အီရန်နိုင်ငံရဲ့ ယာယီသမ္မတအဖြစ် တာဝန်ယူမယ့် မိုဟာမက်မိုခါဘာက အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ဖန်တီးပေးနိုင်မလား (ဘာသာပြန်ဆောင်းပါး)

 517

ဂျန်ဇက်(NP News) - မေ ၃၁

အီရန်ရွေးကောက်ခံသမ္မတ အီဘရာဟင်ရိုင်စီဟာ မေလ ၂၀ ရက်နေ့မှာ နိုင်ငံအရှေ့ပိုင်း အ ဇာဘိုင်ဂျန်ပြည်နယ်ကိုသွားရောက်ချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့ပြီးနောက် အီရန်ဒုတိယသမ္မတ မိုဟာမက်မိုခါဘာက အီရန်နိုင်ငံရဲ့ယာယီသမ္မတအဖြစ်တာဝန်ယူသွားမှာဖြစ်ပါ တယ်။ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီဟာ သမ္မတ အီဘရာဟင် ရိုင်စီသေဆုံးခဲ့ပြီးနောက်ရက်ပိုင်းအကြာမှာပဲ ဒုတိယ သမ္မတအဖြစ်တာဝန်ယူနေတဲ့ မိုဟာမက် မိုခါဘာကို ယာယီသမ္မတအဖြစ်တာဝန်ယူဖို့ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အီရန် ယာယီသမ္မတ အဖြစ်တာဝန်ယူမယ့် မိုဟာမက်မိုခါဘာဟာ ဘယ်လိုလူမျိုးစား မျိုးဖြစ်သလဲဆိုတဲ့ အချက်က လူအများစိတ်ဝင်စားနေပါတယ်။ ဘာကြောင့်လဲဆိုရင် အသက် ၆၈ နှစ်အရွယ် ရှိ မိုဟာမက် မိုခါဘာဟာ အီရန်နိုင်ငံမှာ လူသိနည်းတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယာယီသမ္မတအဖြစ် တာဝန်ယူချိန် အတွင်းမှာခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အစ္စရေး၊ အမေရိကန်နိုင်ငံတို့နဲ့ ဆက်ဆံရေးပိုမို ကောင်းမွန် လာမလားဆိုတဲ့အချက်ကလည်း စောင့်ကြည့်စရာဖြစ်နေပါတယ်။ သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့ ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဒုတိယသမ္မတဖြစ်သူ မိုခါဘာကို ယာယီသမ္မတအဖြစ် ခန့်အပ် ခဲ့ပေမယ့် သမ္မတအသစ်ရွေးကောက်ပွဲကို ရက်ပေါင်း ၅၀ အတွင်း ကျင်းပသွားမယ်လို့ အီရန် အာဏာပိုင် တွေက သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ မိုခါဘာဟာ အီရန်နိုင်ငံရဲ့ယာယီသမ္မတအဖြစ် တာဝန်ယူ ခွင့်ရတဲ့အတွက် အီရန်နိုင်ငံရဲ့သုံးဦး ကော်မတီအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ အီရန်နိုင်ငံ အစိုးရ အဖွဲ့ရဲ့ သုံးဦးကော်မတီမှာ အီရန်သမ္မတ၊ အီရန် လွှတ်တော်ဥက္ကဋ္ဌနဲ့ အီရန်တရားသူကြီးချုပ်တို့ ပူးပေါင်းပါဝင် ဖွဲ့စည်းထားတာမျိုးဖြစ်ပါတယ်။ မိုခါ ဘာဟာ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ဖြစ်သလို အီရန်နိုင်ငံနဲ့ပတ်သက်တဲ့အရာရာတိုင်းကို အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခွင့်ရရှိသူ အလီခါမေနီနဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အီရန်နိုင်ငံရဲ့ဒုတိယသမ္မတတစ်ဦးအဖြစ် ခန့်အပ်ခံ ခဲ့ရသူဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေနဲ့ ပတ်သက်ပြီး မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့တွေကို ရရှိခဲ့ပြီး အီရန်နိုင်ငံရဲ့တရားရေးဌာနတွေမှာ နှစ်ပေါင်းများစွာကြာတာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ မိုခါဘာဟာ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်နဲ့ ဆက်နွှယ်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ အကြီး အကဲအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။

အီရန်မီဒီယာတွေက မိုခါဘာဟာ အီရန် နိုင်ငံရဲ့ရေနံလုပ်ငန်းတွေကို ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ခဲ့တဲ့ အနောက်အုပ်စုရဲ့ပိတ်ဆို့မှုတွေကို ကျော်ဖြတ်နိုင်ဖို့ အီရန်အစိုးရရဲ့ကြိုးပမ်းမှုတွေမှာ အဓိက အရေးပါခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ အီရန် ယာယီသမ္မတ မိုခါဘာဟာ ယခင်တုန်းကလည်း အီရန် လွှတ်တော်နဲ့ အီရန်ရွေးကောက်ပွဲကို ကြီးကြပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေစောင့်ကြည့်ရေးအဖွဲ့ကြား ဥပဒေပိုင်း ဆိုင်ရာအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အလီခါမေနီကို ဥပဒေပိုင်းဆိုင်ရာအကြံပေးခဲ့သူဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ဘာသာရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အီမန်ခိုမေနီရဲ့အမိန့်နဲ့ ဖွဲ့စည်းထားတဲ့ ကွပ်မျက်မှု ကြီးကြပ်ရေးကော်မတီမှာလည်း အကြီးအကဲတစ်ဦးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ရာ နိုင်ငံတကာလူအခွင့် ရေးအဖွဲ့စည်းတွေရဲ့ဝေဖန် ပြစ်တင်မှုတွေကို ရင်ဆိုင်ခဲ့ရဖူးသူဖြစ်ပါတယ်။

အီရန် - အီရတ်စစ်ပွဲအတွင်း အီရန်စစ်တပ်ရဲ့ဆေးတပ်ဖွဲ့အရာရှိအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ မိုခါဘာဟာ Gian Bank ဥက္ကဋ္ဌအဖြစ် ၁၀နှစ်ကြာတာဝန်ယူခဲ့ဖူးသလို Mofatazfan oFundation ရဲ့အကြီးတန်းအရာရှိ အဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ကွပ်မျက်မှုကော်မတီအကြီး အကဲအဖြစ်တာဝန်ယူနေတဲ့ ၂၀၁၀ ပြည့်နှစ် ကာလအတွင်း လူအခွင့်ရေးချိုးဖောက်မှုတွေအတွက် ဥရောပသမဂ္ဂရဲ့ ပစ်မှတ်ထားပိတ်ဆို့ခြင်းကိုခံရပေမယ့် ၂၀၁၂ခုနှစ်မှာ အဲဒီစာရင်းထဲကနေ ဖယ်ရှားခံခဲ့ရ ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရဟာ အီရန် အစိုးရရဲ့ပြိုင်ဘက်နိုင်ငံရေးသမားတွေအပေါ် လူ့အခွင့် အရေးချိုးဖောက်မှု၊ ဖိနှိပ်မှုတွေအပြင် ပိုင်ဆိုင်မှုတွေကို သိမ်းယူမှုနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ်မှာ မိုခါဘာကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုချမှတ်ခဲ့ဖူးပါတယ်။

အီရန်နိုင်ငံဟာ ယခင်သမ္မတဟောင်း အီဘရာဟင်ရိုင်စီလက်ထက်မှာ အစ္စရေးနိုင်ငံ၊ အမေရိကန် နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာခဲ့ပေမယ့် ယာယီသမ္မတ အသစ်လက် ထက်မှာ ဆက်ဆံရေးတိုးတက်လာမလားမျှော်လင့်ကြပေမယ့် တိုးတက်မယ့်အလားအလာ မရှိဘူးလို့ ထင်ကြေးပေးသုံးသပ်မှုတွေလည်းရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် အီရန်နိုင်ငံရဲ့အစိုးရ အဖွဲ့တာဝန် ရှိသူတွေဟာ နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကို ကျော်လွန်လုပ်ဆောင်ခွင့်မရှိကြဘူးလို့ ဆိုကြပါတယ်။ ဒါကြောင့် အီရန်နိုင်ငံမှာ သမ္မတအပြောင်းအလဲဖြစ်သွားခဲ့ပေမယ့် အရင်သမ္မတတွေ လက်ထက်ကလုပ်ခဲ့တဲ့ နျူကလီးယား အစီအစဉ်တွေ၊ ဘာသာရေးစည်းကမ်းတင်းကြပ်မှုတွေနဲ့ နိုင်ငံတကာဆက်ဆံရေးတွေက အပြောင်းအလဲဖြစ်လာဖွယ်မရှိဘူးလို့ ဆိုကြပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က “အီရန်သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့ပေမယ့် အမေရိကန်နဲ့ အီရန်ဆက်ဆံရေးကို သက်ရောက်မှုကြီးကြီးမားမား ရှိလာမယ် လို့မမျှော်လင့်ဘူး၊ ဒါ့အပြင် အီရန်နိုင်ငံရဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့၊ ဟူသီလက်နက်ကိုင် အုပ်စု နဲ့ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုတွေကို အကူညီပေးနေတာတွေလည်း အပြောင်းအလဲဖြစ်လာမယ် လို့မထင်ဘူး၊ နိုင်ငံတကာ ဆက်ဆံရေးအပြင် လက်နက်ကိုင်အုပ်စုတွေကို ကူညီထောက်ပံ့ပေးမှုတွေနဲ့ ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်တာက အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေး ခေါင်းဆောင်သာဖြစ်တယ်။ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ဖြစ်သူရဲ့စီစဉ်ညွှန်ကြား ချက်အတိုင်းသာလုပ်ဆောင် ကြရတယ်။ အီရန်နိုင်ငံရဲ့ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ရဲ့လုပ်ပိုင်ခွင့်တွေအတိုင်း လုပ်ဆောင်နိုင်သူ သာ အီရန်အစိုးရအဖွဲ့မှာ တာဝန်ယူကြရတယ်”လို့ပြောပါတယ်။ အမေရိကန်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားကိစ္စနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ အငြင်းပွားမှုများဖြစ်လာခဲ့ပြီး အီရန်သမ္မတ အနည်းဆုံး နှစ်ဦးအပြောင်းအလဲဖြစ်လာခဲ့ပေမယ့် အမေရိကန်နဲ့ အီရန်နိုင်ငံကြားက နျူကလီးယား အငြင်းပွားမှုတွေကိုဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါဘူး၊ ဒါ့ပြင် အီရန်နဲ့အစ္စရေးနိုင်ငံတို့ဟာ ခါးသီးတဲ့ပြိုင်ဘက်တွေ ဖြစ်နေရာအီရန်နိုင်ငံမှာ သမ္မတအပြောင်းအလဲ ဖြစ်လာခဲ့ပေမယ့် အီရန်နဲ့ အစ္စရေးနိုင်ငံကြား အပြန် အလှန်ဆက်ဆံရေးအခြေနေတွေဟာအရင်အတိုင်းပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက သုံးသပ်ဖော်ပြနေပါတယ်။

အစ္စရေးအစိုးရကတော့ အီရန်သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးမှုနောက်ကွယ်မှာ ပါဝင်ဆက် နွှယ်ခြင်းမျိုးမရှိကြောင်း ပြောဆိုထားပေမယ့် အီရန်အစိုးရဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်တာမျိုး မရှိသေးပါဘူး၊ အီရန်သမ္မတအဖြစ်တာဝန်ယူမယ့် မိုခါဘာဟာ ယူကရိန်းနိုင်ငံသားတွေသေဆုံးမှုနဲ့ပတ် သက်ပြီး အမေရိကန်ဦးဆောင်တဲ့နေတိုးမဟာမိတ်အဖွဲ့ကို ပြစ်တင်ဝေဖန်ခဲ့ဖူးသလို အနောက်အုပ်စု နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကိုတုံ့ပြန်နိုင်ဖို့ အီရန်-ရုရှား နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မယ့်အဖွဲ့အစည်းတစ် ဖွဲ့ကို ဖွဲ့စည်းဖို့ အဆိုပြုခဲ့ဖူးသူဖြစ်ပါတယ်။ အီရန် ယာယီသမ္မတ မိုခါဘာက “ကျွန်တော်တို့ နိုင်ငံဟာဆို ရင် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကို နှစ်ပေါင်း ၄၀ ကျော်ကြာခံ ခဲ့ရတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အစိုးရအဖွဲ့ကို ထိခိုက်နစ်နာစေဖို့ နဲ့ အီရန်နိုင်ငံအပေါ် ကြီးမားတဲ့သက် ရောက်မှုဖြစ်လာအောင် အနောက်အုပ်စုနိုင်ငံတွေရဲ့လုပ်ရပ်တွေကို ခွင့်မပြုနိုင်ဘူး။ အီရန်နိုင်ငံဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ ရုရှားနိုင်ငံထံကနေ လေ့လာသင်ယူရမယ်” လို့ပြော ပါတယ်။ ယာယီသမ္မတ မိုခါဘာရဲ့စိတ်နေသဘောထားတွေကိုလေ့လာကြည့်မယ်ဆိုရင် အနောက်အုပ်စု နိုင်ငံတွေကို လိုလားနှစ်သက်သူမဟုတ်ဘဲ ရုရှားနိုင်ငံကိုလိုလားတဲ့ အီရန်ခေါင်းဆောင်တစ်ဦးဖြစ်တယ် ဆိုတာ ပေါ်လွင်နေပါတယ်။ အီရန်နိုင်ငံမှာ ရက်ပေါင်း (၅၀) အတွင်း အီရန်သမ္မတအသစ်ရွေးချယ်ပွဲ ကျင်းပမှာဖြစ်ရာ ရှေးရိုးစွဲအယူအဆရှိတဲ့ ခေါင်းဆောင်တွေ အလားအလာကောင်းတွေရှိနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အီရန်ယာယီသမ္မတ မိုခါဘာနဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ခါဘီဘတ်တို့ဟာ သမ္မတအသစ်အဖြစ်ရွေးချယ်ခံရဖို့ အလား လာအကောင်းဆုံး ဖြစ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။မိုခါဘာဟာ အီရန်နိုင်ငံရဲ့ယာယီ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ၎င်းရဲ့လုပ်နိုင်စွမ်းကို ပြည်သူတွေနဲ့ အီရန်ဘာသာရေး ခေါင်းဆောင်အုပ်စုတွေ နှစ်သက်လက်ခံအောင် လုပ်ပြနိုင်မယ်ဆိုရင် အီရန်နိုင်ငံရဲ့ ရွေးကောက်ခံ သမ္မတအသစ်ဖြစ်လာဖို့ ပိုမို အလေးသာနေပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် U.S. Institute of Peace and the Wilson Center, ရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ ရော်ဘင်ဝါရိုက် က “ အီရန် သမ္မတအသစ် ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်းကျင်းပမှာဖြစ်ပေမယ့် နောက်ကွယ်မှာတော့ စိတ်ဝင်စားဖွယ် ကောင်းတဲ့အရာတွေရှိနေပါတယ်။ ဘာတွေဆက်လက်ဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့် ရဖွယ်ရှိနေပါတယ်” လို့ သုံးသပ်ပြောဆိုထားပါတယ်။ မိုခါဘာဟာ လာမယ့်ဇွန်လ အတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးကောက်ခံရမယ်ဆိုရင်အီရန်နိုင်ငံနဲ့ အနောက်အုပ်စုနိုင်ငံတွေကြား ဆက်ဆံရေးဟာ ပိုမိုတိုးကောင်းမွန်စေဖို့ ထူးခြားမှုရှိလာမှာမဟုတ်ဘဲ လက်ရှိထက် ပိုမိုမဆိုးရွားစေဖို့ အတွက် သာမျှော်လင့်ရမယ်လို့နိုင်ငံ တကာသတင်းမီဒီယာတွေက သုံးသပ်ရေးသားနေဆဲဖြစ်ပါတယ်။

zawgyi version
အီရန္ႏိုင္ငံရဲ႕ ယာယီသမၼတအျဖစ္ တာဝန္ယူမယ့္ မိုဟာမက္မိုခါဘာက အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ဆက္ဆံေရးေကာင္းမြန္ေအာင္ ဖန္တီးေပးႏိုင္မလား (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္(NP News) - ေမ ၃၁

အီရန္ေ႐ြးေကာက္ခံသမၼတ အီဘရာဟင္႐ိုင္စီဟာ ေမလ ၂၀ ရက္ေန႔မွာ ႏိုင္ငံအေရွ႕ပိုင္း အ ဇာဘိုင္ဂ်န္ျပည္နယ္ကိုသြားေရာက္ခ်ိန္အတြင္း ရဟတ္ယာဥ္ပ်က္က်ကာ ေသဆုံးသြားခဲ့ၿပီးေနာက္ အီရန္ဒုတိယသမၼတ မိုဟာမက္မိုခါဘာက အီရန္ႏိုင္ငံရဲ႕ယာယီသမၼတအျဖစ္တာဝန္ယူသြားမွာျဖစ္ပါ တယ္။ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီဟာ သမၼတ အီဘရာဟင္ ႐ိုင္စီေသဆုံးခဲ့ၿပီးေနာက္ရက္ပိုင္းအၾကာမွာပဲ ဒုတိယ သမၼတအျဖစ္တာဝန္ယူေနတဲ့ မိုဟာမက္ မိုခါဘာကို ယာယီသမၼတအျဖစ္တာဝန္ယူဖို႔ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အီရန္ ယာယီသမၼတ အျဖစ္တာဝန္ယူမယ့္ မိုဟာမက္မိုခါဘာဟာ ဘယ္လိုလူမ်ိဳးစား မ်ိဳးျဖစ္သလဲဆိုတဲ့ အခ်က္က လူအမ်ားစိတ္ဝင္စားေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အသက္ ၆၈ ႏွစ္အ႐ြယ္ ရွိ မိုဟာမက္ မိုခါဘာဟာ အီရန္ႏိုင္ငံမွာ လူသိနည္းတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ယာယီသမၼတအျဖစ္ တာဝန္ယူခ်ိန္ အတြင္းမွာခါးသီးတဲ့ ၿပိဳင္ဘက္ေတြျဖစ္တဲ့ အစၥေရး၊ အေမရိကန္ႏိုင္ငံတို႔နဲ႔ ဆက္ဆံေရးပိုမို ေကာင္းမြန္ လာမလားဆိုတဲ့အခ်က္ကလည္း ေစာင့္ၾကည့္စရာျဖစ္ေနပါတယ္။ သမၼတ အီဘရာဟင္႐ိုင္စီ ေသဆုံးခဲ့ ၿပီးေနာက္ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ ဒုတိယသမၼတျဖစ္သူ မိုခါဘာကို ယာယီသမၼတအျဖစ္ ခန႔္အပ္ ခဲ့ေပမယ့္ သမၼတအသစ္ေ႐ြးေကာက္ပြဲကို ရက္ေပါင္း ၅၀ အတြင္း က်င္းပသြားမယ္လို႔ အီရန္ အာဏာပိုင္ ေတြက သတင္းထုတ္ျပန္ထားၿပီးျဖစ္ပါတယ္။ မိုခါဘာဟာ အီရန္ႏိုင္ငံရဲ႕ယာယီသမၼတအျဖစ္ တာဝန္ယူ ခြင့္ရတဲ့အတြက္ အီရန္ႏိုင္ငံရဲ႕သုံးဦး ေကာ္မတီအဖြဲ႕ဝင္ျဖစ္လာခဲ့ပါတယ္။ အီရန္ႏိုင္ငံ အစိုးရ အဖြဲ႕ရဲ႕ သုံးဦးေကာ္မတီမွာ အီရန္သမၼတ၊ အီရန္ လႊတ္ေတာ္ဥကၠ႒နဲ႔ အီရန္တရားသူႀကီးခ်ဳပ္တို႔ ပူးေပါင္းပါဝင္ ဖြဲ႕စည္းထားတာမ်ိဳးျဖစ္ပါတယ္။ မိုခါ ဘာဟာ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ျဖစ္သလို အီရန္ႏိုင္ငံနဲ႔ပတ္သက္တဲ့အရာရာတိုင္းကို အၿပီးသတ္ဆုံးျဖတ္ခ်က္ခ်မွတ္ခြင့္ရရွိသူ အလီခါေမနီနဲ႔ ရင္းႏွီးတဲ့ပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ အီရန္ႏိုင္ငံရဲ႕ဒုတိယသမၼတတစ္ဦးအျဖစ္ ခန႔္အပ္ခံ ခဲ့ရသူျဖစ္ပါတယ္။ ႏိုင္ငံတကာဥပေဒနဲ႔ ပတ္သက္ၿပီး မဟာဘြဲ႕နဲ႔ ေဒါက္တာဘြဲ႕ေတြကို ရရွိခဲ့ၿပီး အီရန္ႏိုင္ငံရဲ႕တရားေရးဌာနေတြမွာ ႏွစ္ေပါင္းမ်ားစြာၾကာတာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ မိုခါဘာဟာ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္နဲ႔ ဆက္ႏႊယ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အဖြဲ႕ အႀကီး အကဲအျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။

အီရန္မီဒီယာေတြက မိုခါဘာဟာ အီရန္ ႏိုင္ငံရဲ႕ေရနံလုပ္ငန္းေတြကို ပစ္မွတ္ထားပိတ္ဆို႔မႈ ခ်မွတ္ခဲ့တဲ့ အေနာက္အုပ္စုရဲ႕ပိတ္ဆို႔မႈေတြကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အီရန္အစိုးရရဲ႕ႀကိဳးပမ္းမႈေတြမွာ အဓိက အေရးပါခဲ့သူျဖစ္တယ္လို႔ ဆိုပါတယ္။ အီရန္ ယာယီသမၼတ မိုခါဘာဟာ ယခင္တုန္းကလည္း အီရန္ လႊတ္ေတာ္နဲ႔ အီရန္ေ႐ြးေကာက္ပြဲကို ႀကီးၾကပ္တဲ့ဖြဲ႕စည္းပုံအေျခခံဥပေဒေစာင့္ၾကည့္ေရးအဖြဲ႕ၾကား ဥပေဒပိုင္း ဆိုင္ရာအျငင္းပြားမႈေတြနဲ႔ပတ္သက္ၿပီး အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အလီခါေမနီကို ဥပေဒပိုင္းဆိုင္ရာအႀကံေပးခဲ့သူျဖစ္ပါတယ္။ အီရန္ႏိုင္ငံရဲ႕ဘာသာေရးေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ အီမန္ခိုေမနီရဲ႕အမိန႔္နဲ႔ ဖြဲ႕စည္းထားတဲ့ ကြပ္မ်က္မႈ ႀကီးၾကပ္ေရးေကာ္မတီမွာလည္း အႀကီးအကဲတစ္ဦးအျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္ရာ ႏိုင္ငံတကာလူအခြင့္ ေရးအဖြဲ႕စည္းေတြရဲ႕ေဝဖန္ ျပစ္တင္မႈေတြကို ရင္ဆိုင္ခဲ့ရဖူးသူျဖစ္ပါတယ္။

အီရန္ - အီရတ္စစ္ပြဲအတြင္း အီရန္စစ္တပ္ရဲ႕ေဆးတပ္ဖြဲ႕အရာရွိအျဖစ္တာဝန္ယူခဲ့ဖူးတဲ့ မိုခါဘာဟာ Gian Bank ဥကၠ႒အျဖစ္ ၁၀ႏွစ္ၾကာတာဝန္ယူခဲ့ဖူးသလို Mofatazfan oFundation ရဲ႕အႀကီးတန္းအရာရွိ အျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ အီရန္ႏိုင္ငံရဲ႕ကြပ္မ်က္မႈေကာ္မတီအႀကီး အကဲအျဖစ္တာဝန္ယူေနတဲ့ ၂၀၁၀ ျပည့္ႏွစ္ ကာလအတြင္း လူအခြင့္ေရးခ်ိဳးေဖာက္မႈေတြအတြက္ ဥေရာပသမဂၢရဲ႕ ပစ္မွတ္ထားပိတ္ဆို႔ျခင္းကိုခံရေပမယ့္ ၂၀၁၂ခုႏွစ္မွာ အဲဒီစာရင္းထဲကေန ဖယ္ရွားခံခဲ့ရ ပါတယ္။ ဒါေပမဲ့ အေမရိကန္အစိုးရဟာ အီရန္ အစိုးရရဲ႕ၿပိဳင္ဘက္ႏိုင္ငံေရးသမားေတြအေပၚ လူ႔အခြင့္ အေရးခ်ိဳးေဖာက္မႈ၊ ဖိႏွိပ္မႈေတြအျပင္ ပိုင္ဆိုင္မႈေတြကို သိမ္းယူမႈနဲ႔ပတ္သက္ၿပီး ၂၀၂၁ ခုႏွစ္မွာ မိုခါဘာကို ပစ္မွတ္ထားတဲ့ ပိတ္ဆို႔မႈခ်မွတ္ခဲ့ဖူးပါတယ္။

အီရန္ႏိုင္ငံဟာ ယခင္သမၼတေဟာင္း အီဘရာဟင္႐ိုင္စီလက္ထက္မွာ အစၥေရးႏိုင္ငံ၊ အေမရိကန္ ႏိုင္ငံအပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ဆက္ဆံေရးတင္းမာခဲ့ေပမယ့္ ယာယီသမၼတ အသစ္လက္ ထက္မွာ ဆက္ဆံေရးတိုးတက္လာမလားေမွ်ာ္လင့္ၾကေပမယ့္ တိုးတက္မယ့္အလားအလာ မရွိဘူးလို႔ ထင္ေၾကးေပးသုံးသပ္မႈေတြလည္းရွိေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အီရန္ႏိုင္ငံရဲ႕အစိုးရ အဖြဲ႕တာဝန္ ရွိသူေတြဟာ ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ကို ေက်ာ္လြန္လုပ္ေဆာင္ခြင့္မရွိၾကဘူးလို႔ ဆိုၾကပါတယ္။ ဒါေၾကာင့္ အီရန္ႏိုင္ငံမွာ သမၼတအေျပာင္းအလဲျဖစ္သြားခဲ့ေပမယ့္ အရင္သမၼတေတြ လက္ထက္ကလုပ္ခဲ့တဲ့ န်ဴကလီးယား အစီအစဥ္ေတြ၊ ဘာသာေရးစည္းကမ္းတင္းၾကပ္မႈေတြနဲ႔ ႏိုင္ငံတကာဆက္ဆံေရးေတြက အေျပာင္းအလဲျဖစ္လာဖြယ္မရွိဘူးလို႔ ဆိုၾကပါတယ္။ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က “အီရန္သမၼတ အီဘရာဟင္႐ိုင္စီ ေသဆုံးခဲ့ေပမယ့္ အေမရိကန္နဲ႔ အီရန္ဆက္ဆံေရးကို သက္ေရာက္မႈႀကီးႀကီးမားမား ရွိလာမယ္ လို႔မေမွ်ာ္လင့္ဘူး၊ ဒါ့အျပင္ အီရန္ႏိုင္ငံရဲ႕ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕၊ ဟူသီလက္နက္ကိုင္ အုပ္စု နဲ႔ဟစ္ဘိုလာလက္နက္ကိုင္အုပ္စုေတြကို အကူညီေပးေနတာေတြလည္း အေျပာင္းအလဲျဖစ္လာမယ္ လို႔မထင္ဘူး၊ ႏိုင္ငံတကာ ဆက္ဆံေရးအျပင္ လက္နက္ကိုင္အုပ္စုေတြကို ကူညီေထာက္ပံ့ေပးမႈေတြနဲ႔ ပတ္သက္ၿပီး အၿပီးသတ္ဆုံးျဖတ္တာက အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရး ေခါင္းေဆာင္သာျဖစ္တယ္။ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ျဖစ္သူရဲ႕စီစဥ္ၫႊန္ၾကား ခ်က္အတိုင္းသာလုပ္ေဆာင္ ၾကရတယ္။ အီရန္ႏိုင္ငံရဲ႕ အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ရဲ႕လုပ္ပိုင္ခြင့္ေတြအတိုင္း လုပ္ေဆာင္ႏိုင္သူ သာ အီရန္အစိုးရအဖြဲ႕မွာ တာဝန္ယူၾကရတယ္”လို႔ေျပာပါတယ္။ အေမရိကန္ႏိုင္ငံဟာ အီရန္ႏိုင္ငံရဲ႕ န်ဴကလီးယားကိစၥနဲ႔ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာၾကာ အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီး အီရန္သမၼတ အနည္းဆုံး ႏွစ္ဦးအေျပာင္းအလဲျဖစ္လာခဲ့ေပမယ့္ အေမရိကန္နဲ႔ အီရန္ႏိုင္ငံၾကားက န်ဴကလီးယား အျငင္းပြားမႈေတြကိုေျဖရွင္းႏိုင္ျခင္းမရွိခဲ့ပါဘူး၊ ဒါ့ျပင္ အီရန္နဲ႔အစၥေရးႏိုင္ငံတို႔ဟာ ခါးသီးတဲ့ၿပိဳင္ဘက္ေတြ ျဖစ္ေနရာအီရန္ႏိုင္ငံမွာ သမၼတအေျပာင္းအလဲ ျဖစ္လာခဲ့ေပမယ့္ အီရန္နဲ႔ အစၥေရးႏိုင္ငံၾကား အျပန္ အလွန္ဆက္ဆံေရးအေျခေနေတြဟာအရင္အတိုင္းပဲ ဆက္လက္ရွိေနမွာျဖစ္တယ္လို႔ ႏိုင္ငံတကာ သတင္းမီဒီယာေတြက သုံးသပ္ေဖာ္ျပေနပါတယ္။

အစၥေရးအစိုးရကေတာ့ အီရန္သမၼတ အီဘရာဟင္႐ိုင္စီ ေသဆုံးမႈေနာက္ကြယ္မွာ ပါဝင္ဆက္ ႏႊယ္ျခင္းမ်ိဳးမရွိေၾကာင္း ေျပာဆိုထားေပမယ့္ အီရန္အစိုးရဘက္ကေတာ့ တစ္စုံတစ္ရာတုံ႔ျပန္တာမ်ိဳး မရွိေသးပါဘူး၊ အီရန္သမၼတအျဖစ္တာဝန္ယူမယ့္ မိုခါဘာဟာ ယူကရိန္းႏိုင္ငံသားေတြေသဆုံးမႈနဲ႔ပတ္ သက္ၿပီး အေမရိကန္ဦးေဆာင္တဲ့ေနတိုးမဟာမိတ္အဖြဲ႕ကို ျပစ္တင္ေဝဖန္ခဲ့ဖူးသလို အေနာက္အုပ္စု ႏိုင္ငံေတြရဲ႕ပိတ္ဆို႔မႈေတြကိုတုံ႔ျပန္ႏိုင္ဖို႔ အီရန္-႐ုရွား ႏိုင္ငံတို႔ ပူးေပါင္းေဆာင္႐ြက္မယ့္အဖြဲ႕အစည္းတစ္ ဖြဲ႕ကို ဖြဲ႕စည္းဖို႔ အဆိုျပဳခဲ့ဖူးသူျဖစ္ပါတယ္။ အီရန္ ယာယီသမၼတ မိုခါဘာက “ကြၽန္ေတာ္တို႔ ႏိုင္ငံဟာဆို ရင္ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ပိတ္ဆို႔မႈေတြကို ႏွစ္ေပါင္း ၄၀ ေက်ာ္ၾကာခံ ခဲ့ရတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕အစိုးရအဖြဲ႕ကို ထိခိုက္နစ္နာေစဖို႔ နဲ႔ အီရန္ႏိုင္ငံအေပၚ ႀကီးမားတဲ့သက္ ေရာက္မႈျဖစ္လာေအာင္ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕လုပ္ရပ္ေတြကို ခြင့္မျပဳႏိုင္ဘူး။ အီရန္ႏိုင္ငံဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ပိတ္ဆို႔မႈေတြကို တုံ႔ျပန္ဖို႔ ႐ုရွားႏိုင္ငံထံကေန ေလ့လာသင္ယူရမယ္” လို႔ေျပာ ပါတယ္။ ယာယီသမၼတ မိုခါဘာရဲ႕စိတ္ေနသေဘာထားေတြကိုေလ့လာၾကည့္မယ္ဆိုရင္ အေနာက္အုပ္စု ႏိုင္ငံေတြကို လိုလားႏွစ္သက္သူမဟုတ္ဘဲ ႐ုရွားႏိုင္ငံကိုလိုလားတဲ့ အီရန္ေခါင္းေဆာင္တစ္ဦးျဖစ္တယ္ ဆိုတာ ေပၚလြင္ေနပါတယ္။ အီရန္ႏိုင္ငံမွာ ရက္ေပါင္း (၅၀) အတြင္း အီရန္သမၼတအသစ္ေ႐ြးခ်ယ္ပြဲ က်င္းပမွာျဖစ္ရာ ေရွး႐ိုးစြဲအယူအဆရွိတဲ့ ေခါင္းေဆာင္ေတြ အလားအလာေကာင္းေတြရွိႏိုင္မလားဆိုတာ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။ ထြက္ေပၚေနတဲ့ သတင္းေတြအရ အီရန္ယာယီသမၼတ မိုခါဘာနဲ႔ အီရန္လႊတ္ေတာ္ဥကၠ႒ မိုဟာမက္ခါဘီဘတ္တို႔ဟာ သမၼတအသစ္အျဖစ္ေ႐ြးခ်ယ္ခံရဖို႔ အလား လာအေကာင္းဆုံး ျဖစ္ေနတယ္လို႔သတင္းေတြထြက္ေပၚေနပါတယ္။မိုခါဘာဟာ အီရန္ႏိုင္ငံရဲ႕ယာယီ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ၎ရဲ႕လုပ္ႏိုင္စြမ္းကို ျပည္သူေတြနဲ႔ အီရန္ဘာသာေရး ေခါင္းေဆာင္အုပ္စုေတြ ႏွစ္သက္လက္ခံေအာင္ လုပ္ျပႏိုင္မယ္ဆိုရင္ အီရန္ႏိုင္ငံရဲ႕ ေ႐ြးေကာက္ခံ သမၼတအသစ္ျဖစ္လာဖို႔ ပိုမို အေလးသာေနပါတယ္။ အေမရိကန္ႏိုင္ငံအေျခစိုက္ U.S. Institute of Peace and the Wilson Center, ရဲ႕ သုေတသီတစ္ဦးျဖစ္တဲ့ ေရာ္ဘင္ဝါ႐ိုက္ က “ အီရန္ သမၼတအသစ္ ေ႐ြးေကာက္ပြဲကို စီစဥ္ထားတဲ့အတိုင္းက်င္းပမွာျဖစ္ေပမယ့္ ေနာက္ကြယ္မွာေတာ့ စိတ္ဝင္စားဖြယ္ ေကာင္းတဲ့အရာေတြရွိေနပါတယ္။ ဘာေတြဆက္လက္ျဖစ္လာမလဲဆိုတာကို ဆက္လက္ေစာင့္ၾကည့္ ရဖြယ္ရွိေနပါတယ္” လို႔ သုံးသပ္ေျပာဆိုထားပါတယ္။ မိုခါဘာဟာ လာမယ့္ဇြန္လ အတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ သမၼတအျဖစ္ ေ႐ြးေကာက္ခံရမယ္ဆိုရင္အီရန္ႏိုင္ငံနဲ႔ အေနာက္အုပ္စုႏိုင္ငံေတြၾကား ဆက္ဆံေရးဟာ ပိုမိုတိုးေကာင္းမြန္ေစဖို႔ ထူးျခားမႈရွိလာမွာမဟုတ္ဘဲ လက္ရွိထက္ ပိုမိုမဆိုး႐ြားေစဖို႔ အတြက္ သာေမွ်ာ္လင့္ရမယ္လို႔ႏိုင္ငံ တကာသတင္းမီဒီယာေတြက သုံးသပ္ေရးသားေနဆဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.