VOA-RFA (၄၀) ကျော်နှင့် BBC (၂၄) သို့မဟုတ် ပဋိပက္ခအားပေးလှုံ့ဆော်မှု ရာခိုင်နှုန်းရှင်များ

 1529

NP News - ဇွန် ၁၁
လစဉ်ဖော်ပြပေးနေကျ သတင်းမီဒီယာ စစ်တမ်းအကြောင်းပါ။ ဧပြီလ(၂၁)ရက်ကနေ မေလ (၂၀) ရက်အတွက် လေ့လာဆန်းစစ်ထားတဲ့ စစ်တမ်းလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်စစ်တမ်းထဲမှာလည်း အဆင့်(က)အဖြစ်သတ်မှတ်ပေးထားတဲ့ BBC၊ VOA ၊ RFAတို့ကို ဦးစားပေးသုံးသပ်မှာဖြစ်သလို အဆင့် (ခ)အဖြစ်သတ်မှတ်ထားတဲ့ ခေတ်သစ်၊ မဇ္ဇျိမ၊ ဧရာဝတီ၊ ဒီဗီဘီ၊ မြန်မာနောင်း တို့ကိုလည်း ထည့်သွင်း လေ့လာထားပါတယ်။ “ လွတ်လပ်၍အမှီအခို ကင်းသော သတင်းမီဒီယာ” လို့ ခေါင်းစဉ် ခပ်လှိုင်လှိုင် တပ်ထားကြပေမယ့် သူတို့အားလုံးဟာ ဝင်ငွေရလမ်းကို ဘယ်သူကမှ တိတိပပ ထုတ်မပြောရဲကြပါဘူး။ သတင်းမီဒီယာလုပ်ငန်းဟာ အလှူခံစားရတဲ့ ပရဟိတလုပ်ငန်းမဟုတ်သလို ပရော်ဖက်ရှင်နယ် ပီသမှုကို ပြည်သူတွေဆီ ဝင်ငွေရလမ်းချပြနိုင်တာနဲ့ ရပ်တည်ကြရပါတယ်။ ဒါမှသာ လွတ်လပ်ပွင့်လင်းသော သို့မဟုတ် အမှီအခိုကင်းသော မီဒီယာလို့ အမည်သမုတ် ပါတယ်။

BBC ရဲ့(၂၄)ရာခိုင်နှုန်း
မြန်မာသတင်းထောက်တွေကို ဗြိတိန်အစိုးရရဲ့ငွေနဲ့ ထမင်းကျွေးထားတဲ့ BBC ဟာ ဧပြီလ (၂၁) ရက်ကနေ မေလ (၂၀) ရက်အတွင်း သတင်းပုဒ်ရေ (၂၇၀)အထိ ဖော်ပြခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ် စာ မျက်နှာပေါ်ကနေဖော်ပြနေတဲ့ သတင်းပုဒ်ရေ(၂၇၀)ထဲမှာ အချက်အလက်မခိုင်မာဘဲ သတင်းရေးသား ဖော်ပြနေမှု (၈) ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အချက်အလက် မခိုင်မာမှုဆိုတာက ဥပမာပေးရရင် “BBC မြန် မာပိုင်း သတင်းထောက်တွေဟာ ငွေပေးပြီးခိုင်းရင် လိင်ကျွန်ပြုခံပေးဖို့အထိတောင် အသင့်ဖြစ်နေကြ တယ်” ဆိုသလိုမျိုးပါပဲ။ တကယ်တော့ BBC မြန်မာ သတင်းထောက်တိုင်းဟာ ငွေပေးတိုင်း အဲဒီလိုလုပ် မယ့် သူတွေမဟုတ်ဘူးဆိုတာ ယေဘုကျပြီးယုတ္တိတန်တဲ့ အတွေးမျိုးရှိရင် သိနိုင်ပါတယ်။
သို့သော်လည်း တစ်ဖက်သားကို ထိခိုက်နစ်နာစေချင်တဲ့ စိတ်ဆန္ဒပြင်းပြလာတဲ့အခါမှာ အချက် အလက် မခိုင်မာလည်း စွပ်စွဲရေးသားပြီး အပုပ်ချတာမျိုးကို ရည်ညွှန်းချင်တာပါ။ အလားတူ မြန်မာ နိုင်ငံတွင်းမှာ ပဋိပက္ခတွေ ပိုမိုမြင့်မားလာစေဖို့အတွက် BBC က အားပေးလှုံ့ဆော်တဲ့ သတင်းအမျိုး အစားပေါင်း(၂၄)ရာခိုင်နှုန်းအထိ ပါဝင်လာခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတွေအချင်းချင်း အပြန် အလှန်သတ်ဖြတ်မှုတွေဖြစ်စေဖို့အတွက် မြန်မာ ပြည်ဖွား BBC သတင်းထောက်တွေက လုပ်ဆောင် ခဲ့ကြတာပါ။ NUG-PDF တွေလုပ်သမျှ အမှားမရှိ သယောင်ယောင် လိမ်လည်လှည့်စားပြီး NUG-PDF အားပေးအားမြှောက်ပြုသော သတင်းအပုဒ် ရေပေါင်း(၁၆)ရာခိုင်နှုန်းအထိ ရေးသားခဲ့ပါသေးတယ်။ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုမရှိတဲ့ သာမန်သတင်းတွေရေးသားမှုက (၅၀) ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ BBC ရဲ့ဖော်ပြမှုထဲမှာ Reaction အများဆုံးဖြစ်ခဲ့တဲ့သတင်းမျိုးက “ကရင်နီ အမျိုးသမီး စနိုက်ပါ” ဖြစ်သလို Like (၂၆၅၀ဝဝ) ကျော်ရရှိခဲ့ပါတယ်။ ဗြိတိန် BBC ဖြစ်နေတဲ့အတွက်ကြောင့် မြန်မာ ကိုအကျိုးပြုဖို့ သူတို့ စဉ်းစားမှာမဟုတ်ဘူးဆိုတကတော့ သေချာနေပါတယ်။

အမေရိကန် VOA နှင့် RFA တို့ရဲ့(၄၀) ရာခိုင်နှုန်းကျော်သော ယုတ်မာမှု
VOA သတင်းဌာနနဲ့ RFA သတင်းဌာနမှာ မြန်မာပြည်ကို ပြန်မလာတော့တဲ့ မြန်မာပြည်ဖွား သတင်းသမားတွေရှိထားသလို မြန်မာ့မြေထဲမှာ သွားလာနေထိုင်ပြီး အမေရိကန်အစိုးရရဲ့အရိပ်ကို ခိုနေရ သူတွေ ရှိနေပါတယ်။
VOA ဟာ ရက်ပေါင်း(၃၀)အတွင်းမှာ သတင်းပုဒ်ရေ(၂၂၁)ပုဒ်ကို ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ဖော်ပြခဲ့ ပါတယ်။ (၉)ရာခိုင်နှုန်းကတော့ အချက်အလက် မခိုင်မာတဲ့သတင်းတွေဖော်ပြမှုဖြစ်ပြီး (၄၆) ရာခိုင်နှုန်း ကတော့ ပဋိပက္ခဖြစ်စေဖို့ အားပေးလှုံ့ဆော်တဲ့ သတင်းတွေဖြစ်နေပါတယ်။ NUG-PDF တွေဘက်ကနေ ရပ်တည်ပြီး ဖော်ပြပေးတဲ့သတင်းကတော့ (၂၆)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ “ စစ်ဒဏ်သင့် လူငယ်တွေ အတွက် ဂီတအားမာန်” ဆိုတဲ့ သတင်း တစ်ပုဒ်ကတော့ Like (၂၈၀ဝဝ)ကျော်နဲ့ VOA အတွက် လူကြိုက် အများဆုံးဖြစ်ခဲ့ပါတယ်။ RFA ကလည်း သတင်းပုဒ်ရေ (၄၃၀)ဖော်ပြခဲ့သလို အဲဒီအထဲကနေ (၁၁) ရာခိုင်နှုန်းကတော့ အချက်အလက် မခိုင်မာဘဲ ရမ်းသမ်းရေးသားမှုတွေ ဒါမှမဟုတ် လိုရာ ဆွဲရေးသားမှု တွေ ဖြစ်ခဲ့ပါတယ်။ RFA သတင်း ထောက်တွေဟာ မြန်မာနိုင်ငံမှာ လူသတ်အကြမ်းဖက်မှုနဲ့ စစ်မက် ပဋိပက္ခတွေ ပိုမိုမြင့်မားစေဖို့အတွက် သတင်းပုဒ်ရေ(၆၀)ရာခိုင်နှုန်းလောက်အထိ လှုံ့ဆော်ရေးသား ခဲ့ကြပါတယ်။

အမေရိကန်အစိုးရ၊ လွှတ်တော်ကျောထောက်နောက်ခံငွေကြေးနဲ့ မြန်မာသတင်းထောက်တွေကို လစာကောင်းကောင်းပေးပြီး မြန်မာဘာသာနဲ့ သတင်းရေးသားဖြန့်ချီခိုင်းနေတဲ့ VOA နှင့် RFAတို့ ဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့ လူသားစံတန်ဖိုးတွေ၊ တိုင်းပြည်တစ်ပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုတွေကို လို လားကြပုံ မရပါဘူး။ အဆိုးဆုံးကတော့ အဲဒီမှာအလုပ်လုပ်နေတဲ့ မြန်မာသတင်းထောက်တွေပါပဲ။ သူတို့ဟာ မိခင်မွေးဖွားရာနိုင်ငံအတွက် တစ်ချက်က လေးမှစဉ်းစားပေးပုံမရဘဲ အမေရိကန်တို့အလိုကျ ဝါဒဖြန့်ချိပေးနေကြတာပါ။
ပြည်တွင်းမှာနေထိုင်ပြီး မြန်မာ့မြေကို မစွန့်ခွာတဲ့ လစာနည်း မြန်မာသတင်းထောက်တွေ ကိုလည်း စစ်တပ်အလိုကျ ဝါဒဖြန့်ချိသူတွေလို့ သူတို့ စွပ်စွဲခဲ့ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ အမေရိ ကန်တို့ပေးထားတဲ့လစာကိုယူပြီး အမေရိကန်တို့ရဲ့ Editorial ကို လွန်ဆန်နိုင်ခြင်းမရှိကြပါဘူး။ တစ် နည်းအားဖြင့် ပြည်တွင်းနေ မြန်မာသတင်းထောကတွေကို စစ်တပ်လော်ဘီလို့ သူတို့ကသုံးစွဲရင် သူတို့ ကကော ဘယ်သူ့ခိုင်းဖတ်ခွေး ဖြစ်နေသလဲဆိုတာ ပြန်ဆန်းစစ်မိကြပုံ မရတာပါ။

DVB - Irrawaddy ၊ Myanmar Now နှင့်Mizzima တို့ရဲ့သတင်း အဆင့်အတန်း
Myanmar Now က လွဲရင် (၈၈) အရေးအခင်းနဲ့အတူ ရှေ့ဆင့်နောက်ဆင့် ပေါက်ဖွားလာတဲ့ လူပုဂ္ဂိုလ်တွေက ဒီသတင်းဌာနတွေကို ဦးဆောင်နေကြတာပါ။ ပြောရရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တွေ၊ အလှူရှင် ဒိုနာတွေနဲ့ INGO အဝန်းအဝိုင်းတွေမှာ ငွေကြေးခေါင်းစဉ်တစ်ခုတည်းအတွက် လိုသလို ဘက်ပြောင်း ကျင်လည်ကြသူတွေပါပဲ။ DVB သတင်းဌာနဟာ သတင်းပုဒ်ရေ(၅၀၄)ပုဒ် ရေးသားခဲ့သလို (၁၅)ရာခိုင်နှုန်းသော သတင်းတွေဟာ အချက်အလက်မခိုင်မာခဲ့ပါဘူး။ ပဋိပက္ခဖြစ်စေဖို့ လှုံ့ဆော် အားပေးရေးသားမှုက (၄၂)ရာခိုင်နှုန်းအထိရှိခဲ့သလို NUG-PDF ဘက်ကနေ ရပ်တည်ရေးသားမှုက (၂၁) ရာခိုင်နှုန်းရှိခဲ့ပါတယ်။
မီဒီယာဓားပြဗိုလ် ဦးအောင်ဇော်ရဲ့ The Irrawaddy ကတော့ သတင်းပုဒ်ရေ(၆၇၅)ပုဒ် ဖော်ပြခဲ့ မှုမှာ (၃၆)ရာခိုင်နှုန်းက လိုရာဆွဲရေးတဲ့ အချက်အလက်မခိုင်မာမှုကို ဦးတည်ခဲ့ပါတယ်။ (၂၆)ရာခိုင်နှုန်း ကတော့ ပဋိပက္ခတွေဖြစ်လာစေဖို့ လှုံ့ဆော်အားပေးခဲ့သလို (၂၅) ရာခိုင်နှုန်းကတော့ NUG-PDF ဘက်ကနေ ရပ်တည်ရေးသားပြခဲ့တာပါ။ ဘာသာရေး လှုံ့ဆော်သူ ကိုဆွေဝင်းရဲ့ Myanmar Now က လည်း သတင်းပုဒ်ရေ(၁၇၉)ပုဒ်ဖော်ပြခဲ့တာမှာ (၃၉) ရာခိုင်နှုန်းက ပဋိပက္ခကို လှုံ့ဆော်အားပေးခဲ့ပါတယ်။
NUG-PDFဘက်ကနေ ရေးသားခဲ့တာကတော့ (၂၆) ရာခိုင်နှုန်းရှိပါတယ်။ အိန္ဒိယ မွေးစားသား ဦးစိုးမြင့်ရဲ့ Mizzima ကလည်း သတင်းပုဒ်ရေ (၅၈၄)ပုဒ်ဖော်ပြခဲ့တာမှာ (၂၇)ရာခိုင်နှုန်းက အချက် အလက်မခိုင်မာဘဲ စွပ်စွဲအပုပ်ချ ရေးသားမှုတွေသာ ဖြစ်ခဲ့ပါတယ်။ NUG-PDF တွေဘက်ကနေ ထောက် ခံအားပေးရေးသားမှုက(၂၆)ရာခိုင်နှုန်းရှိခဲ့သလို မြန်မာနိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုတွေ ပိုမိုဖြစ်ပွား စေဖို့အတွက် (၂၆)ရာခိုင်နှုန်းအထိ လှုံ့ဆော်ခဲ့ပါတယ်။

လှုံ့ဆော်မှု အားကောင်းနေဆဲ Yangon Khit Thit သတင်းဌာန
၂၀၂၁ အခင်းအကျင်းပေါ်လာပြီးနောက်ပိုင်းကို သာလွန်စောင်းထက်ရဲ့ ခေတ်သစ်သတင်းဌာန က အခြားသောသတင်းဌာနတွေထက် ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားပါတယ်။ ကိုယ်တိုင် ကိုင်တွယ် အုပ်ချုပ်နေတာ ဟုတ်ပါ့မလားလို့ သံသယရှိစရာကောင်းလောက်အောင် ကိုသာလွန်စောင်းထက်ရဲ့ သတင်းခန်း စီမံခန့်ခွဲမှုက မြန်ဆန်လွန်းနေတာပါ။ နေ့ည အချိန်မရွေး ဟုတ်သည် မဟုတ်သည် သတင်း အစုံကို မရပ်မနားဖော်ပြနေတာကြောင့်ပါပဲ။ ခေတ်သစ်သတင်းဌာနဟာ ရက်ပေါင်း (၃၀)အတွင်းမှာ သတင်းပုဒ်ရေ(၉၀၅)ပုဒ်အထိ စံချိန်တင်လောက်အောင် ဖော်ပြခဲ့ပါတယ်။ သတင်း ရေးသားနည်း ကျင့်ဝတ်အသစ်တွေကိုပါ မြင်တွေ့ရတဲ့အထိ ထူးခြားလွန်းနေတဲ့ ခေတ်သစ်ဟာ အချက်အလက် မခိုင်မာဘဲ လိုရာဆွဲရမ်းသမ်းရေးသားမှုအဖြစ် (၃၀)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
ဥပမာအားဖြင့် “တိုက်ပွဲဖြစ် စစ်သား ၂၀ သေဆုံး” လိုမျိုး ပုံစံတူသတင်းတွေဟာ ရာနဲ့ချီရှိခဲ့ပါ တယ်။ အဲဒီသတင်းတိုင်းမှာလည်း သူတို့ကိုယ်တိုင် အချက်အလက်မခိုင်မာကြောင်း ဝန်ခံထားပါတယ်။ မြေပြင်မှာရှိနေတဲ့အဖွဲ့အစည်းတွေရဲ့ပြောကြားချက် အရသာဖော်ပြထားခြင်းဖြစ်ပါတယ်လို့ သူတို့ ကိုယ် တိုင်မသိကြောင်း ဖော်ပြထားတာပါ။ ပဋိပက္ခဖြစ်စေရန်လှုံ့ဆော်ရေးသားမှုအဖြစ် ခေတ်သစ်သတင်းဌာန က(၃၃)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ NUG-PDF ကို ထောက်ခံအားပေးရေးသားမှုကတော့ (၂၄)ရာခိုင်နှုန်း ရှိပါတယ်။ ခေတ်သစ်သတင်းဌာနရဲ့ဖော်ပြချက်တွေကတော့ အံ့အားသင့်စရာကောင်းလောက်အောင် မြန် ဆန်လွန်းနေသလို ဒီလိုစီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းမျိုး ကိုသာလွန်စောင်းထက်မှာ ရှိနေပါရဲ့ လားလို့ သံသယလည်း ဖြစ်မိစေပါတယ်။
ဒီတစ်ပတ်အတွက်တော့ အချက်အလက်တွေကို ဒီလောက်နဲ့ပဲ ရပ်နားပါတယ်။ သတင်းဌာန တစ်ခုဟာ ကိုယ်ပိုင်ဝင်ငွေရလမ်းကို အလှူခံခြင်း၊ တောင်းရမ်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားသဖြင့် ရ ယူခြင်း၊ နိုင်ငံခြား အထောက်အပံ့ရယူခြင်း အစရှိတဲ့ လုပ်ရပ်တွေကိုလုပ်ဆောင်ထားရင် လွတ်လပ်ပွင့် လင်း ပြီး အမှီအခိုကင်းတဲ့သတင်းဌာနလို့ အမည်ခံရလေ့ မရှိပါဘူး။ လွတ်လပ်ပွင့်လင်းပြီး အမှီအခိုကင်း တယ် လို့ကြေညာခဲ့ရင် အစစ်အဆေးခံရဲဖို့လည်းလိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ သတင်းဌာနမဟုတ်ဘဲ ဝါဒဖြန့် ချိရေးသက်သက်သာဖြစ်တယ်ဆိုတာ သတင်းစာပညာအရ သိစေဖို့ ပြည်သူလူထုထံ အသိပေးပါတယ်။

zawgyi version
VOA-RFA (၄၀) ေက်ာ္ႏွင့္ BBC (၂၄) သို႔မဟုတ္ ပဋိပကၡအားေပးလႈံ႕ေဆာ္မႈ ရာခိုင္ႏႈန္းရွင္မ်ား
NP News - ဇြန္ ၁၁
လစဥ္ေဖာ္ျပေပးေနက် သတင္းမီဒီယာ စစ္တမ္းအေၾကာင္းပါ။ ဧၿပီလ(၂၁)ရက္ကေန ေမလ (၂၀) ရက္အတြက္ ေလ့လာဆန္းစစ္ထားတဲ့ စစ္တမ္းလည္းျဖစ္ပါတယ္။ ဒီတစ္ပတ္စစ္တမ္းထဲမွာလည္း အဆင့္(က)အျဖစ္သတ္မွတ္ေပးထားတဲ့ BBC၊ VOA ၊ RFAတို႔ကို ဦးစားေပးသုံးသပ္မွာျဖစ္သလို အဆင့္ (ခ)အျဖစ္သတ္မွတ္ထားတဲ့ ေခတ္သစ္၊ မဇၨ်ိမ၊ ဧရာဝတီ၊ ဒီဗီဘီ၊ ျမန္မာေနာင္း တို႔ကိုလည္း ထည့္သြင္း ေလ့လာထားပါတယ္။ “ လြတ္လပ္၍အမွီအခို ကင္းေသာ သတင္းမီဒီယာ” လို႔ ေခါင္းစဥ္ ခပ္လႈိင္လႈိင္ တပ္ထားၾကေပမယ့္ သူတို႔အားလုံးဟာ ဝင္ေငြရလမ္းကို ဘယ္သူကမွ တိတိပပ ထုတ္မေျပာရဲၾကပါဘူး။ သတင္းမီဒီယာလုပ္ငန္းဟာ အလႉခံစားရတဲ့ ပရဟိတလုပ္ငန္းမဟုတ္သလို ပေရာ္ဖက္ရွင္နယ္ ပီသမႈကို ျပည္သူေတြဆီ ဝင္ေငြရလမ္းခ်ျပႏိုင္တာနဲ႔ ရပ္တည္ၾကရပါတယ္။ ဒါမွသာ လြတ္လပ္ပြင့္လင္းေသာ သို႔မဟုတ္ အမွီအခိုကင္းေသာ မီဒီယာလို႔ အမည္သမုတ္ ပါတယ္။

BBC ရဲ႕(၂၄)ရာခိုင္ႏႈန္း
ျမန္မာသတင္းေထာက္ေတြကို ၿဗိတိန္အစိုးရရဲ႕ေငြနဲ႔ ထမင္းေကြၽးထားတဲ့ BBC ဟာ ဧၿပီလ (၂၁) ရက္ကေန ေမလ (၂၀) ရက္အတြင္း သတင္းပုဒ္ေရ (၂၇၀)အထိ ေဖာ္ျပခဲ့ပါတယ္။ ေဖ့စ္ဘြတ္ခ္ စာ မ်က္ႏွာေပၚကေနေဖာ္ျပေနတဲ့ သတင္းပုဒ္ေရ(၂၇၀)ထဲမွာ အခ်က္အလက္မခိုင္မာဘဲ သတင္းေရးသား ေဖာ္ျပေနမႈ (၈) ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။ အခ်က္အလက္ မခိုင္မာမႈဆိုတာက ဥပမာေပးရရင္ “BBC ျမန္ မာပိုင္း သတင္းေထာက္ေတြဟာ ေငြေပးၿပီးခိုင္းရင္ လိင္ကြၽန္ျပဳခံေပးဖို႔အထိေတာင္ အသင့္ျဖစ္ေနၾက တယ္” ဆိုသလိုမ်ိဳးပါပဲ။ တကယ္ေတာ့ BBC ျမန္မာ သတင္းေထာက္တိုင္းဟာ ေငြေပးတိုင္း အဲဒီလိုလုပ္ မယ့္ သူေတြမဟုတ္ဘူးဆိုတာ ေယဘုက်ၿပီးယုတၱိတန္တဲ့ အေတြးမ်ိဳးရွိရင္ သိႏိုင္ပါတယ္။
သို႔ေသာ္လည္း တစ္ဖက္သားကို ထိခိုက္နစ္နာေစခ်င္တဲ့ စိတ္ဆႏၵျပင္းျပလာတဲ့အခါမွာ အခ်က္ အလက္ မခိုင္မာလည္း စြပ္စြဲေရးသားၿပီး အပုပ္ခ်တာမ်ိဳးကို ရည္ၫႊန္းခ်င္တာပါ။ အလားတူ ျမန္မာ ႏိုင္ငံတြင္းမွာ ပဋိပကၡေတြ ပိုမိုျမင့္မားလာေစဖို႔အတြက္ BBC က အားေပးလႈံ႕ေဆာ္တဲ့ သတင္းအမ်ိဳး အစားေပါင္း(၂၄)ရာခိုင္ႏႈန္းအထိ ပါဝင္လာခဲ့ပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံသားေတြအခ်င္းခ်င္း အျပန္ အလွန္သတ္ျဖတ္မႈေတြျဖစ္ေစဖို႔အတြက္ ျမန္မာ ျပည္ဖြား BBC သတင္းေထာက္ေတြက လုပ္ေဆာင္ ခဲ့ၾကတာပါ။ NUG-PDF ေတြလုပ္သမွ် အမွားမရွိ သေယာင္ေယာင္ လိမ္လည္လွည့္စားၿပီး NUG-PDF အားေပးအားေျမႇာက္ျပဳေသာ သတင္းအပုဒ္ ေရေပါင္း(၁၆)ရာခိုင္ႏႈန္းအထိ ေရးသားခဲ့ပါေသးတယ္။ ျမန္မာႏိုင္ငံအတြက္ အက်ိဳးျဖစ္ထြန္းမႈမရွိတဲ့ သာမန္သတင္းေတြေရးသားမႈက (၅၀) ရာခိုင္ႏႈန္းအထိ ရွိခဲ့ပါတယ္။ BBC ရဲ႕ေဖာ္ျပမႈထဲမွာ Reaction အမ်ားဆုံးျဖစ္ခဲ့တဲ့သတင္းမ်ိဳးက “ကရင္နီ အမ်ိဳးသမီး စႏိုက္ပါ” ျဖစ္သလို Like (၂၆၅၀ဝဝ) ေက်ာ္ရရွိခဲ့ပါတယ္။ ၿဗိတိန္ BBC ျဖစ္ေနတဲ့အတြက္ေၾကာင့္ ျမန္မာ ကိုအက်ိဳးျပဳဖို႔ သူတို႔ စဥ္းစားမွာမဟုတ္ဘူးဆိုတကေတာ့ ေသခ်ာေနပါတယ္။

အေမရိကန္ VOA ႏွင့္ RFA တို႔ရဲ႕(၄၀) ရာခိုင္ႏႈန္းေက်ာ္ေသာ ယုတ္မာမႈ
VOA သတင္းဌာနနဲ႔ RFA သတင္းဌာနမွာ ျမန္မာျပည္ကို ျပန္မလာေတာ့တဲ့ ျမန္မာျပည္ဖြား သတင္းသမားေတြရွိထားသလို ျမန္မာ့ေျမထဲမွာ သြားလာေနထိုင္ၿပီး အေမရိကန္အစိုးရရဲ႕အရိပ္ကို ခိုေနရ သူေတြ ရွိေနပါတယ္။
VOA ဟာ ရက္ေပါင္း(၃၀)အတြင္းမွာ သတင္းပုဒ္ေရ(၂၂၁)ပုဒ္ကို ေဖ့စ္ဘြတ္ခ္ေပ့ခ်္မွာ ေဖာ္ျပခဲ့ ပါတယ္။ (၉)ရာခိုင္ႏႈန္းကေတာ့ အခ်က္အလက္ မခိုင္မာတဲ့သတင္းေတြေဖာ္ျပမႈျဖစ္ၿပီး (၄၆) ရာခိုင္ႏႈန္း ကေတာ့ ပဋိပကၡျဖစ္ေစဖို႔ အားေပးလႈံ႕ေဆာ္တဲ့ သတင္းေတြျဖစ္ေနပါတယ္။ NUG-PDF ေတြဘက္ကေန ရပ္တည္ၿပီး ေဖာ္ျပေပးတဲ့သတင္းကေတာ့ (၂၆)ရာခိုင္ႏႈန္းအထိ ရွိခဲ့ပါတယ္။ “ စစ္ဒဏ္သင့္ လူငယ္ေတြ အတြက္ ဂီတအားမာန္” ဆိုတဲ့ သတင္း တစ္ပုဒ္ကေတာ့ Like (၂၈၀ဝဝ)ေက်ာ္နဲ႔ VOA အတြက္ လူႀကိဳက္ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ RFA ကလည္း သတင္းပုဒ္ေရ (၄၃၀)ေဖာ္ျပခဲ့သလို အဲဒီအထဲကေန (၁၁) ရာခိုင္ႏႈန္းကေတာ့ အခ်က္အလက္ မခိုင္မာဘဲ ရမ္းသမ္းေရးသားမႈေတြ ဒါမွမဟုတ္ လိုရာ ဆြဲေရးသားမႈ ေတြ ျဖစ္ခဲ့ပါတယ္။ RFA သတင္း ေထာက္ေတြဟာ ျမန္မာႏိုင္ငံမွာ လူသတ္အၾကမ္းဖက္မႈနဲ႔ စစ္မက္ ပဋိပကၡေတြ ပိုမိုျမင့္မားေစဖို႔အတြက္ သတင္းပုဒ္ေရ(၆၀)ရာခိုင္ႏႈန္းေလာက္အထိ လႈံ႕ေဆာ္ေရးသား ခဲ့ၾကပါတယ္။

အေမရိကန္အစိုးရ၊ လႊတ္ေတာ္ေက်ာေထာက္ေနာက္ခံေငြေၾကးနဲ႔ ျမန္မာသတင္းေထာက္ေတြကို လစာေကာင္းေကာင္းေပးၿပီး ျမန္မာဘာသာနဲ႔ သတင္းေရးသားျဖန႔္ခ်ီခိုင္းေနတဲ့ VOA ႏွင့္ RFAတို႔ ဟာ သတင္းမီဒီယာက်င့္ဝတ္နဲ႔ လူသားစံတန္ဖိုးေတြ၊ တိုင္းျပည္တစ္ျပည္ရဲ႕ တည္ၿငိမ္ေအးခ်မ္းမႈေတြကို လို လားၾကပုံ မရပါဘူး။ အဆိုးဆုံးကေတာ့ အဲဒီမွာအလုပ္လုပ္ေနတဲ့ ျမန္မာသတင္းေထာက္ေတြပါပဲ။ သူတို႔ဟာ မိခင္ေမြးဖြားရာႏိုင္ငံအတြက္ တစ္ခ်က္က ေလးမွစဥ္းစားေပးပုံမရဘဲ အေမရိကန္တို႔အလိုက် ဝါဒျဖန႔္ခ်ိေပးေနၾကတာပါ။
ျပည္တြင္းမွာေနထိုင္ၿပီး ျမန္မာ့ေျမကို မစြန႔္ခြာတဲ့ လစာနည္း ျမန္မာသတင္းေထာက္ေတြ ကိုလည္း စစ္တပ္အလိုက် ဝါဒျဖန႔္ခ်ိသူေတြလို႔ သူတို႔ စြပ္စြဲခဲ့ၾကေပမယ့္ သူတို႔ကိုယ္တိုင္ကေတာ့ အေမရိ ကန္တို႔ေပးထားတဲ့လစာကိုယူၿပီး အေမရိကန္တို႔ရဲ႕ Editorial ကို လြန္ဆန္ႏိုင္ျခင္းမရွိၾကပါဘူး။ တစ္ နည္းအားျဖင့္ ျပည္တြင္းေန ျမန္မာသတင္းေထာကေတြကို စစ္တပ္ေလာ္ဘီလို႔ သူတို႔ကသုံးစြဲရင္ သူတို႔ ကေကာ ဘယ္သူ႔ခိုင္းဖတ္ေခြး ျဖစ္ေနသလဲဆိုတာ ျပန္ဆန္းစစ္မိၾကပုံ မရတာပါ။

DVB - Irrawaddy ၊ Myanmar Now ႏွင့္Mizzima တို႔ရဲ႕သတင္း အဆင့္အတန္း
Myanmar Now က လြဲရင္ (၈၈) အေရးအခင္းနဲ႔အတူ ေရွ႕ဆင့္ေနာက္ဆင့္ ေပါက္ဖြားလာတဲ့ လူပုဂၢိဳလ္ေတြက ဒီသတင္းဌာနေတြကို ဦးေဆာင္ေနၾကတာပါ။ ေျပာရရင္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ေတြ၊ အလႉရွင္ ဒိုနာေတြနဲ႔ INGO အဝန္းအဝိုင္းေတြမွာ ေငြေၾကးေခါင္းစဥ္တစ္ခုတည္းအတြက္ လိုသလို ဘက္ေျပာင္း က်င္လည္ၾကသူေတြပါပဲ။ DVB သတင္းဌာနဟာ သတင္းပုဒ္ေရ(၅၀၄)ပုဒ္ ေရးသားခဲ့သလို (၁၅)ရာခိုင္ႏႈန္းေသာ သတင္းေတြဟာ အခ်က္အလက္မခိုင္မာခဲ့ပါဘူး။ ပဋိပကၡျဖစ္ေစဖို႔ လႈံ႕ေဆာ္ အားေပးေရးသားမႈက (၄၂)ရာခိုင္ႏႈန္းအထိရွိခဲ့သလို NUG-PDF ဘက္ကေန ရပ္တည္ေရးသားမႈက (၂၁) ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။
မီဒီယာဓားျပဗိုလ္ ဦးေအာင္ေဇာ္ရဲ႕ The Irrawaddy ကေတာ့ သတင္းပုဒ္ေရ(၆၇၅)ပုဒ္ ေဖာ္ျပခဲ့ မႈမွာ (၃၆)ရာခိုင္ႏႈန္းက လိုရာဆြဲေရးတဲ့ အခ်က္အလက္မခိုင္မာမႈကို ဦးတည္ခဲ့ပါတယ္။ (၂၆)ရာခိုင္ႏႈန္း ကေတာ့ ပဋိပကၡေတြျဖစ္လာေစဖို႔ လႈံ႕ေဆာ္အားေပးခဲ့သလို (၂၅) ရာခိုင္ႏႈန္းကေတာ့ NUG-PDF ဘက္ကေန ရပ္တည္ေရးသားျပခဲ့တာပါ။ ဘာသာေရး လႈံ႕ေဆာ္သူ ကိုေဆြဝင္းရဲ႕ Myanmar Now က လည္း သတင္းပုဒ္ေရ(၁၇၉)ပုဒ္ေဖာ္ျပခဲ့တာမွာ (၃၉) ရာခိုင္ႏႈန္းက ပဋိပကၡကို လႈံ႕ေဆာ္အားေပးခဲ့ပါတယ္။
NUG-PDFဘက္ကေန ေရးသားခဲ့တာကေတာ့ (၂၆) ရာခိုင္ႏႈန္းရွိပါတယ္။ အိႏၵိယ ေမြးစားသား ဦးစိုးျမင့္ရဲ႕ Mizzima ကလည္း သတင္းပုဒ္ေရ (၅၈၄)ပုဒ္ေဖာ္ျပခဲ့တာမွာ (၂၇)ရာခိုင္ႏႈန္းက အခ်က္ အလက္မခိုင္မာဘဲ စြပ္စြဲအပုပ္ခ် ေရးသားမႈေတြသာ ျဖစ္ခဲ့ပါတယ္။ NUG-PDF ေတြဘက္ကေန ေထာက္ ခံအားေပးေရးသားမႈက(၂၆)ရာခိုင္ႏႈန္းရွိခဲ့သလို ျမန္မာႏိုင္ငံသားအခ်င္းခ်င္း သတ္ျဖတ္မႈေတြ ပိုမိုျဖစ္ပြား ေစဖို႔အတြက္ (၂၆)ရာခိုင္ႏႈန္းအထိ လႈံ႕ေဆာ္ခဲ့ပါတယ္။

လႈံ႕ေဆာ္မႈ အားေကာင္းေနဆဲ Yangon Khit Thit သတင္းဌာန
၂၀၂၁ အခင္းအက်င္းေပၚလာၿပီးေနာက္ပိုင္းကို သာလြန္ေစာင္းထက္ရဲ႕ ေခတ္သစ္သတင္းဌာန က အျခားေသာသတင္းဌာနေတြထက္ ဆိုရွယ္မီဒီယာေပၚမွာ ေရပန္းစားပါတယ္။ ကိုယ္တိုင္ ကိုင္တြယ္ အုပ္ခ်ဳပ္ေနတာ ဟုတ္ပါ့မလားလို႔ သံသယရွိစရာေကာင္းေလာက္ေအာင္ ကိုသာလြန္ေစာင္းထက္ရဲ႕ သတင္းခန္း စီမံခန႔္ခြဲမႈက ျမန္ဆန္လြန္းေနတာပါ။ ေန႔ည အခ်ိန္မေ႐ြး ဟုတ္သည္ မဟုတ္သည္ သတင္း အစုံကို မရပ္မနားေဖာ္ျပေနတာေၾကာင့္ပါပဲ။ ေခတ္သစ္သတင္းဌာနဟာ ရက္ေပါင္း (၃၀)အတြင္းမွာ သတင္းပုဒ္ေရ(၉၀၅)ပုဒ္အထိ စံခ်ိန္တင္ေလာက္ေအာင္ ေဖာ္ျပခဲ့ပါတယ္။ သတင္း ေရးသားနည္း က်င့္ဝတ္အသစ္ေတြကိုပါ ျမင္ေတြ႕ရတဲ့အထိ ထူးျခားလြန္းေနတဲ့ ေခတ္သစ္ဟာ အခ်က္အလက္ မခိုင္မာဘဲ လိုရာဆြဲရမ္းသမ္းေရးသားမႈအျဖစ္ (၃၀)ရာခိုင္ႏႈန္းအထိ ရွိခဲ့ပါတယ္။
ဥပမာအားျဖင့္ “တိုက္ပြဲျဖစ္ စစ္သား ၂၀ ေသဆုံး” လိုမ်ိဳး ပုံစံတူသတင္းေတြဟာ ရာနဲ႔ခ်ီရွိခဲ့ပါ တယ္။ အဲဒီသတင္းတိုင္းမွာလည္း သူတို႔ကိုယ္တိုင္ အခ်က္အလက္မခိုင္မာေၾကာင္း ဝန္ခံထားပါတယ္။ ေျမျပင္မွာရွိေနတဲ့အဖြဲ႕အစည္းေတြရဲ႕ေျပာၾကားခ်က္ အရသာေဖာ္ျပထားျခင္းျဖစ္ပါတယ္လို႔ သူတို႔ ကိုယ္ တိုင္မသိေၾကာင္း ေဖာ္ျပထားတာပါ။ ပဋိပကၡျဖစ္ေစရန္လႈံ႕ေဆာ္ေရးသားမႈအျဖစ္ ေခတ္သစ္သတင္းဌာန က(၃၃)ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။ NUG-PDF ကို ေထာက္ခံအားေပးေရးသားမႈကေတာ့ (၂၄)ရာခိုင္ႏႈန္း ရွိပါတယ္။ ေခတ္သစ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္ေတြကေတာ့ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ျမန္ ဆန္လြန္းေနသလို ဒီလိုစီမံခန႔္ခြဲႏိုင္တဲ့ အရည္အခ်င္းမ်ိဳး ကိုသာလြန္ေစာင္းထက္မွာ ရွိေနပါရဲ႕ လားလို႔ သံသယလည္း ျဖစ္မိေစပါတယ္။
ဒီတစ္ပတ္အတြက္ေတာ့ အခ်က္အလက္ေတြကို ဒီေလာက္နဲ႔ပဲ ရပ္နားပါတယ္။ သတင္းဌာန တစ္ခုဟာ ကိုယ္ပိုင္ဝင္ေငြရလမ္းကို အလႉခံျခင္း၊ ေတာင္းရမ္းျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ မတရားသျဖင့္ ရ ယူျခင္း၊ ႏိုင္ငံျခား အေထာက္အပံ့ရယူျခင္း အစရွိတဲ့ လုပ္ရပ္ေတြကိုလုပ္ေဆာင္ထားရင္ လြတ္လပ္ပြင့္ လင္း ၿပီး အမွီအခိုကင္းတဲ့သတင္းဌာနလို႔ အမည္ခံရေလ့ မရွိပါဘူး။ လြတ္လပ္ပြင့္လင္းၿပီး အမွီအခိုကင္း တယ္ လို႔ေၾကညာခဲ့ရင္ အစစ္အေဆးခံရဲဖို႔လည္းလိုပါတယ္။ ဒီလိုမဟုတ္ရင္ေတာ့ သတင္းဌာနမဟုတ္ဘဲ ဝါဒျဖန႔္ ခ်ိေရးသက္သက္သာျဖစ္တယ္ဆိုတာ သတင္းစာပညာအရ သိေစဖို႔ ျပည္သူလူထုထံ အသိေပးပါတယ္။

Related news

© 2021. All rights reserved.