မြန်မာအတွက် နျူကလီးယားလျှပ်စစ်ဓာတ်အားပေးရုံ အကြိုလေ့လာမှု လုပ်ငန်းစဉ်ပြီးစီး

5851

Pika (NP News) - ဇွန် ၄
ရုရှားအစိုးရ၏ Rosatom ကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံတို့တွင် လျှပ်စစ် ဓာတ်အား(၁၁၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံများတည် ဆောက်ရန်အတွက် ဖြစ်နိုင်ခြေရှိသော အကြိုလေ့လာမှုများကို ပြင်ဆင်ခဲ့ကြောင်းသိရသည်။
Atomenergoprom JSC ကုမ္ပဏီ၏ နှစ်စဉ်အစီရင်ခံစာတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ရေးသား ဖော်ပြထားခြင်းဖြစ်သည်။ အစီရင်ခံစာတွင် ‘မြန်မာနဲ့ကာဂျစ္စတန်နိုင်ငံတို့မှာ အသေးစားနျူကလီးယား ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ အကြိုလေ့လာမှု တွေလုပ်ဆောင်ဖို့ ပြင်ဆင်ပြီးပါပြီ’ ဟု ရေးသား ဖော်ပြထားသည်။
ထို့ပြင် Rosatom ကုမ္ပဏီသည် အာဖရိက၊ လက်တင်အမေရိကနှင့်အရှေ့တောင်အာရှတို့ရှိ နိုင်ငံများနှင့် အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်အတွက် ပထမဆုံး သဘောတူညီချက်များကို ယခု နှစ် အတွင်းရယူနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ထုတ်ပြန်ချက်တွင် ‘စွမ်းအင်ဈေးကွက်မှာရှိတဲ့ ဖောက်သည်တွေရဲ့ အကျိုးစီးပွားတွေဟာ လွယ်ကူတဲ့ ဖြေရှင်းနည်းတွေဆီကို ကူးပြောင်းနေတာမလို့ ၂၀၂၄ ခုနှစ်အတွင်း ကျွန်တော်တို့ကုမ္ပဏီက အထူးအာရုံစိုက်ရမယ့် နယ်ပယ်ဟာ အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတွေကို မြှင့်တင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်’ဟု ရေးသားဖော် ပြထားသည်။
Rosatom ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးနှင့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီး မျိုးသိန်းကျော် တို့သည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရန် ရည်ရွယ်ချက် သဘောတူညီမှုစာချုပ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ဖူးကြောင်းသိရသည်။
Rosatom ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးက ၎င်းတို့သည် နိုင်ငံအချို့နှင့် နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် သဘောတူညီမှုများရရှိထားသည်ဟု မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့သည်။ Rosatom ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံများကို တည်ဆောက်ဖွယ်ရှိနေကြောင်း ရုရှားမီဒီယာများက ဖော်ပြထားသည်။ ကုမ္ပဏီ ဒါရိုက်တာ တစ်ဦးကလည်း ၎င်းတို့ ကုမ္ပဏီအနေဖြင့် အနည်းဆုံး နိုင်ငံပေါင်း(၄)နိုင်ငံနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် သဘောတူညီမှုရရှိထားပြီး မကြာမီအချိန်အတွင်း မြန်မာနိုင်ငံနှင့် အစိုးရ အချင်းချင်းကြား သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး ဖွယ်ရှိနေကြောင်း ပြောဆိုထားသည်။

zawgyi version
ျမန္မာအတြက္ န်ဴကလီးယားလွ်ပ္စစ္ဓာတ္အားေပး႐ုံ အႀကိဳေလ့လာမႈ လုပ္ငန္းစဥ္ၿပီးစီး
Pika (NP News) - ဇြန္ ၄
႐ုရွားအစိုးရ၏ Rosatom ကုမၸဏီသည္ ျမန္မာႏိုင္ငံႏွင့္ ကာဂ်စၥတန္ႏိုင္ငံတို႔တြင္ လွ်ပ္စစ္ ဓာတ္အား(၁၁၀) မဂၢါဝပ္ ထုတ္လုပ္ႏိုင္မည့္ အေသးစားန်ဴကလီးယားဓာတ္အားေပးစက္႐ုံမ်ားတည္ ေဆာက္ရန္အတြက္ ျဖစ္ႏိုင္ေျခရွိေသာ အႀကိဳေလ့လာမႈမ်ားကို ျပင္ဆင္ခဲ့ေၾကာင္းသိရသည္။
Atomenergoprom JSC ကုမၸဏီ၏ ႏွစ္စဥ္အစီရင္ခံစာတြင္ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ ေရးသား ေဖာ္ျပထားျခင္းျဖစ္သည္။ အစီရင္ခံစာတြင္ ‘ျမန္မာနဲ႔ကာဂ်စၥတန္ႏိုင္ငံတို႔မွာ အေသးစားန်ဴကလီးယား ဓာတ္အားေပး စက္႐ုံေတြ တည္ေဆာက္ဖို႔အတြက္ ျဖစ္ႏိုင္ေျခရွိတဲ့ အႀကိဳေလ့လာမႈ ေတြလုပ္ေဆာင္ဖို႔ ျပင္ဆင္ၿပီးပါၿပီ’ ဟု ေရးသား ေဖာ္ျပထားသည္။
ထို႔ျပင္ Rosatom ကုမၸဏီသည္ အာဖရိက၊ လက္တင္အေမရိကႏွင့္အေရွ႕ေတာင္အာရွတို႔ရွိ ႏိုင္ငံမ်ားႏွင့္ အေသးစားန်ဴကလီးယား ဓာတ္အားေပးစက္႐ုံမ်ားတည္ေဆာက္ရန္အတြက္ ပထမဆုံး သေဘာတူညီခ်က္မ်ားကို ယခု ႏွစ္ အတြင္းရယူႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္းလည္း သိရသည္။
ထုတ္ျပန္ခ်က္တြင္ ‘စြမ္းအင္ေဈးကြက္မွာရွိတဲ့ ေဖာက္သည္ေတြရဲ႕ အက်ိဳးစီးပြားေတြဟာ လြယ္ကူတဲ့ ေျဖရွင္းနည္းေတြဆီကို ကူးေျပာင္းေနတာမလို႔ ၂၀၂၄ ခုႏွစ္အတြင္း ကြၽန္ေတာ္တို႔ကုမၸဏီက အထူးအာ႐ုံစိုက္ရမယ့္ နယ္ပယ္ဟာ အေသးစားန်ဴကလီးယား ဓာတ္အားေပးစက္႐ုံေတြကို ျမႇင့္တင္ေပးႏိုင္ဖို႔ပဲ ျဖစ္ပါတယ္’ဟု ေရးသားေဖာ္ ျပထားသည္။
Rosatom ကုမၸဏီ၏ တာဝန္ရွိသူတစ္ဦးႏွင့္ ျမန္မာႏိုင္ငံ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန ဝန္ႀကီး မ်ိဳးသိန္းေက်ာ္ တို႔သည္ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳရန္ ရည္႐ြယ္ခ်က္ သေဘာတူညီမႈစာခ်ဳပ္ကို ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ လက္မွတ္ေရးထိုးခဲ့ဖူးေၾကာင္းသိရသည္။
Rosatom ကုမၸဏီ၏ ဒါ႐ိုက္တာတစ္ဦးက ၎တို႔သည္ ႏိုင္ငံအခ်ိဳ႕ႏွင့္ န်ဴကလီးယား ဓာတ္အားေပးစက္႐ုံမ်ား တည္ေဆာက္ရန္ သေဘာတူညီမႈမ်ားရရွိထားသည္ဟု မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Rosatom ကုမၸဏီ အေနျဖင့္ ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္မည့္ အေသးစားန်ဴကလီးယားဓာတ္အားေပးစက္႐ုံမ်ားကို တည္ေဆာက္ဖြယ္ရွိေနေၾကာင္း ႐ုရွားမီဒီယာမ်ားက ေဖာ္ျပထားသည္။ ကုမၸဏီ ဒါ႐ိုက္တာ တစ္ဦးကလည္း ၎တို႔ ကုမၸဏီအေနျဖင့္ အနည္းဆုံး ႏိုင္ငံေပါင္း(၄)ႏိုင္ငံႏွင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မည့္ အေသးစားန်ဴကလီးယား ဓာတ္အားေပးစက္႐ုံမ်ား တည္ေဆာက္ရန္ သေဘာတူညီမႈရရွိထားၿပီး မၾကာမီအခ်ိန္အတြင္း ျမန္မာႏိုင္ငံႏွင့္ အစိုးရ အခ်င္းခ်င္းၾကား သေဘာတူညီမႈစာခ်ဳပ္ လက္မွတ္ေရးထိုး ဖြယ္ရွိေနေၾကာင္း ေျပာဆိုထားသည္။