင့္ တ႐ုတ္ သြင္းကုန္မ်ားအေပၚ ဥေရာပက စည္းၾကပ္ခြန္တိုးျမႇင့္မည္ဆိုသည့္ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ တ႐ုတ္ႏွင့္ အီးယူ ၾကား ကုန္သြယ္မႈတင္းမာ လာခဲ့ရာ ႏွစ္ဖက္ၾကား ယိုယြင္းသြားသည့္ဆက္ဆံေရး ျပန္လည္တည့္မတ္ေပးရန္လည္း ပါဝင္လိမ့္မည္ဟု ေလ့လာသူမ်ားကဆိုသည္။

ျပင္သစ္ႏိုင္ငံသို႔ေရာက္ရွိသည့္ ႏွစ္ရက္တာအတြင္း ျပင္သစ္သမၼတ မက္ခ႐ြန္က အီးယူႏွင့္ တ႐ုတ္တို႔၏ ကုန္သြယ္ေရး မမွ်မတျဖစ္ေနသည္ကို ေျဖရွင္းေပးရန္ သမၼတရွီက်င့္ဖ်င္အား တိုက္တြန္းခဲ့ သည္။ အီးယူအေနျဖင့္ ၂၀၂၃ ခုႏွစ္အတြင္း တ႐ုတ္ ႏွင့္ကုန္သြယ္ရာတြင္ ၂၉၂ ဘီလ်ံ ကုန္သြယ္မႈ လိုေငြ ျပေနျခင္းျဖစ္သည္။ ထို႔ျပင္ ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးႏွင့္ပတ္သက္၍လည္း သမၼတဗလာ ဒီမာပူ တင္ အေပၚ သမၼတရွီက်င့္ဖ်င္၏ဩဇာကို အသုံးခ်ရန္လည္းတိုက္တြန္းခဲ့သည္။

သမၼတ မက္ခ႐ြန္သည္ ၎ႏွင့္ သမၼတရွီတို႔ ေတြ႕ဆုံေဆြးေႏြးရာတြင္ပါဝင္ရန္ အီးယူေကာ္မရွင္ ဥကၠ႒ Ursula von der leyen ကိုလည္းဖိတ္ေခၚခဲ့သည္။ ယင္းမွာ လွ်ပ္စစ္ကား၊ ေဂဟစနစ္ႏွင့္ ကိုက္ညီ သည့္ ထုတ္ကုန္ႏွင့္ဝန္ေဆာင္မႈမ်ား (အစိမ္းေရာင္ နည္းပညာ) ထုတ္လုပ္ရာတြင္ အလြန္အကြၽံထုတ္ လုပ္ေနျခင္းႏွင့္ပတ္သက္၍ အီးယူ၏ ကန႔္ကြက္ထားမႈကို ေျဖရွင္းရန္ႏွင့္ တ႐ုတ္ေဈးကြက္တြင္ အီးယူ ကုန္ပစၥည္းမ်ား ပိုမိုတင္ပို႔ႏိုင္ရန္ရည္႐ြယ္ၿပီး အီးယူ ေကာ္မရွင္ဥကၠ႒ Ursula von der leyen ကိုပါ ေခၚယူထားျခင္းျဖစ္သည္ဟု ေလ့လာသူမ်ားက သုံးသပ္ၾကသည္။

အီးယူေကာ္မရွင္ ဥကၠ႒ Ursula von der leyen ကလည္း အီးယူ၏ စီးပြားေရးႏွင့္ လုံၿခဳံေရးကို ကာကြယ္ရန္အတြက္ လုပ္ေဆာင္စရာရွိသည္မ်ားကို မတြန႔္မဆုတ္ လုပ္ေဆာင္သြားမည္ဟု ေျပာဆိုထား သည္။ ယူကရိန္းစစ္ပြဲတြင္ ႐ုရွား၏ န်ဴကလီးယား ၿခိမ္းေျခာက္မႈေၾကာင့္ ျဖစ္လာသည့္တင္းမာမႈ ေလ်ာ့ က်ေစရန္အတြက္ တ႐ုတ္ႏိုင္ငံက အျပဳသေဘာ ပါဝင္ေဆာင္႐ြက္ေပးရန္လည္း Ursula von der leyen က သမၼတရွီအား တိုက္တြန္းခဲ့သည္။ ထို႔ျပင္ ႐ုရွားကိုလက္နက္ထုတ္လုပ္ေရး နည္းပညာက႑တြင္ အသုံးျပဳႏိုင္သည့္ dual use ကုန္စည္မ်ားႏွင့္ မည္သည့္ လက္နက္အမ်ိဳးအစားကိုမဆို ေထာက္ပံ့ျခင္း မျပဳရန္ဆိုသည့္ တ႐ုတ္ထံမွ ကတိကဝတ္ ကိုလည္းရရွိလိုသည္။ ယူကရိန္းႏွင့္ ဥေရာပတြင္ျဖစ္ေပၚ သည့္ စစ္ပြဲမ်ားမွ ၿခိမ္းေျခာက္မႈမ်ားသည္ အီးယူ - တ႐ုတ္ဆက္ဆံေရးအေပၚ သက္ေရာက္ေစမည္ျဖစ္ သည္ဟုလည္း Ursula von der leyen က သတိေပးခဲ့ေသးသည္။

သို႔ေသာ္ သမၼတမက္ခ႐ြန္ႏွင့္ Ursula von der leyen တို႔သည္ သမၼတရွီကို စည္း႐ုံးႏိုင္ခဲ့ပုံ မရပါ။ ကုန္သြယ္မႈကိစၥႏွင့္ ႐ုရွားကိစၥတို႔သည္ တ႐ုတ္ ႏိုင္ငံအတြက္ ညႇိႏႈိင္း၍ရႏိုင္သည့္ကိစၥမဟုတ္ဟု ဆိုၾက သည္။ ျပင္သစ္ေခါင္းေဆာင္တို႔၏ မဟာဗ်ဴဟာ ရည္မွန္းခ်က္ထဲမွတစ္ခုမွာ ျပင္သစ္ႏိုင္ငံကို ဖြံ႕ၿဖိဳး တိုးတက္မႈအားေကာင္းသည့္ ႏိုင္ငံအားလုံးအတြက္ အေရးႀကီးမိတ္ဖက္အျဖစ္ သေဘာထားေစရန္ျဖစ္ သည္။ သမၼတမက္ခ႐ြန္ႏွင့္ သမၼတရွီက်င့္ဖ်င္တို႔ ဘုံ တူညီသည့္ အျမင္တစ္ခုရွိၾကသည္။ ယင္းမွာ ဖြံ႕ၿဖိဳး တိုးတက္လာသည့္ႏိုင္ငံမ်ား၏ အက်ိဳးစီးပြားႏွင့္ စိုးရိမ္မႈမ်ားကို လိုက္ေလ်ာညီေထြျဖစ္ေစရန္အတြက္ ဝင္႐ိုး စုံကမာၻအထိုင္ျဖစ္လာေရး ပူးေပါင္းေဆာင္႐ြက္ရန္ ျဖစ္သည္။ သမၼတ မက္ခ႐ြန္အေနျဖင့္ မၾကာ ေသးမီကပင္ အိႏၵိယႏိုင္ငံႏွင့္ဘရာဇီးႏိုင္ငံတို႔လည္း သြားေရာက္ခဲ့ရာ ယင္းမွာ ျပင္သစ္ႏိုင္ငံသည္ လက္ရွိ ကမာၻ႔ အေ႐ြ႕၏ ေရွ႕တန္းမ်က္ႏွာစာတြင္ ရွိေနလိုသည္။

သမၼတရွီက်င့္ဖ်င္၏ ဥေရာပခရီးစဥ္ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ ျပင္သစ္ခရီးစဥ္တြင္ သိသာ သည့္ တိုးတက္မႈမ်ားမရွိခဲ့ေသာ္လည္း တ႐ုတ္ႏွင့္ ဥေရာပတို႔၏ ဆက္ဆံေရးယိုယြင္းမႈ ပိုဆိုးမသြားေစ ရန္အတြက္မူ ထိန္းထားႏိုင္ခဲ့သည္ဟု ဆိုရမည္ျဖစ္သည္။ ဘဲဂရိတ္တြင္မူ ဆားဘီးယားသမၼတ Aleksandar Vucic သည္ သမၼတရွီက်င့္ဖ်င္၏ Global community of shared future ဆိုသည့္ ေမွ်ာ္မွန္းခ်က္ကို ပူးေပါင္းေဆာင္႐ြက္ရန္ သေဘာတူခဲ့သည္။ ၂၀၂၃ ခုႏွစ္တြင္ ႏွစ္ႏိုင္ငံၾကား လက္မွတ္ေရးထိုးထားသည့္ လြတ္လပ္ေသာ ကုန္သြယ္ေရး သေဘာတူညီ ခ်က္မွာ ၂၀၂၄ ခုႏွစ္ ဇူလိုင္လ(၁) ရက္ ေန႔တြင္အသက္ဝင္မည္ျဖစ္သည္။ အျခားစီးပြားေရး သေဘာတူ ညီခ်က္မ်ားမွာ ႏွစ္ႏိုင္ငံၾကား ေလေၾကာင္း လိုင္းသစ္မ်ား တိုးခ်ဲ႕ေျပးဆြဲေရးႏွင့္ ဆားဘီးယား စိုက္ပ်ိဳးေရး ထုတ္ကုန္မ်ား တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေရးလည္းပါဝင္သည္။ ထို႔ျပင္ န်ဴကလီးယားက႑တြင္ ပူးေပါင္း ေဆာင္႐ြက္ျခင္း၊ ၿမိဳ႕ေတာ္ ဘဲဂရိတ္ႏွင့္ ေလဆိပ္ကိုဆက္သြယ္ေပးသည့္ ျမန္ႏႈန္းျမင့္ရထားလမ္း တည္ေဆာက္ျခင္းအပါအဝင္ ပို႔ေဆာင္ေရးႏွင့္ စြမ္းအင္က႑တို႔တြင္ ပိုမိုရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ေၾကာင္းလည္း သမၼတရွီက်င့္ဖ်င္က ကတိျပဳခဲ့သည္ဟု ဟန္ေဂရီအစိုးရအရာရွိမ်ားက ဆိုသည္။ အလားတူ ဟန္ေဂရီ ၿမိဳ႕ေတာ္ႏွင့္ ဆားဘီးယားၿမိဳ႕ေတာ္တို႔ကို ဆက္သြယ္ေပးသည့္ အေမရိကန္ေဒၚလာ ၂.၁ ဘီလ်ံတန္ စီမံကိန္းကိုလည္း ဆက္လက္ အေကာင္အထည္ေဖာ္မည္ဟု သမၼတရွီက်င့္ဖ်င္က ကတိျပဳခဲ့သည္။ ယင္းစီမံကိန္းမွာ တ႐ုတ္ႏိုင္ငံ Belt and Road Initiative ၏ အစိတ္အပိုင္းတစ္ခုလည္း ျဖစ္သည္။

သမၼတရွီ၏ ဆားဘီးယားခရီးစဥ္သည္ ေနတိုးတပ္ဖြဲ႕က ကိုဆိုဗိုၿမိဳ႕ရွိ တ႐ုတ္သံ႐ုံးကို ဗုံးႀကဲ သည့္(၂၅)ႏွစ္တာ ကာလႏွင့္တိုက္ဆိုင္ၿပီး ေရာက္ရွိလာျခင္းျဖစ္ရာ တ႐ုတ္ႏွင့္႐ုရွားတို႔သည္ ေနတိုးစစ္ မဟာမိတ္အဖြဲ႕ အေရွ႕ဘက္သို႔ခ်ဲ႕ထြင္လာျခင္းႏွင့္ ပတ္သက္၍ ရင္ဘတ္ခ်င္းနီးစြာခံစားၾကရသူမ်ားျဖစ္ သည္ဆိုသည္ကို ရွင္းရွင္းလင္းလင္းသတင္းစကားပါးလိုပုံရသည္။ ထို႔ျပင္ မဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံမဟုတ္ သည့္ ဥေရာပႏိုင္ငံတစ္ႏိုင္ငံမွေန၍ ေနတိုးစစ္ မဟာမိတ္အဖြဲ႕ကို ေဝဖန္ႏိုင္သည့္အခြင့္အေရးလည္းရ ရွိၿပီး အာရွ-ပစိဖိတ္ေဒသတြင္လည္း ေနတိုးအဖြဲ႕ အင္အားႀကီးထြားလာျခင္းအေပၚတြင္လည္း သေဘာ မေတြ႕ေၾကာင္း ထင္ထင္ရွားရွားျပလိုက္ျခင္းလည္း ျဖစ္သည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ႐ုရွားႏွင့္ စီးပြားေရးမိတ္ဖက္ျဖစ္မႈအေပၚ အေနာက္ႏိုင္ငံမ်ား၏ ဖိအားေပးမႈက ၿဖိဳခြင္းႏိုင္မည္မဟုတ္ဆိုသည္ကို လည္း အသိေပးလိုပုံရသည္။

အဆိုပါအခ်က္မ်ားအားလုံးသည္ အေရးပါေသာ ပထဝီမဟာဗ်ဴဟာေျမာက္ ပေလယာတစ္ခု အျဖစ္ စစ္ေအးေခတ္၊ ဒုတိယကမာၻစစ္တို႔ကို ျပန္လည္သတိရေစလိုသည့္ သမၼတရွီ၏ စိတ္ဆႏၵျပင္းျပမႈ အေပၚ မီးေမာင္းထိုးျပေနျခင္းျဖစ္သည္ဟု ၿဗိတိန္ႏိုင္ငံ လန္ဒန္စီးပြားေရးေက်ာင္းမွ အႀကီးတန္းသု ေတသီလည္းျဖစ္၊ ႏိုင္ငံေရးဆိုင္ရာ စီးပြားေရးပညာရွင္လည္းျဖစ္သူ Shirley Yu က သုံးသပ္သည္။ တ႐ုတ္၏ စီးပြားေရးအေထာက္အပံ့ႏွင့္အတူ အီးယူ ၏ အစြန္းအဖ်ားေဒသသည္ နည္းပညာျမင့္ ကုန္ထုတ္လုပ္မႈ ကြင္းဆင္မ်ားျဖစ္လာျခင္း၊ ဖြံ႕ၿဖိဳးတိုးတက္မႈ ျမန္ဆန္လာျခင္းႏွင့္အတူ ပိုမို အေရးပါသည့္ အီးယူ၏ စီးပြားေရးပေလယာမ်ား ျဖစ္လာႏိုင္သည္ဟုလည္း Shirley Yu က ယူဆသည္။ ဟန္ေဂရီႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံအတြက္ အီးယူကုန္သြယ္ေရးအဖြဲ႕သို႔ ဝင္ေရာက္မည့္ ဂိတ္ေပါက္တစ္ခု ျဖစ္ရာ ဟန္ေဂရီႏွင့္ မိတ္ဖက္ျဖစ္မႈ တိုးျမႇင့္လိုက္ျခင္းျဖင့္ တ႐ုတ္၏ လွ်ပ္စစ္ကားမ်ားတင္သြင္းမႈအေပၚ အီးယူ၏ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားမွာ အရာမထင္ျဖစ္သြားႏိုင္သည္။

သမၼတရွီက်င့္ဖ်င္ကလည္း အီးယူ၏ ကုန္သြယ္ေရး ကိုယ္က်ိဳးစီးပြားကာကြယ္ေရးမူဝါဒႏွင့္ လက္ရွိ သံတမန္ေရးရပ္တည္ခ်က္ကို ျပန္လည္ေထာက္ျပခဲ့သည္။ သမၼတရွီအေနျဖင့္ အီးယူ အင္ စတီက်ဴးရွင္းမ်ားအား တ႐ုတ္ႏိုင္ငံအေပၚရႈျမင္ပုံ ေျပာင္းလဲရန္လည္း တိုက္တြန္းခဲ့သည္။ သမၼတ ရွီ က်င့္ဖ်င္ သည္ ယူကရိန္းႏွင့္ဆက္ဆံေရး၊ အေမရိကန္ႏွင့္ဆက္ဆံေရးတို႔ေၾကာင့္ အီးယူအတြင္း ကြဲလြဲ မႈအခ်ိဳ႕ ျဖစ္ေပၚေနျခင္းမွ အျမတ္ထုတ္ႏိုင္ရန္ ႀကိဳးစားေနျခင္းဟုလည္း သုံးသပ္မႈမ်ားရွိသည္။ တ႐ုတ္ ႏိုင္ငံအေနျဖင့္ ေဈးႏႈန္းခ်ိဳသာသည့္အ႐ုပ္မ်ား ထုတ္လုပ္ျခင္းအစား လွ်ပ္စစ္ကားမ်ား၊ လစ္သီယမ္ဘက္ ထရီမ်ားႏွင့္ ဆိုလာျပားမ်ားတင္ပို႔ရာတြင္ ဦးေဆာင္ႏိုင္ငံျဖစ္လိုသည္။ ဥေရာပသည္ အဆိုပါ တ႐ုတ္ကုန္စည္မ်ားအတြက္ အေရးႀကီးေသာေဈးကြက္ျဖစ္သည္။

သို႔ေသာ္ သမၼတရွီက်င့္ဖ်င္သည္ တ႐ုတ္ ႏိုင္ငံကို လွ်ပ္စစ္ကားမ်ားႏွင့္ အျခားက႑မ်ားတြင္ ကုန္ပစၥည္းအလြန္အကြၽံထုတ္လုပ္ျခင္းႏွင့္ပတ္သက္၍ အနည္းငယ္မွ်ဝန္ခံေျပာၾကားခဲ့ျခင္း မရွိပါ။ တ႐ုတ္ ႏိုင္ငံအေနျဖင့္ ၎၏စီးပြားေရးကို တြန္းတင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ အဆိုပါ ထုတ္ကုန္သစ္မ်ားကို ထုတ္လုပ္ျခင္းျဖစ္သည္။ ကိုဗစ္-၁၉ ေၾကာင့္လည္းေကာင္း၊ ႐ုရွားႏိုင္ငံက ယူကရိန္းကိုတိုက္ခိုက္ခဲ့ျခင္း ေၾကာင့္လည္းေကာင္း စီးပြားေရးအထိနာေနသည့္ အီးယူသည္လည္း တ႐ုတ္ႏိုင္ငံႏွင့္ ႏိုင္ငံေရးအျမင္ အမ်ိဳးမ်ိဳးရွိသည့္ အျခားႏိုင္ငံမ်ားအေပၚ စီးပြားေရးအရ အလြန္အကြၽံမွီခိုရျခင္းကို အေလးအနက္ ျပန္လည္စဥ္းစားခန္းဝင္ေနၿပီ ျဖစ္သည္။

တစ္ခ်ိန္တည္းမွာပင္ ႐ုရွားႏွင့္နီးကပ္သည့္ ဆက္ဆံေရးအေပၚတြင္လည္း တန္ဖိုးထားသည္။ အထူးသျဖင့္ ႏွစ္ႏိုင္ငံတို႔သည္ အေမရိကန္ႏိုင္ငံ၏ လႊမ္းမိုးမႈႏွင့္ပတ္သက္၍ လည္း စိုးရိမ္တႀကီးရွိသည့္ ႏိုင္ငံမ်ားျဖစ္သည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ တစ္ဖက္တြင္ အေမရိကန္၊ အီးယူတို႔ႏွင့္ တည္ၿငိမ္သည့္ ဆက္ ဆံေရးကို ဆက္လက္ထိန္းသိမ္းလို႔သည့္ဆႏၵရွိၿပီး ႐ုရွားအတြက္လည္း စီးပြားေရးႏွင့္ သံတမန္ေရး ေထာက္ပံ့မႈမ်ားေပးကာ မွ်ေျခရရန္ႀကိဳးပမ္းမႈမွာ မေသခ်ာမေရရာလွပါ။ အီးယူႏိုင္ငံမ်ား၏အျမင္တြင္ တ႐ုတ္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံကို န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကက္ခ်ထားျခင္းကို ေရွာင္ၾကဥ္ရန္ နားခ်ႏိုင္လိမ့္မည္ဟု ယူဆထားပုံရသည္။ သို႔ေသာ္ အီးယူေခါင္းေဆာင္မ်ားအေနျဖင့္ တ႐ုတ္ႏိုင္ငံကို ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္၍ ၎တို႔ႏွင့္ တစ္ဖက္တည္း ရပ္တည္လာလိမ့္မည္ဟုေမွ်ာ္လင့္ရန္ မရွိေတာ့ ပါ။ သမၼတရွီ၏ ဥေရာပခရီးစဥ္အျဖစ္ ျပင္သစ္၊ ဆားဘီးယားႏွင့္ ဟန္ေဂရီႏိုင္ငံတို႔ကို ေ႐ြးခ်ယ္လိုက္ျခင္း သည္ပင္ ခိုင္မာသည့္သက္ေသျဖစ္သည္။ သမၼတ ရွီက်င့္ဖ်င္သည္ ဥေရာပႏွင့္အေမရိကန္ၾကားရွိ သ ေဘာထား ကြဲလြဲမႈအက္ေၾကာင္းကို ဆြဲထုတ္အသုံးခ်လိုက္ျခင္းပင္ျဖစ္သည္။

ယင္းတို႔အထဲတြင္ Belt and Road Initiative ႏွင့္ အျခားေသာ ရင္းႏွီးျမႇဳပ္ႏွံမႈစီမံကိန္းမ်ားလည္း ပါဝင္သည္။ ထိုကဲ့သို႔ေသာ အနီးကပ္ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ ဘယ္လ္ဂ်ီယံႏွင့္ အေမရိကန္ တို႔ကိုပါ မ်က္ခုံးလႈပ္လာေစသည္။ သမၼတရွီအေနျဖင့္ အေမရိကန္ႏွင့္ဆက္ဆံေရး၊ ယူကရိန္းတြင္ ျဖစ္ပြား ေနသည့္စစ္ပြဲတို႔ႏွင့္ပတ္သက္၍ ဥေရာပအတြင္းရွိ သေဘာထားကြဲလြဲမႈမ်ားကို အခြင့္အေရးတစ္ရပ္ အျဖစ္ ရယူအသုံးျပဳမည္ျဖစ္သည္။ သို႔ေသာ္လည္း တ႐ုတ္ႏိုင္ငံအေနျဖင့္ အေမရိကန္ႏိုင္ငံႏွင့္ ပထဝီ ႏိုင္ငံေရး အားၿပိဳင္ေနရမႈမ်ားေၾကာင့္ ဥေရာပရွိမိတ္ဖက္ ႏွင့္ စားသုံးသူတို႔ကို အကန႔္အသတ္ျဖင့္သာ ရရွိႏိုင္မည္ျဖစ္သည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ အီးယူႏွင့္ ဆက္ဆံေရး တစ္စုံတစ္ရာတိုးတက္မႈမရွိပါက ခ်ဥ္းကပ္ပုံ ျပန္လည္သုံးသပ္ရန္လိုမည္ဟုလည္း ဆိုၾကသည္။ သို႔ေသာ္ တ႐ုတ္တို႔၏ လက္သုံးစကား ျဖစ္သည့္ Win Win cooperation သေဘာတရားသည္ ဥေရာပတြင္ တိုးေပါက္ႏိုင္မည္မဟုတ္ဟုလည္း ဆိုၾကသည္။

တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးေမာ္ဒယ္မွာ ဆင့္ကဲေျပာင္းလဲလာခဲ့ျခင္းျဖစ္ရာ ယူကရိန္းတြင္ ျဖစ္ ပြားေနသည့္စစ္ပြဲကိုအေၾကာင္းျပဳ၍ တ႐ုတ္ႏိုင္ငံ၏ ရပ္တည္ခ်က္မွာ ေျပာင္းလဲဖြယ္မရွိပါ။ သို႔ျဖစ္ရာ တ႐ုတ္ႏိုင္ငံႏွင့္ ဥေရာပႏိုင္ငံမ်ားအေနျဖင့္ တစ္ဖက္ႏွင့္တစ္ဖက္ ပိုမိုရင္းႏွီးေႏြးေထြးသည့္ ဆက္ဆံေရး ျဖစ္လာေစရန္ သေဘာတူညီခ်က္ နယ္နမိတ္သစ္တစ္ခု ရွာေဖြရန္လိုအပ္မည္ျဖစ္သည္။ ယင္းအတြက္ သမၼတရွီက်င့္ဖ်င္ မည္မွ်အကြာအေဝးအထိ တာထြက္ႏိုင္ခဲ့ၿပီလဲ။ သမၼတရွီက်င့္ဖ်င္၏ ယခု တစ္ေခါက္ ဥေရာပခရီးစဥ္မွာ ခ်ဥ္းကပ္မႈ နည္းနာသစ္ရွာေဖြရန္အတြက္ ပထမဆုံး ေျခလွမ္းတစ္လွမ္းလည္း ျဖစ္ ေကာင္းျဖစ္ႏိုင္သည္ဟု သုံးသပ္မႈမ်ားလည္းရွိသည္။ ပန္းတိုင္ေရာက္ရန္မွာ ပထမဆုံးေသာေျခလွမ္းျဖင့္ စတင္ရျခင္းျဖစ္သည္ဟု ဆိုၾကသည္မဟုတ္ပါလား။

Related news

© 2021. All rights reserved.