မြစ်ကြီးနား-ပူတာအိုကားလမ်းပိတ်ထားသည်မှာ (၃)လကျော်ကြာမြင့်လာပြီဖြစ်၍ လေယာဉ်ဖြင့် ရိက္ခာတင်ပို့လှူဒါန်းရန် စီစဉ်နေ

 1074

Pearl (NP News) - ဇွန် ၈

မြစ်ကြီးနား - ပူတာအိုကားလမ်းပိတ်ထားသည်မှာ (၃)လကျော်ကြာမြင့်လာပြီဖြစ်၍ ဒေသခံများ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှုကို ရင်ဆိုင်နေရသောကြောင့် လေယာဉ်ဖြင့် ရိက္ခာတင်ပို့လှူဒါန်းရန် စီစဉ်နေကြောင်း ကမကထပြု စီစဉ်နေသော အရှင်ဝေပုလ္လက NP News ကို မိန့်ကြားသည်။

ပြီးခဲ့သည့် မတ်လကစတင်၍ မြစ်ကြီးနား - ပူတာအို ကားလမ်းတွင် တပ်မတော်လုံခြုံရေး အဖွဲ့နှင့် KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါလမ်းပိုင်းကိုလည်း ပိတ်ဆို့ထားသဖြင့် ကုန်စည်စီးဆင်းမှုများရပ်တန့်နေလျက်ရှိကာ အခြေခံစားသောက်ကုန်များစျေးနှုန်းအဆမတန် မြင့်တက်နေလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် လာမည့် ရက်ပိုင်းအ တွင်း ဆန်အိတ်(၅၀၀)အိတ်၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ငါးပိထောင်းဘူးများ အပါအဝင် အခြေခံစားသောက်ကုန်များ နှင့် ကျောင်းသုံးဗလာစာအုပ်များကို မြစ်ကြီးနားမှတဆင့် ပူတာအိုမြို့သို့ လေကြောင်းလိုင်းဖြင့် ပို့ဆောင်လှူဒါန်းရန် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

“၆လပိုင်း လလယ်လောက်တော့ ပထမအကြိမ် တင်ပို့နိုင်မယ်လို့ထင်ပါတယ်။ (၁၅)ရက် ဝန်းကျင်လောက်ပေါ့။ အဓိကတော့ဆန်ပေါ့။ တခြားကတော့ ကုန်ပေါ့အစားအစာပေါ့။ ငါးပိထောင်းဘူးတို့၊ ခေါက်ဆွဲခြောက်ထုပ်တို့။ အစားအသောက်ကို အဓိကထားမှာပေါ့လေ။ ဆန်အိတ်ကတော့ လောလောဆယ် ၅၀၀ လောက်တော့ လျာထားတယ်။ တစ်ခေါက်ကိုအိတ်(၁၀၀) နဲ့ ကုန်ပေါ့အစားအသောက် Kg (၁၀၀၀)လောက်တော့ ရမယ်လို့ပြောတယ်။ စာအုပ်တွေဘာတွေတော့ ဒုတိယအဆင့်ပေါ့။ ပထမတစ်ခေါက်ကတော့ အနည်းငယ်လောက်ပဲရမှာ။ စားနပ်ရိက္ခာက နံပါတ်(၁)ဦးစားပေးပေါ့။ လေယာဉ်ခကတော့ တစ်ခေါက်စာကို ၂၀၀ နဲ့ ၃၀၀ ကြားပေါ့။ ညှိနေတုန်းပါ”ဟု အရှင်ဝေပုလ္လက မိန့်ကြားသည်။

လေယာဉ်ခရီးစဉ် တစ်ခုလျှင် ဆန်(၁၀၀)အိတ် နှင့် ကုန်ပေါ့အစာ (၁၀၀၀)ကီလိုဂရမ် ခန့်ပို့ဆောင်မည်ဖြစ်ပြီး လေယာဉ်တင်ပို့ခသည် ကျပ်သိန်း(၂၀၀)ကျော်ခန့် ကျသင့်မည်ဖြစ် ကြောင်းလည်း သိရသည်။ ထို့ပြင် မြစ်ကြီးနား - ပူတာအိုကားလမ်းကို ပိတ်ထားချိန်ကြာမြင့်လာသည်နှင့်အမျှ ဒေသခံများအနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့ရနိုင်ပြီး ကျန်းမာရေးအခြေအနေများတွင်လည်း များစွာအခက်အခဲများ ကြုံတွေ့နိုင်ကြောင်း နှင့် မြစ်ကြီးနား - ပူတာအိုကားလမ်းကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေးရန် မျှော်လင့်နေလျက်ရှိကြောင်း အရှင်ဝေပုလ္လက မိန့်ကြားသည်။

“ပူတာအိုက ကားလမ်းတစ်ခုပဲ အဓိကသွားလာရတာကို ကားလမ်းပိတ်တဲ့အခါကျတော့ သူက သီးခြားနယ်မြေကြီးလိုဖြစ်နေတာ။ ထွက်ပေါက်လည်း မရှိဘူး။ ကုန်စည်စီးဆင်းတဲ့နေရာလည်း ကားလမ်းကလွဲလို့ တခြားနေရာ မရှိတဲ့အခါကျတော့ ဒီကားလမ်းလည်း ပြန်မဖွင့်ဘူးဆိုရင် ဒီလိုကြီးနဲ့ ဆက်သွားနေမယ်ဆိုရင် ရိက္ခာပြတ်တဲ့ဘေးကို ဆိုက်ရောက်သွားနိုင်တယ်။ ဒီလမ်းကို ပိတ်ထားတာကြာရင် ဒေသခံတွေက ပိုပိုပြီးတော့ ခက်ခဲသွားမှာ။ ငတ်ပြတ်လာရင် ခိုးမှုတွေ၊ လုယက်မှုတွေ တအားကြီး များလာမယ်။ ကျန်းမာရေး ကိစ္စတွေပါ အခက် အခဲတွေ ဖြစ်နိုင်တာပေါ့။ ဒီလမ်းပိုင်းကိုတော့ပြန်ဖွင့်ပေးစေချင်ပါတယ်'ဟု အရှင်ဝေပုလ္လက ဆက်လက်မိန့်ကြားသည်။

လက်ရှိတွင် ပူတာအိုမြို့၌ ရိုးရိုးဆန်တစ်အိတ်လျှင် ကျပ်(၃)သိန်း၊ ကြက်ဥတစ်လုံးလျှင် (၂၀၀၀) ကျပ်ဝန်းကျင်နှင့် ကျောင်းသုံးဗလာစာအုပ် တစ်ဒါဇင်လျှင် (၃၅၀၀၀)ကျပ်တို့ထက်မနည်း စျေးမြင့်တတ်နေပြီး ဒေသခံအများအပြား ဒုက္ခများစွာဖြင့် ရင်ဆိုင်နေရလျက်ရှိသည်။

zawgyi version
ျမစ္ႀကီးနား-ပူတာအိုကားလမ္းပိတ္ထားသည္မွာ (၃)လေက်ာ္ၾကာျမင့္လာၿပီျဖစ္၍ ေလယာဥ္ ျဖင့္ ရိကၡာတင္ပို႔လႉဒါန္းရန္ စီစဥ္ေန
Pearl (NP News) - ဇြန္ ၈

ျမစ္ႀကီးနား - ပူတာအိုကားလမ္းပိတ္ထားသည္မွာ (၃)လေက်ာ္ၾကာျမင့္လာၿပီျဖစ္၍ ေဒသခံမ်ား ကုန္ေစ်းႏႈန္း အဆမတန္ႀကီးျမင့္မႈကို ရင္ဆိုင္ေနရေသာေၾကာင့္ ေလယာဥ္ျဖင့္ ရိကၡာတင္ပို႔လႉဒါန္းရန္ စီစဥ္ေနေၾကာင္း ကမကထျပဳ စီစဥ္ေနေသာ အရွင္ေဝပုလႅက NP News ကို မိန႔္ၾကားသည္။

ၿပီးခဲ့သည့္ မတ္လကစတင္၍ ျမစ္ႀကီးနား - ပူတာအို ကားလမ္းတြင္ တပ္မေတာ္လုံၿခဳံေရး အဖြဲ႕ႏွင့္ KIA ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး အဆိုပါလမ္းပိုင္းကိုလည္း ပိတ္ဆို႔ထားသျဖင့္ ကုန္စည္စီးဆင္းမႈမ်ားရပ္တန႔္ေနလ်က္ရွိကာ အေျခခံစားေသာက္ကုန္မ်ားေစ်းႏႈန္းအဆမတန္ ျမင့္တက္ေနလ်က္ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ လာမည့္ ရက္ပိုင္းအ တြင္း ဆန္အိတ္(၅၀၀)အိတ္၊ ေခါက္ဆြဲေျခာက္ထုပ္မ်ား၊ ငါးပိေထာင္းဘူးမ်ား အပါအဝင္ အေျခခံစားေသာက္ကုန္မ်ား ႏွင့္ ေက်ာင္းသုံးဗလာစာအုပ္မ်ားကို ျမစ္ႀကီးနားမွတဆင့္ ပူတာအိုၿမိဳ႕သို႔ ေလေၾကာင္းလိုင္းျဖင့္ ပို႔ေဆာင္လႉဒါန္းရန္ စီစဥ္ေနလ်က္ရွိေၾကာင္း သိရသည္။

“၆လပိုင္း လလယ္ေလာက္ေတာ့ ပထမအႀကိမ္ တင္ပို႔ႏိုင္မယ္လို႔ထင္ပါတယ္။ (၁၅)ရက္ ဝန္းက်င္ေလာက္ေပါ့။ အဓိကေတာ့ဆန္ေပါ့။ တျခားကေတာ့ ကုန္ေပါ့အစားအစာေပါ့။ ငါးပိေထာင္းဘူးတို႔၊ ေခါက္ဆြဲေျခာက္ထုပ္တို႔။ အစားအေသာက္ကို အဓိကထားမွာေပါ့ေလ။ ဆန္အိတ္ကေတာ့ ေလာေလာဆယ္ ၅၀၀ ေလာက္ေတာ့ လ်ာထားတယ္။ တစ္ေခါက္ကိုအိတ္(၁၀၀) နဲ႔ ကုန္ေပါ့အစားအေသာက္ Kg (၁၀၀၀)ေလာက္ေတာ့ ရမယ္လို႔ေျပာတယ္။ စာအုပ္ေတြဘာေတြေတာ့ ဒုတိယအဆင့္ေပါ့။ ပထမတစ္ေခါက္ကေတာ့ အနည္းငယ္ေလာက္ပဲရမွာ။ စားနပ္ရိကၡာက နံပါတ္(၁)ဦးစားေပးေပါ့။ ေလယာဥ္ခကေတာ့ တစ္ေခါက္စာကို ၂၀၀ နဲ႔ ၃၀၀ ၾကားေပါ့။ ညႇိေနတုန္းပါ”ဟု အရွင္ေဝပုလႅက မိန႔္ၾကားသည္။

ေလယာဥ္ခရီးစဥ္ တစ္ခုလွ်င္ ဆန္(၁၀၀)အိတ္ ႏွင့္ ကုန္ေပါ့အစာ (၁၀၀၀)ကီလိုဂရမ္ ခန႔္ပို႔ေဆာင္မည္ျဖစ္ၿပီး ေလယာဥ္တင္ပို႔ခသည္ က်ပ္သိန္း(၂၀၀)ေက်ာ္ခန႔္ က်သင့္မည္ျဖစ္ ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ျမစ္ႀကီးနား - ပူတာအိုကားလမ္းကို ပိတ္ထားခ်ိန္ၾကာျမင့္လာသည္ႏွင့္အမွ် ေဒသခံမ်ားအေနျဖင့္ စားနပ္ရိကၡာျပတ္လပ္မႈမ်ား ႀကဳံေတြ႕ရႏိုင္ၿပီး က်န္းမာေရးအေျခအေနမ်ားတြင္လည္း မ်ားစြာအခက္အခဲမ်ား ႀကဳံေတြ႕ႏိုင္ေၾကာင္း ႏွင့္ ျမစ္ႀကီးနား - ပူတာအိုကားလမ္းကို အျမန္ဆုံးျပန္လည္ ဖြင့္လွစ္ေပးရန္ ေမွ်ာ္လင့္ေနလ်က္ရွိေၾကာင္း အရွင္ေဝပုလႅက မိန႔္ၾကားသည္။

“ပူတာအိုက ကားလမ္းတစ္ခုပဲ အဓိကသြားလာရတာကို ကားလမ္းပိတ္တဲ့အခါက်ေတာ့ သူက သီးျခားနယ္ေျမႀကီးလိုျဖစ္ေနတာ။ ထြက္ေပါက္လည္း မရွိဘူး။ ကုန္စည္စီးဆင္းတဲ့ေနရာလည္း ကားလမ္းကလြဲလို႔ တျခားေနရာ မရွိတဲ့အခါက်ေတာ့ ဒီကားလမ္းလည္း ျပန္မဖြင့္ဘူးဆိုရင္ ဒီလိုႀကီးနဲ႔ ဆက္သြားေနမယ္ဆိုရင္ ရိကၡာျပတ္တဲ့ေဘးကို ဆိုက္ေရာက္သြားႏိုင္တယ္။ ဒီလမ္းကို ပိတ္ထားတာၾကာရင္ ေဒသခံေတြက ပိုပိုၿပီးေတာ့ ခက္ခဲသြားမွာ။ ငတ္ျပတ္လာရင္ ခိုးမႈေတြ၊ လုယက္မႈေတြ တအားႀကီး မ်ားလာမယ္။ က်န္းမာေရး ကိစၥေတြပါ အခက္ အခဲေတြ ျဖစ္ႏိုင္တာေပါ့။ ဒီလမ္းပိုင္းကိုေတာ့ျပန္ဖြင့္ေပးေစခ်င္ပါတယ္'ဟု အရွင္ေဝပုလႅက ဆက္လက္မိန႔္ၾကားသည္။

လက္ရွိတြင္ ပူတာအိုၿမိဳ႕၌ ႐ိုး႐ိုးဆန္တစ္အိတ္လွ်င္ က်ပ္(၃)သိန္း၊ ၾကက္ဥတစ္လုံးလွ်င္ (၂၀၀၀) က်ပ္ဝန္းက်င္ႏွင့္ ေက်ာင္းသုံးဗလာစာအုပ္ တစ္ဒါဇင္လွ်င္ (၃၅၀၀၀)က်ပ္တို႔ထက္မနည္း ေစ်းျမင့္တတ္ေနၿပီး ေဒသခံအမ်ားအျပား ဒုကၡမ်ားစြာျဖင့္ ရင္ဆိုင္ေနရလ်က္ရွိသည္။

Related news

© 2021. All rights reserved.