ကျိုင်းတုံမြို့နယ်တွင် TOYOTA HILUX ကားပေါ်မှ ငွေကျပ် ၅ ဒသမ ၇ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

1006

သန့်ဇင် (NP News) - ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့နယ်တွင် TOYOTA HILUX ကားပေါ်မှ ငွေကျပ် ၅ ဒသမ ၇ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဇွန်လ ၈ရက်၊ မွန်းလွဲ ၂နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX ကားကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ အဆိုပါကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့နောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ TOYOTA HILUX ကားမှာ ဂျိုးဖြူကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေးရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့သဖြင့် ကားပေါ်တွင် လိုက်ပါသည့် မျိုးကို(ခ)မျိုးကြီးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ရဲကြီးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ် ၅ ဒသမ ၇ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ကီလို၊ ကက်တမင်း ၂၀၀ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ TOYOTA HILUX ကားပိုင်ရှင် ထက်ကြည်စိုးကို ဇွန်လ ၉ ရက်၊ နံနက် ၁ နာရီအချိန်က ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းအားဆက်လက် စစ်ဆေးချက်အရ ယင်းနေ့တွင် သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ ကျိုင်းတုံမြို့သို့သယ်ဆောင်ခဲ့သည့် NISSAN DIESEL ၁၀ ဘီးမော်တော်ယာဉ်အား ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ ကားကြီးကွင်းရှေ့တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သိမ်းဆည်းရမိခဲ့သည့် စိတ်ပြောင်းဆေးဝါးများအား ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
zawgyi version
က်ိဳင္းတုံၿမိဳ႕နယ္တြင္ TOYOTA HILUX ကားေပၚမွ ေငြက်ပ္ ၅ ဒသမ ၇ ဘီလ်ံတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဇြန္ ၁၃
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊က်ိဳင္းတုံၿမိဳ႕နယ္တြင္ TOYOTA HILUX ကားေပၚမွ ေငြက်ပ္ ၅ ဒသမ ၇ဘီလ်ံတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ဇြန္လ ၈ရက္၊ မြန္းလြဲ ၂နာရီအခ်ိန္တြင္ က်ိဳင္းတုံၿမိဳ႕နယ္၊ က်ိဳင္းတုံ-တာခ်ီလိတ္သြား ကားလမ္းႏွင့္ ၿမိဳ႕ေရွာင္လမ္းဆုံတြင္ က်ိဳင္းတုံဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ TOYOTA HILUX ကားကို စစ္ေဆးရန္ ရပ္တန႔္ခိုင္းရာ အဆိုပါကားမွာေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က လိုက္လံဖမ္းဆီးခဲ့ရာ TOYOTA HILUX ကားမွာ ဂ်ိဳးျဖဴေက်း႐ြာလမ္းဆုံအနီးရွိ လမ္းေဘးေရေျမာင္းအတြင္းသို႔ တိမ္းေမွာက္သြားခဲ့သျဖင့္ ကားေပၚတြင္ လိုက္ပါသည့္ မ်ိဳးကို(ခ)မ်ိဳးႀကီးကို ဖမ္းဆီးရမိခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူ ရဲႀကီးမွာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါယာဥ္အား စစ္ေဆးရွာေဖြခဲ့ရာ ကားေပၚမွ ေငြက်ပ္ ၅ ဒသမ ၇ဘီလ်ံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ အိုက္စ္(မက္သ္အဖက္တမင္း) ၅၀၀ကီလို၊ ကက္တမင္း ၂၀၀ကီလိုကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိ စိတ္ေျပာင္းေဆးဝါးမ်ားသယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူ TOYOTA HILUX ကားပိုင္ရွင္ ထက္ၾကည္စိုးကို ဇြန္လ ၉ ရက္၊ နံနက္ ၁ နာရီအခ်ိန္က က်ိဳင္းတုံၿမိဳ႕၊ ရပ္ကြက္(၃)ရွိ ၎၏ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎အားဆက္လက္ စစ္ေဆးခ်က္အရ ယင္းေန႔တြင္ သိမ္းဆည္းရမိ စိတ္ေျပာင္းေဆးဝါးမ်ားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကြန္ဟိန္းၿမိဳ႕နယ္မွ က်ိဳင္းတုံၿမိဳ႕သို႔သယ္ေဆာင္ခဲ့သည့္ NISSAN DIESEL ၁၀ ဘီးေမာ္ေတာ္ယာဥ္အား က်ိဳင္းတုံၿမိဳ႕နယ္၊ ယန္းေလာေက်း႐ြာ ကားႀကီးကြင္းေရွ႕တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ သိမ္းဆည္းရမိခဲ့သည့္ စိတ္ေျပာင္းေဆးဝါးမ်ားအား ကြန္ဟိန္းၿမိဳ႕နယ္မွ တာခ်ီလိတ္ၿမိဳ႕နယ္သို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ၎တို႔အား သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရအမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။