အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်မှာ အမျိုးသားတစ်ဦး ဆွဲထားတဲ့ လည်ဆွဲကြောင့် သေဘေးမှ လွတ်မြောက်

1556
ရောင်နီ (NP News) - ဇွန် ၅
အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်းဗာမြို့ အရှေ့မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ ကူးသန်း ရောင်းဝယ်ရေး စီးတီးမှာ အမျိုးသားတစ်ဦးဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သေနတ်ကျည်ဆန်ဟာ ကိုယ်မှာဝတ်ဆင်ထားတဲ့ ငွေလို့ ယူဆရတဲ့ ချိန်းကြိုးပုံစံ ဆွဲကြိုးကြောင့် ခန္ဓာကိုယ်ထဲ မဝင်ရောက်နိုင်ခဲ့ပါဘူး။ ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ သေနတ်နဲ့ပစ်သတ်ခံရတဲ့အမျိုးသားဟာ ငွေရောင် ချိန်ကြိုးပုံစံလည်ဆွဲကြောင့် ဒဏ်ရာသာရရှိပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသားရဲ့နာမည်ကို လူသိရှင်ကြား ပြောကြားခြင်း မရှိပါဘူး။ ရဲဌာနရဲ့အဆိုအရ ၎င်းရဲ့ ၁ဝ မီလီမီတာ အကျယ်ရှိတဲ့ သံကြိုးဟာ ဝ.၂၂ ရှိ ကျည်ဆန်ကို တွန်းဖယ်နိုင်ခဲ့ပြီး နောက်ထပ် သေဆုံးထိခိုက်ခြင်းမျိုး မဖြစ်အောင် တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
သေနတ် ပစ်ခတ်မှုဟု သံသယရှိသူကို ဖမ်းဆီးထားပြီး လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု စွဲချက်တင်ထားတယ်လို့ သိရပါတယ်။
Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ေကာ္လိုရာဒိုျပည္နယ္မွာ အမ်ိဳးသားတစ္ဦး ဆြဲထားတဲ့ လည္ဆြဲေၾကာင့္ ေသေဘးမွ လြတ္ေျမာက္
ေရာင္နီ (NP News) - ဇြန္ ၅
အေမရိကန္ႏိုင္ငံ၊ ေကာ္လိုရာဒိုျပည္နယ္၊ ဒန္းဗာၿမိဳ႕ အေရွ႕ေျမာက္ဘက္ ၁ဝ မိုင္ခန႔္အကြာရွိ ကူးသန္း ေရာင္းဝယ္ေရး စီးတီးမွာ အမ်ိဳးသားတစ္ဦးဟာ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရပါတယ္။
ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ပဲ ေသနတ္က်ည္ဆန္ဟာ ကိုယ္မွာဝတ္ဆင္ထားတဲ့ ေငြလို႔ ယူဆရတဲ့ ခ်ိန္းႀကိဳးပုံစံ ဆြဲႀကိဳးေၾကာင့္ ခႏၶာကိုယ္ထဲ မဝင္ေရာက္ႏိုင္ခဲ့ပါဘူး။ ရဲတပ္ဖြဲ႕ရဲ႕ေျပာၾကားခ်က္အရ ေသနတ္နဲ႔ပစ္သတ္ခံရတဲ့အမ်ိဳးသားဟာ ေငြေရာင္ ခ်ိန္ႀကိဳးပုံစံလည္ဆြဲေၾကာင့္ ဒဏ္ရာသာရရွိၿပီး အသက္ေဘးမွ လြတ္ေျမာက္ခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ အမ်ိဳးသားရဲ႕နာမည္ကို လူသိရွင္ၾကား ေျပာၾကားျခင္း မရွိပါဘူး။ ရဲဌာနရဲ႕အဆိုအရ ၎ရဲ႕ ၁ဝ မီလီမီတာ အက်ယ္ရွိတဲ့ သံႀကိဳးဟာ ဝ.၂၂ ရွိ က်ည္ဆန္ကို တြန္းဖယ္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ ေသဆုံးထိခိုက္ျခင္းမ်ိဳး မျဖစ္ေအာင္ တားဆီးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ေသနတ္ ပစ္ခတ္မႈဟု သံသယရွိသူကို ဖမ္းဆီးထားၿပီး လူသတ္မႈက်ဴးလြန္ဖို႔ ႀကိဳးပမ္းမႈ စြဲခ်က္တင္ထားတယ္လို႔ သိရပါတယ္။