ကျစ်ဆံမြီး ဧရာဝတီ (AYARWADDY The BRAIDED HAIR River) (အခန်းဆက်ဆောင်းပါးရှည် - အပိုင်း ၁)
1211
ဇာမဏီစံမောင် (NP News) - ဇွန် ၂၁
“ ကျစ်ဆံမြီးဧရာဝတီ ”အကြောင်း ကျွန်တော် ရေးလိုက်ပါသည်။ ရည်ရွယ်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးအတွက် ခေတ်အဆက်ဆက် တစ်ရက်မျှပင်မပျက်မကွက်သည့် နှစ်ပေါင်းထောင်ချီ တာဝန်ကျေကျေးဇူးပြုခဲ့ပြီးပါသော မြန်မာတို့ရဲ့သတို့သမီး ဧရာဝတီမြစ်ကြီး စိတ်ရောကိုယ်ပါလန်းဆန်းလာဖို့ပါ။ တသိမ့်သိမ့်စီးဆင်းနေသည့် ဧရာဝတီသတို့သမီးကြီးကပေးလာဦးမည့် အကျိုးစီးပွားအသီးအပွင့် များကို နောင်မျိုးဆက်တို့ ယုတ္တိရှိရှိဧကန်မုချ ခံစား၊ စံစားနိုင်ကြစေရန်သာ ရည်မှန်းချက်ထားရှိပါသည်။ ပြည်သူ့အတွက်၊ နိုင်ငံသားများအတွက်၊ တိုင်းရင်း သားများအတွက်ဆိုကာ အမျိုးသားသစ္စာဖောက်များ၊ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ ခေတ်သစ်ကိုလိုနီပွဲ စားများတို့နှင့်မပတ်သက်၊ မည်သူ့ကိုမျှ ကိုယ်စားပြု တင်ပြရေးသားခြင်းလုံးဝ(လုံးဝ)မဟုတ်ပါကြောင်းနှင့် ပကတိသာမန် မြန်မာနိုင်ငံသားတစ်ဦး၏အမြင်သာ ဖြစ်ပါကြောင်း၊ စာတွင် လိုအပ်ချက်၊ အားနည်းချက် များရှိပါက စာရေးသူကျွန်တော်၏တာဝန်သာဖြစ်ပါကြောင်း စာဖတ်သူအားလုံးကို ရိုသေစွာ ကျွန်တော် ကြိုတင်အသိပေးအပ်ပါသည်။
နှစ်ပေါင်း (၁၅၀) ခန့်က ဧရာဝတီသတို့သမီးကြီး ကို ထောက်လှမ်းသတင်းပို့ခဲ့သည့် သခင်ကြီးဗြိတိသျှ ၁၈၈၅ ခုနှစ် နိုဝင်ဘာ(၂၉)ရက် ညနေစောင်းတွင် အရှင်သီပေါမင်းနှင့်စုဖုရားလတ်တို့နှစ်ဦးကို ဂေါဝိန်ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသည့် သူရိယသင်္ဘော ပေါ်သို့ (၁၈၀) ဒီဂရီ ကုန်းဘောင်ပြားလေးပေါ်က တက်ရောက်စေပြီး ဗြိတိသျှတို့၏သုံ့ပန်းအဖြစ်ပါ တော်မူသွားရသည့် သူ့ကျွန်ဘဝသို့ ခဏချင်းရောက် ခဲ့ကြရသည့် နာကြည်းအမှတ်ရစရာ သမိုင်းမှတ်တမ်း မြင်ကွင်းကို စာရှုသူတို့မြင်ဖူးကြပါမည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပြီးဆုံးပြီးနောက် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်၌ ရတနာပုံ ရွှေမန္တလေးမှ သီပေါ မင်းနှင့်မိဖုရားခေါင်ကြီး စုဖုရားလတ်တို့အား အိန္ဒိယ နိုင်ငံ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ပါတော်မူခြင်းဟုခေါ်ဆိုသည်။ သီပေါမင်းကို လက် နက်ချရန်ဖျောင်းဖျ၍ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သူရိယသင်္ဘောဖြင့်တင်ဆောင်ကာ ရတနာဂီရီသို့ ခေါ်ဆောင်သွားလေသည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုရင်ခံချုပ် ဗိုလ်ချုပ်လော့ဒပ်ဖရင် အမိန့်ပြန်တမ်းထုတ်ပြန်သည်မှာ "ဝိတိုရိယ ဘုရင်မ ကြီး၏အမိန့်အရ သီပေါမင်းအုပ်ချုပ်ခဲ့သော ပိုင်နက် ဒေသအားလုံးသည် သီပေါမင်းလက်အောက်ခံမဟုတ် တော့၍ အရှင်သခင်ဘုရင်မကြီး၏ပိုင်နက်တွင် တစ် စိတ်တစ်ဒေသအဖြစ် ပါဝင်ခဲ့ပြီဖြစ်သည်။ အရှင်သခင် ဘုရင်မကြီး၏ အလိုတော်အတိုင်း ထိုဒေသများကို အိန္ဒိယဘုရင်ခံချုပ်နှင့် ဘုရင်ခံတို့က အခါအားလျော် စွာခန့်အပ်သွားမည့် အရာရှိများမှတစ်ဆင့် စီရင်အုပ် ချုပ်လိမ့်မည်ဖြစ်ကြောင်း ကြေညာအပ်သည်"ဟု ဖြစ်လေသည်။ လွတ်လပ်သော အထက် မြန်မာနိုင်ငံ သည်လည်း တစ်စခန်းသိမ်း၍ ဗြိတိသျှအင်ပါယာ အတွင်းတွင် အိန္ဒိယပြည်နယ်များကဲ့သို့ပင် ပြည်နယ် တစ်ခုဖြစ်လာရလေတော့သည်။ မြန်မာနိုင်ငံခေါင်း ဆောင်တို့ကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းဆီးခေါ်သွားနိုင်ဖို့ မည်သည့်ရက်လနှစ်ရာသီများ တွင် ရတနာပုံမန်းရွှေမြို့တော် ဂေါဝိန်သင်္ဘောဆိပ်ရှိ ဧရာဝတီသတို့သမီးကြီး၏ မြစ်ကြောင်းမပျက် ဂုဏ်သိက္ခာရှိစွာ နှစ်ထောင်ချီမြဲခဲ့သည့် အစဉ်အမြဲ ရေစူး (၉)ပေခန့် ရှိမရှိကို ဗြိတိသျှသခင်ကြီးတို့က အောက် မြန်မာပြည်ကို လက်ရသိမ်းယူပြီး ၁၀ နှစ်ပြည့်သည့် ကာလဖြစ်သော ၁၈၆၅ ခုနှစ်မှ ၁၈၈၅ ခုနှစ်အတွင်းတွင် နှစ်ပေါင်း ၂၀ ကျော် တစ်ရက်မပျက် စတင်ထောက် လှမ်းယူ၍ ဘုရင်ခံချုပ် ဗိုလ်ချုပ်လော့ဒပ်ဖရင်ထံသို့ ကြေးနန်းဖြင့်ပေးပို့ခဲ့သည်ကို စာရှုသူတို့ သတိရနိုင် စေရန် နိဒါန်းပြုတင်ပြလိုက်ရပါသည်။
ပြည်ပထောက်လှမ်းရေးတစ်ဖြစ်လဲဧရာဝတီဖလော်တီလာ
၁၈၆၅ ခုနှစ်တွင် Irrawaddy Flotilla Company (IFC) နှင့် Burmese Steam Navigation Co.Ltd အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး အဓိကအားဖြင့် ဧရာဝတီမြစ်နှင့် မြစ်ဝကျွန်းပေါ် ဒေသနှင့် မြစ်ဝကျွန်းပေါ်ရှိ British Army တပ်များကို သယ်ပို့ရန်ဖြစ်သည်။ များမကြာမီတွင် ကုမ္ပဏီ သည် ခရီးသည်များ၊ ဆန်များ၊ အစိုးရစတိုးဆိုင်များ နှင့် စာတိုက်များကို ရန်ကုန်မှ ပြည်မြို့၊ သရက်မြို့နှင့် မန္တလေးသို့ သယ်ဆောင်လာပြီး ၁၈၆၈ ခုနှစ်တွင် ဗန်းမော်သို့တိုးချဲ့ခဲ့သည်။ ၁၈၇၅ ခုနှစ်တွင် ကုမ္ပဏီ၏အမည်ကို Irrawaddy Flotilla ကုမ္ပဏီဟု အတို ချုံးခဲ့သည်။ Glasgow တွင် စာရင်းသွင်းထားသော် လည်း၊ လည်ပတ်ရေးရုံးချုပ်သည် ရန်ကုန်မြစ်ဆိပ် ကမ်းတစ်ဖက် ဒလသင်္ဘောကျင်း ရန်ကုန်တွင်တည် ရှိသည်။ ကုမ္ပဏီ၏ဝန်ဆောင်မှုများသည် ရေနံတွင်း နှင့် ချောက်တို့တွင် ရိက္ခာများနှင့် စက်ယန္တရားကြီးများ တင်ဆောင်ရန်အတွက် မရှိမဖြစ်လိုအပ်လာပါသည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် မန္တလေးသို့ မီးရထားလမ်း သည် ဧရာဝတီမြစ်ထက် စစ်တောင်းမြစ်၏လမ်း ကြောင်းအတိုင်း လိုက်သွားသောကြောင့် ကုမ္ပဏီ သည် ဗြိတိန်ထံမှလွတ်လပ်ရေးရပြီးသည့်တိုင် (၂၀) ရာစုအထိ ကောင်းစွာအသုံးဝင်နေခဲ့သည်။
အဆိုပါ သင်္ဘောအများစုမှာ လှော်တက်ရေနွေး ငွေ့များဖြစ်ကြပြီး ယေဘုယျအားဖြင့် စကော့တလန် တွင်တည်ဆောက်ခဲ့ကြပြီး ပြန်လည်စုဝေးရန်အတွက် မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းမပြုမီ စကော့တလန်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အ တွင်း ဂျပန်တို့ မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်လာ သောအခါ IFC ၏ မြန်မာ့ရေယာဉ်စု မန်နေဂျာJohn Morton က ၎င်း၏ ရေယာဉ်စုရှိ သင်္ဘော ၆ဝဝ လုံးကို ဖြတ်တောက်ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့သည်။ ယင်း ကြောင့် ဂျပန်များဧရာဝတီမြစ်ကိုသယ်ယူရာတွင် အသုံးပြုနိုင်သောပြည်တွင်းရေယာဉ်များမရှိစေရန် တားဆီးခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် IFC ကုမ္ပဏီကိုအစိုးရပြည်တွင်းရေကြောင်းပို့ဆောင်ရေးဘုတ်အဖွဲ့ အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
ဧရာဝတီသတို့သမီးသည် ဗြိတိသျှစစ်နိုင် သခင်ကြီးတို့အတွက် ရိုကျိုးစွာငွေရှာပေးခဲ့ပါသော မကုန်ခန်းနိုင်သည့်သဘာဝရင်းမြစ်နှင့်နှစ်ပေါင်း၁၅ဝခန့်ကပင် စစ်အောင်နိုင်ရေးအတွက် ဗြိတိသျှသခင် ကြီးတို့ထောက်လှမ်းခဲ့သည့် ဧရာဝတီသတို့သမီးကြီး ၏ရေစူးသည် ၉ ပေ မှ ၁၆ ပေကြားဖြစ်ရာ လွတ်လပ် သော မြန်မာနိုင်ငံအစိုးရအဆက်ဆက်၏ သာမန်ကာ လျှံကာမျက်ကွယ်ပြုမှုကြောင့် သို့မဟုတ် ဘတ်ဂျက်အရ မစို့မပို့ ရေကြောင်းထိန်းသိမ်းခဲ့သည့်အတွက်လည်း မြစ်ကြောင်းတစ်လျှောက် ရေစူးအနက်အားလုံးနည်း ပါးသည့်ဆံပင်ရှည်ကျစ်ဆံမြီးကဲ့သို့အပိုင်းပိုင်းအစိတ် စိတ် အကွဲကွဲနှင့် သုံးမရ၊ အလှပျက်၊ ဘဝပျက်မလှမပ၊ ရေစူးကလည်း နွေဆိုခြေသလုံးမြုပ်ရုံမျှသာဖြစ်နေရခဲ့သည်မှာ ဆန်းစစ်ချက်များအရ လွန်ခဲ့သည့် ရာစုနှစ် ထက်ဝက်မကရှိနေခဲ့ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတော်နှင့်နိုင်ငံသားတို့အကျိုးအတွက် လက်တွေ့ဆန်းစစ်နိုင်ခဲ့ကြသည့်အမျိုးသားအဆင့်ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်တို့၏ နည်း ပညာအခြေပြု အကယ်ဒမစ်ဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာများကို ထိုစဉ်ကအာဏာရခဲ့သည့် နိုင်ငံ ရေးပါတီကြီးတို့တာဝန်ရှိသူ(အမည်မထုတ်ဖော် လိုသော)ဆိုသူတို့၏ အုပ်စုဖွဲ့အချိန်ကိုက် နိုင်ငံရေး အမြတ်ထုတ်အသုံးချနိုင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူ့မျက်စိရှေ့မှ မျက်လှည့်ပြဖျောက်ထားခဲ့ကြ ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသားတို့ မျက်စိ မှောက်ဘေးရောက်အောင် ပြောနိုင်ကြသည့်(တစ် နည်း) ၂၀၁၇ ခုနှစ်တွင် စီမံကိန်းများ ပြီးစီးအောင် မြင်ရမည့်အစား အဝါရောင်အရပ်ဘက်အဖွဲ့ဆိုသူ များ၊ ကြမ်းပိုးကိုလိပ်၊ ဂေါ်ဇီလာကိုပုတ်သင်ညိုလိုဖြစ် စေသည့် သကောင့်သားလက်ကိုင်အဝါရောင်မီဒီယာ အချို့၏ပြဿနာလုပ်ရပ်များကို ကျော်လွှားမျက်ကွယ် ပြုကာ“ရာဇဝင်ထဲကဧရာဝတီသတို့သမီးကြီးရဲ့နာမကျန်းဖြစ်မှုများ”ကို တာဝန်ရှိ၊ တာဝန်သိကြသည့်နိုင်ငံ သားအားလုံး သိခွင့်၊ ပြုပြင်ခွင့်ရှိရန် ပကတိအရှိတိုင်း မြစ်ဆုံနှင့် လျှပ်စစ်ဆိုင်ရာအရေးကို ဒုတိယထားပြီး မလှပသော ကျစ်ဆံမြီးနဲ့ဧရာဝတီကိုသာ အဓိကထား အခန်းခွဲပြီး စနစ်တကျတင်ပြသွားပါမည်။
၂၀၂၁ ခုနှစ်အထိ နိုင်ငံသားအားလုံးသိခွင့်ရှိ သော ရာဇဝင်ထဲကဧရာဝတီသတို့သမီးကြီး အပေါ် ပကတိအမြင်ဆန်းစစ်ချက်များ မြစ်ကြီးဧရာဝတီ၏သမိုင်းစဉ် ဧရာဝတီမြစ်ကြီးသည် ပထမမြန်မာနိုင်ငံ တော်ကို အနော်ရထာမင်း စတင်တည်ထောင်ခဲ့သည့် ကာလကပင် ကောင်းစွာအသုံးပြုနေခဲ့သည့်မြန်မာ နိုင်ငံတော်၏ အသက်သွေးကြောပင်မပို့ဆောင်ရေးလမ်းကြီးတစ်ခုပင်ဖြစ်လာခဲ့ပါသည်။ သမိုင်းမှတ်တမ်း များအရ ဧရာဝတီဟူသောအမည်မှာ သင်္သကရိုက်ဘာ သာမှဆင်းသက်လာသည်ဟုယူဆရပြီး အဓိပ္ပာယ်မှာ “ဆင်မြစ်”ဖြစ်သည်။ ဧရာဝတီမြစ် (အင်္ဂလိပ် Ayeyarwaddy, Irrawaddy)သည် မြန်မာပြည်မြောက် ဖျားမှ တောင်ပိုင်းသို့စီးဆင်းသောမြစ်ကြီးဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည် ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးလည်းဖြစ်သည်။ အင်န်မိုင်ခ(မေခ)နှင့် မလိခမြစ် နှစ်သွယ် ပေါင်းဆုံရာ မှဖြစ်ပေါ်လာသော ဧရာဝတီမြစ်သည် အကြမ်းအား ဖြင့် မြောက်မှတောင်သို့ အဖြောင့်နီးပါးသွယ်တန်း လျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသမှတစ်ဆင့် ကပ္ပလီ ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ရေဆင်းဧရိယာ ၄၁၃,ဝဝဝ စတုရန်း ကီလိုမီတာရှိသည်။ မြစ်ကြောင်း အရှည် ၁၄၂၂မိုင်/၂၂၈၈ ကီလိုမီတာရှည်လျားပြီး၊ အေဒီ(၆)ရာစုလောက်ကတည်းကပင် ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသောရေလမ်းတစ်ခုဖြစ်ခဲ့ သည်။ ဧရာဝတီမြစ်၏ အထူးခြားဆုံးသောအရာမှာ မြစ်ညာဘက်ပိုင်း(မြစ်အထက်ပိုင်း)တွင် ဧရာဝတီလင်း ပိုင်များ ကျက်စားနေထိုင်ခြင်းဖြစ်သည်။ မြစ်တွင်းသို့ နုန်းအနည်ပို့ချမှုမှာလည်း တကောင်းမြို့နေရာမှစ တင်ပြီး မြေနုမြေကောင်းများကို စတင်တွေ့ရပါသည်။
ဧရာဝတီအစ မြစ်ဆုံက
(ပထဝီဝင်အနေအထား)
မိုင်ပေါင်း(၁၄၀ဝ)ကျော်ရှည်လျားသော ဧရာဝ တီမြစ်ကြောင်းသည် ကချင်ပြည်နယ် မြောက်စွန်း၊ နှင်းဖုံးတောင်များမှရေခဲရေများ မေခမြစ်(၂၃၀ ကီလို မီတာ/၁၄၃မိုင်)နှင့် မေလိခမြစ်(၃၂၀ ကီလိုမီတာ/ ၁၈၈မိုင်)ဟူသော မြစ်နှစ်သွယ်ဖြင့် မြစ်ဖျားခံအစပြု ပြီး တောင်ဘက်သို့စီးဆင်းလာခဲ့ရာ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက်တွင် ပေါင်းဆုံမိကြလေသည်။ မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပင် ဖြစ်တော့သည်။ မြစ်ဆုံဒေသ သည် ကျောက်စရစ်ခဲများပေါများပြီး အေးစိမ့်လှ၏။ မြစ်ဆုံရေသည်လည်း အေးစိမ့်နေပေသည်။ မြစ်ဆုံ ရေသည် တိမ်လည်းတိမ် ကြည်လည်းကြည်လင်နေ ရကား ရေထဲသို့ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ်တို့ သွားလာကူးခပ်နေသည်ကို မြင်ရပေသည်။
မြစ်ညာပိုင်း
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်ရှိ မေခ (အင်န်မိုင်ခ)မြစ်နှင့် မလိခမြစ်တို့ပေါင်းဆုံရာမှ ဧရာဝတီမြစ်ဖြစ်ပေါ်လာသည်။ မေခနှင့်မလိခ မြစ်နှစ်သွယ် လုံးသည် မြောက်လတ္တီကျု(၂၈)ဒီဂရီဝန်းကျင်ရှိ ဟိမဝန္တာရေခဲတောင်တန်းများတွင် မြစ်ဖျားခံသည်။ မြစ် နှစ်သွယ်အနက် အရှေ့ဘက်ခြမ်းမှမြစ်ဖြစ်သော မေခမြစ်သည် ပူတာအိုမြို့မြောက်ဘက်ရှိ လန်ဂွဲလာ ရေခဲတောင်တွင် မြစ်ဖျားခံသည်။ ရေစီးအလွန်ကြမ်း သောကြောင့် မေခမြစ်ကိုရေကြောင်းသွားလာရေးအ တွက် အသုံးပြု၍မရပေ။ အနောက်ဘက်ခြမ်းရှိ မလိ ခမြစ်ကိုမူ ရေကြောင်းသွားလာရေးအတွက် အသုံးပြု ၍ရနိုင်သည်။ မြစ်ဆုံမှ တောင်ဘက် မိုင်(၁၅၀)၊ ကီ လိုမီတာ(၂၄၀)အကွာရှိ ဗန်းမော်မြို့အထိသာ လှေ၊ သင်္ဘောများ ရာသီမရွေးသွားလာနိုင်သည်။ ကချင် ပြည်နယ်၏မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့သည် မြစ်ဆုံမှတောင်ဘက် မိုင် (၃၀)/ကီလိုမီတာ (၄၈) အကွာတွင်တည်ရှိသည်။
မိုင်ပေါင်း(၁၃၀ဝ)ကျော်ရှည်လျားသော ဧရာဝ တီမြစ်ကြောင်းသည် ကချင်ပြည်နယ်အစွန်ရှိ နှင်းဖုံး တောင်များမှ မေခနှင့်မလိခဟူသော မြစ်နှစ်သွယ် ဖြင့် မြစ်ဖျားခံအစပြုကာ တောင်ဘက်သို့စီးဆင်းလာ ခဲ့ရာ မြစ်ကြီးနားမြို့အထက် နှစ်ဆယ့်ရှစ်မိုင်ခန့်အ ရောက်တွင် ပေါင်းဆုံမိကြလေသည်။ ဧရာဝတီမြစ် သည် မြစ်ကြီးနားတစ်ဝိုက်အရောက်တွင် ကိုက်ငါးရာ မျှကျယ်ပြန့်ပေသည်။ ဤနေရာတွင် ကမ်းပါးသည် အတော်မတ်စောက်ပြီး ကမ်းပါးပေါ်တွင် သစ်တော၊ ကိုင်းတောများ စိမ်းစိမ်းစိုစိုပေါက်ရောက်နေသည်။ မြစ်ကြီးနားမှ အစုန်ခရီး ၄၈ မိုင်အကွာ တာဟိုးနားရွာ အနီးတွင် ကျောက်စိမ်းနှင့် ပယင်းထွက်ရာ အနောက် ဘက်မိုးကောင်းတောင်စဉ်တောင်တန်းမှ တသွင်သွင် စီးဆင်း၍ ဧရာဝတီမြစ်နှင့် လာရောက်ပေါင်းဆုံသော မိုးကောင်းချောင်းကလေးကို တွေ့ရပြန်သည်။ ထိုမှ စုန်သော်မြစ်သည် အကောက်အကွေ့ ပိုမိုများလာ၏။ မန်ဖွာရွာအနီး ကျောက်တောင်ကြီးများသည် မြစ် လယ်တွင်ပေါ်နေသည်။ ဝဲဇလုတ်များကလည်းအသီး သီးဖြစ်ပေါ်နေ၏။ မြစ်လက်တက်များမှာ မြစ်ကြီးဝဲ ဘက်မှ နမ့်ကောင် ခေါ် မိုးကောင်းချောင်း၊ မဲဇာမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်၊ ယောချောင်း၊ ဆင်ဖြူကျွန်း ချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းနှင့် ယာဘက်မှမိုးလယ်ချောင်း၊ တပိန်မြစ်၊ ရွှေလီမြစ်၊ မြစ် ငယ်မြစ်ခေါ် နမ္မတူမြစ်ခေါ် ဒုဋ္ဌဝတီမြစ်၊ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်၊ စမုန်မြစ်၊ ပင်းချောင်း၊ ဒေါင်းသေ ချောင်း၊ ယင်းချောင်း၊ နဝင်းချောင်းတို့ ဧရာဝတီမြစ် ကြီးထဲသို့ စီးဝင်ပါသည်။
အပိုင်း(၂) ကို ဆက်လက်ဖော်ပြပါမည် . . .
zawgyi version
က်စ္ဆံၿမီး ဧရာဝတီ (AYARWADDY The BRAIDED HAIR River) (အခန္းဆက္ေဆာင္းပါးရွည္ - အပိုင္း ၁)
ဇာမဏီစံေမာင္ (NP News) - ဇြန္ ၂၁
“ က်စ္ဆံၿမီးဧရာဝတီ ”အေၾကာင္း ကြၽန္ေတာ္ ေရးလိုက္ပါသည္။ ရည္႐ြယ္ခ်က္မွာ ျပည္ေထာင္စုျမန္မာႏိုင္ငံသားအားလုံးအတြက္ ေခတ္အဆက္ဆက္ တစ္ရက္မွ်ပင္မပ်က္မကြက္သည့္ ႏွစ္ေပါင္းေထာင္ခ်ီ တာဝန္ေက်ေက်းဇူးျပဳခဲ့ၿပီးပါေသာ ျမန္မာတို႔ရဲ႕သတို႔သမီး ဧရာဝတီျမစ္ႀကီး စိတ္ေရာကိုယ္ပါလန္းဆန္းလာဖို႔ပါ။ တသိမ့္သိမ့္စီးဆင္းေနသည့္ ဧရာဝတီသတို႔သမီးႀကီးကေပးလာဦးမည့္ အက်ိဳးစီးပြားအသီးအပြင့္ မ်ားကို ေနာင္မ်ိဳးဆက္တို႔ ယုတၱိရွိရွိဧကန္မုခ် ခံစား၊ စံစားႏိုင္ၾကေစရန္သာ ရည္မွန္းခ်က္ထားရွိပါသည္။ ျပည္သူ႔အတြက္၊ ႏိုင္ငံသားမ်ားအတြက္၊ တိုင္းရင္း သားမ်ားအတြက္ဆိုကာ အမ်ိဳးသားသစၥာေဖာက္မ်ား၊ ႏိုင္ငံေရးအျမတ္ထုတ္လိုသူမ်ား၊ ေခတ္သစ္ကိုလိုနီပြဲ စားမ်ားတို႔ႏွင့္မပတ္သက္၊ မည္သူ႔ကိုမွ် ကိုယ္စားျပဳ တင္ျပေရးသားျခင္းလုံးဝ(လုံးဝ)မဟုတ္ပါေၾကာင္းႏွင့္ ပကတိသာမန္ ျမန္မာႏိုင္ငံသားတစ္ဦး၏အျမင္သာ ျဖစ္ပါေၾကာင္း၊ စာတြင္ လိုအပ္ခ်က္၊ အားနည္းခ်က္ မ်ားရွိပါက စာေရးသူကြၽန္ေတာ္၏တာဝန္သာျဖစ္ပါေၾကာင္း စာဖတ္သူအားလုံးကို ႐ိုေသစြာ ကြၽန္ေတာ္ ႀကိဳတင္အသိေပးအပ္ပါသည္။
ႏွစ္ေပါင္း (၁၅၀) ခန႔္က ဧရာဝတီသတို႔သမီးႀကီး ကို ေထာက္လွမ္းသတင္းပို႔ခဲ့သည့္ သခင္ႀကီးၿဗိတိသွ် ၁၈၈၅ ခုႏွစ္ ႏိုဝင္ဘာ(၂၉)ရက္ ညေနေစာင္းတြင္ အရွင္သီေပါမင္းႏွင့္စုဖုရားလတ္တို႔ႏွစ္ဦးကို ေဂါဝိန္ဆိပ္ကမ္းတြင္ဆိုက္ကပ္ထားသည့္ သူရိယသေဘၤာ ေပၚသို႔ (၁၈၀) ဒီဂရီ ကုန္းေဘာင္ျပားေလးေပၚက တက္ေရာက္ေစၿပီး ၿဗိတိသွ်တို႔၏သုံ႔ပန္းအျဖစ္ပါ ေတာ္မူသြားရသည့္ သူ႔ကြၽန္ဘဝသို႔ ခဏခ်င္းေရာက္ ခဲ့ၾကရသည့္ နာၾကည္းအမွတ္ရစရာ သမိုင္းမွတ္တမ္း ျမင္ကြင္းကို စာရႈသူတို႔ျမင္ဖူးၾကပါမည္။ တတိယ အဂၤလိပ္-ျမန္မာစစ္ၿပီးဆုံးၿပီးေနာက္ ၁၈၈၅ ခုႏွစ္ ႏိုဝင္ဘာ ၂၉ ရက္၌ ရတနာပုံ ေ႐ႊမႏၲေလးမွ သီေပါ မင္းႏွင့္မိဖုရားေခါင္ႀကီး စုဖုရားလတ္တို႔အား အိႏၵိယ ႏိုင္ငံ ရတနာဂီရိသို႔ ဖမ္းဆီးေခၚေဆာင္သြားျခင္းကို ပါေတာ္မူျခင္းဟုေခၚဆိုသည္။ သီေပါမင္းကို လက္ နက္ခ်ရန္ေဖ်ာင္းဖ်၍ ႏိုဝင္ဘာလ ၂၉ ရက္ေန႔တြင္ သူရိယသေဘၤာျဖင့္တင္ေဆာင္ကာ ရတနာဂီရီသို႔ ေခၚေဆာင္သြားေလသည္။ ၁၈၈၆ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔တြင္ ဘုရင္ခံခ်ဳပ္ ဗိုလ္ခ်ဳပ္ေလာ့ဒပ္ဖရင္ အမိန႔္ျပန္တမ္းထုတ္ျပန္သည္မွာ "ဝိတိုရိယ ဘုရင္မ ႀကီး၏အမိန႔္အရ သီေပါမင္းအုပ္ခ်ဳပ္ခဲ့ေသာ ပိုင္နက္ ေဒသအားလုံးသည္ သီေပါမင္းလက္ေအာက္ခံမဟုတ္ ေတာ့၍ အရွင္သခင္ဘုရင္မႀကီး၏ပိုင္နက္တြင္ တစ္ စိတ္တစ္ေဒသအျဖစ္ ပါဝင္ခဲ့ၿပီျဖစ္သည္။ အရွင္သခင္ ဘုရင္မႀကီး၏ အလိုေတာ္အတိုင္း ထိုေဒသမ်ားကို အိႏၵိယဘုရင္ခံခ်ဳပ္ႏွင့္ ဘုရင္ခံတို႔က အခါအားေလ်ာ္ စြာခန႔္အပ္သြားမည့္ အရာရွိမ်ားမွတစ္ဆင့္ စီရင္အုပ္ ခ်ဳပ္လိမ့္မည္ျဖစ္ေၾကာင္း ေၾကညာအပ္သည္"ဟု ျဖစ္ေလသည္။ လြတ္လပ္ေသာ အထက္ ျမန္မာႏိုင္ငံ သည္လည္း တစ္စခန္းသိမ္း၍ ၿဗိတိသွ်အင္ပါယာ အတြင္းတြင္ အိႏၵိယျပည္နယ္မ်ားကဲ့သို႔ပင္ ျပည္နယ္ တစ္ခုျဖစ္လာရေလေတာ့သည္။ ျမန္မာႏိုင္ငံေခါင္း ေဆာင္တို႔ကို ၾကက္ကေလး ငွက္ကေလး ဖမ္းသလို ဖမ္းဆီးေခၚသြားႏိုင္ဖို႔ မည္သည့္ရက္လႏွစ္ရာသီမ်ား တြင္ ရတနာပုံမန္းေ႐ႊၿမိဳ႕ေတာ္ ေဂါဝိန္သေဘၤာဆိပ္ရွိ ဧရာဝတီသတို႔သမီးႀကီး၏ ျမစ္ေၾကာင္းမပ်က္ ဂုဏ္သိကၡာရွိစြာ ႏွစ္ေထာင္ခ်ီၿမဲခဲ့သည့္ အစဥ္အၿမဲ ေရစူး (၉)ေပခန႔္ ရွိမရွိကို ၿဗိတိသွ်သခင္ႀကီးတို႔က ေအာက္ ျမန္မာျပည္ကို လက္ရသိမ္းယူၿပီး ၁၀ ႏွစ္ျပည့္သည့္ ကာလျဖစ္ေသာ ၁၈၆၅ ခုႏွစ္မွ ၁၈၈၅ ခုႏွစ္အတြင္းတြင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ တစ္ရက္မပ်က္ စတင္ေထာက္ လွမ္းယူ၍ ဘုရင္ခံခ်ဳပ္ ဗိုလ္ခ်ဳပ္ေလာ့ဒပ္ဖရင္ထံသို႔ ေၾကးနန္းျဖင့္ေပးပို႔ခဲ့သည္ကို စာရႈသူတို႔ သတိရႏိုင္ ေစရန္ နိဒါန္းျပဳတင္ျပလိုက္ရပါသည္။
ျပည္ပေထာက္လွမ္းေရးတစ္ျဖစ္လဲဧရာဝတီဖေလာ္တီလာ
၁၈၆၅ ခုႏွစ္တြင္ Irrawaddy Flotilla Company (IFC) ႏွင့္ Burmese Steam Navigation Co.Ltd အျဖစ္ စတင္ဖြဲ႕စည္းခဲ့ၿပီး အဓိကအားျဖင့္ ဧရာဝတီျမစ္ႏွင့္ ျမစ္ဝကြၽန္းေပၚ ေဒသႏွင့္ ျမစ္ဝကြၽန္းေပၚရွိ British Army တပ္မ်ားကို သယ္ပို႔ရန္ျဖစ္သည္။ မ်ားမၾကာမီတြင္ ကုမၸဏီ သည္ ခရီးသည္မ်ား၊ ဆန္မ်ား၊ အစိုးရစတိုးဆိုင္မ်ား ႏွင့္ စာတိုက္မ်ားကို ရန္ကုန္မွ ျပည္ၿမိဳ႕၊ သရက္ၿမိဳ႕ႏွင့္ မႏၲေလးသို႔ သယ္ေဆာင္လာၿပီး ၁၈၆၈ ခုႏွစ္တြင္ ဗန္းေမာ္သို႔တိုးခ်ဲ႕ခဲ့သည္။ ၁၈၇၅ ခုႏွစ္တြင္ ကုမၸဏီ၏အမည္ကို Irrawaddy Flotilla ကုမၸဏီဟု အတို ခ်ဳံးခဲ့သည္။ Glasgow တြင္ စာရင္းသြင္းထားေသာ္ လည္း၊ လည္ပတ္ေရး႐ုံးခ်ဳပ္သည္ ရန္ကုန္ျမစ္ဆိပ္ ကမ္းတစ္ဖက္ ဒလသေဘၤာက်င္း ရန္ကုန္တြင္တည္ ရွိသည္။ ကုမၸဏီ၏ဝန္ေဆာင္မႈမ်ားသည္ ေရနံတြင္း ႏွင့္ ေခ်ာက္တို႔တြင္ ရိကၡာမ်ားႏွင့္ စက္ယႏၲရားႀကီးမ်ား တင္ေဆာင္ရန္အတြက္ မရွိမျဖစ္လိုအပ္လာပါသည္။ တစ္စိတ္တစ္ပိုင္းအားျဖင့္ မႏၲေလးသို႔ မီးရထားလမ္း သည္ ဧရာဝတီျမစ္ထက္ စစ္ေတာင္းျမစ္၏လမ္း ေၾကာင္းအတိုင္း လိုက္သြားေသာေၾကာင့္ ကုမၸဏီ သည္ ၿဗိတိန္ထံမွလြတ္လပ္ေရးရၿပီးသည့္တိုင္ (၂၀) ရာစုအထိ ေကာင္းစြာအသုံးဝင္ေနခဲ့သည္။
အဆိုပါ သေဘၤာအမ်ားစုမွာ ေလွာ္တက္ေရေႏြး ေငြ႕မ်ားျဖစ္ၾကၿပီး ေယဘုယ်အားျဖင့္ စေကာ့တလန္ တြင္တည္ေဆာက္ခဲ့ၾကၿပီး ျပန္လည္စုေဝးရန္အတြက္ ျမန္မာႏိုင္ငံသို႔ ပို႔ေဆာင္ျခင္းမျပဳမီ စေကာ့တလန္တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ဒုတိယကမာၻစစ္အ တြင္း ဂ်ပန္တို႔ ျမန္မာႏိုင္ငံကို က်ဴးေက်ာ္ဝင္ေရာက္လာ ေသာအခါ IFC ၏ ျမန္မာ့ေရယာဥ္စု မန္ေနဂ်ာJohn Morton က ၎၏ ေရယာဥ္စုရွိ သေဘၤာ ၆ဝဝ လုံးကို ျဖတ္ေတာက္ဖ်က္ဆီးပစ္ရန္ အမိန႔္ေပးခဲ့သည္။ ယင္း ေၾကာင့္ ဂ်ပန္မ်ားဧရာဝတီျမစ္ကိုသယ္ယူရာတြင္ အသုံးျပဳႏိုင္ေသာျပည္တြင္းေရယာဥ္မ်ားမရွိေစရန္ တားဆီးခဲ့သည္။ ၁၉၄၈ ခုႏွစ္တြင္ IFC ကုမၸဏီကိုအစိုးရျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးဘုတ္အဖြဲ႕ အျဖစ္ ျပန္လည္ဖြဲ႕စည္းခဲ့ပါသည္။
ဧရာဝတီသတို႔သမီးသည္ ၿဗိတိသွ်စစ္ႏိုင္ သခင္ႀကီးတို႔အတြက္ ႐ိုက်ိဳးစြာေငြရွာေပးခဲ့ပါေသာ မကုန္ခန္းႏိုင္သည့္သဘာဝရင္းျမစ္ႏွင့္ႏွစ္ေပါင္း၁၅ဝခန႔္ကပင္ စစ္ေအာင္ႏိုင္ေရးအတြက္ ၿဗိတိသွ်သခင္ ႀကီးတို႔ေထာက္လွမ္းခဲ့သည့္ ဧရာဝတီသတို႔သမီးႀကီး ၏ေရစူးသည္ ၉ ေပ မွ ၁၆ ေပၾကားျဖစ္ရာ လြတ္လပ္ ေသာ ျမန္မာႏိုင္ငံအစိုးရအဆက္ဆက္၏ သာမန္ကာ လွ်ံကာမ်က္ကြယ္ျပဳမႈေၾကာင့္ သို႔မဟုတ္ ဘတ္ဂ်က္အရ မစို႔မပို႔ ေရေၾကာင္းထိန္းသိမ္းခဲ့သည့္အတြက္လည္း ျမစ္ေၾကာင္းတစ္ေလွ်ာက္ ေရစူးအနက္အားလုံးနည္း ပါးသည့္ဆံပင္ရွည္က်စ္ဆံၿမီးကဲ့သို႔အပိုင္းပိုင္းအစိတ္ စိတ္ အကြဲကြဲႏွင့္ သုံးမရ၊ အလွပ်က္၊ ဘဝပ်က္မလွမပ၊ ေရစူးကလည္း ေႏြဆိုေျခသလုံးျမဳပ္႐ုံမွ်သာျဖစ္ေနရခဲ့သည္မွာ ဆန္းစစ္ခ်က္မ်ားအရ လြန္ခဲ့သည့္ ရာစုႏွစ္ ထက္ဝက္မကရွိေနခဲ့ၿပီျဖစ္ပါသည္။
ျမန္မာႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားတို႔အက်ိဳးအတြက္ လက္ေတြ႕ဆန္းစစ္ႏိုင္ခဲ့ၾကသည့္အမ်ိဳးသားအဆင့္ဘာသာရပ္ဆိုင္ရာကြၽမ္းက်င္ပညာရွင္တို႔၏ နည္း ပညာအေျချပဳ အကယ္ဒမစ္ဆိုင္ရာ ဆန္းစစ္ခ်က္ အစီရင္ခံစာမ်ားကို ထိုစဥ္ကအာဏာရခဲ့သည့္ ႏိုင္ငံ ေရးပါတီႀကီးတို႔တာဝန္ရွိသူ(အမည္မထုတ္ေဖာ္ လိုေသာ)ဆိုသူတို႔၏ အုပ္စုဖြဲ႕အခ်ိန္ကိုက္ ႏိုင္ငံေရး အျမတ္ထုတ္အသုံးခ်ႏိုင္ရန္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ျပည္သူ႔မ်က္စိေရွ႕မွ မ်က္လွည့္ျပေဖ်ာက္ထားခဲ့ၾက ပါသည္။ ျပည္ေထာင္စုျမန္မာႏိုင္ငံသားတို႔ မ်က္စိ ေမွာက္ေဘးေရာက္ေအာင္ ေျပာႏိုင္ၾကသည့္(တစ္ နည္း) ၂၀၁၇ ခုႏွစ္တြင္ စီမံကိန္းမ်ား ၿပီးစီးေအာင္ ျမင္ရမည့္အစား အဝါေရာင္အရပ္ဘက္အဖြဲ႕ဆိုသူ မ်ား၊ ၾကမ္းပိုးကိုလိပ္၊ ေဂၚဇီလာကိုပုတ္သင္ညိဳလိုျဖစ္ ေစသည့္ သေကာင့္သားလက္ကိုင္အဝါေရာင္မီဒီယာ အခ်ိဳ႕၏ျပႆနာလုပ္ရပ္မ်ားကို ေက်ာ္လႊားမ်က္ကြယ္ ျပဳကာ“ရာဇဝင္ထဲကဧရာဝတီသတို႔သမီးႀကီးရဲ႕နာမက်န္းျဖစ္မႈမ်ား”ကို တာဝန္ရွိ၊ တာဝန္သိၾကသည့္ႏိုင္ငံ သားအားလုံး သိခြင့္၊ ျပဳျပင္ခြင့္ရွိရန္ ပကတိအရွိတိုင္း ျမစ္ဆုံႏွင့္ လွ်ပ္စစ္ဆိုင္ရာအေရးကို ဒုတိယထားၿပီး မလွပေသာ က်စ္ဆံၿမီးနဲ႔ဧရာဝတီကိုသာ အဓိကထား အခန္းခြဲၿပီး စနစ္တက်တင္ျပသြားပါမည္။
၂၀၂၁ ခုႏွစ္အထိ ႏိုင္ငံသားအားလုံးသိခြင့္ရွိ ေသာ ရာဇဝင္ထဲကဧရာဝတီသတို႔သမီးႀကီး အေပၚ ပကတိအျမင္ဆန္းစစ္ခ်က္မ်ား ျမစ္ႀကီးဧရာဝတီ၏သမိုင္းစဥ္ ဧရာဝတီျမစ္ႀကီးသည္ ပထမျမန္မာႏိုင္ငံ ေတာ္ကို အေနာ္ရထာမင္း စတင္တည္ေထာင္ခဲ့သည့္ ကာလကပင္ ေကာင္းစြာအသုံးျပဳေနခဲ့သည့္ျမန္မာ ႏိုင္ငံေတာ္၏ အသက္ေသြးေၾကာပင္မပို႔ေဆာင္ေရးလမ္းႀကီးတစ္ခုပင္ျဖစ္လာခဲ့ပါသည္။ သမိုင္းမွတ္တမ္း မ်ားအရ ဧရာဝတီဟူေသာအမည္မွာ သသၤက႐ိုက္ဘာ သာမွဆင္းသက္လာသည္ဟုယူဆရၿပီး အဓိပၸာယ္မွာ “ဆင္ျမစ္”ျဖစ္သည္။ ဧရာဝတီျမစ္ (အဂၤလိပ္ Ayeyarwaddy, Irrawaddy)သည္ ျမန္မာျပည္ေျမာက္ ဖ်ားမွ ေတာင္ပိုင္းသို႔စီးဆင္းေသာျမစ္ႀကီးျဖစ္သည္။ ဧရာဝတီျမစ္သည္ ျမန္မာႏိုင္ငံ၏ အႀကီးဆုံး၊ အရွည္ ဆုံးႏွင့္ အေရးအပါဆုံးေသာျမစ္ႀကီးလည္းျဖစ္သည္။ အင္န္မိုင္ခ(ေမခ)ႏွင့္ မလိချမစ္ ႏွစ္သြယ္ ေပါင္းဆုံရာ မွျဖစ္ေပၚလာေသာ ဧရာဝတီျမစ္သည္ အၾကမ္းအား ျဖင့္ ေျမာက္မွေတာင္သို႔ အေျဖာင့္နီးပါးသြယ္တန္း လ်က္ရွိၿပီး ျမစ္ဝကြၽန္းေပၚေဒသမွတစ္ဆင့္ ကပၸလီ ပင္လယ္အတြင္းသို႔ စီးဝင္သြားသည္။ ေရဆင္းဧရိယာ ၄၁၃,ဝဝဝ စတုရန္း ကီလိုမီတာရွိသည္။ ျမစ္ေၾကာင္း အရွည္ ၁၄၂၂မိုင္/၂၂၈၈ ကီလိုမီတာရွည္လ်ားၿပီး၊ ေအဒီ(၆)ရာစုေလာက္ကတည္းကပင္ ကုန္စည္ကူးသန္းေရးအတြက္ အသုံးျပဳေသာေရလမ္းတစ္ခုျဖစ္ခဲ့ သည္။ ဧရာဝတီျမစ္၏ အထူးျခားဆုံးေသာအရာမွာ ျမစ္ညာဘက္ပိုင္း(ျမစ္အထက္ပိုင္း)တြင္ ဧရာဝတီလင္း ပိုင္မ်ား က်က္စားေနထိုင္ျခင္းျဖစ္သည္။ ျမစ္တြင္းသို႔ ႏုန္းအနည္ပို႔ခ်မႈမွာလည္း တေကာင္းၿမိဳ႕ေနရာမွစ တင္ၿပီး ေျမႏုေျမေကာင္းမ်ားကို စတင္ေတြ႕ရပါသည္။
ဧရာဝတီအစ ျမစ္ဆုံက
(ပထဝီဝင္အေနအထား)
မိုင္ေပါင္း(၁၄၀ဝ)ေက်ာ္ရွည္လ်ားေသာ ဧရာဝ တီျမစ္ေၾကာင္းသည္ ကခ်င္ျပည္နယ္ ေျမာက္စြန္း၊ ႏွင္းဖုံးေတာင္မ်ားမွေရခဲေရမ်ား ေမချမစ္(၂၃၀ ကီလို မီတာ/၁၄၃မိုင္)ႏွင့္ ေမလိချမစ္(၃၂၀ ကီလိုမီတာ/ ၁၈၈မိုင္)ဟူေသာ ျမစ္ႏွစ္သြယ္ျဖင့္ ျမစ္ဖ်ားခံအစျပဳ ၿပီး ေတာင္ဘက္သို႔စီးဆင္းလာခဲ့ရာ ကခ်င္ျပည္နယ္ ၿမိဳ႕ေတာ္ ျမစ္ႀကီးနားၿမိဳ႕အထက္ ႏွစ္ဆယ့္ရွစ္မိုင္ခန႔္ အေရာက္တြင္ ေပါင္းဆုံမိၾကေလသည္။ ျမစ္ဆုံသည္ ဧရာဝတီျမစ္၏ အစပင္ ျဖစ္ေတာ့သည္။ ျမစ္ဆုံေဒသ သည္ ေက်ာက္စရစ္ခဲမ်ားေပါမ်ားၿပီး ေအးစိမ့္လွ၏။ ျမစ္ဆုံေရသည္လည္း ေအးစိမ့္ေနေပသည္။ ျမစ္ဆုံ ေရသည္ တိမ္လည္းတိမ္ ၾကည္လည္းၾကည္လင္ေန ရကား ေရထဲသို႔ငုံ႔ၾကည့္လိုက္လွ်င္ ငါးႀကီးငါးငယ္တို႔ သြားလာကူးခပ္ေနသည္ကို ျမင္ရေပသည္။
ျမစ္ညာပိုင္း
ျမန္မာျပည္ေျမာက္ဖ်ား ကခ်င္ျပည္နယ္ရွိ ေမခ (အင္န္မိုင္ခ)ျမစ္ႏွင့္ မလိချမစ္တို႔ေပါင္းဆုံရာမွ ဧရာဝတီျမစ္ျဖစ္ေပၚလာသည္။ ေမခႏွင့္မလိခ ျမစ္ႏွစ္သြယ္ လုံးသည္ ေျမာက္လတၱီက်ဳ(၂၈)ဒီဂရီဝန္းက်င္ရွိ ဟိမဝႏၲာေရခဲေတာင္တန္းမ်ားတြင္ ျမစ္ဖ်ားခံသည္။ ျမစ္ ႏွစ္သြယ္အနက္ အေရွ႕ဘက္ျခမ္းမွျမစ္ျဖစ္ေသာ ေမချမစ္သည္ ပူတာအိုၿမိဳ႕ေျမာက္ဘက္ရွိ လန္ဂြဲလာ ေရခဲေတာင္တြင္ ျမစ္ဖ်ားခံသည္။ ေရစီးအလြန္ၾကမ္း ေသာေၾကာင့္ ေမချမစ္ကိုေရေၾကာင္းသြားလာေရးအ တြက္ အသုံးျပဳ၍မရေပ။ အေနာက္ဘက္ျခမ္းရွိ မလိ ချမစ္ကိုမူ ေရေၾကာင္းသြားလာေရးအတြက္ အသုံးျပဳ ၍ရႏိုင္သည္။ ျမစ္ဆုံမွ ေတာင္ဘက္ မိုင္(၁၅၀)၊ ကီ လိုမီတာ(၂၄၀)အကြာရွိ ဗန္းေမာ္ၿမိဳ႕အထိသာ ေလွ၊ သေဘၤာမ်ား ရာသီမေ႐ြးသြားလာႏိုင္သည္။ ကခ်င္ ျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ ျမစ္ႀကီးနားၿမိဳ႕သည္ ျမစ္ဆုံမွေတာင္ဘက္ မိုင္ (၃၀)/ကီလိုမီတာ (၄၈) အကြာတြင္တည္ရွိသည္။
မိုင္ေပါင္း(၁၃၀ဝ)ေက်ာ္ရွည္လ်ားေသာ ဧရာဝ တီျမစ္ေၾကာင္းသည္ ကခ်င္ျပည္နယ္အစြန္ရွိ ႏွင္းဖုံး ေတာင္မ်ားမွ ေမခႏွင့္မလိခဟူေသာ ျမစ္ႏွစ္သြယ္ ျဖင့္ ျမစ္ဖ်ားခံအစျပဳကာ ေတာင္ဘက္သို႔စီးဆင္းလာ ခဲ့ရာ ျမစ္ႀကီးနားၿမိဳ႕အထက္ ႏွစ္ဆယ့္ရွစ္မိုင္ခန႔္အ ေရာက္တြင္ ေပါင္းဆုံမိၾကေလသည္။ ဧရာဝတီျမစ္ သည္ ျမစ္ႀကီးနားတစ္ဝိုက္အေရာက္တြင္ ကိုက္ငါးရာ မွ်က်ယ္ျပန႔္ေပသည္။ ဤေနရာတြင္ ကမ္းပါးသည္ အေတာ္မတ္ေစာက္ၿပီး ကမ္းပါးေပၚတြင္ သစ္ေတာ၊ ကိုင္းေတာမ်ား စိမ္းစိမ္းစိုစိုေပါက္ေရာက္ေနသည္။ ျမစ္ႀကီးနားမွ အစုန္ခရီး ၄၈ မိုင္အကြာ တာဟိုးနား႐ြာ အနီးတြင္ ေက်ာက္စိမ္းႏွင့္ ပယင္းထြက္ရာ အေနာက္ ဘက္မိုးေကာင္းေတာင္စဥ္ေတာင္တန္းမွ တသြင္သြင္ စီးဆင္း၍ ဧရာဝတီျမစ္ႏွင့္ လာေရာက္ေပါင္းဆုံေသာ မိုးေကာင္းေခ်ာင္းကေလးကို ေတြ႕ရျပန္သည္။ ထိုမွ စုန္ေသာ္ျမစ္သည္ အေကာက္အေကြ႕ ပိုမိုမ်ားလာ၏။ မန္ဖြာ႐ြာအနီး ေက်ာက္ေတာင္ႀကီးမ်ားသည္ ျမစ္ လယ္တြင္ေပၚေနသည္။ ဝဲဇလုတ္မ်ားကလည္းအသီး သီးျဖစ္ေပၚေန၏။ ျမစ္လက္တက္မ်ားမွာ ျမစ္ႀကီးဝဲ ဘက္မွ နမ့္ေကာင္ ေခၚ မိုးေကာင္းေခ်ာင္း၊ မဲဇာျမစ္၊ မူးျမစ္၊ ခ်င္းတြင္းျမစ္၊ ေယာေခ်ာင္း၊ ဆင္ျဖဴကြၽန္း ေခ်ာင္း၊ မုန္းေခ်ာင္း၊ မန္းေခ်ာင္း၊ မင္းတုန္းေခ်ာင္းႏွင့္ ယာဘက္မွမိုးလယ္ေခ်ာင္း၊ တပိန္ျမစ္၊ ေ႐ႊလီျမစ္၊ ျမစ္ ငယ္ျမစ္ေခၚ နမၼတူျမစ္ေခၚ ဒု႒ဝတီျမစ္၊ ေဇာ္ဂ်ီျမစ္၊ ပန္းေလာင္ျမစ္၊ စမုန္ျမစ္၊ ပင္းေခ်ာင္း၊ ေဒါင္းေသ ေခ်ာင္း၊ ယင္းေခ်ာင္း၊ နဝင္းေခ်ာင္းတို႔ ဧရာဝတီျမစ္ ႀကီးထဲသို႔ စီးဝင္ပါသည္။
အပိုင္း(၂) ကို ဆက္လက္ေဖာ္ျပပါမည္ . . .