အမေရိကန်ရဲ့ ဒရုန်းတွေပျံသန်းမှုက တိုက်ရိုက်စစ်ပွဲကို ဖြစ်ပွားလာစေနိုင်တယ်လို့ ရုရှားအစိုးရသတိပေး
1986
Pika (NP News) - ဇွန် ၂၉
ပင်လယ်နက်အတွင်း အမေရိကန်ရဲ့ ထောက်လှမ်းရေးဒရုန်းပျံသန်းမှုတွေဟာ တိုက်ရိုက်စစ်ပွဲတွေကို ဖြစ်ပွားလာစေနိုင်တယ်လို့ အမေရိကန်ကို ရုရှားအစိုးရက ဇွန်လ(၂၈)ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်ကို ဒုံးကျည်နဲ့တိုက်ခိုက်မှုမှာ အမေရိကန်ကပါဝင်တယ်လို့ ရုရှားဖက်ကပြစ်တင်ဝေဖန်ပြီးနောက်ပိုင်း ရက်ပိုင်းအကြာမှာ ယခုလိုသတိ ပေးချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဇွန်လ(၂၃)ရက်နေ့မှာ ယူကရိန်းဟာ ဆီဗာစတိုပိုလ်ဆိပ်ကမ်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမေရိကန်ကထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည်စနစ်တွေကို အသုံးပြုခဲ့တယ်လို့ ရုရှားဖက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ဆီဗာစတိုပိုလ်မြို့ပေါ်ကို ဒုံးကျည်အပိုင်းအစတွေလွင့်စင်ခဲ့ပြီး ကလေးငယ်နှစ်ဦးအပါအဝင် လူ(၄)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ခရိုင်းမီးယားကျွန်းဆွယ်ကို ဝန်းရံထားတဲ့ ပင်လယ်နက်ရေပြင်အတွင်း အမေရိကန်ရဲ့ ဒရုန်းတွေပျံသန်းမှု အကြိမ်ရေ မြင့်တက်လာခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ(၂၈)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ဒရုန်းတွေဟာ ထောက်လှမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ပြီး ယူကရိန်းတပ်ဖွဲ့တွေကို သတင်းတွေ ပံ့ပိုးပေးနေတာဖြစ်တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့ဒရုန်းတွေပျံသန်းမှုဟာ နေတိုးအဖွဲနဲ့ ရုရှားကြား တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လာမယ့် အန္တရာယ်ကိုတိုးမြင့်လာစေပြီး စစ်ရေးအရတုံ့ပြန်မှုတွေလုပ်ဆောင်ဖို့အတွက် ပြင်ဆင်ထားဖို့ ရုရှားစစ်တပ်ကို ညွှန်ကြားထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
zawgyi version
အေမရိကန္ရဲ႕ ဒ႐ုန္းေတြပ်ံသန္းမႈက တိုက္႐ိုက္စစ္ပြဲကို ျဖစ္ပြားလာေစႏိုင္တယ္လို႔ ႐ုရွားအစိုးရသတိေပး
Pika (NP News) - ဇြန္ ၂၉
ပင္လယ္နက္အတြင္း အေမရိကန္ရဲ႕ ေထာက္လွမ္းေရးဒ႐ုန္းပ်ံသန္းမႈေတြဟာ တိုက္႐ိုက္စစ္ပြဲေတြကို ျဖစ္ပြားလာေစႏိုင္တယ္လို႔ အေမရိကန္ကို ႐ုရွားအစိုးရက ဇြန္လ(၂၈)ရက္ေန႔မွာ သတိေပးခဲ့ပါတယ္။ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ဒုံးက်ည္နဲ႔တိုက္ခိုက္မႈမွာ အေမရိကန္ကပါဝင္တယ္လို႔ ႐ုရွားဖက္ကျပစ္တင္ေဝဖန္ၿပီးေနာက္ပိုင္း ရက္ပိုင္းအၾကာမွာ ယခုလိုသတိ ေပးခ်က္ကို ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။
ဇြန္လ(၂၃)ရက္ေန႔မွာ ယူကရိန္းဟာ ဆီဗာစတိုပိုလ္ဆိပ္ကမ္းကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး အေမရိကန္ကေထာက္ပံ့ေပးထားတဲ့ ATACMS ဒုံးက်ည္စနစ္ေတြကို အသုံးျပဳခဲ့တယ္လို႔ ႐ုရွားဖက္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈအတြင္း ဆီဗာစတိုပိုလ္ၿမိဳ႕ေပၚကို ဒုံးက်ည္အပိုင္းအစေတြလြင့္စင္ခဲ့ၿပီး ကေလးငယ္ႏွစ္ဦးအပါအဝင္ လူ(၄)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ဝန္းရံထားတဲ့ ပင္လယ္နက္ေရျပင္အတြင္း အေမရိကန္ရဲ႕ ဒ႐ုန္းေတြပ်ံသန္းမႈ အႀကိမ္ေရ ျမင့္တက္လာခဲ့တယ္လို႔လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဇြန္လ(၂၈)ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ရဲ႕ဒ႐ုန္းေတြဟာ ေထာက္လွမ္းေရးလုပ္ငန္းေတြကို လုပ္ေဆာင္ၿပီး ယူကရိန္းတပ္ဖြဲ႕ေတြကို သတင္းေတြ ပံ့ပိုးေပးေနတာျဖစ္တယ္လို႔လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ရဲ႕ဒ႐ုန္းေတြပ်ံသန္းမႈဟာ ေနတိုးအဖြဲနဲ႔ ႐ုရွားၾကား တိုက္႐ိုက္ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္လာမယ့္ အႏၲရာယ္ကိုတိုးျမင့္လာေစၿပီး စစ္ေရးအရတုံ႔ျပန္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ျပင္ဆင္ထားဖို႔ ႐ုရွားစစ္တပ္ကို ၫႊန္ၾကားထားတယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။