လာမည့်ရွေးကောက်ပွဲအပြီးတွင်နိုင်ငံရေးတည်ငြိမ်မှုများပိုမိုအားကောင်းလာမည်ဟုဆို

 412

သက်ပိုင်(NP News)-စက်တင်ဘာ ၁
လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဩဂုတ်လ (၃၁)ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့ Tangla Hotel ၌ ဒေသစံတော်ချိန် နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တွေ့ဆုံပွဲတွင် ယာယီသမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှု ရှိလာသည်နှင့်အမျှ စီးပွားရေးဆောင်ရွက်မှုအခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ မြေပေါ်၊ မြေအောက်၊ ရေသယံဇာတများ၊ လူသားအရင်းအမြစ်များနှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းလိုက်ပါက နှစ်နိုင်ငံအတွက် သိသာသည့် ရလဒ်ကောင်းများ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံတို့ကဲ့သို့သော စီးပွားရေး ဈေးကွက်ကြီးမားသည့် နိုင်ငံများနှင့်လည်း နီးကပ်စွာ မဟာဗျူဟာအချက်အချာကျကျ တည်ရှိနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများအားလုံး၊ အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ယင်းနောက် မိမိအနေဖြင့် ယခုကဲ့သို့ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နှစ်နိုင်ငံအကြားများစွာ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှု အလားအလာများကို မျှဝေဆွေးနွေးခွင့်ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက်မိကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်းနှင့် ယခုတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းကို ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
လာမည့္ေ႐ြးေကာက္ပြဲအၿပီးတြင္ႏိုင္ငံေရးတည္ၿငိမ္မႈမ်ားပိုမိုအားေကာင္းလာမည္ဟုဆို
သက္ပိုင္(NP News)-စက္တင္ဘာ ၁
လာမည့္ ဒီဇင္ဘာလတြင္ ျမန္မာႏိုင္ငံ၌ လြတ္လပ္ၿပီးတရားမွ်တသည့္ အေထြေထြေ႐ြးေကာက္ပြဲ ျပဳလုပ္မည္ျဖစ္ၿပီး ႏိုင္ငံေရးတည္ၿငိမ္မႈမ်ား ပိုမိုအားေကာင္းလာေစမည္ျဖစ္ေၾကာင္း ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ဩဂုတ္လ (၃၁)ရက္က တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တီယန္က်င္းၿမိဳ႕ Tangla Hotel ၌ ေဒသစံေတာ္ခ်ိန္ နံနက္ (၉) နာရီတြင္ က်င္းပျပဳလုပ္ခဲ့ေသာ ျမန္မာ-တ႐ုတ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရး ေတြ႕ဆုံပြဲတြင္ ယာယီသမၼတက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
လာမည့္ ဒီဇင္ဘာလတြင္ ျမန္မာႏိုင္ငံ၌ လြတ္လပ္ၿပီးတရားမွ်တသည့္ အေထြေထြေ႐ြးေကာက္ပြဲ ျပဳလုပ္မည္ျဖစ္ၿပီး ႏိုင္ငံေရးတည္ၿငိမ္မႈမ်ား ပိုမိုအားေကာင္းလာေစမည္ျဖစ္ေၾကာင္း၊ တည္ၿငိမ္မႈ ရွိလာသည္ႏွင့္အမွ် စီးပြားေရးေဆာင္႐ြက္မႈအခြင့္အလမ္းမ်ားလည္း ပိုမိုတိုးတက္လာမည္ ျဖစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံမွ ေျမေပၚ၊ ေျမေအာက္၊ ေရသယံဇာတမ်ား၊ လူသားအရင္းအျမစ္မ်ားႏွင့္ တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပူးေပါင္းလိုက္ပါက ႏွစ္ႏိုင္ငံအတြက္ သိသာသည့္ ရလဒ္ေကာင္းမ်ား ျဖစ္ေပၚလာေစမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
ထို႔အျပင္ ျမန္မာႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံ၊ အိႏၵိယႏိုင္ငံႏွင့္ အာဆီယံတို႔ကဲ့သို႔ေသာ စီးပြားေရး ေဈးကြက္ႀကီးမားသည့္ ႏိုင္ငံမ်ားႏွင့္လည္း နီးကပ္စြာ မဟာဗ်ဴဟာအခ်က္အခ်ာက်က် တည္ရွိေနျခင္းေၾကာင့္ ကမာၻ႔ႏိုင္ငံမ်ားအားလုံး၊ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံကဲ့သို႔ေသာ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ခင္မင္ရင္းႏွီးသည့္ ဆက္ဆံေရးကို ထိန္းသိမ္းထားရွိေၾကာင္းကိုလည္း ထည့္သြင္း ေျပာၾကားခဲ့သည္။
ယင္းေနာက္ မိမိအေနျဖင့္ ယခုကဲ့သို႔ တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔မွ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားႏွင့္ ႏွစ္ႏိုင္ငံအၾကားမ်ားစြာ အက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္း ေဆာင္႐ြက္မႈ အလားအလာမ်ားကို မွ်ေဝေဆြးေႏြးခြင့္ရရွိသည့္အတြက္ အထူးပင္ ဝမ္းေျမာက္မိေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ ယုံယုံၾကည္ၾကည္ျဖင့္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚေၾကာင္းႏွင့္ ယခုေတြ႕ဆုံေဆြးေႏြးပြဲမွတစ္ဆင့္ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရး ေရရွည္တည္တံ့ခိုင္ၿမဲၿပီး အနာဂတ္တြင္ ပိုမိုေကာင္းမြန္သည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ႏိုင္မည္ဟု ယုံၾကည္ေၾကာင္းကို ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.